Posted on November 28, 2008 by layma
ကိုဟန်သစ်ငြိမ် ဒီတစ်ခါရေးခိုင်းတာ တကယ်ခေါင်းစားသွားတယ်…။ လေးမ ကိုယ့်ကိုယ်ကို မုန်းတဲ့ အချက် သိပ်မရှိပါဘူး…။ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ရတာတွေ အများကြီးရှိနေပေမယ့် မုန်းတယ်လို့  ပြောရမှာ ကိုယ့်ကိုယ်ကို အားနာတယ်…။ သိပ်တော် သိပ်ကောင်းနေလို့ တော့မဟုတ်ပါဘူး…။ ဟာ.. ဟ… လေးမ ကိုယ့်ကိုယ်ကို မုန်းတဲ့အချက် ၁၀ ချက်ပြည့်အောင် မနည်း စဉ်းစားရတယ်… သူများကို မုန်းတဲ့ အချက်တွေချည်းပဲ တန်းစီထွက်လာတယ်… သေရော.. ခက်ဘူးလား…။
လေးမရဲ့ မုန်းစရာ ၁၀ ချက်ကို ရှုစားကြပါရှင်..။ သူများတွေဘက်ကကြည့်ရင် လေးမမှာ မုန်းစရာအချက်တွေ ဒီထက်မက ရှိနေမှာပါ…။ လေးမကိုယ် လေးမ ပြန်ကြည့်တော့ ဒီလောက်ပဲ မြင်ပါတယ်…။
***** ၁။ အပျင်းထူခြင်း ( လေးမ ပျင်းလို့ ရရင် ရသလောက် [...]
Filed under: Analysis, Personal, Tag | 17 Comments »
Posted on November 24, 2008 by layma
Posted on November 18, 2008 by layma
ရာဇသင်္ကြန် …
လက်ဝဲသုန္ဒရ ..
အနန္တသူရိယ …
မင်းမျက်ရှတဲ့ အမတ်တွေ …
သူတို့ ကို ပုံပမာထား
ဆိုစကားက
မင်းမှုထမ်း
ကမ်းနားသစ်ပင် … တဲ့။
ဆိုးလိုက်တဲ့ ကြမ္မာ
သစ်ပင်ဖြစ်တာတောင်
အမြစ်တွယ်ရာ မှား
ကမ်းနားမှာပေါက်လို့  … တဲ့ …။
သူ့ ဆန်စား …. ရဲ
သူ့ ထံပါး …. မြဲ ခဲ့ပေမယ့်
လုပ်ရက်တယ်
ကမ်းပါးဖြိုသူရယ်
ယိုးလို့  ဖြို
ငြိုးလို့  ပြိုစေ… သတဲ့ …။
ဒီဘ၀တော့ သင့်ဆန္ဒပါပဲ
နောင်ဘ၀ကျရင်သာ
…
အင်း….
…..
နောင်ဘ၀ကျရင်လည်း
တုံ့ ယူဖို့  မကြံစည်ဝံ့ပါဘူး
ပဲ့ပြားပင်လိုပဲ ကျင့်တော့မယ်
နေခြည်ဖြာမှ နွေးသောကြောင့် …။ ။
Filed under: Poem | 12 Comments »
Posted on November 4, 2008 by layma
သူမနဲ့  ကျွန်တော် ဒီနှစ်တွေမှာ နေ့ တိုင်းလိုလို တွေ့ ဖြစ်ကြတယ်… ။
သူမ အရမ်းနေမကောင်းဖြစ်နေချိန်… ခရီးဝေး ထွက်ချိန်ကလွဲရင် ကျွန်တော်တို့  ၂၄ နာရီမှာ အနည်းဆုံး တစ်နာရီလောက်တော့ ဆုံဖြစ်ကြတယ်…။
သူမက ကျွန်တော့်အပေါ် သံယောဇဉ်ကြီးသလို ကျွန်တော်ကလည်း သူမကို အမြဲတွေ့ ချင်နေမိတယ်…။
သူမ လား…
တော်တော်ဆိုးတဲ့ မိန်းကလေးဗျ… ။
ပညာရပ်က လွဲရင် ကျန်တာတွေ တော်တော် လုပ်ချင်တဲ့ မိန်းကလေး…။
ကျွန်တော်က သူ့ ကို ဒီအခြေအနေထက်ပိုတော်တဲ့ ပိုထက်တဲ့ မိန်းကလေး ဖြစ်စေချင်တာ… ။ စာလုပ်ရအောင်ပါလို့  ပြောတာလည်း မလုပ်ပြန်ဘူး…။ သူလုပ်ချင်တာ ပေးမလုပ်ရင် ကျွန်တော့်နား မကပ်တော့ဘူးတဲ့… မခေါ်တော့ဘူးတဲ့ ဗျာ …။
ကျွန်တော်လား…
နောက်ဆုံးတော့လည်း သူမ သဘောကို လိုက်လျောရတာပါပဲ… ကျွန်တော်က [...]
Filed under: Pieces | 15 Comments »