စိတ် …. စွပ်ပြုတ် (၂)

လကုန်ပြီ ဆိုတော့ လေးမ စွပ်ပြုတ်တိုက်နိုင်ပြီ….။ အားရပါးရ သုံးဆောင် သွားကြပါရှင်…။
အရူးပါး
Nasreddin သည် သူ့ ရဲ့ မြည်းပေါ်မှာ စပျစ်သီး တောင်းနှစ်တောင်း တင်ပြီး ဈေးကိုသွားပါတယ် … ။
နေ့လယ်ခင်းလောက် ရောက်တဲ့အခါ ရာသီဥတုက သိပ်ပူတဲ့ အတွက် အရိပ်ရတဲ့ သစ်ပင်ကြီးတစ်ပင် အောက်မှာ ရပ်နားလိုက် ပါတယ်…။ အဲဒီ သစ်ပင်အောက်မှာ သူ့ လိုပဲ ဈေးကို စပျစ်သီး [...]

တန်ဆောင်တိုင်…တောင်ကြီးမှာ

တောင်ပေါ်သားတစ်ယောက်ရဲ့ လက်ကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ မြေပြန့် သူတစ်ယောက်အတွက် နာမည်ကြီးလှတဲ့ တောင်ကြီးမီးပုံးပျံပွဲ ကို ဘ၀မှာ ပထမဆုံးအကြိမ် နဖူးတွေ့  ဒူးတွေ့  ကြည့်ရှုခံစားခဲ့ရသော ၁၃၆၉ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ….
တောင်ကြီးသူတွေက အပန်းရောင်လို့ ခေါ်တဲ့ ပန်းရောင် အနွေးအကျီင်္ကိုထပ် … လည်ပင်းမှာ မာဖလာပတ်… နားရွက်လုံတဲ့ သိုးမွှေးဦးထုပ်ကိုဆောင်း…ခြေအိတ်စွပ်…ဖိနပ်စီး…ပွဲခင်း(မီးပုံးပျံ လွှတ်တဲ့ကွင်း) ထဲသွားရန်အသင့် ….။
တီ…တီ…တီ… ဆိုင်ကယ်တွေ အုပ်စုလိုက် ဘေးက ဖြတ်သွား…။ ဦးထုပ်ဆောင်းဖို့တွေ နှစ်ယောက်ထပ် မပိုဖို့တွေ ဒီချိန်မှာ လာမပြောနဲ့  ….။ နာသွားမယ်…မှတ်…။
ကွင်းထဲမှာ လူတွေ…လူတွေ … လှုပ်ရွလှုပ်ရွနဲ့ … ဟိုသွားလိုက်..ဒီသွားလိုက်….။ [...]

ရေထဲက … မြို့ 

ရေပေါ်မြို့ လေးတစ်မြို့ ကိုရောက်ခဲ့ပါသည် ….( ဒူဘိုင်း မဟုတ်ပါ)…။
လှေကလေးများဖြင့်သွားရပါသည် ( ဗင်းနစ် မဟုတ်ပါ )…။
မြန်မာပြည် အရှေ့ဖျားက အင်းလေး ဖြစ်ပါသည် …။

သူတို့… ဒီလိုပဲ သွားကြ လာကြ တယ်…။

အဲဒီမှာ ဒို့ တိုင်းရင်းသားတွေ ဒီလို နေကြတယ်…။ ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်မယ်…. ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်မယ်….။

တောင်တန်းကြီးတွေ ပတ်လည်ရံထားတဲ့ ရေပြင်ထက်မှာ တစ်ယောက်ထဲ လှေလှော်နေတဲ့ လှေရှင်မှာ သောကမရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ … ။
အားမငယ်ပါဘူးလို့ ဘယ်သူ အာမ ခံမလဲ … ။
လှေဦးထိပ်မှာ ကြင်နာသူလေး ပါလာခဲ့ရင် သူဒီလောက် အားငယ်မယ် မထင်ပါ လို့ အင်းလေးမှာ ရွာတဲ့မိုးမှာတော့ [...]

အချစ်ဆုံးသို့  အိတ်ဖွင့်ပေးစာ

ကိုဝေ ( သတင်းစာ) က ခင်ရင်ရေးပါဆိုလို့ “လေး” ရှက်ရှက်နဲ့  ရေးလိုက်ပါတယ်… ကို……။
အိတ်ဖွင့်ပြီးပေးပါဆိုလို့ ဘလောခ့်မှာ တင်လိုက်တဲ့အတွက် သူတို့ ဖတ်ကြရင် အပြစ်မတင်ပါနဲ့  …ကို…။
ခုချိန်မှာ လွမ်းနေရတဲ့ … ပြောပြချင်နေတဲ့ … အကြောင်းလေးတွေကို ရေးလိုက်ပါတယ်…ကို … ။
အခုချိန်မှာလေ…….
တစ်လတစ်ခါ ရခဲ့ဖူးတဲ့ သိမ်မွေ့ တဲ့ စာသားတွေရေးထားတဲ့ ကဒ်လှလှလေးတွေကို လွမ်းတယ်….။
ခဏခဏ ရခဲ့ဖူးတဲ့ မွှေးပွ အရုပ်လေးတွေကို သတိရတယ်….။
သနပ်ခါးလေးနဲ [...]

4th Anniversary

ကျွန်မ မှာ လက်တစ်စုံရှိတယ် …
အဲဒီလက်တစ်စုံက
Zaha Hadid လို
ကမ္ဘာကျော် ဒီဇိုင်းတွေ မဆွဲနိုင်ခဲ့ပါဘူး …
ဒါပေမယ့်
နှစ်ယောက်အတူနေဖို့
အိမ်လေးတစ်လုံးတော့ ပုံဖော်နိုင်ခဲ့တယ် …။
အဲဒီလက်တစ်စုံက
ချန်ဂင်လို
နာမည်ကျော် ဟင်းလျာတွေ မချက်ပြုတ်နိုင်ခဲ့ပါဘူး …
ဒါပေမယ့်
မေတ္တာနဲ့ ချက်တဲ့
ဟင်းတစ်ခွက်တော့ ချက်နိုင်ခဲ့တယ်….။
အဲဒီလက်တစ်စုံက
မာသာထရီဆာလို
…….. လို
…..လို
ကမ္ဘာ့ အကျိုး … လူသားတွေ အကျိုး
သယ်ပိုးသွားဖို့ ဆန္ဒမပြင်းပြ ပါဘူး ….
ရိုးရိုးလေးပဲ … ဘ၀ကို ကုန်ဆုံးသွားချင်ပါတယ် …။
အပင်လေးတွေ ရေလောင်းရင်း
ငါးလေးတွေ အစာကျွေးရင်း
ဖြစ်နိုင်ရင် ပုခက်လွှဲရင်း
“ကို့” လက်ကို မြဲမြဲတွဲထားချင်တယ် ….။ ။

WordPress and me

အတွေ့ အကြုံ ရှင်းလင်းပွဲ
Internet ဆိုတာ e-mail ဖတ်ဖို့ … ပို့ဖို့ နဲ့  google search မှာ လိုတာလေးတွေ ရှာဖို့လောက်ပဲ နားလည်ထားတဲ့ လေးမဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ဂျောက်ချမှုကြောင့် ဘလောဂ့်လောက ကြီးထဲကို မအူမလည်နဲ့ ရောက်ခဲ့တာပါ …။ အဲဒီတော့ free host တွေ ရှိတယ် ဆိုတာ မသိဘူး..နားမလည်ဘူး…။ ခုတော့ လေးမ သိပြီ…။ http://phpnet.us မှာလည်း account လုပ်တယ်…။ www.byethost.com မှာလည်း account [...]

အနှစ်သက်ဆုံး စာရေးဆရာများ

အနှစ်သက်ဆုံးစာရေးဆရာတဲ့လား ညီမလေး မိုးချစ်သူ ရယ်…။
လေးမ က ပုဂ္ဂိုလ်စွဲနဲ့ သိပ်မဖတ်ပါဘူး…။ မျက်စိနဲ့ တွေ့ တဲ့ စာအုပ်ကိုဖတ် … ၊ စိတ်နဲ့ တွေ့ တဲ့ အရေးအသားကို ကြိုက် … ၊ ရင်ဘတ်နဲ့  ထိရင် စွဲလန်း …။
ဒါပေမယ့် ခဏခဏဖတ်မိတဲ့ စာအုပ်တွေရဲ့ ဖန်တီးသူတွေကတော့ …..
၁။ ဂျူး
-တခါတလေ လက်မခံနိုင်တဲ့ ကြားကကို ကြိုက်တယ်… အကြိုက်ဆုံးက …. ပင်လယ်နှင့်တူသောမိန်းမများ ။
၂။ ဂျာနယ်ကျော် မမလေး [...]

layma-layma.iblogger.org

ပြောင်းပြီနော်…ပြောင်းပြန်ပြီ… 
အငြိမ်မနေတဲ့  လေးမ …
လေးမ  အောက်တိုဘာ ဒုတိယပတ်လောက်ကစပြီး  ဂနာမငြိမ် ဖြစ်နေပါတယ်…။ အားလုံး  သိကြတဲ့ အတိုင်းပဲလေ … @#^##@@!!   ။ စိတ်မြန်တဲ့  လေးမ  က  မြန်မြန်ဆန်ဆန်ပဲ  အိမ်တစ်လုံး ဆောက်ပြီး  ရွှေ့  လိုက်ပါတယ် …။ အိမ်ဟောင်းက  စာတွေ comment တွေ ပြောင်းလို့ရလို့  အိမ်နှစ်အိမ်ကို  ကူးချည် သန်းချည်တောင်  လုပ်နေလိုက်သေး…။ ဒါပေမယ့်  အဆင်မပြေဘူး…။ စာတွေကို  လေးမ က မြင်နေရပေမယ့်  သူများတွေက အတုံးတွေပဲ မြင်နေရတယ်…တဲ့ ( လေးမ က မျက်မှန်တပ်ထားလို့ထင်တယ် ) comment တွေလည်း  မြင်ရဘူးတဲ့ … ။ လေးမကိုယ်တိုင်လည်း  အတုံးတွေ … ပဲပင်ပေါက်တွေ  [...]

layma-layma.iblogger.org

ပြောင်းပြီနော်…ပြောင်းပြန်ပြီ…
အငြိမ်မနေတဲ့ လေးမ …
လေးမ အောက်တိုဘာ ဒုတိယပတ်လောက်ကစပြီး ဂနာမငြိမ် ဖြစ်နေပါတယ်…။ အားလုံး သိကြတဲ့ အတိုင်းပဲလေ … @#^##@@!! ။ စိတ်မြန်တဲ့ လေးမ က မြန်မြန်ဆန်ဆန်ပဲ အိမ်တစ်လုံး ဆောက်ပြီး ရွှေ့  လိုက်ပါတယ် …။ အိမ်ဟောင်းက စာတွေ comment တွေ ပြောင်းလို့ရလို့ အိမ်နှစ်အိမ်ကို ကူးချည် သန်းချည်တောင် လုပ်နေလိုက်သေး…။ ဒါပေမယ့် အဆင်မပြေဘူး…။ စာတွေကို လေးမ [...]

Fearful – Fearless

ကြောက်ရမယ့်အကောင်
chaosလေးက …. ချစ်မ …ဘာကောင်တွေကြောက်လဲ သိချင်တယ်…ဆိုမှ … လေးမ ဘာကောင်တွေကြောက်လဲလို့ ပြန်မေးမိတယ်….။
စစ်စစ်ပေါက်ပေါက် စဉ်းစားကြည့်တော့ အကောင်အားလုံးကို ကြောက်သလိုပဲ… တကယ်ပြောတာ … စဉ်းစားကြည့်ရင် အားလုံးက ကြောက်စရာကြီး..။
နောက်တကြိမ် သေချာပြန်ဆန်းစစ်ကြည့်တော့ ဘာကောင်မှ မကြောက်ဘူး…။
ဟုတ်တယ်… သူ့ နေရာသူနေ… သူ့ လမ်းသူသွားနေလို့ကတော့ သရဲရော ..လူရော…အကောင်တွေရော… ဘာမှ မကြောက်ဘူး….။
လေးမကို ရန်ပြုလာရင်တော့ အားလုံးကိုကြောက်တယ်….။
အဲဒီတော့ လေးမက အားလုံး ကို ကြောက်ရမယ့် အချိန်ဆိုရင်ကြောက်တယ်… မကြောက်ရမယ့် အချိန်ဆိုရင် မကြောက်ဘူး … ( လောလောဆယ်တော့ သရပါတံခါးမှာ စောင့်နေတဲ့ နတ်ကြီးတွေကို ကြောက်လို့ ..@#%^##@@ …. )