သို့ ….သူငယ်ချင်း…

သို့ ….သူငယ်ချင်း
သူငယ်ချင်းရေ….
လောကကြီးက ပြောင်ချော်ချော်နဲ့ ….
ကံကြမ္မာက ဗရုတ်ကျလိုက်တာနော်….
ငါ့ ရည်မှန်းချက်တွေ နင်ပိုင်ဆိုင်လို့ …
နင်ဖြစ်ချင်တာတွေ ငါဖြစ်နေခဲ့ရပြီ…..
နင်နေချင်တဲ့ဘ၀မျိုးမှာ ငါနေပျော်နေသလို
ငါမျှော်မှန်းခဲ့တဲ့ အရည်အချင်းတွေနဲ့ 
နင်ပျော်အောင်နေလိုက်ပါ……။
တချိန်တုန်းကတော့…
ဒို့ နှစ်ယောက်တတွဲတွဲ…
ဘယ်တုန်းကမှမခွဲခဲ့ကြဘူးနော်….
အခုတော့ ရှင်ကွဲ ကွဲ…..
နောက်တော့ သေကွဲ…ခွဲကြရပြန်ဦးတော့မယ်…..။
နင်လား…ငါလား….
ဘယ်သူအရင် ကျန်ခဲ့မှာလဲ…..

ကျန်ခဲ့ရင်ဘဲဖြစ်ဖြစ်…… မချန်ခဲ့ခင်ဘဲဖြစ်ဖြစ်….
လမ်းကြုံတဲ့အခါ ဖတ်ဖြစ်အောင်…..
မန်းမြေက လမ်းတွေပေါ်မှာ ပဲ့ကြွေခဲ့တဲ့ရက်စွဲလေးတွေကို…..
“ငါ” …. ဒိုင်ယာရီတွေ ရေးထားတယ်…..
အလွမ်းပြေမလား…အလွမ်းဝေမလားတော့….မသိဘူး…
ငါ ကတော့ ပျော်စရာတွေဘဲ ရေးထားတယ်….
မျက်ရည်ဝေတဲ့ ညတွေ ၊ အခဲမကျေတဲ့ “လ”တွေကို တမင်တကာချန်ထားခဲ့တယ်……
ဝေဒနာဆိုတာ တမ်းတကောင်းတဲ့ အရာမှမဟုတ်ဘဲ…..သူငယ်ချင်းရယ်…..။ ။
မှ…..လေးမ
ကဗျာလဲမဟုတ်ဘူး….စာလဲမဟုတ်ဘူး…..ဘာမှန်းလဲသိဘူး…..။ လေးမ သူငယ်ချင်းကို ပြောပြချင်တာလေးတွေပါ….။ ။