Posted on May 27, 2008 by layma
တနေ့ ညနေခင်းဍ္ဍ် လေးမသည် မီးဖိုချောင်ထဲတွင် ဂျာနယ်တစ်စောင်နှင့်အတူ ချက်ပြုတ်ကြော်လှော်နေ၏ …။
( ဘယ်လိုကြီးတုန်းလို့ မစဉ်းစားနဲ့.. ဟင်းချက်ရင်း ဂျာနယ်ဖတ်နေတာ ..လို့ မှတ်..)
ထို့နောက် ဟင်းအိုးထဲ ရေထည့်ကာ ကြက်သွန်နွှာရင်း စဉ်းစားမိသည်မှာ …..
လူတစ်ယောက်ကို တစ်နေ့  ဆန်နို့ ဆီဗူး တစ်လုံးပဲထား… တစ်ပြည်ကို ၈ ရက် … တစ်ပတ်စားရတယ်ပဲထား …
တစ်တင်းခွဲအိတ်ဆိုရင် ၂၄ ပတ် စားရမယ်…
လူတစ်ယောက်ကို ဆန်တစ်အိတ် ၂၄ ပတ် နှုန်းနဲ့  သောင်းချီ သိန်းချီတဲ့ လူတွေကို ဘယ်သူက ရေရှည် တာဝန်ယူမလဲ … ။
ဆန်ကြမ်းက တစ်အိတ် ၂သောင်း [...]
Filed under: Pieces, Seasonal Post | 18 Comments »
Posted on May 24, 2008 by layma
မိုးဦးကာလ ရောက်တော့မည် ဖြစ်သောကြောင့် မိုးရွာသည်… ။
မိုးနှင့်အတူ မုန်တိုင်းလာသည် … ။
မုန်တိုင်းတွင်လေပါ၏…။
လေနှင့်အတူ လှိုင်းလာ၏ …။
လှိုင်းနှင့် အတူ အိမ်များ … လူများ … တိရစ္ဆာန်များ … ၀မ်းစာများ … အဆင်တန်ဆာများ … ပါသွားလေ၏…။
ပါသွားသောအရာများနောက်တွင် ငိုကြွေးမှုများ … ကြေကွဲမှုများ … ပူဆွေးမှုများ … ဆုံးရှုံးမှုများ ကျန်နေခဲ့၏ …။
ကျန်နေခဲ့သောအရာများအား အမှီပြု ၍ ဒေါသနှင့် ကျိန်ဆဲမှုများ လှိုင်းထလာပြန်သည် … ။
လောဘသားအချို့ သည် မေတ္တာရှိဟန်ပြ ၍ ကိုယ်ကျိုးရှာနေကြပြန်သည် … ။
နိုင်ငံရေးအမြတ်ထုတ်သူတို့သည် ဂရုဏာရှိဟန်ပြ၍ အမြတ်ထုတ်ရန် ကြံစည်ကြပြန်သည်… ။
အဆုံးသတ်တွင် ကလေးများသည် ပျော်ရွှင်မှု ကင်းမဲ့ကြကုန်၏ … ။
အဖြူရောင်နှလုံးသားများသည် ညစ်ထေးလျက် [...]
Filed under: Seasonal Post, Wondering | 7 Comments »
Posted on May 20, 2008 by layma
နာဂစ်က … မုန်းစရာကောင်းလိုက်တာ… ဟိုဂျာနယ်မှာရေးထားတာတော့ နာဂစ်ဆိုတာ ပန်းပွင့် လို့  အဓိပ္ပါယ်ရသတဲ့ …။ ပန်းပွင့်မို့ သာ တော်တော့တယ် … ဆင်ရိုင်းသာဆိုရင် မြန်မာပြည် တက်တက်ပြောင်မယ်… ။
ညည်းတို့ က သတင်းစာမှ မဖတ်ဘဲ … သတင်းစာထဲ မုန်တိုင်းတိုက်နေတာ ဧပြီလကတည်းကဆိုပဲ အေ့ …။ ညည်းတို့ က သတင်းစာဆို နာရေးလောက်ပဲ ကြည့်တာကိုး … ။ မိုးလေ၀သ သတင်းမဖတ်တော့ မသိဘူးပေါ့…။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှု မလုပ်နိုင်တာ… ။
ကြိုသိတဲ့သူတွေလည်း ဘာမှပြင်ဆင်မထားပါဘူး… ကြီးဒေါ်ရာ…။ ဘာတွေ ဘယ်လို ပြင်… ဘယ်လိုနေ …ရမယ်ဆိုတာ ဘယ်သူသိသလဲ…ပြော… ။ မုန်တိုင်းမှ [...]
Filed under: Pieces, Seasonal Post | 15 Comments »
Posted on May 1, 2008 by layma
Blogspot …. wordpress … iblogger … ဘယ်ရွာကိုပဲပြောင်းပြောင်း ဘယ်အိမ်မှာပဲနေနေ … လေးမ အတွက်တော့ ဘလော့ဂ်ရပ်ဝန်း မှာ ထင်ရာစိုင်းနေခဲ့တာ တစ်နှစ်ကြီးများတောင် ပြည့်သွားပြီ..။
၂၀၀ရ မေလကုန်ခါနီးက စခဲ့တာဆိုတော့ ၂၀၀၈ မေလကုန်ခါနီးဆိုရင် တစ်နှစ်ပေါ့ …။
ဒါပေမယ့် မေလဆန်းမှာပဲ အမှတ်တရပိုစ့်လေးတင်လိုက်ပါတယ်…။
ဘာလို့လဲဆိုတော့ သိတော်မူကြတဲ့အတိုင်း ဒီက connection က အစိုးမရဘူးလေ..။ မေလရောက်ပြီဆိုတော့ ( မိုးတွေကရွာ .. မုန်တိုင်းကရှိ…အဲ…အဲဒါ..ကို ဆိုလိုတာပါ…) connection က ပြုတ်ချင်ပြုတ်မှာ … ရေအောက်က cable ကြိုးတွေက ပျက်ချင်ပျက်မှာ … [...]
Filed under: Analysis, Pieces | 24 Comments »