ကျောင်းပြေး

ကျောင်းပြေးတတ်ခဲ့ပြီ …။
ကျောင်းပြေးဖြစ်နေပြီ …။
ကျောင်းပြေး မိလေပြီ …။
သူများတွေ စာအံတာကို တိတ်တိတ်ငေးရင်း ဝေးဝေးမှာ လုပ်ချင်တာ လုပ်တတ်ခဲ့ပြီ …။
ကျောင်းကို ဦးတည်ပြေးပြီး စာသင်ခန်းနားရောက်မှ လှည့်ပြေးတတ်တဲ့ ခြေလှမ်းတစ်စုံကို တာဝန်ယူမဲ့သူမရှိပြီ …။
ဒေါင် … ဒင်သံကြားမှ ကျောင်းကို အူယားဖားယား ပြေးတတ်သူအတွက် ခေါင်းလောင်းထိုးမယ့်သူမရှိပြီ …။
ဖတ်သူမရှိတဲ့ စာစီစာကုံးတွေက စာရွက်ပေါ် မရောက်နိုင်ပြီ …။                    
ဟာမိုနီ လိုက်မယ့်သူမရှိတဲ့ သီချင်းတွေက ဗိုက်ထဲကို ခုန်ချသွားကြပြီ …။
ကျောင်းသွားဖော်တွေ အများကြီးကြားက ကျောင်းပြေးဖော်ကို အလျင်စလို ရှာမိသည် …။
ကျောင်းပြေးတစ်ယောက် ရေကန်ဘေးမှာ ငါးမျှားတံ တစ်ချောင်းနှင့် ထိုင်နေတတ်သည် …။
အတွေးတွေကို ငါးစာအဖြစ် ငါးမျှားတံထိပ်တွင် ချိတ်ဆွဲ ခဲ့သည် …။
ကန်ထဲတွင် ငါးတစ်ကောင်မျှမရှိ … ။
နေစောင်းတော့ ရေစိုနေတဲ့ အတွေးတွေကို [...]

ပျောက်လိုက်ပါဦးမည်

ပျောက်ပါမည်
ပျောက်ပါဦးမည်
ပျောက်မည်ဆိုတာ ကိုယ့်ဘလော့ဂ်မှာ ကိုယ်ပျောက်မှာ.
အသစ်မရေးဘဲနေမှာ
သူများတွေဆီမှာတော့ ရှိနေမယ်..။
ဘာမှမဖြစ်.. ပျင်းလို့  ။

လှူရန်

ကို ဒေါင်းမင်းရဲ့ မွန်မြတ်သော အလှူ ဆိုတဲ့ ပို့ စ်လေးကို  http://myanmarkingpeacock.blogspot.com/2009/01/blog-post_4621.html မှာ ဖတ်ရှုပေးပါရန်။

ကျွန်မမှာ… ရှိတယ်…

ကျွန်မမှာ… လေးမမှာ… ရှိတယ်…။ မခေါ်ဘဲ ရောက်လာတဲ့ သူတွေ.. ရှိတယ်…။ မတောင်းဘဲ ပေးတဲ့ လက်ဆောင်တွေ ရှိတယ်…။ မကျွေးဘဲ … စားတဲ့ သူတွေ ရှိတယ်…။
သူတို့ တွေ … ခေါင်းချင်းရိုက် … လက်ချင်းခတ်… ဒူးချင်းတိုက်ပြီး ကြံစည်ထားကြတယ်…။
သူတို့ တွေ … ဘလော့ဂ် ငါးနေရာမှာ သတင်းတွေ့ ပြီး.. တွေ့ တဲ့ နေရာမှာ ဆုတောင်းပေးသွားကြတယ်…။
သူတို့ တွေ … သတင်းရတာနဲ့  စီပုံးကို အပြေးလာပြီး လက်ဆောင်စကားတွေ ဆိုကြတယ်…။
သူတို့ တွေ… ပေးကြတယ်… ပေးသွားကြတယ်… သူတို့ ကို ပစ်ထားတဲ့… ဘာမှ အသိမပေးတဲ့… လေမုန့် လေးတောင် ကျွေးဖော်မရတဲ့… အဲဒီ [...]

2008 နောက်ဆုံးည

လွန်ခဲ့သော နှစ်ပေါင်းများစွာရဲ့ နောက်ဆုံးညတွေကို အိပ်ပျော်ရင်း.. ရုပ်ရှင် ကြည့်ရင်း.. ငြိမ်သက်စွာ ဖြတ်ကျော်ခဲ့ပါတယ်..။
ဒီနှစ် ၂၀၀၈ ရဲ့ နောက်ဆုံးညကိုတော့… မအိပ်ဘဲ… ဖြတ်ကျော်ခဲ့ပါတယ်..။ အကြောင်းတိုက်ဆိုင်လို့  ၂၀၀၈ ကို နှုတ်ဆက်တဲ့ နေရာတစ်ခုကို ရောက်ခဲ့ပါတယ်…။ ဘူဖေးပွဲကြီးထဲမှာ လေးမ အကြိုက်တွေက အမယ်စုံ …။ ညနေ ငါးနာရီလောက်ကတည်းက ဆာနေတဲ့ ဗိုက်ကို ရေကလွဲပြီး ဘာမှ မဖြည့်ထားတာ… တန်အောင်ဆွဲတာပေါ့…။ ပထမတစ်ခေါက် … စားပွဲရှည်ပေါ်က ဟင်းတစ်မျိုးစီကို မစားတဲ့ အသားတွေကလွဲရင် တစ်မျိုး နည်းနည်းစီ ထည့်လာခဲ့တယ်…။ သတိရတာ ပေါ့.. လေးမကို သံယောဇဉ်ရှိကြတဲ့ အွန်လိုင်းက မောင်နှမတွေကို သိပ်သတိရတာပေါ့… ဒါကြောင့်… အားလုံး ကိုယ်စား… လေးမ ပိုစားခဲ့ပါတယ်…။ [...]

လမ်းဖောက်တဲ့အခါ

လူတွေဟာ အချိန်တန် အရွယ်ရောက်လာရင် လမ်းရိုးကြီးကို ငြီးငွေ့ လာကြတယ်…။တချို့ လူတွေက လမ်းသစ်ဖောက်ဖို့  သတ္တိကောင်းကြတယ်…။ တချို့ က သတ္တိမကောင်းပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လမ်းသစ်ဖောက်လိုက်ကြတယ်..။ တချို့ က လမ်းဖောက်ဖို့ အများကြီး စဉ်းစားဆဲ… စဉ်းစားမြဲ… ဒီလိုနဲ့  နှောင့်နှေး နေကြတယ်…။ တချို့ ကတော့ လမ်းသစ်ဖောက်ချင်ပေမယ့် လိုအပ်ချက်တွေ ပြည့်စုံဖို့ အတွက် ရုန်းကန်နေရတယ်..။ တချို့ ကတော့ လမ်းသစ်ဖောက်ဖို့  သတ္တိ မရှိသေးဘူး…။
သတ္တိရှိဖို့ လိုသလား… သိပ်လိုတာပေါ့.. တကယ်တော့ ပျော်စရာလို့  ထင်ရတဲ့ ဘ၀ သစ်တစ်ခုကို ဦးတည်တဲ့ အဲဒီလမ်းဟာ သိပ်ကိုကြောက်ဖို့  ကောင်းပါတယ်…။ မျှော်လင့်ထားပြီးသားဖြစ်တဲ့ အန္တရာယ်တွေရော… မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေရော [...]

၂၀၀၈ ကိုမျက်နှာသစ်ပေးလိုက်တယ်

ဒီမယ် ၂၀၀၈
ဟန်ဆောင်မှု အထပ်ထပ်နဲ့ 
ညစ်ထေးမှုန်ဝါးနေတဲ့ နင့်မျက်နှာကို
ရေနဲ့  ဆေးပစ်လိုက် …။
အလိမ်အညာတွေနဲ့  ပုပ်အဲ့နံစော်နေတဲ့
နင့်ပါးစပ်ထဲ spray နဲ့  ဖြန်းလိုက်…။
အရိုးအသား မခွဲခြားတဲ့
နင့်ရဲ့သွားတွေကို တိုက်ချွတ်ဆေးကြောလိုက် …။
ပွယောင်းဖွာလန်နေတဲ့ နင့်ရဲ့ဆံပင်ကို
စည်းနှောင် ဘီးဖီးထားလိုက်…။
ဖာထေးစပ်ချုပ် ထားတဲ့ အ၀တ်တွေကို
အသစ်တွေနဲ့  လဲလိုက် …။
ကဲ.. ပြီး ပြီလား..
ကိုယ့်ကိုယ်ကို ၂၀၀၉ လို့ ပြော …
အားလုံးက လက်ခံတယ်…။ ။
HAPPY NEW YEAR
လူသားများအားလုံး နှစ်သစ်ဖြစ်တဲ့၂၀၀၉ ခုနှစ်မှာ သူတစ်ပါးကို ထိခိုက်စေမယ့် ဟန်ဆောင်မှုမျိုး…၊ သူတစ်ပါး နစ်နာရမယ့် လိမ်ညာမှုမျိုး …၊ သူတစ်ပါး ပျက်စီးရာပျက်စီးကြောင်းဖြစ်တဲ့ အမြတ်ထုတ်မှုမျိုး…တွေကို ရှောင်ရှား ထိန်းသိမ်းနိုင်ပြီး.. ဗရမ်းဗတာ စိတ်ကူးတွေ … [...]