၂၀၀၇ ပြက္ခဒိန် နှင့် Blog ကို ငဲ့ကြည့်ခြင်း …

၂၀၀၇ ပြက္ခဒိန်ကို ငဲ့ကြည့်ခြင်း …
မောင်လေး စာကလေး က လေးမနှင့်တကွ … လေးမထံလာလည်သော မိတ်ဆွေ အပေါင်းကို ဒီလို ရေးခိုင်းထားပါတယ်…။
ကိုရန်အောင် Tag တာကို ကြိုးစားပမ်းစားရေးပြီးသကာလ ဒီနှစ်အတွက် ငါ ဘာမှ ထပ်မရေးတော့ဘူးဆိုပြီး ပျော်ပျော်ကြီး အနားယူနေတဲ့ လေးမ … စာကလေးက ဆီပုံးနဲ့ ကွန့်မန့်မှာ အော်သွားတဲ့ အခါ မျက်လုံးရော …မျက်ဆံရောပြူးသွားရပါတယ်…။
မရေးလို့မဖြစ်ဘူး… အရင်တစ်ခါက ဒေါကီးထားတာ… ဒီတစ်ခါ ရူးချင်ယောင်ဆောင်နေရင် လေးမ ကွန်ပြူတာဗိုင်းရပ်စ်ကိုက်ရင် ပြင်မပေးဘဲ နေဦးမယ်…။ ရေးပါပြီ စာကလေးရယ်…။
တကယ့်တော့ လူတိုင်းရေးသင့်တဲ့ ပို့စ်လေးပါ ။ ကိုယ့်ဘ၀ရဲ့ ရက်စွဲဟောင်းတွေကို ပြန်ငဲ့ ကြည့်ကြရအောင်ပါ…။
လေးမအတွက် အရာရာတိုင်းဟာ ရိုးရှင်း စွာဖြတ်သန်းခဲ့တာ [...]

အမှတ်တရ … ဒီ … ၃၁ …

ရင်ခုန်နှစ်သစ် …
၃၁ … ဒီဇင်ဘာ … အဝေးကဖုန်းမြည်သံရယ်…. တစ်နှစ်ကူးချိန် အိပ်မက်မက်တယ်…..
ဒီသီချင်းလေးက ဒီအခန်းထဲမှာ ပျံ့လွှင့်နေတာ ၁ လလောက်ရှိသွားပြီ …။
နိုဝင် ဘာလကတည်းကပေါ့..။
ခပ်တိုးတိုးလေး လိုက်ဆိုနေတဲ့ ၂၂ နှစ်အရွယ် ကောင်မလေးရဲ့ မျက်နှာကို သေချာကြည့်ရင် ပြုံးနေတာကို တွေ့ ရလိမ့်မည် ..။
ပြုံးတာမှ မျက်လုံးလေးတွေပါ ပြုံးနေကြတာ …။ အရည်လေးတွေတောင် တဖျတ်ဖျတ်လက်လို့…။
ဒီဇင်ဘာ ၃၁ ရောက်ရင် … အဖြေပေးပါနော် …တဲ့ …။
ဒီနေ့ [...]

သူတို့လို ပျော်မိသည် …

* Source :ကိုပြူး နှင့် မပြုံး (ကာတွန်းဝိဇ္ဇာ အလင်္ကာကျော်စွာ ဦးဘဂျမ်း)

စစ်ကြီးပြီးဆုံး၍ … အဲ … ဟုတ်ပေါင်… အဲ..အဲဒါကြီး ပြီးဆုံး၍ … လေးမ တစ်ယောက် iblogger.org သို့ အရောက်တွင် …. လေးမ blog စလုပ်တုန်းက မိတ်ဆွေဟောင်း တော်တော်များများ လိုက်မလာနိုင်ခဲ့ပါ…။
ခုတော့ ဟောာဒီ..ဒီဇင်ဘာလမှာ မိတ်ဆွေဟောင်းတွေ အတော်များများ ပြန်လာလည် သွားကြပါတယ်…။
နောက်ဆုံးရောက်လာသူကား လေးမ၏ မိတ်ဆွေကြီး ဂုတ်တို အဲ .. ယောင်လို့ … ဂျယ်ရီ ပင်ဖြစ်ရာ …. ဘယ်အရပ်က ပေါ်လာသည်မသိ … မနေ့က စာကြွေးတွေ တပုံကြီးဖတ် … comment တွေ တပျော်ကြီး ပေးသွားသဖြင့် [...]

စိတ်..စွပ်.. ( ၃)

တစ်ခုသော ညမှာ … တစ်ရေးနိုးလာတဲ့ Nasreddin သည် … သူ့ခြံထဲမှာ အိမ်ဘက်ကို ရွေ့လာနေတယ်လို့ထင်ရတဲ့ ဖြူဖြူအရာတစ်ခုကို … မြင်လိုက်ပါတယ်…။
အဲဒါ သူခိုးပဲ ဖြစ်ရမယ် လို့ … တွေးလိုက်မိတဲ့ Nasreddin က ထိုအရာကို သေနတ်နဲ့ ပစ်လိုက်ပါတယ်…။
မှောင်ကြီး မဲကြီးထဲမှာ အိမ်ပြင်ထွက်ရမှာ သိပ်ကြောက်တဲ့ Nasreddin ဟာ အိပ်ရာထဲ ပြန်ဝင် အိပ်နေလိုက်ပါတယ်…။
နောက်တစ်နေ့မနက် ခြံထဲကို [...]

မခင်နှင်းဆီရဲ့ ထိုကောင်လေး…

လွမ်းရိပ်ဝေသော နွေဦးညများမှာ…
ကောင်လေးရေ … ပူအိုက်တဲ့နွေညတွေမှာ လေညင်းခံရင်း ခင်နှင်းဆီနဲ့ …. ခင်နှင်းဆီရဲ့ အတိတ်ကို လွမ်းသတဲ့လား….။
ခင်နှင်းဆီကတော့ ကောင်လေးကို နှင်းတွေဝေလည်း သတိရတယ် … သစ်ရွက်ကြွေလည်း အမှတ်ရတယ်… မိုးစက်တွေကြားထဲမှာလည်း သတိတရ ရှိနေပါတယ်… ။
ဒီလိုပြောလို့ ကောင်လေးကို လွမ်းနေတာ … တမ်းတနေတာလို့တော့ မထင်နဲ့နော်…။ ကောင်လေးနဲ့ ခင်နှင်းဆီရဲ့ အတိတ်ရက်စွဲလေးတွေကို မေ့မရနိုင်သေးတာပါ … ။
ကျောင်းနေတုန်းက မြသည်းညှာ…
ခင်နှင်းဆီဟာ တစ်ချိန်က ကောင်လေးရဲ့ အသည်းနှလုံး ဖြစ်ခဲ့ရတယ်ဆိုတာ ရိပ်စားမိယုံကလွဲလို့ တရားဝင် သိခွင့်မရခဲ့တဲ့ မိန်းမတစ်ယောက်ပါကွယ်…။
ဣနြေ္ဒဆင်မှ ယဉ်ရတဲ့ မိန်းမသားဘ၀မှာ ခင်နှင်းဆီရဲ့ အသည်းနှလုံးကို ကောင်လေးကို ပေးအပ်ဖို့ ၀န်မလေးခဲ့ဘူးဆိုတာ ဖွင့်ပြဖို့လဲ အခွင့်မသာ…ခဲ့ဘူး…။
ရေလာဖို့ မြောင်းဖောက်ပေးတဲ့ [...]

Online ပေါ်က ညီမလေး…

ဟဲ့..ပေါက်ပေါက်…ဘာတွေလုပ်…
ချက်နေတာ..ချက်နေတာ…မမရဲ့…
ဘယ်သူနဲ့တုန်း
သူငယ်ချင်းနဲ့…
အမယ်…ကြည့်စမ်း… ဟိုတစ်ယောက်က ဘာရေးထားတာတုန်း…
Q လို့ရပြီနော်..အားတယ်…တဲ့..။
FAQ ဆိုရင်တော့ Frequently Asked Questions လေ..။ အဲတော့ question မေးလို့ရပြီ..အားတယ်လို့ပြောတာလား…သူက ဂုရုကြီးလား…။
ဟား…ဟား..ဟား…အဖွားကြီး… ဒါကြောင့် မမကို ခေတ်မမီဘူးလို့ပြောတာ … ကျူလေ..ကျူ..ကျူတာ..သိပြီလား… ။ ကျူတာကို ရှင်းပြရဦးမှာလား … အီတာ…အီတယ်ဆိုတာက အီကြာကွေး…။
ငါသိပါတယ်ဟဲ့ … သူက ကျူကို Q နဲ့ရေးထားလို့ နည်းနည်းကြောင်သွားတာပါ…။ အောင်မယ်..အကောင်စုတ်က ကြီးကျယ်လို့ … သူ့ကိုများ ကျူရဦးမတဲ့ … မပြောနဲ့..သူ့ကို…။ ရှင်းထုတ်လိုက်…။
ပေါက်ပေါက်…နင်အွန်လိုင်းမှာ ရည်းစားထားဖို့တော့ မကြံစည်နေပါဘူးနော်…။
ဒါတော့ ဘယ်ပြောနိုင်မလဲ [...]

ခရေပန်းပြောသော ခရေပန်းအတွေး

ပန်းခရေ
နွမ်းကြွေမှာ
ကျွန်တော် စိုးတာကြောင့်
မခူးရက်
ဖူးလျက်သာနေပါ ခရေ….
ပင်ထက်မှာ ဝေ
ပန်းခရေ
မကြွေနိုင်ရော့လား….
ခြွေလို့ ကြွေကြွေ…
ဝေလို့နေနေ
ပန်းဆိုတာ
နွမ်းကြွေမှာ
သဘာဝပါပဲ….
မယ့်သခင်
ဆွတ်လို့သာ ညွတ်ရရင်ဖြင့်
မယ့်အရှင်
ခြွေလို့သာ ကြွေရရင်ဖြင့်
အပြစ်မဆိုပါ
နှစ်လိုစွာ ဂုဏ်တင့်တယ်လေး
ခရေ့ အတွေး…။ ။

နောက်ဆက်တွဲ။ ။ တချို့မိန်းမတွေက သနပ်ခါးပန်းနဲ့တူသလို တချို့ တွေကျတော့ ခရေပန်းလိုတွေးကြပြန်ရော…။
မှတ်ချက် ။ ။ ခရေကိုခူးလို့မရ..အပင်လှုပ်ပြီးခါချရ..မြေပေါ်ရောက်မှ ကောက်ယူရပါတယ်…။

My world & me ( 5 )

Tag သမျှရေးသည် … ကြွေးကျန်မရှိ
သူများတွေက ကြွေးကျန်စာရင်းတွေ ထုတ်ပြန်နေတဲ့ အချိန်မှာ အကြွေးကင်းရှင်းသူဖြစ်ကြောင်း မင်္ဂလာဝင်ယူလိုက်ဦးမယ်…။ Tag game ကို မလေးက အထုပ်ဖြည်ပြရတာလို့ပြောတယ်… ကိုစိုးထက်က ရေးစရာမရှိရင် အသုံးဝင်တယ်လို့ပြောတယ်… တချို့က ဘလော့ဂ်ဂါ တွေရဲ့ ခင်မင်မှုလေးကိုပြတယ်လို့ မြင်တယ်….။ လေးမလည်း Tag game ကို သဘောကျတယ်…။ အကြောင်းအရာတစ်ခုအပေါ် အားလုံးက ဖွင့်ဟ လို့ရသွားတာပေါ့ …။ Tag ခံရရင် ကျေနပ်တယ်….။ Tag ခံရရင် မနေနိုင်ဘူး…။ ချက်ချင်းရေးချင်တယ်…။ ရေးလက်စ တွေကို ပစ်ထားပြီးတော့ကိုရေးတာ….။
လေးမ ကလည်း ခင်တဲ့သူတွေကို Tag တယ်…။ လေးမ tag တာကိုရေးပေးတဲ့သူတွေကို tag တယ်…။ ရေးပေးမှလည်းကြိုက်တယ် … ။ [...]

Is there someone who can help me ?

လေးမ အိမ်ကို Ie နဲ့ ၀င်လို့မရဘူးလို့ ပြောနေကြပါတယ်…။
လေးမIe browser အမြဲသုံးတာ ပါ…။
လေးမကျတော့ ၀င်လို့ရတယ်…။
လေးမ တခြား ကွန်ပြူတာမှာ ဖွင့်ကြည့်တော့ error တက်လာပါတယ် …။ ဖွင့်လို့မရပါဘူး…။
Ie 7 ကို update လုပ်လိုက်ပြီး ၀င်ကြည့်တော့ ရသွားပါတယ်….။
Ie နဲ့  သူများတွေ ကြည့်လို့မရဘဲ လေးမ က ဘာလို့ကြည့်လို့ ရနေတာလဲ…။
Firefox နဲ [...]

မြစ်ထဲက… လှေ

ဘလောဂ့်ဆိုတဲ့
တို့ရပ်ဝန်းမှာ
သံယောဇဉ်မြစ်တစ်စင်း
ငြိမ့်ငြိမ့်လေးစီးဆင်း…။
ငါလည်းလေ
လမ်းကြုံလိုက်မလို့
ပန်းလှေလေးထုတ်လို့
သွက်သွက်လေးလှော်ခတ်
မင်းတို့နောက်လိုက်ခဲ့တယ်…။
တက်ကျိုးလို့
လက်ထိုးလှော်တယ်
ဒါပေမယ့်ကွယ်…
ငါ့လှေမှာ error တက်ပြန်သတဲ့
ပြင်ရဆင်ရ နွမ်းလျလို့
မောလှတယ် ….။
တခါ…တခါတော့
တွေးမိပါရဲ့
ကမ်းကပ်တော့မယ်…။
ဒါပေမယ့်ကွယ်
ရေစီးသံက
တကြော်ကြော်ခေါ်
ပျော်ပျော်ကြီးမျောချင်သေးတယ်….။
ဒါပေမယ့်ကွယ်
တစ်ချိန်မှာတော့
သေချာပါတယ်
ငါ…လေ
….
….
ကမ်းကပ်ရမယ်….။ ။