ဆန္ဒ

စိန်ရောင် မြရောင်တွေအောက်မှာ
လမ်းမပျောက်ချင်ဘူး…
ကြယ်ရောင် လရောင်တွေ အောက်မှာ
လမ်းလျှောက်ချင်တယ်..။

ရောင်စုံညတွေအောက်မှာ
ဟန်ဆောင်အလှတွေနဲ့ အာရုံမနောက်ချင်ဘူး…
အရောင်တုမပါတဲ့ အမှောင်ထုကမ္ဘာမှာပဲ …
အမြင်ရှင်းရှင်းနဲ့နေချင်တယ်…။

ကျောချင်းကပ် မတ်တပ်ရပ်ရင်း
စက္ကန့်တွေနောက်
တကောက်ကောက်ပြေးလိုက်မယ့်အစား
ပခုံးပေါ်ပါးအပ် … ရောက်တဲ့နေရာမှာရပ်
စက္ကန့်တွေကို တန့်ထားလိုက်ရရင်ကောင်းမယ်… ။ ။

သင်္ကြန်အကြို … ကာတွန်း

* Source :ကိုပြူး နှင့် မပြုံး (ကာတွန်းဝိဇ္ဇာ အလင်္ကာကျော်စွာ ဦးဘဂျမ်း)
ဘိလပ်က သယ်ရင်းတို့ရေ… နှစ်သစ်ကူးတဲ့ အတာတန်ခူးမှာ ခွင့်ရလို့ပြန်လာကြရင်ဖြင့် ကိုနက်ချိပ်လို စတိုင်လ်မထွားကြနဲ့နော်…။ ဟီး..ဟီး…စတာပါ…..။ လေးမ ဘော်ဒါတွေထဲမှာ ကိုနက်ချိပ်တွေ မရှိပါဘူး…။
တကယ်တော့…. တလောက နာမည်ကြီး ဘလော့ဂ်တစ်ခုမှာ မြန်မာဆိုတာ … ဘယ်လို..ဘယ်ညာ…ဘာဖြစ်တယ်ဆိုတာကို …မြန်မာတစ်ယောက်က ကဗျာရေးထားတာ ဖတ်ရကတည်းက ရီချင်လို့ ဒီကာတွန်းလေး တင်ပေးချင်နေတာ…။ scan လုပ်ရမှာ ပျင်းနေတာရယ်… သင်္ကြန်နဲ့ ဝေးသေးတာရယ်ကြောင့် မတင်သေးတာ…။ ခုတော့ ဒီကာတွန်းလေး နဲ့ သင်္ကြန်ကို ကြိုဆိုရင်း ကိုယ့်အမျိုးကို … ကိုယ့်လူမျိုးကို … ကိုယ်ကိုယ်တိုင်က အထင်သေးရှုံ့ ချခြင်းတွေ လျော့နည်းပါစေလို့ ရိုးသားစွာ [...]

ယနေ့ ရန်ကုန်

ကိုညိုထက် ရေးခိုင်းလို့…။
ယနေ့ ရန်ကုန်မှာ…
ရွှေတိဂုံ
- ရင်ပြင်တော်ပေါ်တွင် ဆေးလိပ်သောက်ခြင်း..ကွမ်းစားခြင်း တားမြစ်ထားသောကြောင့် ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့….။
- ပြည်သူများ ဘေးကင်းစွာ ဘုရားဖူးနိုင်ရန်အတွက် လုံခြုံရေးများ အပြည့်အ၀ ချထားသောကြောင့် စိတ်အေးချမ်းသာစွာ [...]

ဇွတ် … ပြုတ်

ကြက်စွပ်ပြုတ် အဆင်သင့်မဖြစ်သေးလို့ စွပ်ပြုတ်ပူဆာနေတဲ့သူတွေအတွက် ဇွတ်ပြုတ်ပေးလိုက်ပါတယ်…။
ချိန်းဆိုချက်
တစ်ခါတုန်းက Baghdad မြို့မှာ ချမ်းသာကြွယ်ဝ..၊ ပညာအမြော်အမြင်ကြီးမားပြီး…၊ ကြင်နာတတ်တဲ့ နာမည်ကြီး သူဌေးကြီးတစ်ယောက်ရှိတယ်…။ တစ်မနက်မှာ သူဌေးက အလုပ်သမား Abdul ကို ဈေးထဲကို သစ်သီးဝယ်ဖို့ လွှတ်လိုက်တယ်…။ Abdul က ဈေးထဲမှာ လျှောက်သွားနေတုန်း သူ့နောက်မှာ တစ်ယောက်ယောက်ရောက်နေသလို ခံစားရပြီး ကျောထဲက စိမ့်လာတယ်…။ လှည့်ကြည့်လိုက်တဲ့အခါ မျက်လုံးနှစ်လုံးက လွဲပြီး ဘာမှ မမြင်ရအောင် အနက်ရောင် ၀တ်စုံဝတ်ထားတဲ့ [...]

ငိုချင်း

သူ့မယား ငိုခဲ့လျှင် ( အဟမ်း..အဟမ်း..)
ကိုးနတ်ရှင်ကြီးက ပျာယီးပျာယာ….
ဟိုအရေး ဒီအရေး မတွေးမမျှော်…
ဖြတ်ခနဲဆို တက်လိုက် ကျလိုက်…
ဒက်ခနဲဆို ရပ်လိုက် ဖြတ်လိုက်…
Proxy ကို multi ထားပေမယ့်
ဂျာမဏီကို ထော်လာဂျီမောင်းသွားရသလိုပဲ
loading… loading…. ဟင်း…ဟင်း..
အမယ်မင်း…အဟင့်..အဟင့်…
ဘယ်တော့များမှ
မျက်နှာငွေလ ရွှင်ပပနှင့်
လေးမ ၀မ်းမြောက်ရပါအံ့…။ ။
မှတ်ချက်။ ။ ဘကြီး ဦးပုညရေ… စာလုံးတွေ ယူသုံးထားတာ ဆူနဲ့နော်…။

အိမ်မွေး တိရိစ္ဆှာန်များနှင့် အဖော်ပြုခြင်း ( ၁ )

တိရိစ္ဆာန်မွေးတာကို တချို့က ငရဲကြီး သည် ဟုဆိုသည်…။ တချို့က ကုသိုလ်ရသည်ဟု ပြောသည်…။ တချို့က အလုပ်မရှိ အလုပ်ရှာသည်ဟု မြင်သည်…။
လေးမ အတွက်တော့ စီးပွားဖြစ်လည်း မဟုတ်… ဖက်ရှင် တစ်ခု အနေနဲ့ လည်း မရည်ရွယ်ပါဘဲ… မတော်တဆ မွေးထားခွင့်ရခဲ့တဲ့ အကောင်လေးတွေနဲ့ ပျော်ရွှင်ခဲ့ဖူးပါသည်…။
လေးမ စောင့်ရှောက်ခဲ့ဖူးတဲ့ အကောင်တွေကတော့ ခွေး..ကြောင်..နဲ့ ငါးလေးတွေ …။ လက်ရှိတော့ အိမ်မှာ ခွေး ၃ ကောင် နဲ့ ငါး [...]

အမှတ်တရ ( ၃ )

အသစ်မရေးဖြစ်သေးလို့ တစ်ချိန်တုန်းက မပန်ဒိုရာရဲ့ “ ဘာသာပြန်ကြည့်ဦးမလား ” အစီအစဉ်မှာ အာချောင်ခဲ့ဖူးတဲ့ လက်ရာဟောင်းလေးကို ဖုန်သုတ်ပြီး ပြန်တင်လိုက်ပါတယ်…။ သစ် ချင်ယောင်ဆောင်တာပါရှင်…။
“One Act Play”
Love or lust.
Perhaps a memorable start.
Enjoy your sweet moments.
Just be conscious.
We shall depart.
ပန်ဒိုရာ
———————–
သိပါတယ်…ခွဲကြရမှာ ၊
(ဒါပေမယ့်)
ပျော်ခဲ့တယ်.….ချိုလွန်းလို့ ပါ ၊
အမှတ်တရလို့ ဆိုမလား….သတိရဖို့ ဆိုမလား ၊
(အဲဒီပြဇာတ်မှာ)
အချစ်ပါလား….ရမက်ပဲလား….။
လေးမ

အဲဒီကဗျာရေးပေးခဲ့တော့ အရီးပန်က “ နာမည်ကလည်း ပြောင်းပြန်…ကဗျာ ဘာသာပြန်တော့လည်း ပြောင်းပြန်….” ဆိုပြီး အသိအမှတ်ပြုခဲ့တယ်…။ ။
မှတ်ချက်။ [...]