Posted on December 29, 2008 by layma
စိန်ပွင့်လေးတွေလို တဖျတ်ဖျတ်တောက်နေတဲ့ ကြယ်လေးတွေကို မမှီ့ တမှီ လှမ်းထိလိုက်ရင်း လမင်းကြီးကို မခို့ တရို့ ပြုံးပြလိုက်တယ်…။ မည်းမှောင်နေတဲ့ ညကတီပါနောက်ခံမှာ လေးမ စီးနင်းလိုက်ပါလာတဲ့ ယာဉ်ပျံလေးက မီးရောင်စုံလင်းလက်လို့  တောက်တောက်ပပလေးဖြစ်နေပါတယ်…။
“မလေးမရေ… စောင့်ပါဦး… နေ့အိပ်မက်လည်း လိုက်မယ်… ”
“ လာလာ… မြန်မြန်.. ကြိုးချပေးလိုက်မယ်.. တက်… တက်… ဟဲ့ … လက်ထဲက စာအုပ်တွေ ထားခဲ့လေ.. လေးတယ်…”
“ မဖြစ်ဘူး… မထားခဲ့နိုင်ဘူး.. ပလုတ်တုတ်စာစောင်တွေ.. နေ့ အိပ်မက် ကဗျာတွေပါတယ်.. ပြီးတော့ ဟိုမဂ္ဂဇင်းတိုက်အတွက် ရေးလက်စ စာမူတွေ .. မမရဲ့..”
“ အဂါင်္ဂြိုဟ်မှာ အေးအေးဆေးဆေး နားပါမယ်ဆိုအေ …”
“ နားချိန်မှာလည်း စာနဲ့  မခွဲနိုင်ဘူး.. မမရဲ့… [...]
Filed under: Tag | 16 Comments »
Posted on December 25, 2008 by layma
ခေါင်းစဉ်ဖတ်ပြီး မြန်မာတစ်ဝက် ဘိုတစ်ဝက်နဲ့  လေးမ ရူးများရူးသွားပြီလားလို့  သက်သက်ညှာညှာ တွေးလိုက်ကြမလား … ။ ဒီနေရာက နံပါတ် ၈ စီမံကိန်းကြီး တကယ် အကောင်အထည်ဖော်လိုက်ပြီလားလို့  အပြေးအလွှား သတင်းမေးကြမလား … ။ မတွေးကြ.. မမေးကြပါနဲ့ ..။ တစ်ခါတည်း ရှင်းပါမယ်…။ ဒဿကို Datha.. Dadtha.. Deatha.. လို့  မရေးချင်လို့ ဒဿကို ဒဿ လို့ ပဲ ရေးလိုက်တာပါ … ။
The Beast ကတော့ Beauty and the Beast က Beast ကိုပြောတာပါ…။ မြန်မာပြန်စာအုပ်တွေမှာ ကိုရုပ်ဆိုးလို့  ကိုယ်စားပြုရေးသားထားပေမယ့် လေးမမျက်စိထဲမှာတော့ [...]
Filed under: Thinkings from story | 10 Comments »
Posted on December 21, 2008 by layma
ယနေ့ရန်ကုန် ( ၂ )
သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ …
သမိုင်းနဲ့  စကားပြောသူတွေအတွက်
နာဂစ်ဟာ ခေတ်တစ်ခေတ် ဖြစ်ခဲ့တယ်
နာဂစ် မတိုင်ခင်က …
နာဂစ်တုန်းက …
နာဂစ်ပြီးကတည်းက…။
သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ …
ရောင်းမကောင်းလို့ လား … ရောင်းကောင်းဖို့ လား
ဈေးပွဲတော်တွေ.. ပရိုမိုးရှင်းတွေနဲ့
ရာသီမစခင်က
ရာသီတုန်းက
ရာသီကုန်ကတည်းက …။
သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ…
Capital နဲ့ Ocean မှာ
promotion area တွေနဲ့  အမြတ်ထွက်နေချိန်
ဗိုလ်ချုပ်ဈေးက တစ်နာရီ ၂၀၀ နဲ့ 
အသက်ဆက်နေခဲ့တယ် … ။
သူငယ်ချင်းရေ
ငါတို့ မြို့ မှာလေ
ကန်တော်ကြီး ဘူဖေးပွဲကြီးထဲ
အဆိုတော် သရုပ်ဆောင် ဇာတ်မင်းသား အမယ်စုံလှတယ်
ကြိုက်တတ်ရင်တော့ ၀င်ကြေး ၃၀၀ …အပြင်
အပိုဆောင်းခဲ့ပေါ့ …။ [...]
Filed under: Analysis, Poem, Seasonal Post | 16 Comments »
Posted on December 20, 2008 by layma
Tag မှ ပို့ စ်တင်တယ်လို့  ပြောရင်လည်း ခံရတော့မှာပဲ …။ ပို့ စ်တင်ရင် Tag Game ကို အရင်တင်တယ်လို့  ပြောရင်လည်း ကျေနပ်လျက်ပါပဲ…။ အဆက်ပြတ်နေတာ ကြာပြီဖြစ်တဲ့ ဘလော့ဂ်မှာ ပို့ စ်တင်ဖို့  စဉ်းစားမိတာနဲ့  မောင်မျိုး ရေးခိုင်းထားတာကို အရင်ရေးမိတယ်…။ အကြိုက်ဆုံးကဗျာ … ။
ခုချိန်ထိ လေးမ ဖတ်ဖူးတဲ့ ကဗျာ .. နှစ်သက်တဲ့ ကဗျာတွေ တော်တော်များပါတယ်… ။ ခုထိအာရုံထဲမှာ စွဲနေတဲ့ ကဗျာတစ်ပုဒ်ကို အကြိုက်ဆုံးကဗျာအဖြစ် ရွေးချယ် လိုက်ပါတယ်…။
အဲဒီကဗျာကတော့
ကြာချည်အလှပ် ကြည့်တချက်ရယ်နဲ့
ဆုံးသတ်တဲ့သံယောဇဉ်ကြောင့် အသည်းစိုင်ပြတ်ပြီပေါ့..
အဆိုးငယ်ငိုတေးနဲ့ ခြေဆွဲလို့တားမရအောင်
ခွန်းတုံ့မပြန် ငြိမ်သက်စံရင်း
ရာဟုကိုထွေးလို့ အိပ်ဟန်ဆောင်ခဲ့ရတယ်…
လို့  “ ယသော်ဓယာ” ရဲ့ ခံစားချက်ကို [...]
Filed under: Tag | 7 Comments »