Sydney Opera House

Sydney ဆိပ်ကမ်းမှာ သဘောင်္ကြီး တစ်စင်း ရပ်ထားပါတယ်…..။ သဘောင်္ကြီးထဲမှာ ဂီတသံတွေနဲ့  စိတ်ဝင်စားစရာ ကမ္ဘာလေးတစ်ခု ရှိနေပါတယ်…….။ ထို့ ကြောင့် ထိုအရာကို Sydney Opera Houseဟုခေါ်ပါသည်….။ Architect Jorn Utzon ကလိမ္မော်သီးစားရင်း idea ရသွားတယ်ထင်ပါရဲ့…..။ အဖြူရောင်လိမ္မော်ခွံ အခြမ်းတွေနဲ့  Opera House ကိုပုံဖော်ထားပါတယ်…….။ အပေါ်စီးက ကြည့်ရင် သဘောင်္ကုန်းပတ်ပေါ်မှာ လိပ် အကြီး ၊ အငယ် ၊ အလတ် သုံးကောင်တင်ထားသလို ထင်ရတယ် (လေးမရဲ့ အမြင်ပါ)….။ ဘေးတိုက်ကြည့်ရင်တော့ ခရုခွံလိုလို ၊ လိမ္မော်ခွံလိုလို shell (အခွံတော့အခွံဘဲ) တွေနဲ့  ပုံသွင်းပုံဖော်ထားတဲ့ ရုပ်တုရုပ်ကြွ တစ်ခုလို ခံစားရပါတယ်…..။ Architect က Sydney ရဲ့ bridge ကွေးကွေးကြီးနဲ့  လိုက်ဖက်ညီအောင် harmony ဖြစ်အောင် curve shape သုံးဖို့  စဉ်းစားခဲ့ဟန်တူပါတယ်…..။ အလွန်ရိုးရှင်းတဲ့ curve line များ ၊ တစ်ခုနှင့်တစ်ခု ပုံစံတူသော shell များကို သုံးထားပေမယ့် design ကငြီးငွေ့  စရာမကောင်းဘဲ ဆွဲဆောင်မှုရှိနေတယ်….။ ဘာကြောင့်လဲ…..။ လူတွေဟာ အပြောင်းအလဲကို နှစ်သက်တယ် …….အမြင်အာရုံမှာ အပြောင်းအလဲလေး မြင်လိုက်ရမှ စိတ်ဝင်စားတယ် ဆိုတဲ့အချက်ကို Architect က ကောင်းကောင်းသိပါတယ်…..။ ဒါကြောင့် design မှာ အပြောင်းအလဲလေးတွေ ထည့်ပေးထားပါတယ်……။ Shell တွေရဲ့ size နဲ့  လားရာ direction တွေကိုပြောင်းထားပါတယ်…..။ Harmony with variety ပေါ့ရှင်…..။ ရွှေတိဂုံစေတီတော်ကို မြင်ရင် မြန်မာပြည်ဆိုတာ သိကြသလို Sydney Opera House ကလည်း Australia ကိုကိုယ်စားပြုတဲ့ Landmark တစ်ခုအဖြစ် အောင်မြင်ခဲ့တဲ့ Design ဖြစ်ပါတယ်……..။ ။

2 Responses

  1. Jorn Utzon ရဲ့ ဂန္တ၀င်မြောက်လက်ရာနဲ့ သူ့ဘ၀ရဲ့ နာကျည်းစရာ အချိန်တွေကို တပြိုင်တည်းပေးခဲ့တယ့် အဆောက်အဦးပါပဲ။ သူ့ကို ၂၀ရာစုရဲ့ အကျော်ကြားဆုံး အာခီတက်တစ်ယောက်ဖြစ်လဲစေခဲ့သလို သူ့ကိုစိတ်အနာကြီးနာစေခဲ့တယ့်လက်ရာပါပဲ။ ဆက်ရေးပါ မလေးမ ရေ ကျွန်တော်သဘောကျတယ်။

  2. Thank u so much, brother…
    Pls share ur knowledge to me…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: