ထိုဗိသုကာသည် အိမ်ပုံစံကို ဒီဇိုင်းမဆွဲ … ပြည်သူ့ တပ်မတော်ကို ဒီဇိုင်းဆွဲ ပုံဖော်ခဲ့သည် …။
ထိုဗိသုကာသည် အဆောက်အအုံကို မတည်ဆောက် … ပြည်ထောင်စုကို တည်ဆောက်ခဲ့သည် …။
ထိုဗိသုကာသည် မြို့ ကွက်များကို နေရာမချ … မြန်မာနိုင်ငံတော်၏ ရပ်တည်မှုကို နေရာတကျ စီမံခဲ့သည် …။
ထိုဗိသုကာသည် ပုံဆွဲခဲတံကိုမကိုင် … သေနတ်ကိုကိုင်ခဲ့သည်….။
တက္ကသိုလ်နေ၀င်းရေးသားသော ပြည်ထောင်စု ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း စာအုပ်မှ … ထိုဗိသုကာ၏.. ဘ၀ကို ငြိမ်းချမ်းစွာ ဖြစ်သန်းလိုမှုကို ထင်ဟပ်ပြနေသော စာသားအချို့ ကို အပြာရောင်စာလုံးများဖြင့် ကူးယူဖော်ပြလိုက်ပါသည်…။
ငါတော့ လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ် ။ တိုင်းပြည် အုပ်ချုပ်ရေးတာဝန်ကိုတော့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက် လူကောင်းတွေလွှဲပေးပြီး ငါကတော့ အနားယူရင်း စာရေးဆရာ [...]
Filed under: Seasonal Post, That's what I wanna say | 9 Comments »