Thingyan Experience

သင်္ကြန်.. ။ သင်္ကြန် ရောက်တော့မည်..။
ပျော်သည် … မျှော်သည် …။
သင်္ကြန်ရောက်ရင်ပျော်သည်… နှုတ်ခမ်းနီဆိုးရတာ ပျော်သည်… အ၀တ်အစား ထွင်ဝတ်ရတာပျော်သည်… ရေတွေ စိုရွှဲသွားရတာ ပျော်သည်… ရေစိုအောင် လောင်းရတာ ပျော်သည် … ။
သင်္ကြန်ရဲ့ အနှစ်သာရကို အနှစ်သာရမှန်း သတိမထားမိသော်လည်း ပျော်သည်.. ပျော်ခဲ့သည်… ။
ထိုစဉ်က ကျွန်မ အသက် ၁၅ နှစ်…။
၃ ရက်စာသင်္ကြန်ပွဲတော်အတွက် ၀တ်စုံ ၆ စုံ စဉ်းစား ပူဆာရသည်…။ မနက်တစ်ပိုင်း.. ညနေတစ်ပိုင်း … မဏ္ဍပ် မှာ ရေပက်လျှင် ၀တ်ရန်ဖြစ်သည်…။ အသစ်ကတော့ တစ်စုံသာရသည်…။
လမ်းထိပ် မဏ္ဍပ်က ကက်ဆက်သံထွက်လာတာနဲ့  လူက လှုပ်ရွလှုပ်ရွ… အမေ့မျက်နှာကို ကွက်ကြည့်ကွက်ကြည့် လုပ်မိတော့… တစ်မနက်လုံး [...]