Posted on May 29, 2007 by layma
ဒိုင်ယာရီ စာမျက်နှာ(၁)။ ။
“နေပူ လေတိုက် ….မြွေပွေးကိုက်သည်
လူမိုက် နေသည် …. M.I.T…”
ဘယ်ပညာရှိက စပ်ဆိုခဲ့လဲတော့ မသိဘူး….။ လေးမတို့ ရဲ့ ကျောင်းတော်ကြီးကို အတိအကျ သရုပ်ဖော်ထားတဲ့ စာချိုးလေးပါ ။ ပူလိုက်တဲ့နေ…..လေကတော့တိုက်ပါရဲ့…..လေပူကြီး…..ရန်ကုန်မှာတိုက်တဲ့လေက အေးတယ်…..မန္တလေးလေကပူပြီးခြောက်သွေ့ တယ်……။ ဒါတောင် ကျောင်းက တောင်ခြေမှာ ရှိနေပေလို့ပေါ့ ……။ တောင်တွေကလည်း အများကြီးဘဲ…..။ ရန်ကုန်သူဆိုတော့ တောင်တွေ မမြင်ဖူးဘူး……..။ တောင်တွေဝန်းရံထားတဲ့ ကျောင်းကြီးမှာ မိသားစုနဲ့  ခွဲပြီး ကျန်ခဲ့ရမယ့် လေးမကို မေမေက အားပေးပါတယ်…..“ မေမေသာဆိုရင်တော့ ဒီတောင်တွေကို ကြည့်ပြီးနေ့တိုင်း ငိုမှာဘဲ”တဲ့…….။ လေးမနေရတဲ့ အဆောင်က မန်းချယ်ရီ…..လေးမအခန်းက Front Row မှာ……နှစ်ယောက်နေရတယ်….။ အင်ဂျင်နီယာလောင်းတွေဆိုတော့ အခန်းဖော်က သင်္ချာဘယ်နှစ်မှတ်ရလဲ ဆိုတဲ့စကားနဲ့  နှုတ်ဆက်တယ်…….။ [...]
Filed under: Link to the past | Leave a Comment »
Posted on May 28, 2007 by layma
*source: ကိုပြူးနှင့်မပြုံး (ကာတွန်းဝိဇ္ဇာအလင်္ကာကျော်စွာဦးဘဂျမ်း)
—————————————————————
“ယနေ့  လူငယ်၊ နောင်ဝယ် လူကြီး” ၊ “The child is father of the man” လို့  တင်စားခံထားကြရတဲ့ ကလေးသူငယ်တွေအားလုံးသာ ဒီလိုကာတွန်းလေးတွေနဲ့  ကြီးပြင်းခွင့် ရခဲ့မယ်ဆိုရင်……………………………………………..
Filed under: Cartoons | Leave a Comment »
Posted on May 25, 2007 by layma
လေးမတို့ မြန်မာလူမျိုးတွေက အတုခိုးတဲ့နေရာမှာ သိပ်တော်တာ…..လေးမတောင်ခု သူများတွေကိုအတုခိုးပြီး blog ရေးနေပြီ …..။ ဒီနှစ်တွေမှာ Korea ကားတွေချည်းဘဲကြည့်နေရတော့ မြန်မာတွေ Korea ရေစီးကြောင်းထဲတော်တော်မျောပါကုန်ပြီ…..ဈေးဝယ်ရင်တောင် Korea-made ဆိုတဲ့ဝေါဟာရနဲ့ ကိုင်ပေါက် ခံနေရတယ်…..။ ကောင်မလေးတွေက Korea မင်းသမီးတွေလို ၀တ်ကြတယ်…..။ Hair style , make-up စတဲ့ ပြင်ဆင်ခြယ်သမှုအားလုံးဘဲ…..။ ကောင်လေးတွေလဲ Korea style ဘဲ…..။ ဆံပင်ကိုအရောင်ဆိုးပြီး စုတ်တိစုတ်ဖွားလေးတွေ ညှပ်ထားကြတယ်…..။ အရင်က ဆံပင်တိုတိုထောင်ထောင်လေးနဲ့ နာမည်ကြီး vocalist တယောက်တောင် Korea style ဆံပင်နဲ့ဖြစ်နေပြီ…..။ သူရဲ့ Liveshow တစ်ခုဆိုရင် Rain ရဲ့ Liveshow နဲ့  တော်တော်ဆင်တယ်…..။
ဒါပေမယ့် မြန်မာတွေ အတုမယူကြသေးတာ [...]
Filed under: That's what I wanna say | 2 Comments »
Posted on May 24, 2007 by layma
လေးမရဲ့ Blog လေးတော့ လုပ်ပြီးသွားပြီ ။
ဘာတွေ ရေးရမလဲ။ ဘာမှလဲ ရေးစရာမရှိဘူး ။
အများပညာရနိုင်မယ့် IT အသိပညာလဲ မရှိဘူး ။ နိုင်ငံရပ်ခြားက အတွေ့ အကြုံတွေ ရေးရအောင်လဲ မြန်မာပြည်ကလွဲရင် ဘယ်မှရောက်ဖူးခြင်းမရှိ ။ ၀တ္ထု၊ ဇာတ်လမ်းလေးတွေရေးရအောင်လဲဘယ်တုန်းကမှ မြန်မာစာဂုဏ်ထူးမရဖူးခဲ့တဲ့အရည်အချင်းနဲ့ ဆိုတော့…….။
ကဗျာရော……??? ရေးခဲ့ဖူးပါတယ် ။ သစ်ရွက်လှုပ်တာတောင်ကဗျာရေးချင်တဲ့အချိန်ကပေါ့ ။ ခုတော့သစ်ရွက်လှုပ်တာ လောကမှာဘာကိုမှအစိုးမရတာ….သစ်ရွက်ကြွေတာဘယ်အရာမှ မမြဲဘူးလို့ ပြောတာဆိုတာ နားလည်စပြုလာပြီဆိုတော့ ရေးစရာ အကြောင်းအရာတွေ ၊ စာသားတွေလဲရှားကုန်ပြီ…..။
ဒါဆို ဘာလို့ အပင်ပန်းခံပြီး blog လုပ်တာလဲလို့ ပြောကြမှာလား ။
ဟုတ်ကဲ့…..blog ဆိုတာ ဒိုင်ယာရီစာအုပ်လေးတအုပ်လို့  နားလည်ထားလို့ ပါ ။
ဒိုင်ယာရီဆိုတော့ တွေးချင်တာတွေး ရေးချင်တာရေးလို့ ရတယ်လေ ။ စိတ်ရဲ့စေရာတွေကိုရေးရင်းနဲ [...]
Filed under: Pieces | 3 Comments »