Hello….
“ တီ…တီ…” “hello ”
“ ငယ်လေးလား…” “ဟုတ်ကဲ့….”
“ ကို….ပါ….။ အသံကိုမှတ်မိလား…” “ ဟင့်အင်း….”
“ ဖုန်းဆက်တာအနှောင့်အယှက်ဖြစ်လား…”
“ ရပါတယ်….”
…………………………………………..
“ တီ…တီ…” hello
“ ငယ်လေးလား…” “ဟုတ်….”
“ထမင်းစားပြီးပြီလား…” “ ဟုတ်ကဲ့….”
“ ဘာဟင်းနဲ့ စားလဲ….” “ကြက်….”
“ ကြိုက်လို့ လား….” “ ဒီလိုဘာပဲ….”
“ တရုတ်စာ….ယိုးဒယားစာ…ချစ်တီးဟင်း…ဗမာဟင်း….ဘာကြိုက်လဲ…”
“ ဘာမှကြိုက်ဘူး…ထမင်းစားဖို့ လိုအပ်လို့  စားတာပါ….ကြိုက်လို့ မဟုတ်ဘူး….”
…………………………………………..
“ တီ…တီ…” “ hello ”
“ ငယ်လေးလား…” “ဟုတ်….”
“ ငယ်လေးက ထမင်းမကြိုက်တော့ ဘာကြိုက်လဲ…” “ မုန့် …ကြိုက်တယ်…”
“ ကလေးလဲ မဟုတ်ဘဲနဲ့ ….”
“ ဟင်…မုန့် ဆိုတာ ကလေးတွေ အတွက်ပဲလား….လူကြီးစားလို့ မရဘူးလား….”
“ ဒါဆို ဘာမုန့် တွေ ကြိုက်လဲ….”
“ မြန်မာမုန့် ….မုန့် စိမ်းပေါင်း…မုန့် ဘိုင်းတောင့်….ထန်းသီးမုန့် …ကရေကရာ….ခေါက်မုန့် ….ရေမုန့် …ကောက်ညှင်းပေါင်း….”
“ ဒါဆို ငယ်လေး စားဖို့  လာပို့ မယ်နော်….”
“ ဟင့်အင်း…နေပါစေ….”
“ ကြိုက်တတ်တာလေးတွေ ပို့ ပေးချင်လို့ ပါ…”
“ ရပါတယ်….”
…………………………………………..
“ တီ…တီ…” “ hello ”
“ ငယ်လေးလား…” “ဟုတ်….”
“ ဘယ်လို သီချင်းတွေကြိုက်လဲ…”
“ နားထောင်ကောင်းရင်ကြိုက်တယ်…”
“ ထီးဆိုင် ကြိုက်လား…” “ ဟုတ်…”
“ ဒါဆို ၀ယ်ပေးမယ်…” “ မုန့် ဖိုးကျန်သေးတယ်….”
“ ဟင်..ဘာပြောတာလဲ….” “ ကိုယ့်ဖာသာ ၀ယ်မယ်လို့ …”
“ လက်ဆောင်ပေးချင်လို့ ပါ…” “ ဟင့်အင်း…”
“ ဒါဆို ငယ်လေးကို နားထောင်စေချင်တဲ့ သီချင်းလေးတွေ selection သွင်းပေးမယ်နော်….”
“ သဘောပဲ….”
…………………………………………..
“ တီ…တီ…” “ hello ”
“ ငယ်လေးလား…” “ဟုတ်….”
“ အရေးကြီးတဲ့ စကားလေးပြောချင်လို့  ….. မှာကော်ဖီသွားသောက်ရအောင်…”
“ဟင့်အင်း…”
“ ဖုန်းထဲက ပြောလို့ မကောင်းဘူး…”
“ ရတယ်…ဖုန်းထဲကပဲပြော…”
“ ကို….က အလေးအနက်ပြောချင်တာ….ပေါ့သွားလိမ့်မယ်…”
“ ဒါဆိုပြောနဲ့ တော့…..ဆိုင်တော့မလိုက်နိုင်ဘူး….”
“……..ဒါဆို အခုမုန့် လာပို့ မယ်….၁၅ မိနစ်အတွင်းရောက်အောင်လာမယ်….မုန့် ဆင်းယူနော်….”
………………………………………….
“ တီ…တီ…” “ hello ”
“ အငယ်လား…”
“ဟုတ်….”
“ ဘယ်သွားနေလဲ…”
“……..”
“ တယောက်ထဲလား….ဘယ်သူပါလဲ….”
………………
“ တီ…တီ…” “ hello ”
“ အငယ်လား…”
“ဟုတ်….”
“ ပြန်လာပြီလား…” “ဟုတ်ကဲ့….”
“ ဘယ်နားရောက်နေပြီလဲ….”
“ အ၀ိုင်းမှာ….”
“ ဘယ်အ၀ိုင်းလဲ….”
………………
“ တီ…တီ…” “ hello ”
“ အငယ်လား…”
“ဟုတ်….”
“ ဘယ်မှာလဲ…”
“ လာနေပြီ….လာနေပြီ….”
“ အခု ဘယ်နေရာမှာလဲ….”
“ ပြည်လမ်းပေါ်မှာ….”
…………………………………………..
“ တီ…တီ…” “ hello ”
“ ဒေါ်ငယ်လေးလား…”
“ဟုတ်ပါတယ်….”
“ ရုံးမှာ အရေးပေါ် အစည်းအဝေးလုပ်မယ်….၁၅ မိနစ်အတွင်း ရောက်အောင်လာပါ….”
…………………………………………..
“ တီ…တီ…” “ hello ”
“ ဒေါ်ငယ်လေးလား…”
“ဟုတ်ပါတယ်….”
“ ဟိုနေရာက အဲဒီရုံးကိုဝင်ပြီး……အဲဒါဝင်ယူခဲ့ပါ…..”
…………………………………………..
“ တီ…တီ…” “ hello ”
“ ဒေါ်ငယ်လေးလား…”
“ဟုတ်ပါတယ်….”
“ တခြားလူတွေ ဆက်သွယ်လို့ မရလို့ …..ဒေါ်ငယ်လေးပဲ ရုံးကို အမြန်လာခဲ့ပါ….”
…………………………………………..
သူငယ်ချင်း sparrow မှ “ danger of mobile phone….especially for lady ရေးပေးပါ အစ်မ ”
လို့  ပြောထားတာကြာပါပြီ….ဘာရေးရမှန်းမသိတာနဲ့  မရေးဖြစ်ခဲ့ဘူး…..။ မနေ့ က cbox ကို sparrow လာလည်တော့မှ ရေးဦးမှပဲဆိုပြီး စိတ်ကူးပေါက်သလို ထရေးလိုက်ပါတယ်…..။ Mobile phone ကို နုနယ်တဲ့ ကလေးငယ်တွေ အသုံးပြုရင် မှတ်ဥာဏ်ချို့ ယွင်းစေပြီး ၊ မိုးရွာနေတဲ့ အချိန်သုံးရင်လဲ မိုးကြိုးပစ်တတ်တယ် လို့ မှတ်သားဖူးပါတယ်….။ “လက်ကိုင်ဖုန်းဘက်ထရီ ပေါက်ကွဲမှုကြောင့် တရုတ်တွင် လူတစ်ဦးသေဆုံး ”လို့  လဲဂျာနယ်တစောင်မှာ ဖတ်ဖူးပါတယ်……။ အခြားသော danger များကိုလဲ စိတ်ဝင်စားရင် google search မှာရှာနိုင်ပါတယ်….။
တချို့ တွေ အတွက်တော့ “Love story on mobile ” ဆိုတဲ့ အဖြစ်လေးတွေ ကြုံနိုင်သလို တချို့ လူတွေ အတွက် ဖုန်းဟာ ချည်နှောင်ထားတဲ့ ကြိုးတစ်ချောင်းနဲ့  တူပါတယ် လို့ “ လေးမ ” က တွေးပြလိုက်တာပါ…..။ sparrow ကျေနပ်နိုင်ပါစေ…။ ။
9 Responses
  1. hey! i’m going to cali this weekend and won’t be back until september…here is the website i was talking about where i made extra summer cash. Later! the website is here
  2. “ တီ…တီ…” “ hello ”
    “ ဒေါ်လေးမလား…”
    “ဟုတ်ပါတယ်….”
    “ ဖုန်းလာနေတယ် လို့ ဖုန်းဆက်ပြော တာပါ ”
  3. ဒိန်းဂျားမှသာ ဂျားရော့ဗျာ …
    သားတို့က ရမယ်ဆို လိုချင်သေးတယ် …
    ရောင်းစားမယ် … ငှားစားမယ် …
    မရသေးတာပဲ ခက်တယ် …
    တီ … တီ သံကြားချင်ပါသော်ငြား …
    မဲကလည်း မပေါက်… လျှောက်လို့ကမရ …
    ဒါနဲ့ … ခုဘယ်ဈေးပေါက်လဲဗျ … နာမည်ပေါက်နော် …
  4. hello…တယ်၇င်းလား
    ုငါသိတယ်ေနာ်
    anyway…
    ဖုန်းဖူးစာကလည်း ဆန်းတယ်ေနာ်
    ့့့့့့့့
  5. နိုင်…ဟယ်လို…ဟုတ်ကဲ့..ခုလိုအကြောင်းကြားတာကျေးဇူးတင်တယ်လို့  ဖုန်းဆက်တာပါ…။
    ဂျယ်ရီ…လေးမ အရေးပါအရာရောက်လာတဲ့ အခါ ဂျယ်ရီကို ဖုန်း ၅ လုံးပေးမယ်လို့  စဉ်းစားထားပါတယ်….အားမငယ်ပါနဲ့ ….။
    သက်…..ဟ…ဟ…သိလား….သဘောပေါက်တယ်ပေါ့….“ ရွှေဘုန်းပွင့် ဘုရား ” သွားတဲ့အခါ ဖုန်းမယူသွားနဲ့ နော်…..ထူးဆန်းတာတွေ ဖြစ်ကုန်လိမ့်မယ်….ဟား…ဟား….
  6. Mobile Phone with camera&sound recorder တွေကလူတော်တော်များများရဲ့ Privacy ကိုထိပါးလာနေတယ်ဆိုတာလေးကိုပြောစေချင်တာပါ။
    ဘာပဲဖြစ်ဖြစ်ဒီပိုစ့်ရေးပေးတဲ့အမကိုအရမ်းကျေးဇူးတင်ပါတယ်နော်။
  7. enics…..အော် ဂလိုလား….သိဘူးလေ….ဘာရေးစေချင်မှန်း….၊ သေချာပြောမှပေါ့…. လေးမ က ရေးချင်တာရေးပြီး ရမ်းတုတ်လိုက်တာပေါ့….၊ မောင်လေးက ဟိုမော်ဒယ်လေးကိုယ်စား ခံပြင်းနေတယ်ထင်တယ်……၊ enics ပြောတာမှန်ပါတယ်…. ခေတ်မီတိုးတက်လာတဲ့ နည်းပညာတွေကြောင့် လေးမ တို့ မှာ အိမ်ပြင်ရောက်တာနဲ့  သွားသတိ ….. လာသတိ… စားသတိ… .ပြောသတိ နဲ့  တရားတော်နဲ့ အညီ ကျင့်ကြံနေထိုင်နေရပါတယ်…..
  8. hello…တီးတီးး
    တီကြွက်ရှိလားးး
    ပိုက်ချံ တစ်ထောင်လောက် ခဏချေးပါ သားကြွက် မန်းမစားရသေးလို့  🙂
  9. သားကြွက်.. တီ..တီ.. သားကြွက်လား.. ပိုက်ချံ တစ်ထောင် ချေးမလို့  မြန်မာပြည်မှာ လာယူပါ 😛
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out /  Change )
Google photo
You are commenting using your Google account. Log Out /  Change )
Twitter picture
You are commenting using your Twitter account. Log Out /  Change )
Facebook photo
You are commenting using your Facebook account. Log Out /  Change )
Connecting to %s
%d bloggers like this: