ဟိုးတုန်းက ဒုက္ခ.. အခုတော့ဟာသ

ကြွေးရှင် ကြောင်မျိုးက စီပုံးမှာ တညောင်ညောင် အော်လှပြီ… ။ ကြာရင်ကြောင်ကိုက်ခံရတော့မယ်…။ တော်ကြာ စိတ်ဆိုးပြီး နောက်မရေးခိုင်းတော့ရင် ဒုက္ခ…။ အဲဒီခေါင်းစဉ်အတွက် ရေးစရာ အကြောင်းက Feeling 28 မှာ ရေးပြီးသားဖြစ်နေတယ်…။ အကြောင်းအရာအသစ် ရှာမရဘူး ဖြစ်နေတယ်…။ ဒုက္ခ မကြုံဖူးလို့  မဟုတ်ပါဘူး…။ ကြုံဖူးတဲ့ ဒုက္ခက ဟာသမဖြစ်တဲ့ ဒုက္ခတွေ ဖြစ်နေတယ်..။ ပြန်တွေးမိတဲ့ အချိန်တိုင်း နာကျင်နေရတဲ့ ဒုက္ခမျိုးပဲ ပိုင်ဆိုင်ပါတယ်…။  ဒါကြောင့် အဟောင်းလေးကို  ( ဆားချက်တယ်ပဲ ဆိုဆို… ) ပြန်ကူးပေးလိုက်ပါတယ်…။

အဲဒီနေ့က သတို့သမီးလေး သိပ်လှနေတာပေါ့( ကိုယ့်ကိုယ်ကို ထင်တာ )..။ မြန်မာသတို့သမီး ၀တ်စုံလေးနဲ့ မင်းသမီးလေးလို ၀တ်ထားတာလေ…။

ဝတ်စုံဝတ်ပြီးသွားတဲ့ အချိန်မှာ အရမ်းစိတ်လှုပ်ရှားလာပြီး Rest room ခဏ၀င်မယ်ဆိုပြီး ၀င်လိုက်ပါတယ်…။

ရေချိုးခန်းထဲရောက်တော့ လက်ထဲက tissue လေး ပြုတ်ကျသွားလို့ ကုန်းကောက်လိုက်တယ်…။

အဲဒီမှာ သွားရော..ကျပ်နေအောင်ချုပ်ထားတဲ့ အကျီင်္က လက်မောင်းချုပ်ရိုးတွေ ပြုတ်ကုန်ရော…။

ငိုမဲ့မဲ့ နဲ့ ရေချိုးခန်းထဲက ပြန်ထွက်လာတဲ့ သတို့သမီးကိုကြည့်ပြီး အားလုံးလန့်သွားပါတယ်…။

အပ်ချည်အ၀ါရှာပြီး ၀တ်ထားတဲ့ အကျီင်္မှာ လက်နဲ့ ကိုယ်ထည်ပြန်တွဲပေးနေတော့ အပ်စူးမှာလည်းကြောက်…

တောင်ရှည်..ခေါင်းပေါင်းနဲ့ သတို့သားကလည်း ပြီးသေးဘူးလား… အချိန်နီးနေပြီ ဆိုပြီး အပေါက်ဝမှာ ရစ်သီရစ်သီလာလုပ်နေတော့ ဇောချွေးတွေ ပိုးပိုးပေါက်ပေါက်ကျလာပါတယ်…။

မိတ်ကပ်မာမီကတော့ ချွေးပြန်နေတဲ့ မျက်နှာကို မိတ်ကပ်လိုက်ဖို့ရင်း သမီးလေး.. စိတ်လျှော့ထား… ဘာမှ မဖြစ်ဘူး..အေးအေးဆေးဆေးပဲ… လှလှလေးပြုံးနေ လို့ပြောပါတယ်…။

သူတို့ပြင်ဆင်တာပြီးတာနဲ့ စိတ်မြန်တဲ့ သတို့သမီးဟာ ထိုင်မသိမ်းကို မပြီး မိတ်ကပ်ခန်းအပြင်ဘက်ကို ဇိုးဇိုးဇတ်ဇတ်နဲ့ ထွက်လိုက်ပါတယ်…။

ပွဲထွက်ဖို့ သတ်မှတ်ထားတဲ့ အချိန်ရောက်နေပြီမို့ စတိုင်လ်နဲ့ မလျှောက်နိုင်တော့ပါဘူး…။

မိတ်ကပ်မာမီတစ်ယောက်က ဟဲ့..သတို့သမီး..ဖြည်းဖြည်း ..စိတ်လျှော့….နဲ့ အော်ရှာပါတယ်…။

သတို့သားနဲ့ လက်ချင်းချိတ်လိုက်မှပဲ သူတို့သမီး ဣနြေ္ဒရသွားပါတယ်…။

ခန်းမထဲကို ၀င်ဖို့ လှေကားကဆင်းလာပါတယ်…။

ဗွီဒီယိုရိုက်တဲ့သူက အော်တယ်… စကားလေးပြောပြီး ဆင်းလာပါ..အသက်ဝင်အောင်လို့ပါ တဲ့…

သူကငဲ့ကြည့်ပြီး..

ပျော်လား..

အင်း…အဟင်း…ဟိုလေ …. စူးနေတယ်

ဟင်..ဘာလဲ…ဘာစူးတာလဲ…

ပြုံးပြုံးလေး ခင်ဗျာ တဲ့ ( ဓါတ်ပုံဆရာက အော်နေတယ်)

ဟိုလေ.. ထိုင်မသိမ်းမှာ ထိုးထားတဲ့ ပင်အပ်..ပင်အပ်တွေက ခြေလှမ်း လှမ်းလိုက်တိုင်း စူးနေလို့…

.ဟင်… ဘယ်လိုလုပ်ကြမလဲ

ဘယ်လိုမှ လုပ်လို့မရတော့ဘူးလေ…

အသာလေးထိန်းလျှောက်နော်…မဲ့ရင် ဓါတ်ပုံထဲမှာ မလှဘဲနေမှာနော်… သည်းခံလိုက်နော် …တဲ့…။

အခွေထဲမှာ အသံမပါလို့သာ တော်တော့တာပေါ့…။

လှချင်ပါတယ်ဆိုမှ အဲဒီနေ့က ……။

အော် ….. မင်္ဂလာဆောင်တယ်ဆိုတာ ထင်သလောက်မလွယ်ပါလားနော်…။

အဲဒီတုန်းက ကျပ်ထုပ်နေတဲ့ သတို့ သမီး ၀တ်စုံအောက်မှာ အသက်ရှူလိုက်ရင် ချုပ်ရိုးတွေ ပြုတ်ထွက်ကုန်မလားလို့  တွေးပူပြီး အသက်တောင် ရဲရဲ မရှူရဲခဲ့တဲ့ ဒုက္ခ…၊ ပင်အပ်စူးလို့  လမ်းလျှောက်ရခက်တဲ့ ဒုက္ခ..၊ အခါတော်… ဆိုတဲ့ သီချင်းသံကြားတော့ ငိုချင်သလိုလို… ဗိုက်နာသလိုလို…ဖြစ်လာတဲ့ဒုက္ခ၊  ပြုံးလိုက်တိုင်း တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းတွေကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတဲ့ ဒုက္ခ… အဲဒီဒုက္ခတွေက အခုကျတော့ ဟာသ … လွမ်းရတဲ့ဟာသ …။ ။

မှတ်ချက်။ ။ မင်္ဂလာဆောင်တာများ. အဲသလောက်တောင် စိတ်လှုပ်ရှားရသလားလို့  လာမပြောနဲ့ …။ အဖြေရှိပြီးသား… သမီးမှ မဆောင်ဘူးတာ……….လို့ ….။ :P

13 Responses

  1. တကယ့်အဖြစ်အပျက်ဆို ဟာသ မဟုတ်တာတော့ သေချာတယ်…

  2. ဖတ်ဖူးပြီးသားကြီး အပေါ်က နိဒါန်း နဲ့ အောက်က နိဂုံးကတော့ အသစ်ပေါ့ ။
    သာမီး က မင်္ဂလာမဆောင်ဖူးဘူးလား ဘဘ ကတော့ ခဏခဏကို ဆောင်ဖူးပါ့ သက်မွန်မြင့် နဲ့ ဆောင်လိုက် မယ်လိုဒီနဲ့ ဆောင်လိုက် အိပ်မက်ထဲမှာ ဟီးဟီး ရေးပေးတာ ကျေးဇူးပါ ကြောင်မကိုက်တော့ပါဘူးး မင်္ဂလာဆောင်ရင် စိတ်လှုပ်ရှားတယ်လား တစ်ခါလောက်တော့ တကယ်ဆောင်ကြည့်အုံးမှ တွေးကြည့်တာ နဲ့ တင်ရှက်စရာကြီး :P

  3. . . .း-)
    တော်တော်စိတ်ရှုပ်နေမှာ မြင်ယောင်ပါတယ်။ ဒါပေမယ့် ပျော်လည်းပျော်တယ်ဟုတ်. . .
    ပြောခဲ့တဲ့စကားတွေက တခြားအကြောင်းဆို မှတ်မိချင်မှ မှတ်မိနေမှာ . . .

  4. မြင်ရောင်ကြည့်တာဟီဟီးတော်တော်လေးနေရခက်မှာပဲဟိဟိဟိ
    အနော်ကတော့မဂ်လာဆောင်ရမှာရှက်လို့ဟီး

  5. အမှတ်တရပေါ့.. အမြဲတမ်းမင်္ဂလာဆောင်တဲ့နေ့အကြောင်းပြောရင် သတိတရရှိတာပေါ့.. ပျော်စရာကြီးနော် မမ

  6. ဖတ်ဖူးပါတယ် မှတ်နေတာ သတို့သမီးရယ်။ ဆားချက်တာကိုး :D ။ အမြဲတမ်း အမှတ်တရလေး ဖြစ်သွားတာပေါ့။

  7. ဟီ ဟီ ဖတ်ဖူးတယ် ၊ တကယ်ပဲများရမယ့် နေ့ကျမှ ဖြစ်ရလေ :-)

  8. ဒီပို့စ်ဖတ်ဖူးတယ်.. :D မင်္ဂလာဆောင် ၀တ်စုံနဲ့ အနေခက်နေတဲ့ လေးမကို နောက်တစ်ခါ မြင်အောင် ကြည့်သွားတယ် ညီမလေးရေ… အမတုန်းက ဘုန်းကြီးကျောင်းမှာ ဆိုတော့ ဧည့်သည်တွေ ဧည့်ခံနေရတာနဲ့ နေ့လည်စာ ထမင်းကို ဟုတ်တိပတ်တိ မစားလိုက်ရတာ မှတ်မိသေးတော့တယ်.. :)

  9. အော် လေးမ လေးမ နင့်အထုတ်ကို နင်ဖွင့်ချလိုက်ပီပေါ့ ခစ်ခစ် လုပ်ပီ ငါတော့ အိတ်တုန်းက အဖြစ် မှတ်မိတုန်း နင့်ရဲ့ မျက်နှာကြီးလည်း မြင်ယောင်တုန်း ဟီး လေးမလေ တခြားသူမှ မဟုတ်တာ ဟီး ဒါပေမယ့် နင်အရမ်းလှတာ ဘယ်သူမှ မညင်းနိုင်ပါဘူးဟ ဟီး ချုပ်ရိုးပြုတ်ပေမယ့် လှဆဲပါ ဟီး

    မိ

  10. ဖတ်ဘူးတယ်..ရင်ခုန်စွာနဲ့ုပြုံးသွားတယ်..

  11. တစ်ကယ်ပါပဲ.။ မင်္ဂလာမှ မဆောင်ဘူးတာကိုး နော. :D

    အရင်တစ်ခေါက် ဖတ်တော့ တစ်မျိုး၊ အခုတစ်ခါ ဖတ်တော့ တစ်ဖုံ. ရသစုံတယ်ဗျာ။

  12. ဖြစ်ရမယ် ငါတို့အစ်မကတော့… ဒါပေမယ့် အခုတော့ လွမ်းမောပျော်ရွှင်စရာတွေပဲ မဟုတ်လား…။ :D

  13. မင်လာတောင် ဆောင်ပြီးတွားဘီ.. ဂိန်..:P

Leave a Reply