အစား.. အသောက်…

ဒိုင်ယာရီ စာမျက်နှာ ( ၁၃ ) ။ ။ အစားအသောက် …
မုန့်တီသည်ရဲ့ မုန့် တီသုတ်
သူမ နာမည်ကို လေးမ မသိပါ …။ သူ့ ကို မုန့်တီသည် လို့ ပဲ ခေါ်ကြပါသည် …။ သူ …. မုန့် တီကို ဘယ်လိုရောင်းသလဲ လေးမ မမှတ်မိတော့ပါ ( ဟောဒီက မုန့်တီလို့ ပဲ ရောင်းသလား… မုန့်တီ ရမယ်လို့  အော်သလား… ဘာမှမအော်တာလား… မမှတ်မိတော့ ) …။ မနက် ၅ နာရီခွဲ ၆ နာရီလောက်ဆိုရင် သနပ်ခါး အဖွေးသားလိမ်းပြီး အဆောင်ရှေ့ မှာ သူရောက်နေတတ်ပြီး အဆောင်သူတွေ ၀ိုင်းဝိုင်းလည်နေတတ်ပါတယ်… ။ [...]

တွေ့ ဆုံ အကြွေးပေးခန်း

အိမ်ရှေ့မှာ Notice စာရောက်နေတယ်…။ တက်စ်ထားတယ် လမကုန်ခင်ရေးပေးပါ နော့် …. တဲ့ …။ ပြောင်ပြသွားလိုက်သေး… မခန့်တာပြောပါတယ်…။ ဘာအကြောင်းရေးရမှာလဲ… သွားကြည့်တော့ နောက်တီးနောက်တောက်နဲ့  ဘာ Tag လည်းတော့ မသိပါ …. တဲ့ …။ လူကြီးကို နောက်ပြန်ပြီ …။ သူရေးထားတာ ဖတ်ကြည့်တော့ ကြယ်ပွင့်များနှင့်တွေ့ ဆုံခြင်းလိုလို ဆိုပါလား…။ အဟိ… ဂလို ဆိုတော့လည်း ရေးရပေမပေါ့ ….။ အောက်ဆုံးမှာတော့ “ အပျင်းထူနေတဲ့ အစ်မလေးမ ” ဆိုပါလား……။ ဘယ်လိုလုပ်သိသွားပါလိမ့်နော် …။ လမကုန်ခင် မြန်မြန် ရေးပေးမှ ဖြစ်မယ်…။ တော်ကြာ နာမ၀ိသေသန ဆိုးဆိုးတွေ အတပ်ခံနေရဦးမယ်…။
ငွေကြယ်ပွင့် လေးမ [...]

အချစ် ဆိုသည်မှာ …

ကိုဟန်သစ်ငြိမ် က သုံးကိုယ်ခွဲပြီး အချစ်အကြောင်း အပြင်းအထန် ဆွေးနွေးပြီး သကာလ … ကျန်တဲ့ သူတွေကိုလည်း သူခိုးသေဖော်ညှိ .. အဲ.. ဟုတ်ပေါင်… ကျန်တဲ့သူတွေလည်း အချစ်အကြောင်း ဆွေးနွေး ရင်ဖွင့်နိုင်ကြပါစေတော့ရယ်လို့  စေတနာ ရှေ့ထားပြီး တစ်အုပ်တစ်မကြီး ဆက်ရေးခိုင်းပါတယ် …။
လေးမ ရေးပါပြီ…။
အချစ်ရှိတဲ့သူဆိုတော့ အချစ်အကြောင်း ပိုင်ပိုင်နိုင်နိုင်ကြီး မသိပေမယ့် ကောင်းကောင်း ဆွေးနွေးနိုင်ပါတယ် … ။ ချစ်တတ်တဲ့ … အချစ်ငတ်တဲ့…. ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေက အချစ်ကို သူတို့ အမြင်နဲ့  အမျိုးမျိုး ဖွဲ့ ဆိုခဲ့ကြတယ်…။ အဲဒီအမြင်တွေကို မကိုးကား တော့ဘူး… ရိုးသားစွာနဲ့ ပဲ အချစ်ကို ဘာသာပြန်ကြည့်ပါမယ် …။ နိဒါန်းပျိုးနေတာနဲ့  အတော်ကြာနေပြီ…။ [...]

စလုံးရေစ … စွပ်ပြုတ်

စလုံးက စာကလေးက
စွပ်ပြုတ်သောက်ချင်တယ်လို့ 
စီဘောက်စ်မှာ ခဏခဏပူဆာလို့ 
စိတ်အာဟာရ ဖြစ်စရာ
စွပ်ပြုတ်တစ်ခွက်ကို
စာကလေးနဲ့ တကွ
စိတ်ဝင်စားတဲ့သူသောက်သုံးဖို့ 
စိတ်ပါလက်ပါ ကူးပေးလိုက်တယ်
စိတ်ချလက်ချ သုံးဆောင်ပါ
အဆိပ်မပါ
ဆရာဖေမြင့် ဘာသာပြန်ထားတာ…။
နှလုံးသားအတွက် တစ်သက်တာ အာဟာရ 
အတန်းထဲက
အမှတ်မထင်လေ့ကျင့်ခန်းကလေးသည်
တစ်သက်တာမမေ့နိုင်စရာ
သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့သည်။
ရက်သတ္တပတ်တစ်ခုလုံး သင်္ချာသစ်သင်ခန်းစာတစ်ခုကို အတန်းသားများ အကြိတ်အနယ် ကြိုးပမ်းတွက်ချက်ခဲ့ကြရသည်။ သင်ခန်းစာက ခက်တော့ ကလေးတွေ စိတ်ပင်ပန်းကာ တစ်ဦးပေါ်တစ်ဦးလည်း ခါတိုင်းလို သည်းမခံနိုင်ဘဲ အလွယ်တကူ စိတ်တိုနေကြသည် ။သို့ နှင့် အခြေအနေတွေ ဒီထက် ဆိုးရွားမသွားခင် ထိန်းသိမ်းရန် အစီအစဉ်တစ်ခု ကျွန်မ ပြုလုပ်သည် ။
ကျွန်မ အစီအစဉ်က အတန်းသား တစ်ဥင်္ီးချင်းအား မိမိ အတန်းဖော်များ၏ အမည်ကို တစ်ခုနှင့်တစ်ခု နည်းနည်းစီချဲ၍ တန်းစီလျက် ဗလာစာရွက်တွင် ရေးချစေသည်။ ထို့ နောက် အမည်တစ်ခုစီ၏ အနီးတွင် ချန်ထားသည့် ကွက်လပ်အသီးသီး တွင် [...]

လွတ်လပ်ခြင်း

ကျွန်မ လွတ်လပ်သွားပြီ …
ကျွန်မ လွတ်မြောက်ခွင့်ရခဲ့ပြီ …
သူ.. ကျွန်မကို စွန့် လွှတ်လိုက်ပြီ…
မဟုတ်ဘူး… ကျွန်မက သူ့ ကို စွန့်ခွာခဲ့တာ …
ဒီလိုနေ့ မျိုးကို ကျွန်မ စောင့်နေခဲ့တာ သိပ်ကြာပြီ … ကျွန်မကို သိပ်ထိန်းချုပ်လွန်းတဲ့ သူ့ ဆီမှာ ကျွန်မ မွန်းကြပ်နေခဲ့တာ ကြာခဲ့ပြီ… ။ သူ့ စိတ်နဲ့  ကျွန်မကိုယ်ဖြစ်ခဲ့ရတာ ကြာခဲ့ပြီ …။ လက်တွဲစကတော့ ဒီလိုညနေခင်းတွေမှာ သူနဲ့ အတူ ရှိနေရတာ… သူ ပျော်အောင် …သူခိုင်းသမျှ.. လုပ်ပေးနေရတာ ကျွန်မ သိပ်ကျေနပ်ခဲ့ပါတယ် …။
ဒါပေမယ့်တဖြည်းဖြည်းနဲ့  ကျွန်မ ကိုယ်ကျွန်မ ပျောက်ဆုံးလာခဲ့တယ်…။ ကျွန်မ ကိုယ် ကျွန်မ ( ကျွန်မစိတ်.. [...]

ပြန်လာပါပြီ

 
“ ကိုယ်ပြန်လာပြီ…
သူငယ်ချင်းတွေ စိုးစီစိုးစီ..
စီဘောက်မှာ မြည်
ကျန်းမာပါရဲ့လားလို့  …”
သီချင်းဆိုပြီး ပြန်လာပုံကိုကြည့်ပါ…။ နေကောင်းကျန်းမာသွားပါပြီ… ရှင်…။ အဖွဲ့ သားများအားလုံး မုန့်လာကျွေးချင်ရင် ကျွေးလို့ရပါပြီ…။
ဟို.. ညစ်နေတဲ့ မဲဆောက်ကြွက်… စိတ်ညစ်ရင်.. ၀မ်းနည်းရင် သီချင်းဆိုပြီး ကပြပါ…။
ဘိုနှစ်ဘို.. ဘိုညိမ်း နဲ့ ဘိုတင့်… ပြုစုမယ့်သူရှိတော့ ဒဏ်ရာကိုမပျောက်အောင် လုပ်နေတာလားအစ်မ ၊ အိမ်အလုပ်တွေ မလုပ်ရတော့ဘူး..တို့.. ဟွန်း… အထင်နဲ့ မှန်းအုပ်နေတယ်…။ ဟင်းလေးဘာလေး ချက်ပို့ဖို့တော့မစဉ်းစားကြဘူး..။ ကေ နဲ့ ရာဟုကို ချက်ကျွေးဖို့ ဟင်းချက်ကျင့်နေတာ မသိဘူးမှတ်နေလား.. ဖွလိုက်ရမလား…။
 မီ.. မွန်.. စိုးမိုးလေး.. ကြေးအိုးလေး… မမကို သတိရတယ်ဆိုပြီး ဇီးထုပ်တွေ လှိမ့်စားနေကြသလား…။         
မှော်ဆရာ.. အညာသား.. ကျန်စစ်… လွမ်းလုင် … သီဟညိမ်း… မောင်မင်းတို့  [...]