Posted on June 30, 2007 by layma
သူတို့ က ကြက်စွပ်ပြုတ် သောက်ဦးမယ်တဲ့…..။ မညှာမတာ တောင်းဆိုရက်တယ်…..။ သောက်တဲ့သူက အားရှိတယ်……ချက်ရတဲ့ “လေးမ” က Flu ၀င်နိုင်တယ်…….။ “ကွတ်ကီ သူခိုး” တုန်းကတောင် Flu နဲနဲ ၀င်သွားလို့  တရက်လောက် အိပ်ရာထဲ လဲသွားသေးတယ်……။ ကြက်ငှက်တုပ်ကွေးက အရှိန်မသေ သေးဘူးလေ…….။ ဟိုတလောကဘဲ ပဲခူးမှာ ကြက်ခြံ ဘယ်နှစ်ခြံ ဆိုလား….ဘာဖြစ်လို့ ဆိုလားဘဲ…..( ကောလဟာလ ဆိုတော့ သိပ်မတိကျဘူးပေါ့) …..။ ဒါပေမယ့် မကြောက်ပါဘူး…..။ နွေတုန်းက ငှက်တွေ သေတာ စစ်ဆေးကြည့်လိုက်တော့ အပူရှပ် တာတဲ့……။ အခု ငှက်တွေ…ကြက်တွေ သေတာလည်း မိုးတွင်းဆိုတော့ ငှက်တွေ နှာစေးလို့  သေတာဖြစ်မှာပါ……။ အဲဒီတော့ မျက်စိညောင်းခံ….လက်ညောင်းခံပြီး တိုက်လိုက်ဦးမယ်….နောက်တခွက်……။
မျက်မမြင်ရဲ့ အကြံ
Charlie [...]
Filed under: Thinkings from story | 1 Comment »
Posted on June 29, 2007 by layma
ဒိုင်ယာရီ စာမျက်နှာ (၇) ။ ။
“လေးမ” တို့ တုန်းက ပထမနှစ်ဖြေပြီးတဲ့ အချိန်မှာ ဗိသုကာလိုင်းလိုချင်တဲ့ သူတွေကို လျှောက်လွှာတင်ခိုင်းတယ်……။ တခြားမေဂျာတွေကတော့ ဒုတိယနှစ်ဖြေပြီးမှ လိုင်းခွဲတာ……(အခုတော့ ပထမနှစ် စတက်ကတည်းက မေဂျာခွဲ လိုက်ပြီ )…..။ ဗိသုကာဘာသာရပ်က စိတ်ဝင်စားဖို့ လိုတဲ့အတွက် အမှတ်နဲ့ မခွဲဘဲ ၀ါသနာပါတဲ့သူ လျှောက်ခိုင်းတယ်……။ တစ်နှစ်
နဲ့ တစ်နှစ်တော့ “မူ”ကမတူပါဘူး……။ အာခီမေဂျာကို အညံ့ဆုံးလူတွေပို့ ခဲ့ဖူးသလို အတော်ဆုံးလူတွေလည်း ရွေးချယ်ခဲ့ဖူးတယ်…….။
လူတွေ့ စစ်ဆေးပြီး အောင်မှရမယ်ဆိုလို့  ဆရာကြီး ဒေါက်တာလွင်အောင် ရေးတဲ့ “ဗိသုကာ ပညာနိဒါန်း” ကို အကြိမ်ကြိမ်ဖတ်ခဲ့ရတယ်…..( တစ်လုံးမှကို သဘောမပေါက်ဘူး )……။ အဆောင်မှူးမမက အာခီတက် ဆိုတော့ ဘာတွေလေ့လာထားရမလဲ မေးရတယ်…….Space [...]
Filed under: Link to the past | 2 Comments »
Posted on June 27, 2007 by layma
မျက်နှာပေါ်က အရောင်များ (၁)
အရောင်လောကကြီးထဲမှာ နေထိုင်ကြတဲ့ “ လေးမ ” တို့  လူသားတွေရဲ့ မျက်နှာတွေမှာလည်း အရောင်တွေရှိကြတယ်……..။ သတိထားမိပါသလား……။ စိတ်ခံစားမှုကြောင့် မျက်နှာမှာ အရောင်တွေ ပြောင်းသွားတတ်တယ်……..။ အသားဖြူတဲ့ လူတစ်ယောက် ဒေါသထွက်နေရင် သူ့ မျက်နှာက အနီရောင်တောက်တောက်…….၊ အသားမည်းတဲ့ သူ ဒေါသထွက်ရင်တော့ အမည်းရောင်……..၊ မဟုတ်တာလုပ်ထားတာ လူမိသွားတဲ့ သူကတော့ ညိုပုပ်ပုပ်…….၊ ပီတိနဲ့  ရှက်ကိုးရှက်ကန်း ဖြစ်တဲ့ အခါ ပန်းနုရောင် ……..၊ ရှက်ဒေါသ ဖြစ်တဲ့အခါ အနီရောင် ( ဖျော့ဖျော့ )…….၊ သွေးပျက် စရာနဲ့  ကြုံတဲ့အခါ ဖြူဖျော့ဖျော့……..၊ အလိုမရှိတဲ့သူနဲ့  ဆုံတဲ့အခါ မျက်လုံးနဲ့  မျက်နှာထားက [...]
Filed under: Analysis | 5 Comments »
Posted on June 26, 2007 by layma
Color Wheel
အရောင်တွေကို ဘာလို့ မြင်ရတာလဲ….။ မျက်စိ ကြောင့်ဆိုရင် အဖြေကမှားပါတယ်……မီးပျက်တဲ့ညတွေမှာ အရောင်တွေကို မြင်နိုင်စွမ်းမရှိပါဘူး ….၊ သဘာဝ အလင်း (သို့ ) မီးလုံးမီးချောင်းတွေရဲ့ အလင်းကြောင့် မြင်ရတာပါ…..။ သိပ္ပံနည်းကျကျ ပြောရင်တော့…..အဖြူရောင် အလင်းမှာ ရောင်စဉ် (၇) ခု ( အနီ ၊ လိမ္မော် ၊ အ၀ါ ၊ အစိမ်း ၊ အပြာ ၊ မဲနယ်(ခရမ်းပြာ) ၊ ခရမ်း ) ပါတယ်…..။ အဲဒီအလင်းက အပိတ်မျက်နှာပြင်တစ်ခု ( transparent မဟုတ်ရ ) အပေါ် ကျရောက်တဲ့ အခါ အဲဒီမျက်နှာပြင်က
သူ့ မှာမရှိသေးတဲ့ အရောင်တွေကို စုပ်ယူထားလိုက်ပြီး သူ [...]
Filed under: Analysis, Architecture | 1 Comment »
Posted on June 24, 2007 by layma
I’m…..Not Free….
I’m…..Busy….
I’ve…..No time….
I don’t have…….I don’t have……I don’t have……
I want more time….
I want to finish more than 5 items at the same time….
I want to be in dual role…..
I want to ……..I want to……I want to…….
If you feel like that, ask yourself this question…..” Work for Living (or) Live for working ???” . Actually , [...]
Filed under: Pieces | Leave a Comment »
Posted on June 24, 2007 by layma
Blog များကို အလည်ထွက်တဲ့အခါ ကြက်စွပ်ပြုတ် ( နှလုံးသားအာဟာရ )
မှီဝဲသူတွေ အတော်များတာ တွေ့ ရပါတယ်……။ ဒါကြောင့်လည်း အားပြည့်လန်းဆန်းတဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်နေကြတာထင်ပါရဲ့…..။ “လေးမ” လည်း ကြက်စွပ် ကြိုက်ပါတယ်…..။ ပြန်မမှီဝဲ ဖြစ်တာတော့ ကြာပြီ…..။ အခု English Blog မှာ post တစ်ခုရေးရင်း အဲဒီ post လေးနဲ့  ဆိုင်တဲ့ story လေး (နှလုံးသား အာဟာရ တတိယတွဲ ) မှ ကူးပေး လိုက်ပါတယ်……။ စိတ်အာဟာရ ဖြစ်စရာ စွပ်ပြုတ်လေးကို “လေးမ”
နဲ့ အတူတူ မြည်းကြည့်ရအောင်……
ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့ နေနိုင်မလဲ
ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းဖြေခရီး ထွက်လာသည့် ဧရာမလုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်က ပင်လယ်ကမ်းရိုးတန်း [...]
Filed under: Thinkings from story | 1 Comment »
Posted on June 22, 2007 by layma
သူ…..လူ့ လောကထဲစရောက်တော့မည်……. ။ အမေက သူ့ ကို ဆေးခန်းလေးတစ်ခုမှာ လူ့ လောက ထဲကို စတင်ဝင်ရောက် စေခဲ့တယ်…….။ သူနဲ့ အတူလာတဲ့ သူငယ်ချင်း တချို့ က ဆေးရုံမှာ….. တချို့ က သားဖွားခန်းမှာ…..တချို့ က အိမ်မှာ…….ဒီလိုနဲ့  လူ့ လောကထဲကို နေရာတစ်ခုကို အမှီသဟဲပြုလို့ သူတို့ ရောက်ခဲ့တယ်………။
သူ…..အဖေ့ရဲ့ တိုက်ခန်းလေးထဲမှာ ကြီးပြင်းခဲ့တယ်……။ သူ…..လေးနှစ်သားရောက်တော့ အမေက မူကြို ပို့ တယ်…….။ နောက်တော့ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း ကျောင်းတွေမှာ သူ…..ပညာတွေ သင်ခဲ့တယ်…….။ နွေရာသီကျောင်းတွေပိတ်တော့ အားကစားရုံ မှာ ကာရာတေး သင်ရတယ်……ရေကူးကန်မှာ ရေကူးရတယ်……။ အဖေ အလုပ်အားတဲ့ ရက်တွေမှာ [...]
Filed under: Architecture | 10 Comments »
Posted on June 21, 2007 by layma
Connection က အခုတလော ဘာဖြစ်နေမှန်းကို မသိဘူး ………. တော်တော်ဆိုးနေတယ် …….. ( ခုတလောဆိုတော့ အရင်ကကောင်းတယ်လို့  မထင်နဲ့ ……..) ။ ခုဟာက လွန်ကိုလွန်တယ်……. မပြောရဲလို့  ကြည့်နေတာကြာပြီ…….။ web page/ site တွေကို လိပ်ပေါ် တင်လွှတ်လိုက်ရင်တောင် မြန်မြန် ရောက်ဦးမယ် ……. download ဖို့ ဆို စိတ်တောင် မကူးရဲဘူး……။ Blog တွေလည်း များများ မလည်နိုငိဘူး …… Blog နှစ်ခုလောက် ခေါ်ထားပြီး ထမင်းအေးအေးဆေးဆေးစား……..စားပြီးတဲ့အချိန်ဆို ဖတ်လို့ ရပြီ …….။ အဆိုးဆုံးက Blog ကို log in လို့ မရတာဘဲ……..အိမ်ထဲ ၀င်လို့ မရလို [...]
Filed under: That's what I wanna say | 2 Comments »
Posted on June 20, 2007 by layma
ဒိုင်ယာရီ စာမျက်နှာ (၆)။ ။ (ဒုတိယပိုင်း)
တန်ဆောင်တိုင်မှာ ရှမ်းအသင်းက ဦးစီးပြီး မီးပုံးပျံ တွေလုပ် ကြတယ်…… မိန်းကလေးဆောင် ၀င်းထဲ ရှမ်းအကနဲ့  လာဖျော်ဖြေကြတော့ အဆောင်မှူးမမ မှာ တံခါးလည်း ဖွင့်ပေးရသေး……မုန့် ဖိုးလည်း ပေးရသေး…….ယောက်ျားမရပါစေနဲ့ လို့ လည်း အော်ခံရသေး ( မုန့် ဖိုးပေးတာ နဲလို့ တဲ့) ……..။ ကထိန်လှည့် တော့လဲ လိပ်ပြာပုံတွေ ဘာတွေ ချိုးပြီး အိုးစည်ဒိုးပတ်နဲ့  ကကြ ၊ ခုန်ကြ………။ ရွှေတိုင်း (စစ်ကိုင်းတိုင်း) အသင်းရဲ့ “ရှင်ဥပဂုတ္တ ဖောင်မျှောပွဲ” ကလည်း တန်ဆောင်တိုင်မှာဘဲ……..( ဟိုနေ့ က မှားရေးလိုက် မိတယ်)…….ကျောင်းရှေ့က ၁၀ ပေမြောင်း ( ရေပေးဝေသောမြောင်း [...]
Filed under: Link to the past | 3 Comments »
Posted on June 19, 2007 by layma
ဒီနေ့  မနက် အလုပ်သွားတော့ မိုးဖွဲလေးတွေ ကျနေတယ်……“မိုးရေထဲမှာ..” ဆိုပြီး post ရေးဦးမယ်လို့  စဉ်းစားထားတာ…..ပြန်ရောက်လို့  Blog ကို ကြည့်လိုက်တော့ ပုဂံသားက Tag ထားတယ်….ကျေးဇူးပါပဲ မောင်လေး ပုဂံသားရေ….ခုရေးနေတုန်းလည်း မိုးတွေ တ၀ုန်းဝုန်း ရွာနေတယ်……
“ မိုးရွာရင် မိုးရေချိုးမယ်…..”
လေးနှစ်သမီး တုန်းက မိုးရွာရင် ….“ဖေဖေ” နဲ့  “လေးမ” မိတ်ပျောက်ရန်လို့  အကြောင်းပြပြီး မိုးရေ ထွက်ချိုးကြတယ်……သားအဖ နှစ်ယောက် မိုးရေထဲမှာ သီချင်းတွေ ဆိုကြတယ် …. မေမေ က လူမလာရင် “ဒုတ်” လာမယ်လို့ ထွက်အော်မှ အိမ်ပေါ်တက်ကြတာ…..။
“ မိုးကလေးစိုစို….ကလေးဘ၀ တေးကလေးကို….နှစ်ယောက်သား တို့ အော်ဟစ်ခဲ့တာ အပျော်ဆုံး ဘ၀တွေပါ…..”
သူငယ်တန်း [...]
Filed under: Seasonal Post, Tag | Tagged: Features | 8 Comments »