Posted on February 22, 2009 by layma
……………………………………….. မျိုးနွယ်ရဲ့ ဓလေ့ထုံးစံကို စောင့်ထိန်းရမှာ မျိုးဆက်ရဲ့ တာဝန်ပဲ…။
မပိတောက် ရယ်… ခင်ဗျား စကားကြားရတော့ ကျွန်တော် ၀မ်းနည်းမိတယ်…။ ကျွန်တော် ဒီနှစ် … မျိုးဆက် တာဝန် မကျေနိုင်ခဲ့ဘူး..။ ကျွန်တော် အသီးမသီးနိုင်ခဲ့ဘူး..။
ဒါကတော့ .. မင်းမှာ အပြစ်မရှိပါဘူး.. မောင်သရက် ရယ်…။ မင်းအသီးတွေ ဝေနေတဲ့ အချိန်မှာ နာဂစ်မိသွားတာကိုး…။ မင်းအပင်နာသွားပြီလေ…။ မင်းတော်တော် ထိခိုက်ပျက်စီးသွားတာကိုး…။ နာဂစ်မုန်တိုင်းက မင်းကိုယ်ပေါ်က အသီးတွေကို တဖုန်းဖုန်းခြွေချနေတာကို ရင်နာနာနဲ့  လက်ပိုက်ကြည့်ခဲ့ရတာ ငါတို့ အားလုံး အသိပဲလေ…။ အဲဒီအတွက် အိမ်ကြီးရှင်မကလည်း မင်းကို အပြစ်မတင်ပါဘူးကွယ်…။
အဲလိုသာအပြစ်တင်ခံရရင် တစ်ခါမှ ဖြစ်ဖြစ်မြောက်မြောက် မသီးဖူးတဲ့ ကျွန်တော် မာလကာ .. ဒီခြံထဲမှာ ဘယ်ရပ်တည်နိုင်မလဲ… ကျွန်တော်ဆို တစ်ခါလားပဲ [...]
Filed under: Flower | 11 Comments »
Posted on February 20, 2009 by layma
ဒီမြေ နဲ့ ဒီခြံကို ကျွန်မတို့ ရဲ့ အိမ်… ကျွန်မတို့ ရဲ့နေရပ်… ကျွန်မတို့  ခေါင်းချမယ့်နေရာလို့  ကျွန်မတို့  အားလုံးက သတ်မှတ်ထားကြတယ်…။ ကျွန်မတို့ ထဲမှာ ဒီခြံမှာမွေးတဲ့ ငယ်မွေးခြံပေါက်တွေရှိပေမယ့် တော်တော်နည်းပါတယ်…။ အများစုကတော့ အိမ်ကြီးရှင်မက တစ်နေရာရာကနေ သယ်ယူလာတဲ့ သူတွေဖြစ်ပါတယ်…။ ကျွန်မကတော့ ဒီခြံမှာ အစွာဆုံး.. အနံ့ အပြင်းဆုံး ညမွှေးပန်း ဖြစ်ပါတယ်…။ ကျွန်မရဲ့ အရိုးအဆစ်တွေက မကြီးလွန်း မငယ်လွန်းတဲ့ အနေတော် အရွယ်အစားမှာ ရှိပြီး အုံနဲ့ ကျင်းနဲ့  ရှိနေတဲ့အပြင် ကျွန်မရဲ့ ရနံ့ ထုတ်နိုင်စွမ်းကို ယှဉ်နိုင်တဲ့သူ ဒီခြံထဲမှာ တစ်ပင်မှ မရှိတဲ့အတွက် ကျွန်မကအရောက်နောက်ကျပေမယ့် စွာတေးပန်း နေရာရခဲ့တယ်…။ ဒါတင်ဘယ်ကမလဲ… [...]
Filed under: Flower, Pieces | 11 Comments »
Posted on February 14, 2009 by layma
အစ်မ… ချစ်သူများနေ့  ဘာအစီအစဉ် ရှိလဲ
ဆံပင်တွေကို ပေါင်းတင်ဆေးနဲ့  စိတ်ရှည် လက်ရှည် သုတ်လိမ်း နေတဲ့ မိန်းကလေးက ရင်းရင်းနှီးနှီး စကားစလာချိန်မှာ မင်သက်ပြီး ဘာပြန်ဖြေရမှန်းမသိ …။
ဘာအစီအစဉ်ရှိပါလိမ့် … ဘာအစီစဉ်ရှိပါလိမ့် … ကမန်းကတမ်း ပြန်စဉ်းစားကြည့်တော့ … အိမ်ရှင်းမယ်… ဈေးဝယ်မယ်… တူလေးကို ထိန်းရမယ်…။ ဒါတွေကို အစီအစဉ်လို့  ခေါ်ပါ့မလား… လုပ်နေကျအလုပ်တွေကို အထူးအစီအစဉ်လို့  ပြောစရာအကြောင်းမှ မရှိတာပဲလေ…။
ဟင်… အင်း… ဟင်း…ဟင်း… အဲဒါ အစ်မနဲ့  မဆိုင်တော့ဘူးလေ… လူငယ်တွေနဲ့  ဆိုင်တာ….
တော်တော် ကဘောက်တိကဘောက်ချာနိုင်တဲ့ အဖြေပဲ…။
ခစ်…ခစ်… အစ်မကလည်း … လူငယ် မဟုတ်ဘူးလို့ ပြောရဲသေးတယ်… အစ်မက [...]
Filed under: Pieces, Seasonal Post | 21 Comments »
Posted on February 12, 2009 by layma
ထိုဗိသုကာသည် အိမ်ပုံစံကို ဒီဇိုင်းမဆွဲ … ပြည်သူ့ တပ်မတော်ကို ဒီဇိုင်းဆွဲ ပုံဖော်ခဲ့သည် …။
ထိုဗိသုကာသည် အဆောက်အအုံကို မတည်ဆောက် … ပြည်ထောင်စုကို တည်ဆောက်ခဲ့သည် …။
ထိုဗိသုကာသည် မြို့ ကွက်များကို နေရာမချ … မြန်မာနိုင်ငံတော်၏ ရပ်တည်မှုကို နေရာတကျ စီမံခဲ့သည် …။
ထိုဗိသုကာသည် ပုံဆွဲခဲတံကိုမကိုင် … သေနတ်ကိုကိုင်ခဲ့သည်….။
တက္ကသိုလ်နေ၀င်းရေးသားသော ပြည်ထောင်စု ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း စာအုပ်မှ … ထိုဗိသုကာ၏.. ဘ၀ကို ငြိမ်းချမ်းစွာ ဖြစ်သန်းလိုမှုကို ထင်ဟပ်ပြနေသော စာသားအချို့ ကို အပြာရောင်စာလုံးများဖြင့် ကူးယူဖော်ပြလိုက်ပါသည်…။
ငါတော့ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ် ။ တိုင်းပြည် အုပ်ချုပ်ရေးတာဝန်ကိုတော့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက် လူကောင်းတွေလွှဲပေးပြီး ငါကတော့ အနားယူရင်း စာရေးဆရာ [...]
Filed under: Seasonal Post, That's what I wanna say | 9 Comments »