အချစ်ဆုံး……မိ

ဒိုင်ယာရီစာမျက်နှာ (၅)။ ။

အဆောင်မှာ“မိ” နှင့် ဆုံသည်….ညီအစ်မလို ချစ်ခဲ့ကြသည်….၅ နှစ်လုံး အမြဲမခွဲဘဲ တွဲခဲ့ကြသည်…..။ “မိ” က ကျိုင်းတုံမှာမွေး ၊ ကျိုင်းတုံမှာကြီးတဲ့ တောင်ကြီးသူလေး……။ ရှမ်းစကားကောင်းကောင်းတတ်တယ်…..။ ဟထိုးသံ မပါတဲ့ အသံဝဲ၀ဲလေးကို စရင်းနောက်ရင်း ခင်သွားကြတာ…..။ အဆောင်မှာ ရှမ်းတွေက အများကြီး……။ သူတို့ ချင်း စကားပြောရင် ရှမ်းလိုပြောကြတယ်…..သူတို့  ပြောသမျှ ဘာမှနားမလည်ဘဲ မျက်လုံး ကလယ်ကလယ်နဲ့  နားထောင်နေရတာ မခံချင်လို့  “လေးမ” ရှမ်းစကားသင်ခဲ့တယ်……အလွန် အရေးပါတဲ့ စကား ၈ ခွန်းပြောတတ်တယ်…….။ ပထမနှစ်တုန်းက “လေးမ” နဲ့  “မိ” က တခန်းထဲ မဟုတ်ဘူး…..။ သူက“လေးမ” တို့  အပေါ်ထပ်မှာ…..။ သူ့  အခန်း ၀ရန်တာမှာ အဆောင်သူတွေထုံးစံ အတိုင်း မှန်သရဲ (glass spirit ) ခေါ် ပြီး ဗေဒင် မေးတဲ့ညကစပြီး ကြောက်လွန်းလို့  တယောက်ထဲ မအိပ်ရဲဘူးဆိုပြီး လေးမ ဆီရောက်လာတာ….( ငါ တော့ဖော်ကောင်လုပ်နေပြီ “မိ” ရေ) ။ ဒုတိယနှစ်မှာ အဆောင်မှူးကို ပြောတော့ ကျောင်းပြီးတဲ့ အထိတခန်းတည်း နေကြရတယ်…..။ စတွဲခဲ့တုန်းက ၃ ယောက်…..။ “မိ” ရဲ့ Dreamဆိုင်ကယ် ကို သုံးယောက်စီးပြီး ( လေးမ က အလယ်က) ကျောင်းတက်ခဲ့ကြတာ…..။ “လေးမ” တို့ ကို သင်္ချာဆရာက “ရဲဘော် သုံးကျိပ်” လို့  ခေါ်တယ်….။ နောက် မေဂျာခွဲတော့ မေဂျာတူတဲ့ “လေးမ” နဲ့  “မိ” ဘဲ အတွဲများတော့တယ်……။ Nick name လေးကတော့ရပါသေးတယ်….ချစ်လှစွာသော ဆရာမက “ပေတလူး နှစ်ကောင်” တဲ့……..။ ( “မိ” ရေ……နင် ဟိုကောင်ကို ဆိုင်ကယ်နဲ့  ပွတ်ဆွဲလိုက်တာ YTU အထိသတင်းမွှေး တဲ့ အကြောင်း ငါထည့်မရေးပါဘူး……။ နင့်ကိုပေးတဲ့ ရည်းစားစာကို ငါတို့  ပေါက်ကရတွေ လျှောက်ရေး copy ၁၀ စောင်ကူးပြီး လျှောက်ကပ်တဲ့ အကြောင်းလဲ ချန်ခဲ့ တော့မယ်…..နင်ငါ့ကို စိတ်မဆိုး ရဘူးနော်….)