Posted on January 28, 2008 by layma
လေကြီး မိုးကြီးတွေ
တိုက်နေလိုက်တာ
အစွမ်းကုန် ကြမ်းကြမ်းရမ်းရမ်းပါပဲ…။
ရွာသာရွာချလိုက်ပါ
မင်းရွာချလိုက်တဲ့ မိုးရေစက်တွေက
ငါ့ရင်သွေးတွေကို
စိုရုံလေးစိုရင်တောင်
ငါဝမ်းမြောက်စွာ ဖွင့်ကြိုလိုက်မှာပါ…။
ငါကိုပစ်ချင်ရုံ သက်သက်နဲ့တော့
မိုးကြိုးတွေ ထစ်ချုန်းမနေပါနဲ့…။
မေးစမ်းပါရစေ.လား
ဟိုးအဝေးကြီးကနေ
စကားလုံးကြီးကြီးတွေနဲ့
ဆွေးနွေးရေးတွေ လုပ်နေတဲ့
ဲ့မင်းတို့ပါးစပ်တွေလောက်
မြေဖြူ မှုန့်တွေ မြိုမြို ချနေတဲ့
ငါ့ပါးစပ်တွေက မသန့်ရှင်းဘူးလား…။
ကြိုဆိုပါတယ်ပြောပြီး
ပိုက်ထားတဲ့ မင်းတို့လက်တွေလောက်
်လျှောက်နင်းသွားဖို့  ဖြန့်ခင်းထားတဲ့
ငါ့လက်တွေက မသန်မာဘူးလား…။
စကားအပိုတွေမပြောချင်ဘူး
အရှင်းဆုံးပဲပြောမယ်…
ငါပိုင်ဆိုင်တဲ့ ပိုးစုန်းကြူးအလင်းလေးက
မင်းတို့ လျှပ်စစ်မီးတွေလောက်
ထိန်ထိန်မညီးနိုင်ပေမယ့်..
ခဏခဏ ပျက်တတ်တဲ့ အရာမဟုတ်ဘူး…။
ဘ၀ကို တောင် လမ်းခင်းပေးခဲ့သေးတာပဲ
ဲခုချိန်မှတော့
့ငါဆိုတဲ့ ငါက
အသေသတ်ရင်တောင်
အနေမြတ်ခဲ့လို့
ကျေနပ်နေမယ့်သူဆိုတာ
မှတ်ထား…။ ။
Filed under: Poem | 17 Comments »
Posted on January 26, 2008 by layma
မနေ့က byethost နဲ့ လေးမ ရန်တွေဖြစ်…စိတ်တွေဆိုးပြီး…အဆက်အဆံမလုပ်တော့ဘူး… နင်နဲ့ မခေါ်လည်း ရတယ်လို့ ပြောတော့ byethost ကြီးက ပညာပြတယ်…။
လေးမ blog မှာ error တွေ လုပ်ပစ်တယ်…။ဘယ်ရမလဲ လေးမပဲ…. အနားယူပြီလို့ ပြောပြီး အိပ်နေလိုက်တာပေါ့…။
ခုတော့ သူ( byethost ) နဲ့ လေးမ ပြေလည်သွားပြီ…။
အဲဒီတော့ အနားမယူတော့ဘူး… အရင်လိုပဲ စိတ်ကူးပေါက်ရာတွေများများ… ကိုယ်ရေးကိုယ်တာ ဖောဖောသီသီနဲ့ အတွေးအမြင်လေးမျှဝေ ထားတဲ့ ပို့စ်တွေ ဆက်ရေးပါတော့မယ်…။တစ်ယောက်တည်း နားမယ်ပြောလိုက်…မနားဘူးပြောလိုက် နဲ့ ပြာယာကိုခတ်နေတာပဲနော်…( ရိုက်ပေါက် )…။
အဖြစ်က ဒီလို
တနေ့က မတူးတူးက ၀င်လို့မရဘူးလို့ ဆီပုံးမှာ အော်သွားတယ်…။ လေးမလည်း ဂလိုပဲ [...]
Filed under: That's what I wanna say | 7 Comments »
Posted on January 25, 2008 by layma
Free host က ကောင်းကောင်း ဒုက္ခပေးနေပါသည်…။
လေးမ ဘာမှ ဆက်မလုပ်တတ်တော့ပါ…။ဖြစ်ချင်ရာတွေဖြစ်နေပါသည်…။
မနေ့ က တင်ထားသော post နှင့် comment များလည်း အလိုလို ပျောက်ကုန်ပါသည်…။
အလွန် ၀မ်းနည်းမိသည်…။
စိတ်ဆင်းရဲမခံချင်တော့သောကြောင့် ဘလော့ဂ် ရေးခြင်းမှ အကန့် အသတ်မရှိ အနားယူသွားပါပြီ…။
လှည့်လည် စာဖတ်ခြင်းဖြင့်သာ မွေ့ လျော်ပါတော့မည်…။
အားလုံးကို ခင်မင်လေးစားလျက်,
လေးမ
p.s. အိမ်လှလှလေး လုပ်ပေးထားတဲ့ ကိုအတာရေ.. အရမ်းအားနာပါတယ်… ၀မ်းလည်းနည်းတယ်…။ ဒါပေမယ့် စိတ်ညစ်ရတဲ့ ဒဏ်ကို မခံနိုင်တော့ဘူး…။ လေးမက အကောင်းနဲ့မတန်ဘူးထင်တယ်..။
Filed under: That's what I wanna say | 13 Comments »
Posted on January 22, 2008 by layma
ပုံတွေ ကြည့်ချင်ရင် ဒီမှာ
Travertine ကျောက် တွေနဲ့ တည်ဆောက်ထားတဲ့ Podium လို့ခေါ်တဲ့ ခုံမြင့်ကြီးပေါ်မှာ building အကြီးတစ်ခု … အငယ်လေးတစ်ခုနဲ့ ရေကန်လေးတစ်ခုတင်ထားတဲ့ ဒီ composition လေးကို ယာယီဆောက်တဲ့ ပြခန်းလေးလို့ ကျောင်းသူဘ၀က အံ့သြတကြီး သိခဲ့ရတယ်…။ 1929 မှာ Spain နိုင်ငံ Barcelona မှာ ကျင်းပတဲ့ International Exposition မှာ ဂျာမဏီ နိုင်ငံ ကိုယ်စားပြု ပြခန်းအတွက် နာမည်ကြီး ဂျာမန် ဗိသုကာ ပညာရှင် L. Mies van der Rohe က ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်တယ်…။
အရင်က အဆောက်အဦတစ်လုံး..ရေကန်တစ်ခုလို့ ထင်ခဲ့မိပေမယ့် online မှာ plan တွေ့လို့ သေချာပြန်ကြည့်လိုက်တော့ ရေကန်နောက်မှာ [...]
Filed under: Architecture | 3 Comments »
Posted on January 20, 2008 by layma
အသစ်တွေ ဘယ်လိုပြောင်းပေမယ့် အဟောင်းကိုဖြင့်တလည်လည်… ဖြစ်နေတဲ့ လေးမတစ်ယောက် ဒီနေ့တော့ဖြင့် လိုအင်ဆန္ဒတွေပြည့်ဝခဲ့ပါပြီ …။
Blogspot မှာ သုံးခဲ့တဲ့ template ပုံစံနဲ့ အနီးစပ်ဆုံး တူအောင် လုပ်ပေးသွားတဲ့ လေးမတို့ရွာက လူပျိုကြီး သုံးယောက်နေတဲ့ စပ်မိစပ်ရာ အိမ်မှ ခေါင်သူကြီး မောင်သင်္ကြန် ( နာမည်ကို ငယ်ချင်ယောင်ဆောင်ထားပေမယ့် … လေးမကတော့ ကိုအတာပဲခေါ်တယ်) ကို အရမ်းကျေးဇူးတင်မိပါတယ်…။ ကောင်မလေးငယ်ငယ်ချောချောချစ်စရာလေးနဲ့ မြန်မြန်လေး [...]
Filed under: Pieces | 13 Comments »
Posted on January 19, 2008 by layma
ခရစ်နှစ်ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်န၀ါရီလမှာ လောကကြီးကို “ အူဝဲ..အူဝဲ” လို့ စိန်ခေါ်ခဲ့ကြတဲ့ ….
လေးမနဲ့ မွေးလတူ မြန်မာ ဘလော့ဂါတွေ ( သိသလောက်) ကို စာရင်းပြုစုကြည့်တာပါ…။
၁။ မောင်နိုင်
၂။ မောင်မျိုး
၃။ မလေး
၎။ လေးမ
၅။ သိုးလေး
၆။ မြလွှာ
ရ။ ရွှန်းမီ
၈။ပင့်ဂိုးလ်
၉။ ဂျေ
ဇန်န၀ါရီလဖွားတွေမှာ ဘယ်လိုအရည်အချင်းတွေ ရှိသလဲဆိုတာ သိချင်ရင် သူတို့ ရေးတဲ့ စာတွေကို ဖတ်ကြည့်ပြီး အကဲခတ်နိုင်ပါတယ်…။
နှလုံးသားက အထိမခံ .. အရမ်းခံစားတတ်…အရမ်းကြေကွဲတတ် … လွမ်းလည်းလွမ်းတတ်တယ် [...]
Filed under: Personal, Seasonal Post | 6 Comments »
Posted on January 17, 2008 by layma
ပန်းချီကားတွေကို သဘောကျပါသလား…။
အများစုက သဘောကျတယ်လို့ဖြေကြမှာပါ…။
ဘာလို့သဘောကျတာလဲဆိုရင်ရော…. ။
လှလို့ .. စုတ်ချက်ကောင်းလို့… အရောင်စပ်ထားတာ ကောင်းလို့ ….တကယ့်အစစ်အမှန်တစ်ခုလို ခံစားရလို့ … ရသ တစ်ခုခုပေးနိုင်လို့ … ဖြေစရာတွေ အများကြီး…။
ဒါဆို … ပန်းချီကားတွေကို ကြည့်တတ်တယ်ပေါ့နော်…။
“ ကြည့်ကားကြည့်၏ … သို့သော် ..မမြင်ပါ ” ဆိုတဲ့ လူတွေများ တပုံကြီး…။
ထားပါတော့လေ … မြင်တာမမြင်တာ …နားလည်ခံစားနိုင်စွမ်းရှိတာ မရှိတာတွေ ဆန်းစစ်မနေတော့ပါဘူး…. ။
နှစ်သက်လက်ခံတယ်ဆိုရင်ပဲ ပန်းချီကားတွေက [...]
Filed under: Pieces | 11 Comments »
Posted on January 14, 2008 by layma
(လှတယ်နော် … ကြောင်ကုန်ပဏီက လေ)
ခုတလော ခဏခဏ နေမကောင်းဖြစ်တယ် …။
ဗေဒင်တွက်ကြည့်လိုက်တော့ သူများမွေးနေ့တွေ လှည့် … စားထားပြီး ကိုယ့်မွေးနေ့မှာ ဘော်ဒါတွေကို မကျွေးလို့တဲ့…။
ဒါကြောင့် မွေးနေ့ပြန်လုပ်မယ်နော်…။
တကယ်တော့ မွေးနေ့လုပ်မလို့ပါဘဲ … လက်ဆောင်လိုချင်လို့ .. အဲ…ဟုတ်ပါဝူး… ဘော်ဒါတွေကို မုန့်ကျွေးချင်လို့ပါ…။
မွေးနေ့မတိုင်ခင်မှာ မအားမလပ်ဖြစ်သွားလို့ တိတ်တိတ်လေးပဲနေလိုက်တာ … ။
ခုကျွေးပြီနော် .. ညွှန်းထားတဲ့နေရာတွေမှာ သွားစားကြနော်…။
လေးမ အသက် တစ်နှစ် ထပ်ကြီးသွားတဲ့ အထိမ်းအမှတ်အနေနဲ့ ပျော်ပျော်ပါးပါးကြီး ၀ါး သွားကြနော်…။
အဟင့်..နောက်ဆို ၂၉ လို့ပြောရတော့မယ်… ၀မ်းနည်းလိုက်တာ…. ။
ကောင်းကင်ကြီးကို မွေးနေ့လက်ဆောင်အနေနဲ့ Anti Wrinkle eye gel နဲ့ cream တွေ [...]
Filed under: Personal | 26 Comments »
Posted on January 11, 2008 by layma
ဒီနှင်းတောကို ဖြတ်ဖို့
အနွေးထည်ထူလည်း ၀တ်ခဲ့ပါရဲ့ …
ဒါပေမယ့်
နှင်းကထူလွန်းတယ်…။
ဒီတောလမ်းကို ဖြတ်ဖို့
ဖိနပ်အကောင်းစား စီးခဲ့ပါရဲ့…
ဒါပေမယ့်
လမ်းက ကြမ်းလွန်းတယ်…။
ဒီမိုးကို ကာစည်းဖို့
ထီးလှလှနဲ့ မိုးကာလည်းပါရဲ့…
ဒါပေမယ့်
မိုးက သည်းလွန်းတယ်…။
ဒီခရီးကို သွားဖို့
လမ်းညွှန်လည်းဆောင်ခဲ့ပါရဲ့ …
ဒါပေမယ့်
ခရီးက ရှုပ်ထွေးတယ်…။
ဒီနေကို အန်တုဖို့
အပူကာတွေ အစုံယူခဲ့ပါရဲ့ …
ဒါပေမယ့်
နေက ပြင်းလွန်းတယ်…။
အရာရာတိုင်းမှာ
ငါမထင်ထားတာတွေ
ထည့်မတွက်ခဲ့တာတွေ
မျှော်လင့်မထားတာတွေ [...]
Filed under: Poem | 11 Comments »
Posted on January 8, 2008 by layma
၂၀၀၄၊ ၂၀၀၅ ၊ ၂၀၀၆ ၊ ၂၀၀၇ ဆိုတဲ့ ခုနှစ်တွေက လူတစ်ယောက်ကို သူကိုယ်တိုင်တောင် သတိမပြုမိလိုက်ဘဲ ပြောင်းလဲ သွားဖို့ တော်တော်လုံလောက်တဲ့ အချိန်ကာလတွေ ဖြစ်လို့နေပြန်ပါတယ်…။
သိပ်မထူးခြားလှတဲ့ ပြောင်းလဲမှုတချို့ကို ပြောပြရရင်….
၁။ မိဘအိမ်မှာ အမေချက်ကျွေးတာစားပြီး ကျောင်းမှာ အဆောင်က ကျွေးတာစား.. သူငယ်ချင်းတွေ ချက်တာစားနဲ့ ဇိမ်ကျကျ နေခဲ့တဲ့ မိန်းကလေးတစ်ယောက် မီးဖိုထဲကို ချက်ပြုတ်နည်း စာအုပ်တွေ ကိုင်ပြီး ယောင်တိယောင်ကန်းနဲ့ [...]
Filed under: Link to the past, Personal | 17 Comments »