လှလှပပလေး

လှလှပပလေး
အဓိပ္ပါယ်ဖွင့်ကြတယ်…
လှလှပပလေး
တန်ဖိုးထားကြတယ်…
လှလှပပလေး
နင်းခြေလိုက်ကြတယ် …
လှလှပပလေး
ခုတုံးလုပ်ကြတယ်…
လှလှပပလေး
အစားထိုးလိုက်ကြတယ် …
လှလှပပလေး
အဆုံးသတ်လိုက်ကြတယ်…
လှလှပပလေး
စာလုံးပေါင်းကြတဲ့
သူ့ ကို
“အ” … ခခွေး ရပင့်
စလုံးသတ် … ကို  … ။ ။

မျှားပြာ ဖတ်ရန်

1. Blogger အမည် – မျှားပြာ ( ပြာတွေကို မျှား နေတဲ့ သူဆိုပဲ… ပြာတွေကို မျှားမှ တော့ လက်ဆုပ်လက်ကိုင် ဘယ်ရှိပါ့မလဲ ) ။
2. လူအမည် – မသိ ။
3. သူငယ်ချင်းများက ခေါ်သောအမည် – ပြာယာခတ် ၊အပြာရောင်မျှား၊ ချက်ကြီး ၊ စုတ်ဖွား ၊……( ရှိသေးရင် ထပ်ဖြည့်ကြပါ) ။
4. Blog အမည် – သန်းခေါင်ယံအတွေး ( တရေးနိုးသော် အကြံပေါ် … ပေါ်သည့်အကြံ ဘလော့ရေးရန် .. ဆိုတဲ့ အတွေးနဲ့  ပေးထားပုံရတယ်.. ခုတလောတော့ တရေးမနိုးတာလား …တရေးမှမအိပ်တာလားတော့မသိ… သန်းခေါင်ယံအတွေးတွေ မတွေ့ ရတာကြာပေါ့ [...]

MyMyanmar ကို တစ်စစီဆွဲဆုပ်ခြင်း

ဒီနေ့   MyMyanmar Unicode System ကြောင့် လေးမ အချိန်တွေ တော်တော်ကုန်သွားပါတယ်..။ မနုစံရဲ့ သရဖူမဂ္ဂဇင်း အညွှန်းပို့ စ် ဖတ်ပြီး ကတည်းက download ချထားတဲ့   MyMyanmar ကို မနုစံက မသွင်းဖို့  အကြံပေးထားရက်နဲ့  မနေနိုင်မထိုင်နိုင် လက်ဆော့ပြီး သွင်းလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုလည်း  အပြစ်တင်မိပါရဲ့…။   MyMyanmar သွင်းပြီးသကာလ လေးမရဲ့  Firefox Browser မှာ ဖောင့်ပုံစံတွေ ပြောင်းကုန်ပါတယ်..။ G-mail ဖတ်လို့ မရဘူး..။ Google search မှာ ဇော်ဂျီ နဲ့  ရိုက်ပြီး ရှာလို့  မရတော့ဘူး..။  Ie မှာတော့ သိပ်မပြောင်းဘူး..။ [...]

ကွာရှင်းပြီးတဲ့နောက် …

ယောက်ျားတစ်ယောက် နဲ့  မိန်းမတစ်ယောက် ကွာရှင်းပြတ်စဲလိုက်ကြတဲ့ အခါ ဘာဖြစ်မလဲ…။
ကာယကံရှင်တွေအတွက် အနည်းဆုံး စိတ်ကျေနပ်မှုတစ်ခုတော့ ရသွားကြမှာပဲ …။
အတ္တတွေ … မာန်မာနတွေ… နာကျည်းမှုတွေ … ဒေါသတွေ … ရဲ့ အဆုံးသတ်လို့ ထင်မှတ်ပြီး လမ်းခွဲလိုက်ကြတဲ့အခါ တဒင်္ဂ အနိုင်ရသွားပြီ … ငြိမ်းအေးသွားပြီလို့  ထင်ရပေမယ့် … ဘ၀တစ်ခုလုံး လောင်မြိုက်တော့မယ့် မီးတစ်စကို စမွှေးမိပြီဆိုတာ သတိပြုစေချင်တယ်…။
သားသမီး မရှိတဲ့ အိမ်ထောင်တစ်ခုပြိုကွဲသွားတာကတော့ အေးရာအေးကြောင်း ဖြစ်နိုင်ပါတယ်…။ သားသမီးရှိတဲ့ အိမ်ထောင်တစ်ခု ပြိုကွဲသွားတာကတော့ မီးမွှေးမိသလိုပါပဲ …။ အဲဒီမီးက ဖွဲမီးလိုပဲ…။
မိဘနှစ်ပါး အဆင်မပြေလို့  ရန်ဖြစ်ကြရင်တောင် သားသမီးတွေ မှာ နေစရာမရှိအောင် စိတ်ဆင်းရဲကြရပါတယ်…။ ရန်မဖြစ်ချင်တော့လို့  လမ်းခွဲလိုက်ပြီဆိုရင် ပိုဆိုးပါတယ်…။ [...]

လူသား ဘဝ

လူသား ဘ၀ကို ဘယ်လို ခံယူသလဲ .. ( ဒီမေးခွန်းကို နောက်ဆုံးမှ ဖြေပါ့မယ် )
ဘာတွေ လုပ်သွားမှ လူဖြစ်ရတာ တန်တယ်ထင်သလဲ။
ဘာလုပ်သွားမှ တန်တယ်ထင်သလဲ။
ဘာလုပ်သွားမှ တန်တယ်ထင်သလဲ… တဲ့…။

စပ်မိစပ်ရာက လူပြိုကြီး … အာပြဲ ကြီး နဲ့ ထအော်လိုက်လို့  ငိုက်မျဉ်းနေတဲ့ လေးမ လန့် နိုးသွားပါတယ်…။
လေးမ ရဲ့ ဘ၀ နဲ့  စိတ်ကူးတွေက သိပ်ပြီး သမရိုးကျ ဆန်လွန်းပါတယ်..။ ခုမှ အိပ်ယာက လန့်နိုးသွားသလို ပဲ ..။ လေးမ လူဖြစ်ရတာ တန်ခဲ့ပြီလား…။ တန်ရဲ့လား…။ တန်ပါ့မလား…။ တစ်ခါမှ ကိုယ့်ကိုယ်ကို ပြန်မမေးဖူးတဲ့ မေးခွန်းကို အခု ပြန်မေးကြည့်ရတော့မယ်…။ တစ်ခါမှ မတွေးဖူးခဲ့တာတွေကို စိတ်ကူးကြည့်ရတော့မယ်…။ [...]

လေးမနှင့် နာရီ ( ၂ )

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

“ လေး … အတွက် ဘာဘီ နာရီ ၀ယ်ထားတယ် .. ” …။

“ ဘာဘီ နာရီ……. ဟား.. မိုက်တာပေါ့..” ( ဟွန့် .. မူကြို ကျောင်းသူများ မှတ်နေသလားမသိဘူး..)

အစကတော့ ဘာဘီ လက်ပတ်နာရီ ၀ယ်ထားတယ်မှတ်လို့  ကလေးတွေ… ပတ်တဲ့နာရီ ၀ယ်တယ်လို့  တိတ်တိတ်လေး စိတ်ရှပ်နေခဲ့တာ…။
သူပြန်ရောက်လာတော့… လက်ထဲ ကို ဗူးတစ်ဗူး လာပေးတယ် … သူပြောတဲ့ ဘာဘီ နာရီ ဆိုတာ

/* Style [...]

လေးမနှင့် နာရီ

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

“နင်သေရင် တမလွန်မှာ အချိန်တွက်လို့ ရအောင် နာရီ တစ်လုံးထည့်ပေးလိုက်မယ် ” လို့  ပြောခဲ့ဖူးတဲ့ သူငယ်ချင်းဆီက မမျှော်လင့်ဘဲ နာရီတစ်လုံး လက်ဆောင်ရခဲ့တယ်…။
လေးမ သေရတော့မှာလား…
( ဟား… ဟား… မမျှော်လင့်ဘဲ တိုက်ဆိုင်သွားတာဆိုတာ ငါသိပါတယ် … မိ ) ။
သူငယ်ချင်းရေ … လေးမ အရင်လို နာရ်ီတွေကို လိုက်မဖမ်းတော့ဘူး…
( နာရီတွေကပဲ လေးမ ကို လိုက်ဖမ်းနေတာ ) ။
အချိန်တွေကိုလည်း ဂရုမစိုက်တော့ဘူး… ။
နာရီ မပတ်တာ ကြာပြီ သူငယ်ချင်းရေ …
( နာရီတွေ [...]

လက်နက်စွဲကိုင်တော်လှန်ခြင်း …

ငါ့ပို့ စ်မှာ  ငါ့ မိတ်ဆွေတွေ  “ ငါ ” အကြောင်း ထပ်ရေးသွားကြတာ …
ငါ့ကမ္ဘာ
ငါ့ကမ္ဘာမှာ
ငါတင်တဲ့ အကြွေး၊
ငါတင်တဲ့အကြွေးနဲ့
ငါ့ အကြွေးရှင်၊
ငါ့ အကြွေးရှင်နဲ့အတူ၊
ငါချစ်တဲ့သူငယ်ချင်း
ငါချစ်တဲ့သူငယ်ချင်းနဲ့အတူ၊
ငါ့ အကြွေး
အဟီး……တယ်ရင်း…ငါချစ်တယ်
(အကြွေးရှင်ဖြစ်သောကြောင့်မဟုတ်ပါ၊)
( Mi )
“ငါ့ဖို့ ၊ငါ့ဟာ၊ ငါ့အတွက်“
ငါ့အိမ်ရာ
ငါ့အိပ်ရာမှာ
ငါ့ခေါင်းအုန်း
ငါ့ခေါင်းအုန်းနဲ့ အတူ
ငါ့စောင်
ငါ့စောင်နဲ့ အတူ
ငါ့ဖက်လုံး
ငါ့ဖက်လုံးနဲ့ 
ငါ့စောင်
ငါ့စောင်နဲ့ 
ငါ့ခေါင်းအုံးတွေကြားမှာ
အမွှေးတွေဖွာပြီး
ငါလာတာတောင် မထတဲ့
ငါ့ရဲ့ခွေးကို မျက်စိနောက်လာလို့ 
ကြိမ်စာကျွေးလိုက်တော့မယ်
လာလေရော့
ဖျန်ဖျန်းဖျန်း….
( ကို Boyz)
ငါ့ဆေးလိပ်လေးကို
ငါ့မီးခြစ်လေးနဲ့ ညှိပီး
ငါ့နှုတ်ခမ်းလေးနဲ့
ငါ့အဆုတ်ထဲ ရှိုက်သွင်းလိုက်တော့မယ် …
ငါ မာလကီးမယားခင်တော့ သောက်လိုက်ဦးမယ်
( မျှားပြာ)
ငါ့ဘော်ဒါ လေးမအတွက်
ငါ့ကော်မန့်ကို
ငါကိုယ်တိုင်
ငါ့ကီးဘုတ်ကိုသုံး
ငါ့မျက်လုံးတွေ စုန်းထီးဖြစ်လောက်အောင်
ငါအသားကုန်ပြူးပြီးတော့
ငါလက်ဆော့လိုက်တယ်
ငါလာသွားတယ် လေးမရေ…“
( ကိုရန်အောင် )
ဒီရပ်ဝန်းကို ငါ ဘယ်လို မျက်နှာလွဲရမှာလဲ …။
ဇူလိုင်လဆန်းက စပြီး စာရေးတာနားမယ်လို့  ရည်ရွယ်ပြီး ကမ္ဘာကို ကျိန်စာတိုက်လိုက်တဲ့ ဟိုအမျိုးသမီးကို လေးမက ဒီပို [...]