Hello….

“ တီ…တီ…” “hello ”
“ ငယ်လေးလား…” “ဟုတ်ကဲ့….”
“ ကို….ပါ….။ အသံကိုမှတ်မိလား…” “ ဟင့်အင်း….”
“ ဖုန်းဆက်တာအနှောင့်အယှက်ဖြစ်လား…”
“ ရပါတယ်….”
…………………………………………..
“ တီ…တီ…” “ hello ”
“ ငယ်လေးလား…” “ဟုတ်….”
“ထမင်းစားပြီးပြီလား…” “ ဟုတ်ကဲ့….”
“ ဘာဟင်းနဲ့ စားလဲ….” “ကြက်….”
“ ကြိုက်လို့ လား….” “ ဒီလိုဘာပဲ….”
“ တရုတ်စာ….ယိုးဒယားစာ…ချစ်တီးဟင်း…ဗမာဟင်း….ဘာကြိုက်လဲ…”
“ ဘာမှကြိုက်ဘူး…ထမင်းစားဖို့ လိုအပ်လို့  စားတာပါ….ကြိုက်လို့ မဟုတ်ဘူး….”
…………………………………………..
“ တီ…တီ…” “ hello ”
“ ငယ်လေးလား…” “ဟုတ်….”
“ ငယ်လေးက ထမင်းမကြိုက်တော့ ဘာကြိုက်လဲ…” “ မုန့် …ကြိုက်တယ်…”
“ ကလေးလဲ မဟုတ်ဘဲနဲ့ ….”
“ ဟင်…မုန့် ဆိုတာ ကလေးတွေ အတွက်ပဲလား….လူကြီးစားလို့ မရဘူးလား….”
“ ဒါဆို ဘာမုန် [...]

“အလှ”အကြောင်း….ကြားခဲ့ရတဲ့ စနေ ၊ တနင်္ဂနွေ

စနေ
စနေနေ့ က “လေးမ” မြန်မာနိုင်ငံ ဗိသုကာများအသင်းရဲ့ Seminar ကို တက်ရောက်ခဲ့ပါတယ်…။ ပထမပိုင်းမှာ ဆရာဦးထွန်းသန်းက “ကျွန်တော်နားလည်သော ဗိသုကာပညာ ” ၊ ဒုတိယပိုင်းတွင် ဦးကျော်ထွန်းမှ “Sustainable architecture ” ဟူသော စာတမ်းများကိုဖတ်ကြားခဲ့ကြပြီး တက်ရောက်လာသော ဗိသုကာများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်….။ တက်ရောက်လာသော လူငယ်ဗိသုကာများနှင့် ကျောင်းသူကျောင်းသားများအတွက် အလွန်တန်ဖိုးရှိသော ဗိသုကာ ဘာသာစကားများကို အားပါးတရ နားထောင်ခဲ့ကြရပါသည်…..။ ဗိသုကာတို့  ဖန်တီးပေးရသောအလှ (အမြင်ရသ) ပိုင်းဆိုင်ရာ အယူအဆများကိုလဲ အသေအချာ နားလည်ခဲ့ရပါတယ်….။
J.Ruskin ၏ Architecture is the rightly placing of sculptures and paintings. ဟူသောအယူအဆ ၊ A. Loos [...]

သို့ ….သူငယ်ချင်း…

သို့ ….သူငယ်ချင်း
သူငယ်ချင်းရေ….
လောကကြီးက ပြောင်ချော်ချော်နဲ့ ….
ကံကြမ္မာက ဗရုတ်ကျလိုက်တာနော်….
ငါ့ ရည်မှန်းချက်တွေ နင်ပိုင်ဆိုင်လို့ …
နင်ဖြစ်ချင်တာတွေ ငါဖြစ်နေခဲ့ရပြီ…..
နင်နေချင်တဲ့ဘ၀မျိုးမှာ ငါနေပျော်နေသလို
ငါမျှော်မှန်းခဲ့တဲ့ အရည်အချင်းတွေနဲ့ 
နင်ပျော်အောင်နေလိုက်ပါ……။
တချိန်တုန်းကတော့…
ဒို့ နှစ်ယောက်တတွဲတွဲ… ဘယ်တုန်းကမှမခွဲခဲ့ကြဘူးနော်….
အခုတော့ ရှင်ကွဲ ကွဲ…..
နောက်တော့ သေကွဲ…ခွဲကြရပြန်ဦးတော့မယ်…..။
နင်လား…ငါလား….
ဘယ်သူအရင် ကျန်ခဲ့မှာလဲ…..
ကျန်ခဲ့ရင်ဘဲဖြစ်ဖြစ်…… မချန်ခဲ့ခင်ဘဲဖြစ်ဖြစ်….
လမ်းကြုံတဲ့အခါ ဖတ်ဖြစ်အောင်…..
မန်းမြေက လမ်းတွေပေါ်မှာ ပဲ့ကြွေခဲ့တဲ့ရက်စွဲလေးတွေကို…..
“ငါ” …. ဒိုင်ယာရီတွေ ရေးထားတယ်…..
အလွမ်းပြေမလား…အလွမ်းဝေမလားတော့….မသိဘူး…
ငါ ကတော့ ပျော်စရာတွေဘဲ ရေးထားတယ်….
မျက်ရည်ဝေတဲ့ ညတွေ ၊ အခဲမကျေတဲ့ “လ”တွေကို တမင်တကာချန်ထားခဲ့တယ်……
ဝေဒနာဆိုတာ တမ်းတကောင်းတဲ့ အရာမှမဟုတ်ဘဲ…..သူငယ်ချင်းရယ်…..။ ။
မှ…..လေးမ
ကဗျာလဲမဟုတ်ဘူး….စာလဲမဟုတ်ဘူး…..ဘာမှန်းလဲသိဘူး…..။ လေးမ သူငယ်ချင်းကို ပြောပြချင်တာလေးတွေပါ….။ ။

Today and Tomorrow

What is the difference between Today and Tomorrow?
Today is the past of tomorrow….
Tomorrow is the result of today…..
Try your best for tomorrow….Try to leave your beautiful past..
Today is in my hands…..I can handle it…..
Tomorrow is not in my hands…..I’m not sure that whether I have tomorrow or not…..
“What should I do today?”

အချစ်ငှက်

မဂျစ်ရဲ့ လျှောက်ခြစ်ထဲမှာ “အချစ်ဆိုတာ.. အတောင်ပံနဲ့ငှက်လား…” လို့ မေးထားလို့  ရေးဖြစ်ခဲ့ဖူးတဲ့ ခပ်ညံ့ညံ့ကဗျာတပုဒ်ကို ခပ်လန့် လန့်  နဲ့ ပဲတင်လိုက်ပါတယ်….
“အချစ်ငှက်”

ငါ့ရင်ထဲကို
အချစ်ငှက်လေး
မဖိတ်ခေါ်ဘဲ ၀င်လာဖူးတယ်…..။
ငါ့ရဲ့အချစ်ကို
ရယူပြီးတော့
မနှင်သော်လဲ ပြန်လို့ သွားတယ်…..။
လွမ်းလို့ ကျန်ရစ်
ငါ့အဖြစ်ကို
အချစ်ငှက်လေး
သိပါရဲ့လား သိခဲ့လား…..။ ။

AMA ၏လှုပ်ရှားမှု

မြန်မာနိုင်ငံဗိသုကာများအသင်းမှ Green Architecture နှင့် Architecture as I understand it ခေါင်းစဉ်များဖြင့် Seminar ကို မြန်မာအင်ဖိုတက် တွင် ဇူလိုင် ၂၈ မွန်းလွဲ ၂ နာရီ တွင်ကျင်းပမည်ဖြစ်ကြောင်း……။ ။ (၂၀ရက်နေ့  မြန်မာ့အလင်းသတင်းစာမှ)

Who broke your heart ?

Many say that “Love” is unspoken language between two hearts…It’s also true that “Love” is a kind of uncured disease….
“Love” makes you happy when you are loving to and being loved by someone…..But, it transforms to a dangerous disease when you are left by someone….
What will you do if your boyfriend/ girlfriend left you alone [...]

ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ဒု )

ဒိုင်ယာရီစာမျက်နှာ (၈) ။ ။
Scene (4 )_
ဒီတခါ ဒီဇိုင်းက Library……။ ပုံစံငယ်ပါတင်ရမည်….။ အခန်းထဲက အ၀တ်သေတ္တာ ၊ စာကြည့်စားပွဲ ၊ ခုတင် ပေါ်မှာ ပုံစံငယ်ပြုလုပ်ရန် ပလတ်စတစ်ပြားများ ၊ ပြတင်းပေါက် နေရာတွင်ကပ်ရန် စတစ်ကာ အညို အနက် ၊ လွှ ၊ ဓါး ၊ သံပေတံ ၊ ဇာဂနာ ၊ spray ဗူး ၊ ကော်ရည် ၊ ATM ကော် ၊ ကော်ရည်သုတ်ရန် စုတ်တံ ၊ Drawing များ စတဲ့ ပိုင်ဆိုင်မှုများက အပြည့်အ၀ နေရာ ယူထားပါသည်……။
“ မိ…နင်ဟာလေ….model ချိုးရပါမယ်ဆိုမှ ဒီဇိုင်းကို အ၀ိုင်းကြီးထုတ်တယ်…. [...]

ဖြတ်သန်းခဲ့သော ကျောင်းသူဘ၀ ( ပ )

ဒိုင်ယာရီစာမျက်နှာ (၈) ။ ။
Scene (1)_
မနက် ၃ နာရီ လောက် သန့် စင်ခန်းတွေဘက်ကို ငိုက်စိုက်ငိုက်စိုက် လျှောက်လာရင်း ယိုင်တိယိုင်တိုင် လျှောက်လာတဲ့ အရိပ် တစ်ခုနဲ့  ဖြတ်ခနဲ ဆုံတယ်…..။ မော့ကြည့်ပြီး လျော့တိလျော့ရဲ ပြုံးပြလိုက်တယ်…..ထမင်း ၂ ရက်မစားရတဲ့ အသံနဲ့  “ ပုံတွေ ပြီးပြီလား….” တဖက်က အရိပ်က ခေါင်းခါပြီး “ ပြီးသေးပါဘူးဟာ…..”
“ ဒါဝဋ်ကြွေးပဲ အချစ်ရယ်….” သီချင်းသံတိုးတိုး ခြေသံ တရှပ်ရှပ် ကြားရတယ်…..။ အာခီ ကျောင်းသူတစ်ယောက်ဆိုတာ သေချာတယ်…. “ ဟေ့..ဘယ်လို လဲ အခြေအနေ ကောင်းလား” …..။
“ ငါတော့ interior တစ်ပုံပဲ ဆွဲတော့မယ်….အားလုံးပေါင်းမှ ၈ [...]

သိခဲ့ရဲ့လား….

“ ……ကလေးလေး သိပ်ချစ်တယ်….ကို ဒါလေးဘဲ ပြောတတ်တယ်နော……ဘယ်အချိန်ဘယ်လို စကာ ကိုယ်ချစ်သွားမှန်းမသိပေမယ့် ……….”
ဒီသီချင်းစာသားလေးကို “လေးမ” သိပ်ကြိုက်ခဲ့တာ…. ထူးအိမ်သင်ရဲ့ “စကားလုံးတွေ သိပ်မလိုဘူး…” ထဲကလေ….။ အခုတော့ ဖြိုးကြီး ပြန်ဆိုထားတယ်……။

“ လူတစ်ယောက်ကို ဘယ်တုန်းက စချစ်သွားခဲ့သလဲလို့  အတိအကျ မသိဘူးဆိုတဲ့လူတွေကို ကျွန်တော်တော့ အံ့သြတယ် ” စာမျက်နှာ ၁၉၉ (ချစ်သူလား…စကားတစ်ပွင့် ပွင့်ခဲ့တယ် – ဂျူး)
ဖတ်ဖြစ်ခဲ့တုန်းကတော့ စကားပွင့်တွေကြားမှာ နစ်မျောနေခဲ့လို့  [...]