ကမ္ဘာအစစ်မှာ တိတ်တိတ်ဆိတ်ဆိတ်ကလေး နေလာတာ အတော်ကြာခဲ့ပါပြီ … ။ ဘာလို့လဲဆိုတော့ လူတွေကို ကြောက်လို့ … ။ ဒါလေးပြောလိုက်ရင် စိတ်ဆိုး သွားမလား … ပြောသင့်ရဲ့လားဆိုတာတွေ ချိန်ဆရလွန်းလို့  စကားလုံးတွေလည်း ခြောက်သွေ့ ကုန်တယ် … ။ အတွေးတွေ အမြင်တွေကို သိုဝှက်ရလွန်းလို့ ကိုယ်ပိုင်ဆိုတာ ပျောက်ကွယ်လု နီးပါးဖြစ်လာတယ် … ။ ပြုံးရုံသာပြုံးတတ်တဲ့ နှုတ်ခမ်းတွေအတွက် ငါ ဟက်ဟက်ပက်ပက် ရယ်မောတတ်ရဲ့လား လို့  မေးစရာ ဖြစ်လာခဲ့တယ် … ။ ဂုဏ်သိက္ခာ ဆိုတာကြီးကို ငဲ့ညှာပြီး ခပ်တည်တည် အနေကြာလာတဲ့အခါ ငါဟာ လူငယ်တစ်ယောက် ဟုတ်သေးရဲ့လားလို့ သံသယ ၀င် လာခဲ့တယ် … ။ ကိုယ့်ကိုယ်ကို motivate လုပ်ဖို့လိုအပ်လာပြီဆိုတာ သေချာလာတဲ့တနေ့ မှာ ထင်တာတွေ မြင်တာတွေကို ချရေးမိလာတယ် ( zorpia မှာလေ…) ။ နောက်တော့ လွတ်လပ်နယ်မြေအဖြစ် ကမ္ဘာအတုလေးတစ်ခုကို ဘာမှသိပ်မသိဘဲ ကြိုးစားပမ်းစား … အချိန်နဲ့  စွမ်းအင်တွေ စိုက်ထုတ်ပြီး ဖန်တီးတည်ဆောက် ခဲ့တယ် …။ ငါရေးချင်တာရေးမယ် … ငါလုပ်ချင်တာလုပ်မယ်လို့ ရည်ရွယ်ခဲ့ပေမယ့် တကယ်တမ်းကျတော့ အဆိပ်ကင်းအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ် … ။ ခင်မင်ရသူတွေ တောင်းဆိုလာတဲ့ အကြောင်းအရာတွေကိုလည်း တလေးတစား တုန့် ပြန်ဖြစ်ခဲ့တယ် …။ တခါတလေ ကျတော့ ကျောင်းတုန်းက ငါဒီလိုနေခဲ့တာ လို့ ကိုယ့်ကိုယ်ကို ပြန်သတိပေးချင်တဲ့အခါ ဒိုင်ယာရီတွေ ရေးဖြစ်ပြန်တယ် …။ ဒီလိုနဲ့  ချမ်းမြေ့ စွာ ခရီးဆက် နေလိုက်တာ ဗြုန်းခနဲ ငလျင်ဘေးသင့်သွားတဲ့ ကမ္ဘာလေးမှာ ခြေချဖို့ ခက် သွားတယ် …။ ကြိုးစားပမ်းစား ပြုပြင်ပြီး ပြန်လည် ရှင်သန် နေထိုင်ကြည့်ပေမယ့် အရင်လို ပြန်မဖြစ်လာတဲ့အခါ နယ်မြေသစ်ကိုရှာဖွေခဲ့ပါတယ် …။ ပို့ စ်လေးတွေပိုက်ပြီး တစ်နိုင်ငံပြီးတစ်နိုင်ငံ ၊ တိုင်းပြည်တစ်ခုပြီး တစ်ခုခြေဆန့် လာလိုက်တာ ဒီနေရာအရောက်မှာ အခြေစိုက်ဖို့ အိမ်ဆောက်လိုက်မိတယ် …။
When one door is shut , another opens. ဆိုတာလေးကြားဖူးတယ် … ။ တံခါးတချပ်ပိတ်သွားတဲ့ အတွက် တံခါးတချပ် ထပ်ဖွင့်လိုက်တာပါပဲ … ။ ဒီကမ္ဘာ အသစ်လေး ကလည်း အတုလေးပါပဲ …။ အတုဟာ ဘယ်တော့မှ အစစ်ဖြစ်မလာဘူး ဆိုပေမယ့် သံယောဇဉ် အစစ်အမှန်တွေနဲ့  ခရီးဆက်လိုက်ဦးမယ် …။ ။
ဗလာနတ္တိ အထုပ်လေးကို သယ်ပိုးပြီး ခရီးသွားနေသော ခရီးသည် (ခရီးဆုံးက သေခြင်းပါ … ခရီးမဆုံးခင်တော့ အထုပ်ထဲမှာ တစ်ခုခုပါအောင် လုပ်ရမယ်)
လေးမ
အင်း..
ဒီလိုမဖြစ်ရင်ဟိုလိုလုပ်မယ်ဆိုတဲ့ မြန်မာတွေရဲ့ စိတ်ဓာတ်ကိုတားဆီးလို့မရဘူးလေ..
အဲဒါ..မြန်မာတွေရဲ့ဇွဲပဲ
မလေးမ တို့နေရာသစ်မှာ အခြေချနေတာပေါ့
အင်း ….စာကလေးတို့ကတော့ခံစားလာတာနှစ်တွေကြာခဲ့ပြီ
ဆိုတော့ဟိုပြောင်ဒီပြောင်းတော့မလုပ်ချင်တော့ပါဘူးလေ…
ပိတ်ဆို့ခံနေရတာတွေကများလွန်းလို့အရေထူနေပါပြီအမရာ..
စာကလေးရေ..ပိတ်ထားရင်..ဖောက်လိုက်ပေါ့…အတောင်ပံတွေရှိနေတာပဲ