ကျောင်းပြေး

ကျောင်းပြေးတတ်ခဲ့ပြီ …။

ကျောင်းပြေးဖြစ်နေပြီ …။

ကျောင်းပြေး မိလေပြီ …။

သူများတွေ စာအံတာကို တိတ်တိတ်ငေးရင်း ဝေးဝေးမှာ လုပ်ချင်တာ လုပ်တတ်ခဲ့ပြီ …။

ကျောင်းကို ဦးတည်ပြေးပြီး စာသင်ခန်းနားရောက်မှ လှည့်ပြေးတတ်တဲ့ ခြေလှမ်းတစ်စုံကို တာဝန်ယူမဲ့သူမရှိပြီ …။

ဒေါင် … ဒင်သံကြားမှ ကျောင်းကို အူယားဖားယား ပြေးတတ်သူအတွက် ခေါင်းလောင်းထိုးမယ့်သူမရှိပြီ …။

ဖတ်သူမရှိတဲ့ စာစီစာကုံးတွေက စာရွက်ပေါ် မရောက်နိုင်ပြီ …။                    

ဟာမိုနီ လိုက်မယ့်သူမရှိတဲ့ သီချင်းတွေက ဗိုက်ထဲကို ခုန်ချသွားကြပြီ …။

ကျောင်းသွားဖော်တွေ အများကြီးကြားက ကျောင်းပြေးဖော်ကို အလျင်စလို ရှာမိသည် …။

ကျောင်းပြေးတစ်ယောက် ရေကန်ဘေးမှာ ငါးမျှားတံ တစ်ချောင်းနှင့် ထိုင်နေတတ်သည် …။

အတွေးတွေကို ငါးစာအဖြစ် ငါးမျှားတံထိပ်တွင် ချိတ်ဆွဲ ခဲ့သည် …။

ကန်ထဲတွင် ငါးတစ်ကောင်မျှမရှိ … ။

နေစောင်းတော့ ရေစိုနေတဲ့ အတွေးတွေကို နေလှန်းပြီး အိမ်ပြန်ခဲ့သည်  … ။

ဤနည်းဖြင့် ကျောင်းပြေးတစ်ယောက် ကျောင်းပြေးခြင်း၌ ခုံမင်နေသည် …။

ကျောင်းပြေးသည် ကျောင်းပြေးလိုသောကြောင့် ကျောင်းပြေးဖော်ကို အလိုရှိသည် …။

ကျောင်းပြေးဖော်တွေ့ ခဲ့လျှင် အတူရွတ်ဆိုဖို့  ကဗျာတစ်ပုဒ်ကို ကြိုးစားပမ်းစား အစပျိုးထားသည် …။

“ကျောင်းမတက်ရတာ ပျော်စရာ …

ကျောင်းပြေးရတာ ကောင်းသဗျာ…

ဟ..ဟာ..ဟာ……”                               ။ ။

22 Responses

  1. မိပြီ.. ကျောင်းပြေး.. ဆရာကြီးရုံးခန်းပို့မယ်..

  2. ကျွန်တော်လဲငယ်ငယ်ကဆိုကျောင်းပြေးပြီးမိတ်ထီလာကန်မှာရေသွားသွားကူးတာဟီး
    ဆရာမလိုက်လာလို့.ရေအောက်ကိုငုတ်နေတာ..ခေါင်းကတော့ရေထဲမှာမြုတ်နေတာပေါ့..နဲနဲကြာတော့
    ဖင်ကရေပေါ်မှာပေါ်နေတာမသိဘူး..အဲဒါကိုဆရာမက၀ါးချမ်းပြားနဲ့ဆော်ပလော်တီးလိုက်တာ…
    ဟီးဟီး..ဘယ်ပြောကောင်းမလဲ….ပြောတော့ပါဘူ….ဟဲဟဲဟဲ….

  3. ဟီးဟီး…….ဒီရက်မှာမဂျီးပျောက်နေတာကျောင်းပြေးနေတာကိုး….ဟဲဟဲ..မိပြီကွ

  4. အဟေးး
    ကျောင်းပြေး ကျောင်းပြေး နှုတ်ခမ်းမွှေးတဲ့….. ငယ်ငယ်ကဆိုကြတာလေ….. :P
    ကျောင်းပြေးဖော် ဖြစ်ချင်တယ်…

  5. ကျောင်းသားဖြစ်ပြီး ကျောင်းမပြေးဘူးရင် ပျင်းစရာကြီးနော် ကျောင်းသားဘ၀က အဖော်ရပြီ “ကျောင်းမတက်ရတာ ပျော်စရာ …

    ကျောင်းပြေးရတာ ကောင်းသဗျာ…

    ဟ..ဟာ..ဟာ……”

  6. ကျောင်းပြေ ချင်တယ်ပေါ့လေ တယ်…ဒီခလေးမ ကြိမ်လုံးနဲ့ ထုလိုက်ရ အဲ့..ဟုတ်ဘူး ရိုက်လိုက်ရ ကျောင်းတော့  ပုံမှန်တက် စာမကျက်ချင်နေ အအောင်ပေးမယ် ဘဘ တို့ ပညာရေးစနစ်က စပယ်မှာ ရှယ် :P

    ပုံ/
    ဘဘ ကြောင်အုပ်ကြီး

  7. ကျောင်းပြေးတတ်ဖို့တော့ လိုပါလိမ့်မည် :P

    အဟဲ …အစ်မလေးမရေ နောက်တာဗျ
    ကျောင်းပြေးတဲ့အကျင့်ကြီးကတော့
    ကျနော်တို့ဆို အခုထိပါနေတုန်း :P

  8. ကျောင်းပြေးရတာကောင်းသနော် ။

    စစပြေးချင်းကတော့ တွန့်ဆုတ်တွန့်ဆုတ်ပါပဲ ။ နောက်ကျတော့လည်း ……..

    …………………….. ဒီလိုပဲပေါ့လေ ။း)

  9. အစ်မရေ.. မီ့ကိုများ စောင်းရေးသလား နော် . . .
    ခုတလော ကျောင်းသွားရတာ မပျော်ဘူး …
    ကျောင်းမြန်မြန်ပြီးမှ ဒီသံသရာက လွတ်မယ် လို့ သဘောထားပြီး ကြိုးစားနေရတယ်။

  10. ကျောင်းပြေးချင်တယ်… :P

  11. အပြေးမတတ် ထမင်းငတ် တော့ မဖြစ်စေနဲ့
    လာ.. တို့အိမ်လာခဲ့.

  12. ကျောင်းထဲမှာပဲ ဆရာတွေမတွေ့အောင် ကျောင်းပြေးရတာ သိပ်သိပ်ကောင်း.. :P

    မမစာတွေကို သူငယ်တန်းဖတ်စာဖတ်သလိုဖတ်သွားတယ်.. ပျော်စရာလေး… :)

  13. ကျောင်းနောက်ကျတတ်လို့ ကျောင်းကိုခဏခဏ ပြေးနေရတယ် :P

  14. လေးမရေ..တက္ကသိုလ်တက်တုန်းကတော့ ကျောင်းပြေးရတာ ပျော်စရာပဲ.. အခုတော့ ရုံးပဲ ပြေးချင်တော့တယ်.. ပိုက်ပိုက်မရမှာစိုးလို့သာ………… :P

  15. ပြေးရင်း ပြေးရင်း မီးခိုးမဆုံး မိုးမဆုံး ဖြစ်နေပြီ လေးမရေ

  16. ကျောင်းပြေးလို့ ဆရာက ပေတံဇောင်းနဲ့ ခေါက်လိုက်မယ် ဒေါက် ဒေါက် ဒေါက် :P
    ကျောင်းပြေးဆိုတာ နာမည်သာဆိုးတာ လူတော့သက်သာတယ်နော် ဟိ ကိုယ်တွေ့ ကိုယ်တွေ့ :D

  17. ချစ်သုဝေနဲ့ ဘာတော်လဲမသိဘူး… ကျောင်းပြေး ဆိုလို့း)…
    ကျွန်တော်ကတော့ ကျောင်းအပြေးမစောင့်ဘူး… လူကိုယ်တိုင်ပဲ ပြေးတယ်… အဟတ်ဟတ်… :P

  18. ကျောင်းသားဘ၀တော့ သတိရမိသဗျာ.. ကျောင်းပြေးတစ်ယောက်ဆိုတော့လေ..

  19. ဦးမောင်တင့်တို့ မီတို့က အပြောပဲရှိတာ တကယ်ကျောင်းပြေးတာဟုတ်ဖူး သူတို့ကိုသွားမယုံနဲ့ လာ တို့နဲ့လိုက်ခဲ့
    တို့က ပြေးချင်တိုင်းပြေးတာဟုတ်ဖူး ခေါင်းပန်းလှန်ပြီးမှပြေးတာ ခေါင်းကျရင် ရုပ်ရှင်သွားကြည့် ပန်းကျရင် ရှော့ပင်းသွားတယ် ဒေါင်လိုက်ကျရင်တော့ ကျောင်းတက်ပါတယ်နော် ဟွင်းဟွင်း

  20. ဒီကျောင်းပြေးကို Feed ထဲကနေ ဖတ်ပြီးနေတာကြာပြီ. ဒီကိုလာဖတ်လိုက်မှပဲ ကျောင်းပြေးကို ထောက်ခံသူတွေ ဘယ်လောက်များလည်း သိတော့တယ်. . ပိုပြည့်စုံသွားတာပေါ့။ စည်ကားတယ် အစ်မရေ. အဆိုတင်သွင်းသူ နဲ့ ထောက်ခံသူတွေနဲ့. အကိုက်ပဲဗျို့. :P

  21. ဟားဟား လေးမ နင်ကတော့လုပ်ပီ နင်ဘယ်တုန်းက ကျောင်းပြေးဖူး လို့လည်း ဟားဟား ကျောင်းပြေးဖို့ စည်းရုံးခဲ့ရတာ ငါပါဟယ် စာကြိုးစားတဲ့ နင်ရဲ့ စည်းရုံးမှု အောက် ပြါးပြါးဝပ်ပီး စာသင်ခန်းထဲ ငိုက်ရတဲ့ ငါ့ဘဝ သတိရတယ်ဟာ ငါက ငိုက်တယ် နင်က စာတွေကို လိုက် နားထောင်တယ် ဟားဟား စာသင်ခန်း အပြင်ရောက်ရင် ပြူးကျယ်လာတဲ့ မျက်လုံးက နေ အ ရှိန်ကြောင့် မဟုတ်ကောင်းပါဘူးဟ ဟီးဟီး အိပ်ချင် မူးတူး စိတ်ကြောင့် ငါတို့ ရန်ဖြစ်ခဲ့တာမှတ်မိသေးလား ဟားဟား ကံကောင်းလို့ ပါချုပ်ကြီး မုန့်ဟင်းခါး မကျွေးတယ် ဟီး ဘာတဲ့ ယောကျားတယောက်ကို အိနြေရေ ပျက်အောင် လုပ်တယ် ဆိုလား ဟီး ငါတို့လည်း ဘာမှ မလုပ် ဟားဟား ဒါပေမယ့် အိတ်တုန်းက စွာလို့တော့ အတော့ကောင်းတယ်နော် နင်လည်း လက်ညိုးကြီး ငေါက်ငေါက် ထိုး ခါးကြီး ထောက်ပီး စွာနေတာ စွာနေတာ ဟားဟား မှတ်မိနေ သေးတယ် ဟ လွမ်းတယ် ဟာ နင့်ကိုရော ကျောင်းကြီးကိုရော !_!

    မိ

  22. ကျောင်းပြေးးးးးးးး ဒီနာမည်အများက ၀ိုင်းလို့ပြေးကြတယ်…
    ကျောင်းပြေး..ကျောင်းပြေး နူတ်ခမ်းမွေးလေးလို့ အားလုံးဝိုင်းလို့စနေလည်း…
    (ချစ်သုဝေ သီချင်းကို သတိရသွားလို့ :P )
    အရင်လိုပါပဲ.. မ ရဲ့အရေးအသားလေးတွေက လန်းနေတုန်းပဲ…

Leave a Reply