ကမ္ဘာကို ကျိန်စာတိုက်ခြင်း

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}
ဒီကမ္ဘာ
ငါ့ကမ္ဘာ …
ငါ့ကမ္ဘာမှာ
ငါ့ကဗျာ …
ငါ့ကဗျာနဲ့ အတူ
ငါ့စာ …
ငါ့စာမှာ
ငါ့အထာ …
ငါ့အထာနဲ့ 
ငါ့စာ …
ငါ့စာနဲ့ 
ငါ့ကဗျာ …
အရောင်တွေစပ်
ရောင်စုံထွက်
ငါ့ကိုယ်ငါ မျက်စိရှက်လာလို့  …
ငါ့ကမ္ဘာကို
ကျိန်စာတိုက်မယ် …

ခဏလောက်ငြိမ်သက်
အားလုံး အိပ်စက်သွားအောင် ( Sleeping Beauty ထဲကလို )

ငါ့ကမ္ဘာကို
ကျိန်စာတိုက်လိုက်တယ်
ငါ ကိုယ်တိုင် ကျိန်စာတိုက်လိုက်တယ်
အိပ်တော့ ကမ္ဘာငယ် …။
Published posts ( 188 )
Private ( 1 )

မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ဒီဇိုင်းလှူမည်

ဇွန်လ ၂၇ ရက်နေ့  နေ့လည် ၂ နာရီ Myanmar Info-techမှာ  ပြုလုပ်ခဲ့တဲ့ The Launching ceremony of ” Project SHELTER” အခမ်းအနားတွင် တွေ့ ကြုံ ကြားသိခဲ့ရသည်များကို မျှဝေပါမည် ။

မြန်မာနိုင်ငံ ဗိသုကာများ အသင်း မှ ဦးဆောင် ၍ မုန်တိုင်းဒဏ် ခံရသောဒေသများ ပြန်လည်ဖွံ့  ဖြိုးရေးအတွက် ဒီဇိုင်းပုံစံ နှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီရန် ရည်ရွယ်၍်  Project SHELTER   ကော်မတီ ကို ဖွဲ့ စည်း ဆောင်ရွက်ခဲ့ပါသည် ..။

အရံသင့် အိမ်ပုံစံ ၅ မျိုး ဆွဲထားပါတယ်..။
ပုံစံတစ်မျိုးစီအတွက် ဗိသုကာ ပုံစံများ ၊ လုပ်ငန်းခွင်သုံးပုံများ [...]

မိုးစက် ရှိုက်သံ …

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}
အရောင်တွေ ပျယ်နေပြီလား
ငါ ချစ်တဲ့ ကောင်းကင်ကြီး …
မျက်ရည်တွေကြားက မြင်လိုက်တယ် …
နိုးတ၀က် အိပ်မက်ထဲမှာလေ …
ငါဟာ တိမ်လေးအဖြစ်နဲ့ ပေါ့
ခဏ နေတော့ ငွေ့ ရည်ဖွဲ့ သွားတယ် …
ရွာချလိုက်တော့ မိုးစက်တွေ အဖြစ်နဲ့  …
မိုးစက်တွေက တိတ်တဆိတ်
ညည်းရှာတယ်…
အချစ်တွေ ဂူသွင်းခံရတယ် … တဲ့…။
ဝန်ခံချက် ။ ။ ဒီမှာ ကိုရန်အောင် ရေးပေးသွားတဲ့ မှတ်ချက်လေးက စာသားတွေကို ယူသုံးပါသည် …။

Blog ရပ်ဝန်းမှ အလွဲလေးများ ( ၂ )

မျက်စိဖွင့်၍ နုတ်ဆက်ပါ
ဒီတစ်ခါ တစ်ကယ် ဆရာ မလုပ်ဘူး …။ သူငယ်ချင်းတွေ ပျော်ပါစေ ပြုံးပါစေတော့ဆိုတဲ့ စေတနာနဲ့  ဘလော့ဂ်ရပ်ဝန်းက  အလွဲလေးတစ်ခု အကြောင်း ပြောပြမယ်..။
ဘလော့ဂ်တော်တော်များများမှာ … သိကြတဲ့ အတိုင်း ဆီပုံးလို့  ခေါ်ကြတဲ့ cbox လေးတွေ ထားတတ်ကြတယ် …။ အဲဒီမှာ ပို့စ်နဲ့  မဆိုင်တဲ့ အကြောင်းရေးချင်ရင် … မာကြောင်း သာကြောင်း … ဘာကြောင်း ညာကြောင်း လေး ရေးချင်ရင် … လည်သွားတယ်ဆိုတာ သိစေချင်ရင် … ဘလော့ဂ်လင့်ခ်လေး ပေးချင်ရင် … နုတ်ဆက်ချင်ရင် … အဲလို… ရေးချင်တာလေးတွေ .. ရေးဖို့  ထားထားကြတယ်…။ လာလည်တဲ့ သူတွေကလည်း [...]

Blog ရပ်ဝန်းမှ အလွဲလေးများ ( ၁ )

 ….ငါ့ရည်းစားက … သူ့ ရည်းစား ဖြစ်နေတယ် ….
( သီချင်းစာသားလေးပါ … ဘယ်သူဆိုသလဲ …မသိဘူး…FM  မှာ နားထောင်လိုက်ရတာ…။ သဘောကျလို့  ပြန်သုံးလိုက်တာ …။)
ဘလော့ဂ်လောက မူပိုင်ခွင့်နဲ့  ပတ်သက်လို့  နည်းနည်း ချရာလုပ်ချင်တယ်…။
ဘလော့ဂ်တွေ မှာ အကြောင်းအရာ အမျိုးမျိုးကို အခြေခံပြီး စာတွေရေးကြတယ်… ကဗျာတွေ ရေးကြတယ် … မူရင်းတွေရှိတယ် … ကော်ပီတွေ ရှိတယ်…။ မူရင်းကတော့ ရှင်းတယ်…။
ကော်ပီမှာ … ဒီလို အမျိုးအစားတွေ တွေ့ ရပါတယ် …။
၁။ ပြည်သူသိ နာမည်ကျော်စာရေးဆရာ … ကဗျာဆရာ များ၏ စာကို ဝေမျှခြင်း … ( အပင်ပန်းခံပြီး စေတနာနဲ့  မျှဝေ [...]

SHELTER

တတိယနှစ်ကျောင်းသူ ဘ၀မှာ ပထမဆုံး စပေးတဲ့ project က  Sun Shelter.
ကျောင်းသူကျောင်းသားတွေ  ကျောင်းတက် … ကျောင်းဆင်း … စာသင်ချိန် အကူးအပြောင်း … တစ်ဆောင်နဲ့  တစ်ဆောင် အကူးအပြောင်းမှာ ခေတ္တ နားခိုစရာ နေရောင် ဒဏ် ကာကွယ်ပေးတဲ့ sun shelter  ကို design လုပ်ပါတဲ့ …။
အဲဒီတုန်းက shelter ရဲ့ အဓိပ္ပါယ်ကို အဲဒီလိုပဲ နားလည်လိုက်တယ်…
ဒီထက်ပိုပြီး များများစားစား မသိချင်ခဲ့ဘူး …။
ခုတလော shelter ဆိုတဲ့  အသံတွေ မိုးမွှန်အောင် ကြားနေရတော့မှ shelter အကြောင်း နဖူးပေါ်လက်တင်ပြီိး ပြန်စဉ်းစားမိတယ်…။
 
Shelter ဆိုတာ နားခိုရာ … ခိုလှုံရာ … နေထိုင်ရာ …။ [...]

စကားပြောနေသော …

ဒီနေ့  ကျောက်စာ လက်စသတ်တယ်…။ ကျုပ်တစ်သက်မှာ …. ကျောက်ထွင်းပညာနဲံ့  အသက်မွေးခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာ ဒီနေ့လောက် ဂုဏ်ယူပီတိဖြစ်ရတဲ့နေ့ မျိုး မရှိခဲ့ဖူးဘူး…။ ဒီနေ့ဟာ ကျုပ်ဘ၀မှာ ပီတိအဖြစ်ရဆုံး … ကျေနပ်စရာအကောင်းဆုံး … နေ့   တစ်နေ့ ဖြစ်ခဲ့ပြီ …။ ဘာကြောင့်လဲဆိုတော့ သမိုင်းဝင်မယ့် ရွှေစည်းခုံ ကျောက်စာကို ရက်ပေါင်းများစွာ ထွင်းထုနေခဲ့ရာက အချောသတ်လိုက်နိုင်တဲ့နေ့  ဖြစ်နေလို့ပဲ…။
ကျုပ်ထွင်းခဲ့ရတဲ့ စာသားတွေကို တစိမ့်စိမ့် ပြန်မြင်ယောင်နေမိတယ်ဗျာ…။
“ ချစ်သူအပေါင်းမှ ကွဲကွာကုန်သော သူတို့၏ မျက်ရည်များကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့် လက်နှင့်တူသော မေတ္တာစိတ်ဖြင့် သုတ်ပေးလိမ့်မည် ..။
ချစ်သူအပေါင်းမှ ကွဲကွာ စိတ်နှလုံးပူဆွေး ( ၀ါ ) စိတ်ရောဂါဖြစ် နှလုံးမသာယာကုန်သော [...]

New address

သေချာကြည့်နော် …
လေးမ လိပ်စာက အသစ်ကလေးနော်…။

လိပ်စာပြောင်းထားတယ်နော်…။

နောက်ဆို iblogger ဒုက္ခပေးတာမခံရတော့ဘူး…။