Posted on August 31, 2007 by layma
Blog ကဗျာ
Blog Day တဲ့
မလေးက ဒီလိုလေးရေးခိုင်းတယ်…
Blog Day ဆိုမှ
Blog ဆိုတာဘာလဲ
Blog မှာဘာတွေရေးနေကြလဲ
“ငါ” ဖွဖွလေးတွေးကြည့်တယ် ….၊Blog ဆိုတာဟာ….
IT နည်းပညာတွေ မျှဝေပေးနေတဲ့
ITဖတ်စာအုပ်တစ်အုပ်…..ဖြစ်ချင်ဖြစ်မယ်……
သိတဲ့လူတွေပြောတဲ့အတိုင်း
မသိတဲ့လူတွေက …
HTML တွေကို edit လုပ်နေကြမယ်…….၊
Blog ဆိုတာဟာ….
စာရေးဆရာ ကဗျာဆရာတွေအတွက်
လေ့ကျင့်ရေးကွင်းတစ်ခု ဖြစ်ချင်ဖြစ်မယ်…..
ကဗျာတွေသီ စာတွေဆီလို့ …
လှလှပပလေး ရေးဖွဲ့ နေကြမယ် ……၊
Blog ဆိုတာဟာ…
စားကောင်းသောက်ဖွယ်တွေချက်ပြုတ်…..
မီးဖိုချောင်တစ်ခု…..ဖြစ်ချင်ဖြစ်မယ်….
ချက်ပြုတ်နည်းတွေ ဝေငှ
ဟင်းချက်နည်းစာအုပ်တွေတောင်လက်မှိုင်ချရမယ်…..၊
Blog ဆိုတာဟာ….
ခရီးသွားမှတ်တမ်းလေးတစ်ခု …. ဖြစ်ချင်ဖြစ်မယ်….
ဓါတ်ပုံပြခန်းလေးတစ်ခု …..ဖြစ်ချင်ဖြစ်မယ်…..
မိသားစုကမ္ဘာလေးတစ်ခု ……ဖြစ်ချင်ဖြစ်မယ်…..
Blog ဆိုတာ ……ဖြစ်ချင်ရာဖြစ်မယ် …..
ရောချင်ရာတွေရောထားတဲ့
အသုတ်စုံဗန်းလေးတစ်ဗန်းဖြစ်နေလိမ့်မယ်…..၊ငါ့အတွက်တော့
လေးမ အတွက်တော့
Blog ဆိုတာဟာ….
( ဗိသုကာဆန်ဆန်ပြောရရင်)
အပေါက်လေးတစ်ပေါက်ပါပဲ…..၊
ငါ ၀င်ချင်ဝင်မယ်….
ထွက်ချင် ထားခဲ့မယ်….
တစ်ခုပဲ ငါစိုးရိမ်တယ်….
ဝင်လာတုန်းက ပေါ့ပေါ့လေးပဲ
ပြန်အထွက်မှာ သံယောဇဉ်တွေနဲ့  လေးနေမှာစိုးတယ်……၊
Blog အပေါက်လေးကနေ
သူတို့ အတွေးတွေ ၀င်လာတယ်….
ငါ့အတွေးတွေထွက်သွားကြတယ် …
တစ်ခုဘဲ [...]
Filed under: Poem, Tag | 9 Comments »
Posted on August 29, 2007 by layma
“မောင်လေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ … ညီမလေးရေ … ထပါတော့ … ရောင်နီလာလှပေါ့ …”
မောင်လေးရေ … ထတော့လေ … ထပါတော့ … အိပ်ပျော်မနေပါနဲ့ တော့ … ၊ ညီမလေးရေ … ထပါတော့ … အိပ်ပျော်ချင်ယောင် ဆောင်မနေပါနဲ့ တော့ … ၊ ရောင်နီလာနေပြီ … အချိန်ကျနေပြီ … မောင်လေးတို့  … ညီမလေးတို့  ထသင့်ပြီ …၊ ရောင်နီလာလို့  ထရမှာလား… မောင်လေးတို့  ညီမလေးတို့ နိုးထလို့ … ရောင်နီလာမှာလား …ဘယ်လိုပဲဖြစ်ဖြစ် … ရောင်နီနဲ့  …မင်းတို [...]
Filed under: 2 in 1 style, Heart touching songs, That's what I wanna say | 9 Comments »
Posted on August 27, 2007 by layma
ပုဂံမှဇာတ်လမ်းများ(သို့ ) မှတ်တမ်းများ (၂) ။ ။
ဘုရား… ဘုရား…. ရက်စက်လှချည်လား…. မောင်ဘုရားရယ်… ၊
မောင်တော်ဘုရားဟာ … ရွှေအိမ်သည်ရဲ့ ဖခင်အရင်းပါ … ၊ ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရိုးထုံးစံ မရှိသလို … မင်းတို့ ရဲ့ စကားဟာလဲ …. ပြင်ရိုးထုံးစံ မရှိဘူးဆိုတာ…. နှမတော်…. နားလည်ပါတယ်….မောင်တော်ရယ်….. ၊ ဒါပေမယ့် ဒီစကားကိုတော့ ပြင်လိုက်ပါ … မောင်တော်ရယ်… ၊ ပြင်ပေးပါ…. မောင်တော်မင်းမြတ်ရယ်…. ၊ ရွှေအိမ်သည်ရဲ့ ဖခင်တစ်ယောက်အနေနဲ့ …. အပယ်ရတနာရဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့  …. ဇနီး နဲ့  သမီးကို ငဲ့ညှာသနားတဲ့အနေနဲ့ …. ပြင်ပေးတော်မူလှည့်ပါဘုရား ….၊ ဒီအမိန့် တော်ကိုဖြင့် နှမတော် [...]
Filed under: Thinking from History | 5 Comments »
Posted on August 25, 2007 by layma
၃။ Blog တွင်သုံးထားသော အရောင်များနှင့် စပ်လျဉ်း၍ …………………………………..
“လေးမ” တွင် အရောင်စွဲမရှိပါ … အကြိုက်ဆုံးအရောင် … အမုန်းဆုံးအရောင် ဟူ၍ မရှိပါ …။ “လေးမ” အရောင်အားလုံးကို ….. ချစ်သည် … စိတ်ဝင်စားသည် … ။ အရောင်တိုင်းတွင် သူ့ တန်ဖိုးနှင့်သူရှိသည် … အစွမ်းကိုယ်စီရှိကြသည် … ထို့ ကြောင့် အရောင်အားလုံးကို …. တန်ဖိုးထားသည် … ။ သို့ သော် …. “လေးမ” ၏ အသုံးအဆောင်အများစုသည် ….. နည်းမျိုးစုံဖြင့် ပြာနေကြသည် … ။ “လေးမ” ကျောင်းသူဘ၀က ….. စာမေးပွဲဖြေလျှင် ….. jury ၀င်လျှင် ….. [...]
Filed under: Analysis, News, That's what I wanna say | 4 Comments »
Posted on August 25, 2007 by layma
Virtual World မှ “လေးမ” မှ သူမ၏ Blog နှင့်ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်မည် ဖြစ်ကြောင်း “လေးမ”၏ ပြောရေးဆိုခွင့်ရှိသူ “လေးမ” မှ သတင်းပေးလာသောကြောင့် သတင်းထောက် “လေးမ” မှ သွားရောက် စပ်စုခဲ့သည်များအား အများသိစေရန် ဖော်ပြအပ်ပါသည် …။
နေရာ – www.layma-layma.blogspot.com …၊
အချိန် – ညအချိန် …၊
ရှင်းလင်းသူ – အမည်မဖော်လိုသူ “လေးမ” …၊
တက်ရောက်သူများ – ပြည်တွင်းပြည်ပမှ ဘလောက်ဂါကြီးများ ၊ ဘလောဂီကြီးများ နှင့် သတင်းထောက် “လေးမ” … ၊
အကျွေးအမွေး – အတွေးများဆူပွက်လာလျှင် ခပ်သောက်နိုင်ရန် လက်ဖက်ခြောက်ပုလင်း အဆင်သင့်ထားပေးမည် …. ၊
ရှင်းလင်းပွဲကျင်းပရသည့် ရည်ရွယ်ချက် – “လေးမ” အသစ်လဲလိုက်သော [...]
Filed under: Analysis, News, That's what I wanna say | 3 Comments »
Posted on August 23, 2007 by layma
သူငယ်ချင်းက ပြောတယ်
ကျွန်တော့်စိတ်တွေ “လေ” နေလို့ 
ခဏလောက်
လမ်းလျှောက် ထွက်လိုက်ဦးမယ်တဲ့…
ငါလဲမင်းလိုပဲ
စိတ်တွေ “လေ” တဲ့အခါ
ဂျင်းဂျာကင်လေး ထပ်လို့ 
လမ်းမပေါ် ပြေးထွက်ချင်လိုက်တာ… ။
စိတ်ညစ်ရင် လမ်းလျှောက်ထွက်လိုက်ရတာ အကောင်းဆုံးပဲ… လမ်းပေါ်မှာ ကားမပါဘဲ လျှောက်သွားရင်း လေကောင်းလေသန့် တွေ တ၀ကြီးရှူသွင်းရင်း စိတ်ညစ်စရာတွေကို တ၀ကြီးပြန်မှုတ်ထုတ်လိုက်ရရင် ပေါ့သွားမှာပဲ…..။ လူးလာလှုပ်ရှား ရုန်းကန်နေကြရတဲ့ လမ်းပေါ်က ဘ၀တွေကိုတွေ့ ရင် ကိုယ့်ဒုက္ခက သေးသေးလေး ဖြစ်သွားကောင်း ဖြစ်သွားနိုင်တယ် … ပျော်စရာမြင်ကွင်းတွေကို တွေ့ ရင်လဲ အပျော်တွေ ကူးစက်သွားနိုင်တယ် … သတိထားကြည့်တတ်ရင် ရယ်မောစရာ အဖြစ်အပျက်လေးတွေကိုလဲ တွေ့ ရမယ်… သေချာတာ တစ်ခုကတော့ လမ်းများများလျှောက်ပြီး အိမ်ပြန်ရောက်လာတဲ့အခါ မောမောနဲ့  အိပ်ပျော်သွားနိုင်တယ် … [...]
Filed under: 2 in 1 style, Poem, Seasonal Post, That's what I wanna say | 10 Comments »
Posted on August 22, 2007 by layma
“အရောင်များ” ဆိုပြီး…အရောင်တွေ အကြောင်းရေးတုန်းက…ဘက်မလိုက် အရောင်လေးတွေ အကြောင်း…ထည့်မရေးဖြစ်ခဲ့ဘူး…..။ အဲဒီအရောင်လေးတွေရဲ့ ဖြစ်တည်ပုံ နဲ့ … သူတို့ ရဲ့ သဘောတရားလေးတွေကို သဘောကျလို့  … သူတို့  အကြောင်းကို…သက်သက်ရေးမယ်လို့  စိတ်ကူးထားခဲ့ပြီး … အခုမှပဲ ရေးဖြစ်တော့တယ်….။
neutral color ၃ ရောင်ရှိပါတယ်….။ ဓါတ်ပြယ်နေတဲ့ အရောင် (သို့ ) ဘက်မလိုက် အရောင်လို့ ပဲ ခေါ်ကြပါစို့ ….။ White , Black , Gray ပါ….။ ဘာလို့  neutral ဖြစ်တာလဲ ဆိုတော့…. အရောင်တွေ ဆတူဖြစ်နေလို့ …. အရောင်အားတွေမျှနေလို့ …. ဘယ်အရောင်ကိုမှ ကိုယ်စားမပြု … အားမပေးတဲ့ [...]
Filed under: Analysis, Seasonal Post | 5 Comments »
Posted on August 20, 2007 by layma
အဆုံးမသတ်တဲ့ “ည”
ည
အဲဒီည…
ဟိုည…
ထိုည…
ဒီည….
မှောင်မဲနေတဲ့ည
ကြေကွဲနေတဲ့ည…
ဘယ်မှာလဲ “လ”…
ငါ့ကို ဖျားယောင်းလှည့်စမ်းပါ….။ဘယ်မှာလဲ….
ကြယ်တွေ….
ဘယ်မှာလဲ…???
တပွင့်မှလဲ မရှိပါလား…
ငိုလို့  ရွဲနေတဲ့
ငါ့ အလှကို …
မကြည့်ရက် …
မှေးစက်လို့  အိပ်ကုန်ကြပြီလား….။ငါ့နံဘေးမှာ
ကွန်ပြူတာစက်သံနဲ့ 
ကီးဘုတ်သံ တချက်ချက်ကလွဲလို့ 
ဘာသံမှမရှိ တိတ်ဆိတ်ခြင်းအတိနဲ့ 
သီချင်းသံလေးတောင်မရှိပါလား….၊
သီချင်းလား….
ငါ မဖွင့်ရဲပါဘူး…
“ကြေကွဲသွားတဲ့ နေ့ညတွေ
တစ်ယောက်ထဲ မင်းထားခဲ့ချိန်တွေ” လို့ 
သူတို့ က ဆိုကြဦးမယ်လေ….။
၁၂ နာရီကျော်လို့ .
ဟိုဘက်ကို ၂ နာရီကူးသွားခဲ့ပြီ….
ကြောင်စီစီမျက်လုံးတစ်စုံနဲ့ 
notebook ဘေးက ဓါတ်ပုံလေးကို
ကြောင်တောင်တောင်ကြည့်ရင်း
ငါ မိုးလင်းသွားတော့မှာလား…..။
ဒီလို ညတွေကြောင့်သာ
ငါ ရူးသွားရမယ်ဆိုရင်…..
ရူးသွားရမယ်ဆိုရင်…..
ရူးသွားရမယ်ဆိုရင်…..
……
……
……
Filed under: Poem | 9 Comments »
Posted on August 20, 2007 by layma
ဆရာမ “ဂျူး”က “လေးမ” အကြိုက်ဆုံး ၊ အဖတ်ဖြစ်ဆုံး စာရေးဆရာများထဲမှ တစ်ဦးပါ…..။ ဆရာမ ရေးတာဆိုရင် လုံးချင်း ၊ ၀တ္ထုတို ၊ရှည် ၊ ဆောင်းပါး လက်လှမ်းမီသလောက် … အဆင်ပြေသလောက် … ဖတ်ဖြစ်တယ်….။ “ အမှတ်တရ ” က စဖတ်ဖြစ်တာ…..။ ဆရာမရေးတဲ့ ပုံစံကို… သိပ်ကြိုက်တာ…..။ ဗဟုသုတ စုံတာကိုလဲ သဘောကျတယ်……။ အကြောင်းအရာ တစ်ခုကို သေချာရေးပြနိုင်တာကိုလဲ ကြိုက်တယ်…..ဖတ်ရသမျှ ရသ အပြင် ဒေသန္တရဗဟုသုတ ၊ ပညာရပ်ဆိုင်ရာ ဗဟုသုတတွေကိုလဲ အပိုဆု ပေးသေးတယ်…….။ ဆရာမရဲ့ အရေးအသားတွေကို စွဲစွဲလန်းလန်းဖတ်တတ်တဲ့ … စာဖတ်သူ တစ်ယောက် အနေနဲ့ … ထူးထူးခြားခြား သတိထားမိတဲ့ ၊ [...]
Filed under: Thinkings from novels | 4 Comments »
Posted on August 20, 2007 by layma
ကမ္ဘာအတုမှ ခဏ ပျောက်သွားခြင်း…
ဒီရက်ပိုင်းမှာ……“လေးမ” ပျောက်နေတာကို … တချို့ သူငယ်ချင်းတွေ … သတိပြု မိပါလိမ့်မယ်…။ ခင်မင်တဲ့သူ တချို့ ကလဲ “လေးမ” တစ်ယောက် မပုံရိပ်လို မလုပ်မဖြစ်တာလေးတွေလုပ်ဖို့…မဂျစ်စကားနားထောင်ပြီး…မပန်ကို အတုခိုးပြီး ဗကေးရှင်း ယူသွားတယ်လို့ … တွေးကောင်းတွေးပါလိမ့်မယ်…။ အဲဒီလိုများ…သတိရနေမယ့်သူ တစ်ယောက်လောက် ရှိရင်ဖြင့်….သိပ်ပျော်စရာကောင်းမှာပဲ….လို့ မတွေးတော့ပါဘူး…. မပန်ပြောသလို … မင်္ဂလာတရားတော်နဲ့ အညီ ….Blog မှာ နေထိုင်ရမယ်…။
“လေးမ” ပျောက်နေတာ… အိပ်ရာထဲ ဗုန်းဗုန်းလဲ သွားလို့ ပါ…။ ဟိုနေ့ က…. ဒီဇယ်ဈေး ၂ ဆ တက်သွားတော့ …. အိမ်က ကား ၈ စီးအတွက် ဆီဖိုးကို နင့်ခနဲ ….. တခါတည်းထုတ်ပေးရတဲ့ အချိန်မှာ … [...]
Filed under: That's what I wanna say | 4 Comments »