Blogger နဲ့  Reader … internet ရင်ပြင်မှာ

တစ်ခုသော တနင်္ဂနွေ နေ့ တွင် ဘလော့ဂ်တစ်ခု ပိုင်ဆိုင်ထားသော ဘလော့ဂ်ဂါ တစ်ဦးနှင့် အင်တာနက်စာမျက်နှာများကို မွှေနှောက် ဖတ်ရှုသူ စာဖတ်သူတစ်ဦးတို့  အင်တာနက် ရင်ပြင်တွင် စကားလက်ဆုံကျလျက်ရှိသည် …။
Blogger … ဟာ ရီဒါကြီး.. မတွေ့ တာကြာပြီနော်.. နေကောင်းလား…
Reader … ကောင်းလို့  အွန်လိုင်းတက်တာပေါ့ … မတွေ့ တာကြာဆို မင်းတို့ ကို အမြင်ကတ်လို့ … ဘလော့ဂါတွေကို ကြည့်မရလို့  .. မင်းတို့ ဆီမလာတာကွ …
ဘာဗျ … ကျုပ်တို့ က ဘာလုပ်နေလို့ တုန်း
မာန်တက်နေလို့ပေါ့ကွ … မင်းတို့ က ဘလော့ဂ်ဂါဆိုပြီး မာန်တက်နေကြလို့ … ပေါ့ … Myanmar [...]

သို့  … သူငယ်ချင်း ( ၂ )

နင် မရှိတဲ့ နေရာမှာ
နင်မသိတဲ့ အလွမ်းတွေနဲ့ 
နင့်ကို သိပ်သတိရနေတဲ့
နင်နဲ့  သူငယ်ချင်းတော်စပ်တဲ့
နင်ရဲ့ သူငယ်ချင်း
ငါရှိနေတာ
နင်အသိအမှတ်ပြုခဲ့မယ်ဆို
နင်ပတ်သက်ခဲ့သမျှတွေကို
ထိုင်ကြည့်ရင်း လွမ်းနေရတာ
ငါ
လွမ်းပျော်ပါပြီ… ဟာ…။ ။
 
သို့  … သူငယ်ချင်း (၁)

ရေ … ရေ … ရေ ပေးပါ

ရေ … လူ့ ဘ၀မှာ နေ့ စဉ်သုံး … သူမရှိရင် အဆင်မပြေ … ။ ရေ ကို ပုံစံအမျိုးမျိုးနဲ့  လို အပ်နေကြသည် …။ လိုအပ်နေတဲ့ နေရာမှာ ရေက ပုံစံအမျိုးမျိုးနဲ့  ဖြည့်ဆည်းပေးနေရသည် … ။
ကျွန်တော့် ဘ၀မှာ ရေ ကြောင့် ဆန္ဒပြခဲ့ဖူးတယ် လို့  ပြောရင် ခင်ဗျားတို့  အံ့သြသွားကြမလား … ။တကယ်ပါ … ကျွန်တော် ရေ အတွက် တိုက်ပွဲ ၀င်ခဲ့ဖူးပါတယ် …။
အထက်အညာဒေသ … ရေရှားတဲ့ ဒေသ .. ခုခေတ်လို တံဆိပ်အမျိုးမျိုးနဲ့ ရေသန့် လို့ စာတမ်းထိုးထားတဲ့ ရေသန့်ဗူးတွေ [...]

အိမ်ပြန်ချိန်များ

ဒီနေ၀င်တာ နောက်ထပ် ကြုံဦးမယ်
နေဟာထွက် ပြီးရင် ၀င်မယ်…
လူတွေဟာ ဆုံပြီးရင် ခွဲကြရမယ်… မွေးဖွားလာပြီးရင် သေဆုံးကြရမယ်…
ချိန်တန်လာရင် နုတ်ဆက်ရမယ် ဒီအတိုင်းပဲ
တစ်ချိန်ချိန်မှာ ကျွန်မတို့  ခွဲကြရမယ် … တစ်ချိန်မှာတော့ နုတ်ဆက်စကားပြောရလိမ့်မယ်…
ကျွန်မ ဘ၀ရဲ့ နေ၀င်ချိန်… ကျွန်မသေဆုံးသွားတဲ့ အချိန်မှာ “ ကို” အပါအ၀င် ကျွန်မ ချစ်တဲ့ သူအားလုံးကို ကျွန်မနုတ်ဆက်ခဲ့ရမယ်… ထားခဲ့ရမယ်ဆိုတာကို ခိုင်ခိုင်မာမာ လက်ခံထားနိုင်ခဲ့ပေမယ့် တကယ်တမ်း ရင်ဆိုင်ရတော့မယ်ဆိုတော့ ထင်သလောက် သတ္တိမရှိတော့ဘူး…။
သယ်ဆောင်ရာ ခြေလှမ်းတို့  နောက်ကွယ်
ထင်ကျန်နေတဲ့ တို့ ရဲ့ စိတ်တွေ ကြေကွဲ..
ကျွန်မရဲ့ ရုပ်ခန္ဓာကြီးက တကျိကျိတွန်းသွားတဲ့ ကုတင်လေးပေါ်မှာ ငြိမ်ငြိမ်လေးလိုက်ပါသွားပေမယ့် ကျွန်မရဲ့ စိတ်တွေက မိသားစုဆီမှာ… ကို့  ဆီမှာ… “ဒီအချိန်လွန်သွားရင် ပြန်တွေ [...]