အသည်းအသန်
အလုအယက်
တိုးဝှေ့  ခုန်တက်နေတဲ့
နာနာကျင်ကျင် ညည်းသံတွေ
ဝမ်းနည်းပက်လက်ရှိုက်သံတွေ
စေ့ထားတဲ့ တံခါးနှစ်ချပ်
နှတ်ခမ်းနှစ်ရွက်က
ပွင့်ထွက်မသွားခင်
အချိန်မှီကလေး
မျိုမျိုချခဲ့ရတာ
ကြာ…လှ…ပေါ့ … ။ ။
Filed under: Poem | 11 Comments »
အသည်းအသန်
အလုအယက်
တိုးဝှေ့  ခုန်တက်နေတဲ့
နာနာကျင်ကျင် ညည်းသံတွေ
ဝမ်းနည်းပက်လက်ရှိုက်သံတွေ
စေ့ထားတဲ့ တံခါးနှစ်ချပ်
နှတ်ခမ်းနှစ်ရွက်က
ပွင့်ထွက်မသွားခင်
အချိန်မှီကလေး
မျိုမျိုချခဲ့ရတာ
ကြာ…လှ…ပေါ့ … ။ ။
Filed under: Poem | 11 Comments »
နေလည်းမသာ
မိုးလည်းမရွာ
ငါ့မှာ ထီးလည်းမပါ …
မိုးသည်းသည်း
နေကျဲကျဲ
ထီးအိုလေးနဲ့ တစ်ယောက်ထဲ …
ဥတုရာသီ
အပြစ်မမည်
(ငါနှင့်) လိုက်လျောညီထွေရှိပါသည် …
ဖောက်ပြန်သည်က
လူ့ မနော
သူတို့ လိမ်ညာပြော …။ ။
Filed under: Poem | 8 Comments »
သူငယ်ချင်းရေ …
နင်ဟာ ပျံသန်းသွားတဲ့ငှက်
ငါက သိုက်မြုံကို မခွာရက်တဲ့ငှက်
နင်ဟာ အတောင်ပါတဲ့ငှက်
ငါက အတောင်ကျိုးတဲ့ငှက်
ငါတို့တွေ သဘာဝမတူကြပေမယ့်…
အချစ်ဆုံးတွေ ဖြစ်ခဲ့ဖူးတယ်…။
မိ … ရွှေမိ … မိစုတ် … ဘဲပေါက်မ …
နင်… အသက် တစ်နှစ်ကြီးသွားပြီ… ၀မ်းသာလိုက်တာ … ဟ..ဟာ…ဟား…
အရင်လို ဆံပင်နီနီလေးဆိုးပြီး နားကွင်းတစ်ဖက်ထဲတပ်ထားတဲ့ ( ဂျစ်ပစီစတိုင်လ် လို့ ငါက ခေါ်တဲ့ ) ချာတိတ်မလေးမဟုတ်တော့ဘူး…။
First year တုန်းက ငါ့အ၀တ်သေတ္တာကို ဆွဲဖွ … ငါ့ရဲ့ အသစ်စက်စက် မြန်မာချည်ထည်လုံချည်လေးတွေကိုကိုင်ကြည့်ပြီး … “ နင်က အရမ်းမြန်မာဆန်တာပဲနော် ” လို့ တအံ့တသြပြောခဲ့တဲ့ [...]
Filed under: Personal, Seasonal Post, That's what I wanna say | 3 Comments »
ဟော… ဟော…ဟောတော့…
ပို့စ်လည်းမတက်ပါလား …
*******************************************************
မင်္ဂလာပါ
နှစ်သစ်ကို မင်္ဂလာရှိစွာကြိုဆိုနိုင်ကြပါစေရှင်…
လာလည်တဲ့သူအားလုံးကို ရေခဲရေနဲ့ပက်တယ်…အိုးမဲသုတ်တယ်.. ဒါပဲ…
[...]
Filed under: Pieces, That's what I wanna say | 3 Comments »
သူ့ ရင်ခွင်မှာ ဆော့ကစားနေကြတဲ့ လူတွေကို ကြည့်ပြီး ကြည့်နူးနေတုန်း “ ပင်လယ်ကြီးရေ… ကျွန်မ ရောက်လာပြန်ပြီ ” ဆိုတဲ့ နှုတ်ဆက်သံတိုးတိုးနဲ့အတူ သူ့ကိုချစ်သော … သူက ချစ်သော မိန်းကလေး သူ့ ဆီရောက်လာခဲ့ပြန်တယ်…။
ပင်လယ်- ကျောက်ဆောင်ရေ … မိန်းကလေး ရောက်လာပြီဟေ့…
( ကျောက်ဆောင်ရဲ့ ခြေထောက်ကို လှိုင်းနဲ့ တစ်ချက်ပုတ်လိုက်ရင်း စကားစလိုက်တယ်)
ကျောက်ဆောင်- အေးကွ … ဒီလထဲမှာ မိန်းကလေးလာမယ်ဆိုတာ ငါအာရုံရနေပြီးသားကွ… ဘယ့်နေ့မှန်းသာမသိတာ…
မိန်းကလေးတောင် အတော်ရင့်ကျက်လာပြီနော်… မှတ်မိသေးတယ်ကွာ…. ငါတို့ဆီကို မိန်းကလေး စရောက်လာတုန်းက ၁၅ နှစ်သမီးလေး… ဂါဝန်လေးနဲ့ ကျောပိုးအိတ်သေးသေးလေးလွယ်ထားတယ်…
သားအမိနှစ်ယောက်ထဲ သူများတွေနဲ့ လိုက်လာတာဆိုတော့ ကမ်းစပ်မှာပဲ ရေစိမ်ခိုင်းလို့ စိတ်ကောက်နေသေးတယ်လေ…
ဟုတ်ပ… နှုတ်ခမ်းကြီးစူပြီး စိတ်ကောက်နေတာလေ… ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲမှာ အမေကို စူပုတ် [...]
Filed under: Pieces, Traveling | Tagged: Features | 18 Comments »