သူငယ်ချင်းကောင်း ယောင်းမ ရေ …

ယောင်းမ ရေ …
သူငယ်ချင်းဆိုတာ လောကမှာ တကယ်ရှိသင့်တဲ့အရာ…
သူငယ်ချင်းဆိုတာ ဘာကြောင့်…ဘာ့အတွက် လိုအပ်တယ်ဆိုတာ အကြောင်းပြစရာမလိုတဲ့အရာ…
သူငယ်ချင်းဆိုတာ သူငယ်ချင်း အဖြစ်ရှိနေရတာ အကောင်းဆုံး…
သူငယ်ချင်းဆိုတာ သူငယ်ချင်း အဖြစ်ရှိနေခြင်းက လွဲပြီး ဘာမှ မလိုအပ် …
တကယ်တော့ ယောင်းမရေ… သူငယ်ချင်းဆိုတာ သူငယ်ချင်းပေါ့ဟယ်…။
ယောင်းမ ရေ …
မွေးနေ့ဆိုတာ … မွေးဖွားလာတဲ့နေ့ …
မွေးနေ့ဆိုတာ … တစ်ခုခုစတင်တဲ့နေ့ …
မွေးနေ့ဆိုတာ … အငိုစတင်တဲ့နေ့…
မွေးနေ့ဆိုတာ … ရက်စွဲတစ်ခု…
တကယ်တော့ ယောင်းမရေ… မွေးနေ့ဆိုတာ မွေးနေ့ပေါ့ဟယ်…။
ယောင်းမ ရေ [...]

လူပျောက်ကြော်ငြာ

တွေ့ရင်ပြောကြပါကွယ် … မုန့်ဝယ်ကျွေးပါမယ်…
လက်ခံထားတဲ့သူကို… @&*^%$#
ကြာသပတေးနံနှင့် စသော …. လေးမ အလည်အပတ် သွားတတ်သော ဘလော့ဂ်များမှ …. အိမ်ရှင် ၅ ဦး ပျောက်ဆုံးနေပါသဖြင့် တွေ့ များတွေ့ခဲ့ရင်… … virtual world ..က လေးမက သတိရနေတယ်လို့ ပြောပေးကြပါ…နော်…။
၁။ ဘုရင့်နောင်
၂။ ပုဂံသား
၃။ မိုးညို
၎။ ပေါက်ပေါက်ဆုပ်
၅။ မိုးချစ်သူ

ပြတင်းပေါက်

ဒီနေရာမှာ အစက ပြတင်းပေါက်မရှိခဲ့ပါ …။
ဒီဇိုင်းဆွဲသည့် ဗိသုကာက ပြတင်းပေါက် ထည့်ဆွဲဖို့မေ့ခဲ့တာလား… တမင် ချန်ထားခဲ့တာလား… မသေချာပါ…။
သူ့အတွက်တော့ ဒီနံရံပိတ်ကြီးကို မြင်နေရတာ ပိတ်လှောင် မွန်းကျပ်လွန်းလှသည်…။ နံရံပိတ်ကြီးကြောင့် သီးခြားကမ္ဘာတစ်ခုကို ရောက်နေသလို ခံစားရသည်….။ ချစ်သော ကမ္ဘာလောကကြီးရဲ့ ရင်သွေးတွေနဲ့ စည်းခြားနေသလို ခံစားရသည်….။ နံရံပိတ်ကြီးကြောင့် … သူ..ပို အထီးကျန်သွားသည်…။

သူတောင့်တလွန်း၍ ထင်သည်…။ နံရံပေါ်မှာ ပြတင်းပေါက် တစ်ပေါက် … ရောက်လာသည်…။ ထိုပြတင်းပေါက်သည် … ဖွင့် မရသော ပြတင်းပေါက် ဖြစ်ပုံရသည်…။ သူမက ထိုပြတင်းပေါက်ကို ဘယ်တော့မှ မဖွင့်ပါ…။ ဘာပဲဖြစ်ဖြစ် အထီးကျန်နေတဲ့ သူ့အတွက်တော့ ပြတင်းပေါက်တစ်ပေါက်ရှိနေခြင်းက အဓိပါယ်ရှိစေသည်…။ မြင်ကွင်းတွေကို မြင်နိုင်သည်လေ…။ [...]

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ ( ၃ )

ရာဇ၀င်တွေကို ရာဇ၀င်ထဲမှာပဲ ထားခဲ့ကြတော့မှာလား…. သမိုင်းကို အိပ်ယာဝင် ပုံပြင် လုပ်လိုက်တော့မှာလား… သမိုင်းဘာကြောင့်သင်ရသလဲ…“ မအ အောင်..” လို့ ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့တယ်…။ မအ…အောင်ဆိုတာ…ဘာပြောတာလဲ… သမိုင်းထဲမှာ အတုယူစရာတွေ …ဆင်ခြင်သင့်တာတွေ … သံဝေဂရစရာတွေ ….ယူတတ်ရင် အမြတ်ထွက်မယ့် အရာတွေ အများကြီးပဲ….။
( ၁၀ )
ဘုံဘေဘားမား သစ်ကုမ္ပဏီ ကိစ္စနဲ့ ပတ်သက်ပြီး မျက်နှာဖြူ အစိုးရက ရာဇသံ ပို့လာတယ်…။ ကင်းဝန်မင်းကြီးက [...]

အမှတ်တရ ကစားပွဲ

သို့
ဒိုင်လူကြီး…
ခုမှ သိလို့ ကောက်ရေးလိုက်တယ်…မှီသေးလားဗျို့ ..ည ၁၁း၃၀ ဆိုတာ ဒီညလား။ မနေ့ ညကလား…။ မကြီးမငယ်နဲ့  ၀င်ပြိုင်ရတာ ရှက်တော့ ရှက်သား..။ ဒါပေမယ့် ရည်ရွယ်ချက်လေးကို သဘောကျလို့ ကမန်းကတန်း ၀င်ပြိုင်လိုက်တယ်…။
လေးမ

ဘလော့ဂ်ကို ချစ်သူလို သဘောထားပြီး ရေးရမှာလား…။ ဘလော့ဂ်ကို ပြောတာနော်..။
၁။ တကယ့်ကို လေး “လေး” နက်နက် တွယ်တာခဲ့တယ်…။ မျှော်လင့် “မ” ထားခဲ့တဲ့ သံယောဇဉ်တွေနဲ့  နှောင်ဖွဲ့  ခံခဲ့ရတယ်..။
[...]

၁၃ ရက်ဖွား စနေသား..ဗိသုကာ

၁၉၁၅ …ဖေဖော်ဝါရီလ ..၁၃ ရက် မှာ စနေသား မောင်ထိန်လင်း … လူ့လောက ကို စတင် ၀င်ရောက်လို့လာပါတယ်…။
နောင်တစ်ချိန်မှာ ပြည်ထောင်စုဗိသုကာ…လွတ်လပ်ရေးဗိသုကာ ဖြစ်လာမယ့် လေးနှစ်သား မောင်ထိန်လင်းရဲ့ အမှန်တရား မြတ်နိုးမှုကို အမှတ်တရ ကူးပြလိုက်ပါတယ်…။

မောင်ထိန်လင်း၏ မိခင်သည် အိမ်တွင် စပါးများ ၀ယ်လှောင်ထားပြီး ကျေးလက်တောရွာမှ လူများအား တဆင့် ရောင်းသည်..။
တနေ့ ၀ယ်သူများက ဈေးဆစ်ရာ “…ကိုင်း..မင်းတို့ ဒါလောက်လိုချင်နေမှ ငါလျှော့ပေးလိုက်မယ်..။ ဒီစပါးကို [...]

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ ( ၂ )

 
ရာဇ၀င်တွေကို ရာဇ၀င်ထဲမှာပဲ ထားခဲ့ကြတော့မှာလား…. သမိုင်းကို အိပ်ယာဝင် ပုံပြင် လုပ်လိုက်တော့မှာလား… သမိုင်းဘာကြောင့်သင်ရသလဲ…“ မအ အောင်..” လို့ ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့တယ်…။ မအ…အောင်ဆိုတာ…ဘာပြောတာလဲ… သမိုင်းထဲမှာ အတုယူစရာတွေ …ဆင်ခြင်သင့်တာတွေ … သံဝေဂရစရာတွေ ….ယူတတ်ရင် အမြတ်ထွက်မယ့် အရာတွေ အများကြီးပဲ….။
( ၅ )
မယ်တော် ဆင်ဖြူမရှင်နဲ့ ကင်းဝန်မင်းကြီးတို့က ငယ်ငယ်ရွယ်ရွယ်… ဆင်ခြင်တုံတရားနည်းပါးတဲ့ အရွယ် ဆိုပြီး မောင်မောင်နဲ့ စုဖုရားကို [...]

Heart ထိပါ သည်…

မလေးက ရုပ်ရှင်ကားတစ်ကားကြည့်ပြီး စေတနာနှင့် သုံးသပ်မိသောကြောင့် အသည်းကွဲ သွားပါသည်…။
လေးမက မနေနိုင်… မထိုင်နိုင် ဘလော့ဂ်ဂါချင်း ရင်းရင်းနှီးနှီး အတွေ့ အကြုံ…အယူအဆ ဖလှယ်စေလိုသော စေတနာနှင့် tag game ဆော့မိရာမှ tag game အပေါ်ထားသော ထို blogger ၏ သဘောထားကြောင့် heart ထိသွားပါသည်…။
ဟောဒီမှာကြည့်ပါ….
“…ကိုယ် မလုပ်ချင်တဲ့ အလုပ်ကို ကိုယ်ပျော်ဖို့ အတွက် သူများကို လုပ်ခိုင်း ဖို့ စဉ်းကို မစဉ်းစားတာဗျ …”
Heart ထိသွားတဲ့ စကားကို [...]

လေးမရေးတဲ့ စုဖုရား ဒိုင်ယာရီ

ရာဇ၀င်တွေကို ရာဇ၀င်ထဲမှာပဲ ထားခဲ့ကြတော့မှာလား…. သမိုင်းကို အိပ်ယာဝင် ပုံပြင် လုပ်လိုက်တော့မှာလား… သမိုင်းဘာကြောင့်သင်ရသလဲ…“ မအ အောင်..” လို့ ဆရာကြီး ဒေါက်တာ သန်းထွန်းက ပြောခဲ့တယ်…။ မအ…အောင်ဆိုတာ…ဘာပြောတာလဲ… သမိုင်းထဲမှာ အတုယူစရာတွေ …ဆင်ခြင်သင့်တာတွေ … သံဝေဂရစရာတွေ ….ယူတတ်ရင် အမြတ်ထွက်မယ့် အရာတွေ အများကြီးပဲ….။
စုဖုရား ဒိုင်ယာရီ
( ၁ )
အဲဒီနေ့ က စုဖုရား … လူပျိုတော် ယောင်ဆောင်ပြီး မြောက် ဥယျာဉ်တော်မှာရှိတဲ့ မင်းသားတွေ [...]

အကြောင်းကြားစာ

လေးမ တစ်ယောက် ပို့စ်လည်းမတင်…အိမ်လည်း သိပ်မလည်…. cbox မှာလည်း တစ်ယောက်ချင်း ပြန်မပြော … ။ ဘာများဖြစ်နေပါလိမ့်လို့များ…တစ်ယောက်တစ်လေလောက်… လေးမကို သတိရပေးနေမလား…။
အကယ်ဒမီပွဲရှိနေတာနဲ့… လေးမ အလုပ်များနေတယ်လို့ ထင်နေမလား…။
ဟဲ…။ မဟုတ်ပါဘူး…။ လေးမတို့ အလုပ်မှာ ဘီလူးကြီး သောင်းကျန်းနေတာနဲ့ လေးမ တစ်ယောက် အရင်ကလို အလုပ်ချိန်မှာ internet သုံးလို့မရတော့ပါဘူး…။
အိမ်ပြန်ရောက်ရင်လည်း အရမ်းပင်ပန်းပြီး ခဏလောက်လှဲလိုက်တာနဲ့ အိပ်ပျော်သွားရော…။ တရေးနိုးတဲ့ အချိန်က ည ၁၁ နာရီ…ဆိုတော့…ဆိုတော့…ဆိုတော့….။
ဒါပေမယ့်… [...]