မိုးရွာနေသည်

ကနဦးအစက … မိုးသည် … တစ်ပေါက် နှစ်ပေါက် …
ထို့ နောက် … တဖျောက်ဖျောက် …
ထို့ နောက် … ရွာလိုက်သည်မှာ … မစဲတော့ …
ရေမှုန်ရေမွှား … အစအနလေးများမှသည်…
ရေစက်ရေပေါက်ကြီးများ အဖြစ် အသွင်ကူးပြောင်း …
ထီးလှလှလေးများ … မိုးစက်ကြမ်းများကို အံမတုနိုင်တော့ …
မိုးစက်များ၌ ရေပါ၏ …
ရေပါတော့ ရေကြီး၏ …
လမ်းပေါ်က ရေကန်ကြီးထဲတွင် … ပျက်နေသောကားများ …
ရုန်းထွက်ရန်ကြိုးစားနေသော ကားများ …..
လမ်းလျှောက်နေသောလူများ …
ရေခံနေသူများ …
ဟိုမှ ဒီသို့  မျောပါနေသော [...]

သူရဲကောင်းများ နှင့် တွေ့ ဆုံခြင်း ( ဇာတ်သိမ်း)…

“… ကျွန်မ မရွေးချယ် တတ်တော့ဘူး …၊ ရှင်တို့အားလုံး ပြန်ကြတာပဲ ကောင်းပါတယ်….”
“…ညီမလေး မဆုံးဖြတ်တတ်ရင် အစ်ကို ဆုံးဖြတ်ပါမယ် … ကောကျင့် …၊ ယွင်ဖေးရန် …၊ မင်းတို့လဲ သိုင်းလောကသားတွေပဲ ….၊ ရှည်ရှည်ဝေးဝေး ပြောစရာမလိုဘူး …၊ ငါတို့ သိုင်းလောကမှာ … ပြသာနာ တစ်ခု ဖြစ်ရင် ဖြေရှင်းနေကြ အတိုင်း … ”
အစ်ကိုကျန်က ပြောရင်းဆိုရင်း ဓါးအိမ်ကဓါးကို … ဆွဲထုတ်လိုက်တယ် … ။ နေရောင်တွင် လက်ခနဲ ဖြစ်သွားသော ဓါးသွားကို ကြည့်ရင်း … သူမ … တားဖို့ ကြိုးစားလိုက်သည် … ။ သို့သော် ဖေးလေးက သူ့ ရဲ့ [...]

သူရဲကောင်းများ နှင့် တွေ့ ဆုံခြင်း …(ပ)

လေးမ ရဲ့ … အပိုင်းအစ (၃) ထဲက … နောက်ထပ် အတိုအစလေး တစ်ခုကို … ဆွဲထုတ်လိုက်ပါတယ် …။ ၂၁.၈.၉၇ ဆိုတဲ့ ရက်စွဲလေးနဲ့ … out of date ဖြစ်နေတဲ့ post လေးကို … blog မှာ … အမှတ်တရ နေရာပေး လိုက်ပါ တယ်… ။
 
“သူရဲကောင်းများ နှင့် တွေ့ ဆုံခြင်း …”
သူမသည် လွန်စွာလှပသော ၀တ်စုံဖြူကို ၀တ်ဆင်ထား၏ … ။ ဆံပင်များကို ကျစ်ဆံမြီးသေးသေး လေးများ ကျစ်ထားပြီး … အဖြူရောင် ဦးထုပ်ကို ဆောင်းထား၏ … ။ သို့သော် လှပလွန်းသော သူမနဲ့ မထိုက်တန် [...]

လမ်းပေါ်က … ကချေသည်…

ကောင်းကင်က…ငို
မိုးတွေက…စို
တကိုယ်လုံးမှာ… ရေတွေရွှဲ
မျက်ရည် … တွဲလဲ …။အချမ်းရယ် … ပို
လမ်းမှာ … ငို
ပန်းသလို
နွမ်းသလိုနဲ့ …
လှိုက်ဖို ရွှေရင်အသည်း…
မယိုင်လဲအောင်
ထိုင်လှဲ ချင်တယ် …။

အော် … ကျွန်မ
ကချေသည်…
ကချေသည်…

အပူလုံး … ကြွ
ယူကျုံး…မရ
သို့သော်…
လူလုံးလှအောင် …
က ရ ပေ ဦး မယ် …။ ။

ဆောင်းအိပ်မက် …

ပျောက်နေတဲ့ … ပေါက်ပေါက်ဆုပ် ကလေးက … ဒီလို လေး Tag ထားကြောင်း ..လာအော်သွားတော့ ဆောင်းကို ခြေရာခံလိုက်မိတယ်…။ နှင်းပွင့်လေးတွေမရှိလို့  … နေခြည်တန်းလေးတွေနောက်ကို … နောက်ယောင် ခံလိုက် တော့ … သူတို့ လာဖို့  … နေရာဖယ်ပေးလိုက်ရတဲ့ “ဆောင်း” ကိုတွေ့ လိုက်ရတယ်…။ “ဆောင်း” က ပြောတယ်…သူသိပ်ချမ်းနေတယ်တဲ့ … ။

နှင်းတွေဝေတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ နှင်းပွင့်လေးတွေလို မဖွေးတဲ့ … “လေးမ”ဆိုတဲ့ မိန်းကလေး…လူ့ လောကကြီးထဲကို ရောက်ခဲ့တယ်…။ ဆောင်းအိပ်မက်တွေ ( ဂယောက် ဂယက် အိပ်မက်တွေ ) … မက်ဖို့  လောကကြီး ထဲကို သတ္တိရှိရှိနဲ့ တိုးဝင်လာခဲ့တယ်…။
ဒီဇင်ဘာအိပ်မက်…ရန်ကုန်ဆောင်းကို [...]

ကျန်စစ်မင်း၏ မေတ္တာ …

ပုဂံမှ ဇာတ်လမ်းများ (သို့ ) မှတ်တမ်းများ (၃) ။ ။
ရတနာရေ … နန်းသုံးစကားတွေကို … ခဏဘေးမှာထားပြီး … ရိုးရိုးရှင်းရှင်းပဲ… ပြောပါ့မယ် … ။ နှစ်သိမ့်တာ မဟုတ်ဘူး … ဆင်ခြေပေးတာ မဟုတ်ဘူး … အယူခံဝင်တာမဟုတ်ဘူး … ကျုပ်လုပ်ရပ် ( သမီးတော်ကို စောယွန်းနဲ့  လက်ဆက်ပေးမှု ) နဲ့  ပတ်သက်ပြီး … မိခင်တစ်ယောက်အနေနဲ့  … ရတနာ စိတ်နာမယ်ဆို နာသင့်ပါတယ် … ။ မိဘဆိုတာ … ကိုယ့်သားသမီး ကောင်းစားတာကို … မြင်ချင်ကြတာချည်းပဲလေ … ။ သားသမီး ဒုက္ခရောက်အောင် … [...]

မန်းမှတ်တမ်း …

ဒိုင်ယာရီ စာမျက်နှာ (၁၁) ။ ။

ဒီလမ်း…
(ဘေးမှာ တမာပင်တွေရှိတယ်… ခွန်အားအပြည့်ပေးတဲ့ တောင်ကြီးကို လှမ်းမြင်နေရတယ်…အိမ်ကိုလွမ်းရင် တောင်တွေကိုကြည့်ပြီး အားယူရတယ်…တချို့ ကတော့ … “တောင်” ကြည့်ပြီး ငိုသတဲ့)

*MTU main road *
ဒီ လမ်းမကြီးပေါ်မှာ … “လေးမ” ခြေရာတွေ … ထင်ကျန်ရစ်ပါတယ်…( အခုတော့ ပျက်ကုန်ရောပေါ့ )…..။
ဒီလမ်းမကြီးပေါ်မှာ … စက်ဘီးကလေးနဲ့  “လေးမ”…. လမ်းဖြတ်ကူးတဲ့ မြွေတွေကို ..ခဏခဏ ရပ်စောင့် ခဲ့ရတယ်…..။
ဒီလမ်းမကြီးပေါ်မှာ… “လေးမ” …ကျောက်စိမ်းရောင် စူပါကပ်လေး …ဟိုယိုင်ဒီယိုင် ဖြစ်အောင် စီးခဲ့တယ် …။
ဒီလမ်းမကြီးပေါ်မှာ … dream ဆိုင်ကယ်ထက်…. “မိ” ခါးကို တင်းတင်းဖက်ပြီး ….. ကျောင်းတက် ခဲ့တယ်….။ ဆိုင်ကယ် အိပ်ဇော [...]

ခြေလှမ်း…

ကိုနေဘုန်းလတ်နှင့် မြန်မာ Blogger များမှ seminar တစ်ခုကို လှလှပပလွတ်ကျနိုင်ခဲ့ခြင်းကို …ဂုဏ်ပြု သောအားဖြင့် ….နှစ်ဆယ်ကျော် သုံးနှစ် ပတ်လည်က… သော့ခတ်ထားခဲ့တဲ့ ….ကဗျာတစ်ပုဒ်ကို …လွတ်မြောက် ခွင့် ပြုလိုက်သည်…..။ ( ဘာမှတော့ မဆိုင်ဘူး…)
အမိန့် အရ
လေးမ
“ခြေလှမ်း”

“ တိုးဆိတ်
ညင်သက်…
နှင်ရခက်သည်….၊

သခင့်ခြေလှမ်း
ဖွဖွမြန်းလို့ 
စမ်းလို့ ဝင်ရောက်
“ငါ” ကြောက်ခဲ့လဲ…….။ ။”

August လမှာ အကြိုက်ဆုံး…

ရေးပြီးတဲ့ထဲက … အကြိုက်ဆုံး ၅ ပုဒ်ကို … ပြောပါလို့  …ကိုဘုရင့်နောင်က … ဒီလို Tag လို့  … ဟောဒီလို လေး … ရေးခဲ့ပြီးပါပြီ … ။ ဒါပေမယ့် … အမြော်အမြင်ကြီးမားတဲ့ “လေးမ” က … မေ၊ ဇွန် ၊ဇူလိုင် ၃ လစာထဲက ရွေးပါတယ် …Aug ထဲကနောက်တစ်ခေါက် ရွေးပါမယ်လို့  … ရေးခဲ့ပါတယ် … ( အမှန်တော့ အမြော်အမြင်ကြီးတာ မဟုတ်ပါဘူး … နောက် ၃ လလောက်နေရင် … ဘယ်သူမှ မရေးခိုင်းလဲ ကိုယ့်ဟာ ကိုယ် ရေးမလို့ ။ [...]

Why Do We Blog ???

၁၁ နာရီစမယ်မှန်း သိပေမယ့် …ဘာတွေရှုပ်မှန်းမသိအောင် ရှုပ်နေလို့ …၁နာရီထိုးမှ ရောက်သွားပါတယ် ။ ရောက်တဲ့အချိန်မှာ ၀ါးတီးအစီအစဉ်က ပြီးသွားပြီ… ကော်ကော်လဲ မသောက်လိုက်ရတော့ဘူး … ။ သူများတွေ လက်ထဲမှာ ကိုင်ထားတဲ့ … စာအုပ်ဝါ၀ါလေးလဲ မရတော့ဘူး… ။ ယောင်လည် ယောင်လည် … ဟိုကြည့် ဒီကြည့်နဲ့ … ၀င်သွားတော့ …Plastic sheet အဖြူကြီးနားမှာ …လူတွေတပြုံကြီး တွေ့ တယ်…။ စာအုပ်ထဲမှာ ကူးရေးတဲ့ သူတွေကကူးရေး …၊ ဓါတ်ပုံရိုက်တဲ့သူတွေက ရိုက်ဆိုတော့… ဘာတွေများရေးထားလဲ အနားတိုးကြည့်လိုက်တော့ …Oh….my god !! Blogger တွေရဲ့ အော်တိုတွေပါလား… စာသားတွေပါတယ်… လိပ်စာတွေ ပါတယ် [...]