စာသင်ခန်းမှာ…

ဒိုင်ယာရီစာမျက်နှာ (၄)။ ။

စာသင်ခန်း အကြောင်းစဉ်းစားမိတော့…..
အတန်းရှေ့မှာ အုပ်စုလိုက်ထိုင်ပြီး ကျောင်းသူတွေကို စတတ်တဲ့ ကျောင်းသားတွေ…..
(မကြားချင်ယောင်ဆောင်၊ မပြုံးမိအောင်ထိန်း…ခပ်တည်တည်ဆက်လျှောက်…ဒါမှအင်ဂျင်နီယာကျောင်းသူ…)
ခုံတွေ ၊ နံရံတွေပေါ်က ပိုင်ရှင်မဲ့ စာသားတွေ…..(အဲဒီတုန်းက ကျောင်းသားတွေ ခု online မှာဘယ်နှစ်ယောက် လက်ဆော့နေကြလဲ သိချင်စမ်းပါဘိ….)
အခန်းထဲမှာ ၀ဲပျံနေတဲ့ စက္ကူမြှားလေးတွေ……(အကြမ်းတွက်ရန် အသုံးဝင်သည်….)
သင်ပုန်းပေါ်က စာတွေ….ကဗျာတွေ…..ရန်ဖြစ်သံတွေ…..(ရန်ကုန်သား ပဲသိပ်များ….မကောင်းပြောလဲ အကောင်းထင်….ဖီလင်တွေတက် အိပ်ရေးပျက်….ဒီလိုစာလေးတွေပေါ့)
ဒီအကြောင်းတွေ စဉ်းစားမိတော့ ဘာရယ်မဟုတ်ဘူး…..ကောက်ခြစ်ခဲ့ဖူးတဲ့ (ဘယ်သူမှ မသိလိုက်တဲ့) ကဗျာ တပိုင်းတစလေးက မှတ်ဥာဏ်ထဲမှာ ၀ိုးတ၀ါးပေါ်လာတယ်…..
လေးမရယ်….. Blog ထဲမှာနေပါရစေဆိုလို့  ရေးချလိုက်တော့မယ်…..အဆုံးမရှိ အစမရှိ ဘာမှန်းလဲမသိတဲ့ စာတိုစာစလေးပါ……….။ ။

“တချိန်က…
ငါ့ရင်ကို လှုပ်ခတ်….ငါ့စိတ်ကို ထိထ်လန့် စေ…ခဲ့
သူ့ အပြုံးကို ငါငေး….သူ့ စိတ်ကိုတွေးရင်း ….နဲ့ 
ငါ့အာရုံ ပျက်ပြား….ငါ့နှလုံးသား ကြွေသွားခဲ့……………….”

ကာတွန်းဖတ်ချင်သူများအတွက်….


*source: ကိုပြူးနှင့်မပြုံး (ကာတွန်းဝိဇ္ဇာဦးဘဂျမ်း)————————————————————–

လက်ဆော့တတ်သူများ သတိထား……………