ကြက်…..စွပ်ပြုတ်

သူတို့ က ကြက်စွပ်ပြုတ် သောက်ဦးမယ်တဲ့…..။ မညှာမတာ တောင်းဆိုရက်တယ်…..။ သောက်တဲ့သူက အားရှိတယ်……ချက်ရတဲ့ “လေးမ” က Flu ၀င်နိုင်တယ်…….။ “ကွတ်ကီ သူခိုး” တုန်းကတောင် Flu နဲနဲ ၀င်သွားလို့  တရက်လောက် အိပ်ရာထဲ လဲသွားသေးတယ်……။ ကြက်ငှက်တုပ်ကွေးက အရှိန်မသေ သေးဘူးလေ…….။ ဟိုတလောကဘဲ ပဲခူးမှာ ကြက်ခြံ ဘယ်နှစ်ခြံ ဆိုလား….ဘာဖြစ်လို့ ဆိုလားဘဲ…..( ကောလဟာလ ဆိုတော့ သိပ်မတိကျဘူးပေါ့) …..။ ဒါပေမယ့် မကြောက်ပါဘူး…..။ နွေတုန်းက ငှက်တွေ သေတာ စစ်ဆေးကြည့်လိုက်တော့ အပူရှပ် တာတဲ့……။ အခု ငှက်တွေ…ကြက်တွေ သေတာလည်း မိုးတွင်းဆိုတော့ ငှက်တွေ နှာစေးလို့  သေတာဖြစ်မှာပါ……။ အဲဒီတော့ မျက်စိညောင်းခံ….လက်ညောင်းခံပြီး တိုက်လိုက်ဦးမယ်….နောက်တခွက်……။
မျက်မမြင်ရဲ့ အကြံ
Charlie Boswell ဟာ အင်မတန်တော်တဲ့ မျက်မမြင် Golf ချန်ပီယံ တစ်ဦးပါ ။ National Blind Golf Champion ဆုကို ၁၃ ကြိမ်ရရှိခဲ့ပါတယ် ။ ၁၉၅၈ မှာ Ben Hogan Award ကို ရရှိခဲ့တဲ့အတွက် သူအလွန် လေးစားအားကျရတဲ့ Golf ချန်ပီယံ Ben Hongan က သူ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ တွေ့ ဆုံခဲ့ပါတယ် ။
Ben Hongan နဲ့ တွေ့ တဲ့အခါ Charlie က one round လောက် ဂေါက်အတူကစားချင်တဲ့ အကြောင်း မျှော်လင့်ချက်အပြည့်နဲ့  ကမ်းလှမ်းပြောဆိုခဲ့ပါတယ် ။ Charlie ရဲ့ အရည်အချင်းကို ကြားသိပြီး ၊ လေးစားပြီး ဖြစ်တဲ့ Hongon က Charlie ကိုဂုဏ်ပြုတဲ့ အနေနဲ့  အတူကစားဖို့  သဘောတူလိုက်ပါတယ် ။
Charlie : “ ကျွန်တော်တို့် ပိုက်ဆံကြေး ကစားရအောင်….”
Hongan : “ ဟာဗျာ…..ပိုက်ဆံကြေးတော့ မလုပ်ပါနဲ့ …..ဘယ်တရားမလဲဗျ….”
Charlie : “ အာ…ချပါဗျာ….တစ်ကျင်းကို ဒေါ်လာတစ်ထောင်ကြေး ကစားကြမယ်……”
Hongan : “ မကစားဘူးဗျာ……လူတွေက ကျုပ်ကို ဘယ်လိုထင်ကြမလဲ…..မျက်မမြင် အပေါ် အခွင့်ကောင်းယူတဲ့သူ လို့  အပြောမခံ နိုင်ဘူးဗျာ…..”
Charlie : “ အဲလိုမထင်ပါဘူးဗျာ…..လုပ်ပါဗျာ…..ကစားရအောင်…..တစ်ကျင်းတစ်ထောင်…..”
Hongon စိတ်မရှည်တော့….၊ “ပြီးရောဗျာ….ကစားမယ်…..ဒါပေမယ့် ခင်ဗျားသိထားဖို့ က ကျုပ်က အကောင်းဆုံး ကစားသွားမှာ…..လျှော့မကစားဘူး……”
Charlie : “ ကောင်းတာပေါ့…….ကျွန်တော်ကလည်း အဲဒီလိုမျိုးဘဲ ဖြစ်စေချင်တာ…”
Hongon : “ ဒါဆို နေရာနဲ့ အချိန်ကို ခင်ဗျားပြောဗျာ….”
Charlie က အလွန်ပိုင်နိုင်တဲ့ အသံနဲ့ ပြောလိုက်ပါတယ်…….
“ ဒီနေ့  ည ၁၀ နာရီ” …….။ ။
( John Kanary ၏ Blind Ambition ကို “လေးမ” နားလည်သလို အကျဉ်းချုံး ဘာသာပြန်သည် )

စွပ်ပြုတ်တွေ အများကြီးထဲကမှ ဒီစွပ်ပြုတ်ကို ဘာလို့ တိုက်တာလဲ ဆိုရင်တော့………လူတွေဟာ ကိုယ့်အတွက် တကွက်တော့ ချန်ထားတတ်ကြတယ်” ဆိုတဲ့ အတွေးလေး ပေးချင်လို့ ပါ…….။ ဘယ်လိုလူမျိုးကိုမှ လျှော့မတွက်လိုက်ပါနဲ့ ……။ သူငယ်ချင်းတို့  လည်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့  တစ်ကွက်ချန်ထားကြပါ……..။ ။

Advertisements