ခြံထဲက စ + ဆုံး မှာ ပုံတွေတင်ပေးမယ်လို့  အာလူးဖုတ်ပြီးသကာလ အားကုန်နေတဲ့ ကင်မရာလေးအားသွင်းပြီး ကြိုးစားပမ်းစားရိုက်ခဲ့ပါတယ်…။
ရိုက်နေကျမဟုတ်ဘဲ အရိုက်ခံနေကျဆိုတော့ ( ဓါတ်ပုံပြောတာနော် ) ကင်မရာ ရှုထောင့်လေးတွေက သိပ်တော့နေရာမကျ… ။
ဒါပေမယ့် သေချာတာက သဘာဝ အတိုင်းပဲ.. crop လုပ်ရုံက လွဲပြီး ဘာမှ ပြင်မထားတဲ့ သစ်ပင်ပန်းပင်တွေရဲ့ သဘာဝအလှ…။
ကိုယ်တိုင်ရိုက်ထားတဲ့ ပုံလေးတွေလဲ ရှိနေပြီဆိုတော့ မပန်ဒိုရာလို ဘန်နာလေး ပြောင်းရင်ကောင်းမလားမသိဘူး..။ ။
Advertisement
Filed under: Flower




အမ တုံးလိုက်ပုံများလေ.. ညမွှေးပန်းကို အမ အခုမှ သေချာမြင်ဖူးတော့တယ်.. ပန်းနဲ့ နာမည်မတွဲမိတာ.. စံပယ်ပန်းရယ် သနပ်ခါးပန်းရယ် မြင်လိုက်ရတော့ ပန်းနံ့လေးတွေကိုပါ သတိရပြီး လွမ်းမိတယ်.. ကြာပန်းလေးလည်း လှတယ်.. ပန်းတိုင်း လှတယ် ညီမလေးရေ…. ပန်းတို့ရဲ့ အိမ်ကြီးရှင်မပုံလည်းပါဘူး..
ဟုတ်တယ် ဟုတ်တယ် မနုစံပြောတာ ထောက်ခံတယ် ပန်းတို့ရဲ့ အိမ်ကြီးရှင်မပုံ လည်းတင်ပါဦး ..
ကြည့်ရတာ စိတ်ထဲ လန်းဆန်းသွားတာပဲ ။
တီကြွက် ခြံလေးက ချစ်စရာကောင်းမှာ
ပန်းတွေကိုလာကြည့်တယ်
ပန်းတွေကို အချိန်ပေးပြီး ချစ်တဲ့ နှလုံးသား
ထာဝရ အေးမြ လှပစေသား။
မလေး…
ဓါတ်ပုံလှလှလေးတွေ လာခံစားမိတယ်
အရမ်းလှတာဘဲ…း)
with love…
ပန်းလေးတွလှလိုက်တာ. မမ
ပန်းပျိုးသူရဲ့ ရိုက်ချက်ပေါ့ ၊ ငယ်ငယ်တုံးက ခြံထဲမှာ သနပ်ခါးပင်ရှိသေးတယ် ၊ အဖွားဆို သိပ်ကြိုက်
လက်စွမ်းတွေပြနေပါလား..။ အားကျမခံ ရိုက်ထားတာလေးတွေ ထုတ်ကြွားမှနဲ့တူတယ်
(မှတ်ချက်။ သဘောကျပါက အငှားရိုက်သည် baseball တုတ်နဲ့
)
ကျုပ်အိမ်နောက်မှာတော့ ဒူးလောက်မြင့်တဲ့ မြက်ရိုင်းတွေရယ်၊ အိမ်နံရံမှာ လူတစ်ရပ်လောက်မြင့်တဲ့ ညောင်ပင်ရယ်။ ဆူးတွေရှိတဲ့ သံပရာပင်လိုလို ဟာရယ်၊ လေတိုက်လို့ လဲသွားတဲ့ သရက်ပင်ကြီးရယ် ရှိသဗျ
အစ်မ…
အစ်မတို့ ခြံကအကျယ်ကြီးလားဟင်။ ချစ်စုလာလည်မယ်။ အစ်မအိမ်ကို။ အစ်မတို့ စုံတွဲပုံတင်လေ။ နောက်ဆို ပုစုခရုလေး တွေကော …
ညီမက ညမွှေးပန်းကြိုက်ပေမယ့် အပွင့်ကို သေချာမမြင်ဖူးသေးဘူး။ ခုမှ။ သနပ်ခါးပန်း၊ ပိန်းပန်းတွေကို ကြိုက်တယ်။ လွမ်းလိုက်တာ။
စပယ်၊ ကြာ၊ သစ်ခွ တွေကတော့ ခဏခဏမြင်နေသလိုလို။ စိတ်ထဲစွဲနေတာလားမသိ။ ပန်းဆိုတာကတော့ မကြိုက်မရှိဘူးလေ။
ကြိမ်ထန်း၊ ငါးရိုး၊ ကျောက်ခက်၊ ကွမ်းပွား၊ ကျူးဘား၊ မလေးမ စင်ပေါ်တင်ပေးလိုက်တဲ့ စတားများကို မှတ်သားသွားပါကြောင်း။
ကိုဘလက်ကြီး ကြော်ငြာပုံကတော့ လုပ်ငန်းအောင်မြင်မယ်း-)
ငယ်ငယ်တုန်းက အိမ်ရှေ့မှာ ညမွှေးပန်းပင် ရှိပေမယ့် အခုပုံကို ပြန်တွေ့တော့ အဲဒီပန်းပုံကို လုံးဝမမှတ်မိတော့ဘူး။ ကြာပန်းအရောင်လေး အရမ်းလှတယ်။
အစ်မရဲ့..ရိုက်ချက်ကတော့ အပြင်းစားပဲ.
မိုက်တယ် ပုံတွေအားလုံး။ အိမ်က စံပယ်ခြုံကို သွားသတိရတယ်ဗျို့။
ခြံလေးက တော်တော်လှမှာပဲနော်.. ပုံထဲမှာတောင် အပင်လေးတွေက တော်တော်လှတယ်.။
အစ်မ… တစ်လက်စတည်း ကျွန်တော်တို့ အဖွဲ့အတွက် ထန်း ၅ ပင်လောက်ပါ စိုက်ပေးပါလား…. အဟိ…။
မလေးရေ …
ပုံလေးတွေကမိုက်တယ် … အဲ့လိုခြံလေးနဲ့နေချင်တာ … တခါမှမနေဖူးဘူးရယ် …
လာတယ်.. ကော်မန့်ထပ်ပေးကြည့်တယ်..
စာဟောင်းတွေလည်း ပြန်ဖတ်ခွင့်ရလို့ ၀မ်းသာတယ်..
အရင်လို ပြန်အဆင်ပြေပါစေလို့ ဆုတောင်းသွားပါတယ်..
အမကြီးရေ တအားဝမ်းသာတယ်ဗျ

အစစအဆင်ပြေပါစေခင်ဗျာ
သင်္ကြန်တွင်း ရိပ်သာဝင်မလို့ဆို
စာရေးတယ်ဆိုတာ အပြစ်ကင်းတဲ့ အပန်းဖြေနည်း တစ်မျိုးလဲ ဟုတ်ပါတယ်လေ
အမလေးမမှာ စာရေးချင်တဲ့ရောဂါ စွဲကပ်နေပီ ကုလို့မရတော့ဘူးမှတ်
ပျော်ရွှင်ချမ်းမြေ့ပါစေ