Posted on October 31, 2007 by layma
“ ကချေသည်ရဲ့ ဆန္ဒ…”
လုပ်လိုက်ပေါ့
ဇာတ်ဆရာရယ်…
ကျွန်မက “ကချေသည်” ပဲ…
ရှင် ထားတဲ့နေရာမှာ
ရှင် ခိုင်းတဲ့ဇာတ်ရုပ်က
ရှင် ပေးတဲ့ ဒိုင်ယာလော့တွေနဲ့
ရှင် ရေးတဲ့ ရှင့်ဇာတ်လမ်းကို
ရယ်ဆိုရယ်
ပြုံးဆိုပြုံး
ငိုဆိုငို
အပိုအလို မရှိစေရပါဘူး … ။
ဒါပေမယ့်
ကျွန်မက ပညာသည်လေ …
ခဏလှအောင်
က နေရပေမယ့် …
ဘ၀ မကျအောင်တော့
(တတ်စွမ်းသမျှ)
ချပြ ချင်သေးတယ်…။ ။
မှတ်ချက်= ကံဇာတ်ဆရာ နှင့် ကချေသည် လူသား
Filed under: Poem | 4 Comments »
Posted on October 31, 2007 by layma
“ ကချေသည်ရဲ့ ဆန္ဒ…”
လုပ်လိုက်ပေါ့
ဇာတ်ဆရာရယ်…
ကျွန်မက “ကချေသည်” ပဲ…
ရှင် ထားတဲ့နေရာမှာ
ရှင် ခိုင်းတဲ့ဇာတ်ရုပ်က
ရှင် ပေးတဲ့ ဒိုင်ယာလော့တွေနဲ့
ရှင် ရေးတဲ့ ရှင့်ဇာတ်လမ်းကို
ရယ်ဆိုရယ်
ပြုံးဆိုပြုံး
ငိုဆိုငို
အပိုအလို မရှိစေရပါဘူး … ။
ဒါပေမယ့်
ကျွန်မက ပညာသည်လေ …
ခဏလှအောင်
က နေရပေမယ့် …
ဘ၀ မကျအောင်တော့
(တတ်စွမ်းသမျှ)
ချပြ ချင်သေးတယ်…။ ။
မှတ်ချက်= ကံဇာတ်ဆရာ နှင့် ကချေသည် လူသား
Filed under: Poem | 4 Comments »
Posted on October 28, 2007 by layma
ကြွားရဦးမယ်ကွဲ့ … ကြွားရဦးမယ်…
တကယ်တော့ ဒီပြသနာက ၀ါကျွတ်လို့ ရှုပ်ကုန်တာ … ရှုပ်တော့လည်း ရှင်းရတော့မှာပေါ့လေ…။ အရင်ကတော့ လေးမ ရှင်းလင်းပွဲ ဆိုပြီး ရှင်းလင်းပွဲတွေ လုပ်နေကြပါ … ။ ဒါပေမယ့် ခုတလော ရှင်းလင်းပွဲက သိပ်ခေတ်မစားတော့ဘူး … ဒါကြောင့် ပြောချင်တာကိုပြောပြီး ဘလော့ခ်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်…။
ဒီသီတင်းကျွတ်မှာ လေးမ တော်တော် ပြသနာတက်သွားပါတယ်…။ ဘာလို့လဲဆိုတော့ … သူတို့ တွေကလေ… လေးမ ကို လာလာစ သွားကြတယ်…။ ဘလော့ခ်ဂါ အပျိုကြီး လို့ အော်သွားတဲ့သူလည်းရှိတယ်…။ အရန်လုပ်ဖို့ လျှောက်လွှာတင်တဲ့သူတွေလည်း ရှိတယ်…။ ဆီပုံးမှာ ပြန်ဖြေထားတာကိုလည်း မဖတ်ကြဘူး …။ ဟွန်း…ဟွန်း… လေးမ ကိုများ … showroom ထဲမှာ ဖုန်သုတ်နေရတဲ့ [...]
Filed under: Personal, That's what I wanna say | 15 Comments »
Posted on October 27, 2007 by layma
အိမ်သစ်တက်ပွဲ…
ကြွရောက်လာကြသော လူကြီးလူကောင်းများအားလုံးကို လှိုက်လှဲစွာကြိုဆိုပါသည်…။ လေးမရဲ့ အိမ်သစ်လေးကို အမြဲလာလည်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်…။ ခင်းကျင်းထားတဲ့ စားသောက်ဖွယ်ရာများကိုလည်း သားရေကျ…အဲ..ယောင်လို့… သုံးဆောင်သွားကြပါဦး…။ လုယက်စားသောက်ခြင်း…၊ ပါဆယ်ထုပ်သွားခြင်း ..သည်းခံပါရှင် … ။
“ကောင်းကင်မှာ စိုက်တဲ့သစ်ပင်”
အဲဒီသစ်ပင်လေးမှာ
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေရှိတယ် …
လွမ်းဆွတ်ခြင်း အတိတ်နဲ့ မွတ်သိပ်တဲ့ မနက်ဖြန်တွေ
သက်ဝင်လှုပ်ခတ် စကားလုံးစုတ်ချက်တွေရဲ့ ပန်းချီကားတစ်ချပ်လို
နေ့ဘက်ဆို နေသွားရာလမ်းတလျှောက် လန်းဆန်းတောက်ပတတ်တယ်
ညဘက်ဆို လ နဲ့ကြယ် ငိုရအောင် လင်းလက်ချိုမြ အရိပ်တွေတောင် လှပနေပြန်ရော
သစ်ရွက်တို့ရဲ့ ရနံ့ကို မွှေးရှိုက်လိုက်တော့ တချို့မှာ မျက်ရည်စို၊တချို့မှာ အပြုံးတွေ ခိုလို့
ဒါပေမဲ့လေ … သူသီချင်းဆိုတဲ့ အခါ ခိုနားတဲ့ ငှက်တွေတောင် ဆွံ့အ သွားတတ်သလိုပဲ
တချို့ကတော့ သူ သီတဲ့ တေးကို သူနဲ့ အတူဆိုလို့ စိမ်းစို လတ်ဆတ်လိုက်ကြတာ
တံတိုင်းတွေ ပြိုသွားသလို [...]
Filed under: Uncategorized | 29 Comments »
Posted on October 25, 2007 by layma
သီတင်းကျွတ်…
မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့ … ။
အိမ်အပြန်လမ်းတလျှောက်မှာ ဆိုင်လေးတွေ ၊ အိမ်လေးတွေ မီးတွေထွန်းလို့လေ… ။
ရောင်စုံလျှပ်စစ်မီးလေးတွေ မှိတ်တုတ်မှိတ်တုတ် … ဖယောင်းတိုင်မီးလေးတွေ တလှုပ်လှုပ်နဲ့  …။
အမြဲမှောင်နေတဲ့ လမ်းသွယ်လေးရဲ့ တဖက်တချက်မှာ ဖယောင်းတိုင်တွေ ထွန်းထားလို့ အလင်းရောင်ပြပြနဲ့  တမျိုးလှနေရှာတယ် …။
တာဝတိံသာနတ်ပြည်က ပြန်ကြွလာမယ့် ဗုဒ္ဓမြတ်စွာကို နတ်ဗြဟ္မာတွေနဲ့  အတူ ပူဇော်နေကြတဲ့ မြန်မာလူမျိုးတွေလေ … ။
ကြည့်စမ်းပါဦး … အိမ်ဝမှာ မီးပုံးလေးတွေ ချိတ်ဆွဲနေတဲ့ မြန်မာမိန်းမပျိုလေး ( ချုပ်ညရီတွင် ဖြုတ်ချည်းမြင်သည် … ရှင်သာရခိုင် တန်ဆောင်လော ) လို့သာ တလိုက်ချင်တော့သည်…။
ယုန်ရုပ်ကလေးတွန်းလာတဲ့ ကလေးငယ်လေးကို မိခင်က ဖယောင်း တိုင်တိုလေး စိုက်ပေးပြီး မီးညှိပေးလိုက်တော့ ပျော်မြူးစွာ မီးပုံးတွန်း [...]
Filed under: Seasonal Post | 4 Comments »
Posted on October 24, 2007 by layma
Hello everybody !!!
Nice to meet you all !!!
Who are you ? Let me know your name …
Pls leave your message and link …
Bye bye !!!
Filed under: Uncategorized | 17 Comments »
Posted on October 24, 2007 by layma
အကြောင်းကြားစာ…
လေးမ အိမ်အသစ် ၀ယ်လိုက်တယ်…။
နေရာလေးက သန့်ပါတယ်…။ လေးမ ၀ယ်လိုက်တာ WordPress Housing Estate မှာလေ…။ အိမ်ရာဆိုတော့ အိမ်တွေက ဆင်တူတွေများတယ် …။ အိမ်ကို သိပ်ပြင်လို့မရဘူး … ခွင့်မပြုဘူးပေါ့ …။ လေးမ က လူသစ်ဆိုတော့ လူလည် မလုပ်တတ်သေးတာလဲ ပါတာပေါ့ … နောက်ပိုင်းတော့ လေးမ နည်းနည်းပါးပါး စာတတ်သွားရင်တော့ ညှိစရာရှိတာလေးတွေ ညှိပြီး အိမ်ကိုပြင်ကြည့်ရမယ် …။ တကယ်တော့ အိမ်က ပြင်စရာကို မလိုတာ … အားလုံးအဆင်သင့်ပဲ … အသင့်ယူသုံးလိုက်ရုံပဲ … ။ ဒါပေမယ့် ဗိသုကာဆိုတော့ နည်းနည်းပါးပါးတော့ ဆည်းပူးထားသည့်ပညာ မနေသာ ဆိုသလို ဟိုနားဒီနားလေးတွေတော့ ပြင်ကြည့်ချင်သေးတယ် …။ လောလောဆယ် ၀ယ်လိုက်တဲ့ [...]
Filed under: That's what I wanna say | 6 Comments »
Posted on October 22, 2007 by layma
ဗေဒင်ဟောမယ် …
လေးမ သိတဲ့ …. Blog ကို တွယ်တာနေသူ အချို့ ဟာ …အပြင်လောကမှာ စကားနည်းကြတဲ့ အေးတိအေးစက်သမားတွေ ဖြစ်နေကြပါတယ်…။ ဘယ်သူတွေလဲ သိလား…။
၁။ လေးမ ( ယုံမှာမဟုတ်ဘူးနော် … တကယ်ပြောတာပါ …)
၂။ သိုးမလေးနှင်းနှင်း ( ထင်တာ…ထင်တာ)
၃။ တေဇာဘလင့် ( သူ့  ပိုစ့် မှာ ဖြောင့်ချက်ပေးထားတယ် … မယုံရင်သွားကြည့် …)
၎။ ကိုမျက်လုံး ( တေဇာ့ဆီမှာ ၀န်ခံထားတယ် … ကွန့် မန့်  သက်သေရှိသည် …)
၅။ သန့် ဇော်မင်း ( ရုပ် ကြည့်ပြီး ခန့် မှန်းတာ… )
၆။ ကိုပီကေ (ကိုမျက်လုံးနှင့် [...]
Filed under: That's what I wanna say | 17 Comments »
Posted on October 21, 2007 by layma
“တစ်မိုးတည်းအောက် တစ်လမ်းတည်းလျှောက်..”
သူငယ်ချင်း..
တစ်မိုးတည်းအောက်မှာ …
အရိပ်ပျောက်လို့ …မိုးသောက်ခဲ့ရသူချင်းအတူတူပါပဲ…။
အရာရာကို ကောင်းစေချင်တဲ့စိတ်
မင်းတို့ ရင်ထဲမှာ ကိန်းအောင်းဖြစ်ခဲ့ရင်…
ငါဝမ်းမြောက်ပါတယ် ….သူငယ်ချင်း ….။
မင်းတို့ လျှောက်ခဲ့တဲ့လမ်း ပင်ပန်းကြမ်းတမ်းခဲ့တာ
ငါ ကိုယ်ချင်းစာနိုင်ပါတယ် … သူငယ်ချင်း …။
အခုတော့ သူတို့ လေးတွေလဲ ….
ကံ့ကော်တောမှာ လမ်းမလျှောက်နိုင်တော့ဘူး…
အင်းယားမှာလဲ မရယ်မောနိုင်တော့ပါဘူး…
မနက် ၆ နာရီ ဖယ်ရီစီးလို့ 
ည ၆ နာရီ အိမ်အရောက်မှာ…
အမောဖောက်လို့  ကျောင်းသားဘ၀ဆိုတာလဲ
ပျောက်ဆုံးကုန်ကြပါပြီ…. သူငယ်ချင်း …။
တချိန်မှာ မင်းတို့ တွေ
စွမ်းနိုင်မယ်ဆိုရင်တော့
သူတို့ ကို ဒီအခွင့်အရေးလေးတွေ
ရအောင်လုပ်ပေးလိုက်ပါ ….သူငယ်ချင်း ။
ငါဟာ ဘာမှမဟုတ်
အဖြူရောင်တစ်ခုပါ သူငယ်ချင်း …
ဝါးလုံးရှည်နဲ့ လဲမရမ်းဘူး
ဓါးရိုးလဲမကမ်းဘူး ….
မင်းတို့ ကို ဂုဏ်ယူချင်ရုံသက်သက်ပါ ….သူငယ်ချင်း…။
ငါတို့ အားလုံး…. လောကဇာတ်ခုံပေါ်မှာ
ဇာတ်ဆရာချတဲ့ နေရာက
ဇာတ်ကနေကြရတယ်…..သူငယ်ချင်း…။
ဒါပေမယ့်
ဘီလူးခေါင်းဆောင်းပြီး….ပြုံးပြလို့ လဲရပါတယ်…
အရူးဆိုင်းတီးပြီး … ထူးပြလို့ လဲရပါတယ် [...]
Filed under: Poem | 3 Comments »
အမှတ်တရ (၂)…
“တစ်မိုးတည်းအောက် တစ်လမ်းတည်းလျှောက်..”
သူငယ်ချင်း..
တစ်မိုးတည်းအောက်မှာ …
အရိပ်ပျောက်လို့ …မိုးသောက်ခဲ့ရသူချင်းအတူတူပါပဲ…။
အရာရာကို ကောင်းစေချင်တဲ့စိတ်
မင်းတို့ ရင်ထဲမှာ ကိန်းအောင်းဖြစ်ခဲ့ရင်…
ငါဝမ်းမြောက်ပါတယ် ….သူငယ်ချင်း ….။
မင်းတို့ လျှောက်ခဲ့တဲ့လမ်း ပင်ပန်းကြမ်းတမ်းခဲ့တာ
ငါ ကိုယ်ချင်းစာနိုင်ပါတယ် … သူငယ်ချင်း …။
အခုတော့ သူတို့ လေးတွေလဲ ….
ကံ့ကော်တောမှာ လမ်းမလျှောက်နိုင်တော့ဘူး…
အင်းယားမှာလဲ မရယ်မောနိုင်တော့ပါဘူး…
မနက် ၆ နာရီ ဖယ်ရီစီးလို့ 
ည ၆ နာရီ အိမ်အရောက်မှာ…
အမောဖောက်လို့  ကျောင်းသားဘ၀ဆိုတာလဲ
ပျောက်ဆုံးကုန်ကြပါပြီ…. သူငယ်ချင်း …။
တချိန်မှာ မင်းတို့ တွေ
စွမ်းနိုင်မယ်ဆိုရင်တော့
သူတို့ ကို ဒီအခွင့်အရေးလေးတွေ
ရအောင်လုပ်ပေးလိုက်ပါ ….သူငယ်ချင်း ။
ငါဟာ ဘာမှမဟုတ်
အဖြူရောင်တစ်ခုပါ သူငယ်ချင်း …
ဝါးလုံးရှည်နဲ့ လဲမရမ်းဘူး
ဓါးရိုးလဲမကမ်းဘူး ….
မင်းတို့ ကို ဂုဏ်ယူချင်ရုံသက်သက်ပါ ….သူငယ်ချင်း…။
ငါတို့ အားလုံး…. လောကဇာတ်ခုံပေါ်မှာ
ဇာတ်ဆရာချတဲ့ နေရာက
ဇာတ်ကနေကြရတယ်…..သူငယ်ချင်း…။
ဒါပေမယ့်
ဘီလူးခေါင်းဆောင်းပြီး….ပြုံးပြလို့ လဲရပါတယ်…
အရူးဆိုင်းတီးပြီး … ထူးပြလို့ လဲရပါတယ် …
လူကြမ်းမင်းသား [...]
Filed under: Poem, comment | 3 Comments »