အတုယူကြရအောင်……

လေးမတို့ မြန်မာလူမျိုးတွေက အတုခိုးတဲ့နေရာမှာ သိပ်တော်တာ…..လေးမတောင်ခု သူများတွေကိုအတုခိုးပြီး blog ရေးနေပြီ …..။ ဒီနှစ်တွေမှာ Korea ကားတွေချည်းဘဲကြည့်နေရတော့ မြန်မာတွေ Korea ရေစီးကြောင်းထဲတော်တော်မျောပါကုန်ပြီ…..ဈေးဝယ်ရင်တောင် Korea-made ဆိုတဲ့ဝေါဟာရနဲ့ ကိုင်ပေါက် ခံနေရတယ်…..။ ကောင်မလေးတွေက Korea မင်းသမီးတွေလို ၀တ်ကြတယ်…..။ Hair style , make-up စတဲ့ ပြင်ဆင်ခြယ်သမှုအားလုံးဘဲ…..။ ကောင်လေးတွေလဲ Korea style ဘဲ…..။ ဆံပင်ကိုအရောင်ဆိုးပြီး စုတ်တိစုတ်ဖွားလေးတွေ ညှပ်ထားကြတယ်…..။ အရင်က ဆံပင်တိုတိုထောင်ထောင်လေးနဲ့ နာမည်ကြီး vocalist တယောက်တောင် Korea style ဆံပင်နဲ့ဖြစ်နေပြီ…..။ သူရဲ့ Liveshow တစ်ခုဆိုရင် Rain ရဲ့ Liveshow နဲ့  တော်တော်ဆင်တယ်…..။
ဒါပေမယ့် မြန်မာတွေ အတုမယူကြသေးတာ တစ်ခုကျန်နေသေးတယ်…..။ အဲဒါက…..“ကျေးဇူးတင်ပါတယ်” လို့  ခဏခဏ ပြောတတ်တဲ့အကျင့်လေးပါ…..။ လေးမတို့ မြန်မာတွေကယဉ်ကျေးကြပါတယ်….. ဒါပေမယ့်တချို့  နေရာတွေမှာ “ကျေးဇူးတင်ပါတယ်” ပြောဖို့ ဝန်လေးနေကြတယ်…..။ စားသောက်ဆိုင်မှာ မှာထားတဲ့ဟင်းလာချတဲ့အခါမျိုး ၊ ဆိုင်တဆိုင်မှာ ကိုယ့်စိတ်ကြိုက်ဝန်ဆောင်မှုရပြီး ကိုယ့်စိတ်ကြိုက်ဝယ်ပြီး ပြန်ထွက်လာတဲ့အခါမျိုး ၊ ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ် ပြီးတဲ့အခါမျိုးတွေပေါ့…..။ မာနကြီးတာလား….ပိုက်ဆံပေးထားတာ ပြောစရာမလိုဘူးလို့  ထင်လို့ လား မသိဘူး…..။ Korea movie တွေထဲမှာ “ကျေးဇူးတင်ပါတယ်….ရောင်းကောင်းပါစေ…” ဆိုတာလေးတွေ တွေ့ ရတာ သိပ်ချစ်ဖို့ ကောင်းတာဘဲ…..။ လေးမတို့အတုယူကြရအောင်ပါ……။
မြန်မာတွေလို မယဉ်ကျေးဘူးလို့  သတ်မှတ်ခံရတဲ့ အနောက်တိုင်းသားတွေတောင် “Thank You” ကို ရေလဲ သုံးကြတယ်…..။ American ကားတကားမှာ ဇနီးက ခင်ပွန်းကို breakfast အတွက် coffee ဖျော်ပေးပြီးတော့ “here’s coffee” ပေါ့…အဲတော့ခင်ပွန်းလုပ်တဲ့သူက “thank u,honey..u r so kind” တဲ့…..။ လေးမတို့  ဆီမှာ အိမ်ဦးနတ် ဘယ်နှစ်ယောက်ကများ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ ဇနီးသည်ကို “thanks”လို့ဘယ်နှစ်ခါများ ပြောဘူးပါသလဲ….။ တစိမ်းတွေမှမဟုတ်ဘဲလို့  ဆင်ခြေ မပေးပါနဲ့ …။ သူလုပ်ရမယ့်အလုပ်ကို သူလုပ်နေတာ ဘာအဆန်းလုပ်ပြီး ပြောရမှာလဲလို့  တွေးထားကြတယ် မဟုတ်လား…..။ အဲဒီလောက်ကြီး နေရာတကာ လိုက်ပြောနေစရာမလိုပေမယ့် တချို့  နေရာတွေမှာတော့ ပြောလိုက်ပါ…..“ကျေးဇူးတင်ပါတယ်” လို့ …..။ နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာပါလိမ့်မယ်…။
ကဲ……. အတုယူလိုက်ကြရအောင်…….။ ။

2 Responses

  1. ဟုတ်ကဲ့ အတုယူပါ့မယ် ၊ ကိုကောင်းကင်ကြီးက ကော်ဖီဖျော်တိုက်တာတောင် အစ်မကို ကျေးဇူးတင်ပါတယ် လို့မပြောဘူးပေါ့ … 🙂

  2. ကိုတင့်ကို အားကျမခံ လိုက်ပွက်တာပေါ့ ။ ဒီမှာက ဈေးဆိုင်ထဲဝင်တာနဲ့  ဆော်ဝါဒီခါ့ ဆိုပြီး ချိုချိုသာသာလေး နှုတ်ဆက်တယ် ၀ယ်လည်း၇တယ် မ၀ယ်လည်းရတယ် ဟိုမှာတော့လည်း ဆိုင်ထဲဝင်လိုက်တာနဲ့  သူတို့ ပစ္စည်းခိုးတော့မလိုကြည့်ခံလိုက်ရတာ ၊ မ၀ယ်ပဲထွက်ကြည့်ပါလား 😛

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: