သို့  … သူငယ်ချင်း ( ၃ )

ဟေ့ … သူငယ်ချင်း …
ငါ့ စာမျက်နှာမှာ
နင့်အပြုံးတွေ စွန်းထင်းလို့ 
နင့် စာမျက်နှာမှာ
ငါ့ရယ်သံတွေ ပွစာကျဲခဲ့ဖူးတာ
မှတ်မိနေသေးလား … ။
ငါဆွဲမယ့် စုတ်ချက်အတွက်
ဆေးစပ်မှားခဲ့တယ်
နင်သိလား … ။
ကားတစ်ချပ် ရေးလက်စ
ဆေးစက်မချဘဲ
အရုပ်ထင်ချင်နေတယ်
နင်သိလား … ။
နင်သိလား
နင်ယုံမလား
ငါလေ
ငါ
စုတ်တံမသုံးဘဲ
ထားခဲ့ချင်တယ်
Masterpiece
တစ်ချပ်လောက်ပါ … ။ ။

လေးမ အကြောင်း တစေ့တစောင်း

Sunday night က ကိုရင်ညိန်း အငြိမ့်ပွဲ သွားကြည့်တာ ပွဲခင်းထဲမှာ နှုတ်ခမ်းနီဗူးပျောက်သွားလို့  အွန်လိုင်းမတက်တော့ပါဘူးဆိုမှ ကြောင်မျိုးက အိမ်ရှေ့  လာအော်တယ်…။ မိတ်ဆွေ ရင်းချာကြီးက အော်တော့လည်း နှုတ်ခမ်းနီ မဆိုးဘဲ အိမ်ရှေ့ ထွက် ရပ်ရတော့မှာပေါ့လေ …။
မောင်မျိုးရေ… လေးမက သူများ အကြောင်းပဲ ပြောချင်တာ… ဒီတစ်ခါ ကိုယ့်အကြောင်းကိုယ်ရေးရမှာပါလားနော်…။ ရေးပြီ … ရေးပြီ …။
ကိုယ့်နာမည်————- လေးမ
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ————– မမလေး.. လေးမ… မလေးမ… ချစ်မ… မမ .. အစ်မ … ညီမ..
ဒီမှာနေတယ်————- လူ့ ပြည်
အလုပ်အကိုင် ——- ထင်ချင်သလိုထင်
ကိုယ့်ဆီဖုန်းဆက်ချင်ရင် ———- မဆက်နဲ့ 
(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)
အရောင်ဆိုရင် [...]