လေးမရဲ့ ရိုက်ချက်

 
ခြံထဲက စ + ဆုံး  မှာ ပုံတွေတင်ပေးမယ်လို့  အာလူးဖုတ်ပြီးသကာလ အားကုန်နေတဲ့ ကင်မရာလေးအားသွင်းပြီး ကြိုးစားပမ်းစားရိုက်ခဲ့ပါတယ်…။
ရိုက်နေကျမဟုတ်ဘဲ အရိုက်ခံနေကျဆိုတော့ ( ဓါတ်ပုံပြောတာနော် ) ကင်မရာ ရှုထောင့်လေးတွေက သိပ်တော့နေရာမကျ… ။
ဒါပေမယ့် သေချာတာက သဘာဝ အတိုင်းပဲ.. crop လုပ်ရုံက လွဲပြီး ဘာမှ ပြင်မထားတဲ့ သစ်ပင်ပန်းပင်တွေရဲ့ သဘာဝအလှ…။
ကိုယ်တိုင်ရိုက်ထားတဲ့ ပုံလေးတွေလဲ ရှိနေပြီဆိုတော့ မပန်ဒိုရာလို ဘန်နာလေး ပြောင်းရင်ကောင်းမလားမသိဘူး..။ ။

Vivian ကို ကြည့်ပါ …

လေးမတို့ ငယ်ငယ် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အင်မတန်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား Pretty Woman ကို မှတ်မိကြဦးမယ်ထင်ပါတယ်…။ အချစ်ဟာ မညီမျှတဲ့ လူနှစ်ယောက်ကြားမှာ ညီညီမျှမျှ ပေါ်ပေါက်လာနိုင်တဲ့ အကြောင်း လှလှပပ ပီပီပြင်ပြင် ပြသွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်…။ ဇာတ်ကားထဲမှာ အချစ်ထက်ပိုပြီး သတိပြုစရာတွေပါပါတယ်…။ Vivian ဆိုတဲ့ လမ်းပေါ်က မိန်းမ ( ခပ်ရိုင်းရိုင်းပဲ သုံးပါရစေ ) ရဲ့ ၀တ်စား ဆင်ယင်မှု.. အပြုအမူ… အနေအထိုင်.. တွေဟာ ယူတတ်ရင် ဆင်ခြင်စရာ ဖြစ်ပါတယ်…။

http://www.hotflick.net/movies/1990_Pretty_Woman.html
Edward က Vivian ကို အဆင့်မြင့်ဟိုတယ်ထဲ မ၀င်ခင်  ကုတ်အကျီင်္ကို ခြုံ ခိုင်းပါတယ်…။ Vivian ရဲ့ အ၀တ် အစားက ရှက်စရာ ကောင်းနေလို [...]

ဟိုးတုန်းက ဒုက္ခ.. အခုတော့ဟာသ

ကြွေးရှင် ကြောင်မျိုးက စီပုံးမှာ တညောင်ညောင် အော်လှပြီ… ။ ကြာရင်ကြောင်ကိုက်ခံရတော့မယ်…။ တော်ကြာ စိတ်ဆိုးပြီး နောက်မရေးခိုင်းတော့ရင် ဒုက္ခ…။ အဲဒီခေါင်းစဉ်အတွက် ရေးစရာ အကြောင်းက Feeling 28 မှာ ရေးပြီးသားဖြစ်နေတယ်…။ အကြောင်းအရာအသစ် ရှာမရဘူး ဖြစ်နေတယ်…။ ဒုက္ခ မကြုံဖူးလို့  မဟုတ်ပါဘူး…။ ကြုံဖူးတဲ့ ဒုက္ခက ဟာသမဖြစ်တဲ့ ဒုက္ခတွေ ဖြစ်နေတယ်..။ ပြန်တွေးမိတဲ့ အချိန်တိုင်း နာကျင်နေရတဲ့ ဒုက္ခမျိုးပဲ ပိုင်ဆိုင်ပါတယ်…။  ဒါကြောင့် အဟောင်းလေးကို  ( ဆားချက်တယ်ပဲ ဆိုဆို… ) ပြန်ကူးပေးလိုက်ပါတယ်…။
အဲဒီနေ့က သတို့သမီးလေး သိပ်လှနေတာပေါ့( ကိုယ့်ကိုယ်ကို ထင်တာ )..။ မြန်မာသတို့သမီး ၀တ်စုံလေးနဲ့ မင်းသမီးလေးလို ၀တ်ထားတာလေ…။
ဝတ်စုံဝတ်ပြီးသွားတဲ့ အချိန်မှာ အရမ်းစိတ်လှုပ်ရှားလာပြီး Rest [...]