အာဇာနည်ဗိမာန်


Source: from yanaung.blogspot.com and google search

( အာဇာနည်ဗိမာန်အား ကျွမ်းကျင်ပညာရှင် ရှုထောင့်မှ မဟုတ်ဘဲ သာမာန်ပြည်သူတစ်ဦး အနေဖြင့် ဗိသုကာရှုထောင့်မှ ရှုမြင်ကြည့်ပါသည်……။ )
ရွှေတိဂုံဘုရားရဲ့ ခြေရင်း မြောက်ဘက်မုခ်အနီးမှာ ရှိတဲ့ အာဇာနည်ဗိမာန်ကို “လေးမ” ဘုရားတက်တိုင်း ကားပေါ်ကနေ မြင်သလောက် လှမ်းကြည့်မိနေကျပါ……။ ပြီးတော့ တခုခုကို တွေ့ ရနိုးနဲ့  ရှာမိတတ်တယ်……။ ဘာကိုရှာမိမှန်းလဲ မသိ…….။ ကားဖြတ်သွားတုန်း ကြည့်ရတာဆိုတော့ ကြည့်ရတာလဲ အားမရဘူး……။ ဒီအသက် ဒီအရွယ်အထိ ဗိမာန်ရှိတဲ့နေရာကို တခါမှ မရောက်ဖူးသေးဘူး…….။ တနေ့ တော့ သွားဖြစ်အောင် သွားဦးမည်…….။ အာဇာနည်တွေ အေးချမ်းပါစေ……ငြိမ်းချမ်းပါစေတော့လို့  ဘုရားရိပ်နဲ့  အနီးဆုံးမှာ နေရာပေးခဲ့လေသလား…….။ ရွှေတိဂုံဘုရား ၊ တော်လှန်ရေးပန်းခြံ ၊ သွေးဆေးကန် ၊ လွှတ်တော် ၊ ရင်ပြင် ၊ အာဇာနည်ဗိမာန် စတဲ့ နိုင်ငံရဲ့ အရေးပါတဲ့ အထင်အရ အဆောက်အအုံတွေကို တဆက်တစပ်တည်း တစုတဝေးတည်း ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်လဲ ပါမှာပါ……။ ဗိမာန်ကိုတည်ဆောက်ထားတဲ့ မြေနေရာကို ကြည့်မိပြန်တော့ မြေညီမဟုတ်……ကုန်းမြင့်ကလေး……ထို့ ကြောင့် တချို့ က အာဇာနည်ကုန်း ဟုလဲ ခေါ်ခဲ့ကြတယ်……..။ ရှေးမြန်မာတွေက တောင်ကုန်းပေါ်မှာ ဘုရားတည်ကြတယ်…….ဂရိ တွေက ကုန်းမြင့်ပေါ်မှာ temple ဆောက်တယ်……ကုန်းမြင့် မရှိရင် ခုံမြင့် ကြီးပေါ်မှာ ဘုရားကျောင်းတွေ ဆောက်ခဲ့ကြတယ်……။ ရည်ရွယ်ချက်က ကုန်းမြင့်ပေါ်က အဆောက်အဦးပေါ်ကို လွယ်လင့်တကူ မရောက်ဘဲ လှေကားတွေနဲ့  တက်လာစေချင်တာ…….လှေကားတထစ်တက်တိုင်း လေးနက်တဲ့ခံစားချက်တွေ ၊ ဦးညွတ်မှုတွေ ၊ ၀ပ်တွားမှုတွေ ၀င်လာစေချင်တာ……..။ ဗိမာန်ပေါ်ရောက်ဖို့  ဓါတ်လှေကား မရှိဘူး…….ကျယ်ပြန့် တဲ့ လှေကားထစ်တွေကို တထစ်ချင်းတက်လာရတယ်…….။ တက်လာရင်းနဲ့  ဗိမာန်ကို လှမ်းမြင်နေရတယ်…….မြင်နေရင်းနဲ့  လေးစားမှု ၊ ဦးညွတ်မှု ၊ နှမြောတသဖြစ်မှု စတဲ့ ခံစားချက်တွေက ရင်ထဲမှာ တခုပြီးတခု နေရာယူလာနိုင်တယ်……..။ အ၀င်ဝ မုခ်ဦးတွေကလဲ ဦးညွတ်နေတဲ့ပုံစံ အတွင်းကိုကွေးထားတော့ ၀င်လာကတည်းက ဦးညွတ်ပြီးသား……။ ဗိမာန်က ရဲရင့်မှုကို ကိုယ်စားပြုတဲ့ အင်္နီရောင်……..။ အနီရောင် block က ၉ခု….. ထူးထူးခြားခြား block တစ်ခုမှာ ကြယ်ဖြူတစ်ခုရှိနေတယ်…… ။ နိုင်ငံလွတ်လပ်ရေးအတွက် လမ်းပြကြယ်လို့ များ ညွှန်းဆိုချင်သလား……..။ ပြည်သူတို့ ၏ ရင်ထဲတွင် အမြဲလင်းလက်တောက်ပနေမည့် ကြယ်စင် လို့ များပြောချင်တာလား………။ ငယ်စဉ်ကတော့ ဗိုလ်ချုပ်ရဲ့ အရိုးအိုးရှိတဲ့ နေရာလို့  သူများပြောတာကြားဖူးတယ်………။ ဗိသုကာ ဘာသာစကားနဲ့  ပြောရရင်တော့ ကြယ်ရှိနေတဲ့ နေရာဟာ တခြားနေရာတွေထက် ပိုထူးခြားသွားတဲ့ အတွက် ဒီဇိုင်းကို unity ရှိစေတယ်……..။ ဗိမာန်ရဲ့ Form က vertical နဲ့  horizontal effect ကိုညီညွတ်အောင် ပေါင်းစပ်ထားတယ်…..။ ငြိမ်သက်လဲလျောင်းသွားပြီ ဖြစ်ပေမယ့် ရှင်သန်နေတုန်းပဲ ဆိုတဲ့ အဓိပါယ်များလား……။ တကယ်လဲ ရှင်သန်နေခဲ့တာ အနှစ် ၆၀ ရှိသွားပါပြီ……..။ ဆက်လက်ပြီးတော့လဲ ရှင်သန်နေဦးမှာပါပဲ………။ ။

P.S. အဝေးကနေကြည့်ရင်း “လေးမ” ခံစားမိနေကျ အတွေးလေးတွေကို ရေးချရုံသက်သက်ပါပဲ………။ ဒီဇိုင်းထုတ်ခဲ့တဲ့ ဗိသုကာ ဆရာ ဦးဆန်းဦးကတော့ ဒီထက် လေးနက်တဲ့ design concept တွေနဲ့  ပုံစံထုတ်ခဲ့တာပါ…….။

စကားစုလေးတစ်ခု

ဂျူး ရေးသော အချစ်ဆိုတာ ကြိုးနဲ့ သီဖို့ မလိုတဲ့ ပန်းကလေးတွေနှင့် အခြားဝတ္ထုတိုများ မှ
မျက်ရည်တစ်စက်မိန်းမ ” ကိုဖတ်ပြီးနောက်…….
အသက် ၃၉-၄၀ အရွယ် OG မမတစ်ဦး၏ အမ်အက်စ်စီ ကျောင်းသား ဆရာဝန် တစ်ဦး အပေါ် မျက်ရည်တစက်ကျရာမှ အကြောင်းပြုပြီး တွယ်တာမိတဲ့ တဖက်သတ် သံယောဇဉ်ကို မျက်ရည်တစက်ဖြင့် အဆုံးသတ်ပေးထားသော ၀တ္ထုတိုလေးဖြစ်သည်……။ တဖက်သတ်ဆိုပေမယ့်လဲ “လေးမ” ကတော့ အကြောင်းရှိလို့  အကျိုးဖြစ်လာခဲ့တာလို့  မြင်တယ်……..။ မိန်းမတွေက ရက်စက်မှု ၊ ဥပေက္ခာပြုမှုတွေကို ရင်ဆိုင်နိုင်ပေမယ့် ဂရုစိုက်ခံရမှု ၊ အလေးထားခံရမှုတွေကို ခံနိုင်ရည်မရှိကြဘူး…..။
“ ရှင်စဉ်းစားကြည့်ပေါ့ ။ ကျွန်မ ဘယ်လောက်အံ့သြတုန်လှုပ်သွားမလဲ ဆိုတာ ။ မျက်နှာချင်းဆိုင်မှာရှိနေသော ခွဲစိတ်ဆရာဝန် တစ်ယောက်၏ နှာခေါင်းစည်းအ၀တ်ထက်က မျက်လုံးတစ်စုံမှာ မျက်ရည်တစ်စက် ဖျတ်ခနဲတွဲခိုသွားတာကို ဘာကြောင့် ရှင်မြင်ရမှာလဲ ။ တကယ်ဆို ရှင့်မျက်လုံးအကြည့်က ခွဲစိတ်သည့် ဆောင်ရွက်မှုပေါ်မှာပဲ တစ်သမတ်တည်း ရှိနေရမှာ မဟုတ်လား ။ ကျွန်မကို လိုအပ်သည့် ကူညီမှုပေးရင်း တစ်ချိန်တည်းမှာ ကျွန်မ၏ မျက်လုံးကို ရှင်သတိထားမိနေခဲ့သည်ဆိုတော့ ကျွန်မအံ့သြမိပါသည် ။”
“…..ဘာပဲ ဖြစ်ဖြစ် အဲဒီညက ကျွန်မ၏ မျက်ရည် တစ်စက်ကို ရှင်သုတ်ဖယ်ပေးလိုက်သည့် အဖြစ်သည် ခွဲစိတ်ခုတင်မှာ အလုပ်လုပ်နေသူ အားလုံးအတွက် ပြောစမှတ်ကျန်ရစ်ခဲ့သည်…..

…………
…………
“ မမရဲ့ လက်လေးတွေကို ကျွန်တော် သနားလိုက်တာ ”
ဆရာဝန်မက ကျောင်းသားနဲ့ အသက်ချင်းကွာလှတာကြောင့် ကျောင်းသားရဲ့ မေတ္တာကို လုံးဝမျှော်လင့်မထားပါဘူး…..။ လိုမယ်ထင်တာလေးတွေ ပေးဆပ်ရင်း ပီတိဖြစ်နေ ခဲ့ပုံရပါတယ်……။
“အဲဒီစကားက ငါတီထွင်ခဲ့တဲ့စကားမဟုတ်ဘူးဟ ၊ ဘုန်းသက်နိုင်တို့  စကားဝိုင်းကနေ ကြားခဲ့ရတဲ့ စကားလုံး ၊ နင်က သူ့ အပေါ် ကြောင်နေတယ်တဲ့ ”
“ ခွဲစိတ်ခန်းမှာရော ၊ အပြင်မှာရော နင်က ဘုန်းသက်နိုင် အတွက်ဆို ဘာမဆိုလိုက်လျောတယ်ဆို ၊ နင်က ဘုန်းသက်နိုင်ကို ကျနေတာတဲ့ ”
“ ဘုန်းသက်နိုင်က ဘာပြန်ပြောလဲ”

“………တော်စမ်းပါကွာ ၊ ငါ့မှာ အိုတီထဲမှာ စိတ်ကျဉ်းကျပ်ရတာက တစ်မျိုး ၊ အပြင်ရောက်တဲ့အခိုက်တော့ လွတ်လွတ်လပ်လပ်လေးနေပါရစေ……တဲ့ ”
ဇာတ်လမ်းက ကျောင်းသားမှာ ရည်းစားရှိနေတယ်ဆိုရင် ဖြေသာသေးတယ်…..။ အခုတော့……။
ကျွန်မ ရှင့်အပေါ် ထားခဲ့မိသည့် ပေးဆပ်မှုသက်သက် ချစ်ခြင်းမေတ္တာတွေကို ကြောင်သည် ဆိုသည့် စကားဖြင့် ပေါ့သွမ်းစေခဲ့ရတဲ့ အတွက် ကျွန်မ အလွန် ၀မ်းနည်းမိတာတော့ အမှန်ပါပဲ ။

မိန်းမတစ်ယောက် ( ဆရာဝန်မ မှမဟုတ်ပါဘူး….)ရဲ့ အရှက်နဲ့  ဂုဏ်သိက္ခာကို စကားစု တချို့ နဲ့  ဖြတ်ရိုက်ပစ်လိုက်တယ်…….။ တချို့  စကားတွေ ၊ အသုံးအနှုန်းတွေ က တဖက်သားကို နစ်နာပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့  တမင်တကာပြောတာ မဟုတ်ပေမယ့် တခါတလေမှာ မျှော်လင့်မထားတဲ့ ထိခိုက်မှုတွေ ဖြစ်စေတတ်ပါတယ်……။ “လေးမ” တွေးမိတဲ့ နောက်တချက်က “နံရံတွေမှာ နားတွေရှိနေပါလား” ဆိုတဲ့ တချက်…..။ ဘယ်စကားကိုမှ လက်လွတ်စပယ်မပြောမိဖို့  ကြိုးစားရဦးမယ်……။ မိန်းကလေးအုပ်စုရဲ့ စကားဝိုင်းထဲမှာ “ ဟိုကောင်…နင့်ကိုကြောင်နေတယ်” ဆိုတဲ့ စကားကသိပ်ပြသနာ မရှိပေမယ့် ယောက်ျားလေးအုပ်စုကြားမှာ ဒီစကားကြား ရတဲ့အခါမှာတော့ မိန်းမတယောက်အနေနဲ့  (ဟုတ်သည်ဖြစ်စေ……မဟုတ်သည်ဖြစ်စေ) တော်တော်သိက္ခာကျ ပါတယ်……..။ စိတ်နာစရာလဲ ကောင်းပါတယ်…..( လေးမရဲ့ အမြင်ပါ) ။ ၂၁ ရာစုနှစ်ကို ရောက်နေပေမယ့် တချို့ နေရာတွေမှာ ယောက်ျားတွေကို မိန်းမတွေ ရင်ဘောင်တန်းလို့  မရနိုင်ပါဘူး……..။ ဥပမာ ဒီလို စကားမျိုး အပြောခံခဲ့ရရင် ဘာမှ မခံစားရပဲ နေလို့ မရနိုင်ဘူး ထင်ပါတယ်…….။ ။

The Last Words of " Anandathuyiya"

” Your Majesty , I’m sure that one must support one for his welfare…He must be totally destroyed after his support….Your Majesty , are you pleasing on your present condition surrounded by your followers within your Golden Palace? All of your prosperity are just like a fleck of water in the ocean……Your Majesty , no one can deny that I’ll die one day although you pay my life because of your sympathy…..Your Majesty, I have no intention to take revenge on you if we will meet again …..Your Majesty , you are my Lord and I pay my last respect to you…………”
It was dusk …..The sun tried to hide behind the mountain as he was not able to see the last hour of “Anandathuyiya“…..The atmosphere was so silent…..He stopped his writing , actually , it was a poem for his king . And then…….and then……and then……
He retired from the complicated world……he slept forever…..and at the same time , the king lost the valuable one……

Today

Today…….
I go for work at 7:30 in the morning…
I come back from work at 5:00 in the evening….
I’ve a headache….
I’ve a shower…..
I throw myself to the bed…
I try to sleep for a while…..
But I can’t sleep…..
I want to check my blog , comment and cbox….
But I can’t….
I cover my face with pillow….
I count sheep….
Then , I sleep….
Present Condition
I’m replying cbox….
I’m visiting some blogs…
I’m reading something…
I’m….
I’m…
I’m… and then ,
I’m trying to write about the present…..

ရေးဖူးတဲ့ ကဗျာ…

“လေးမ ရဲ့ Blog မှာ ကဗျာလဲ မရှိဘူး” လို့  သူငယ်ချင်းတစ်ယောက်က ပြောလို့  မခံချင်တာနဲ့  သစ်ရွက်လှုပ်တိုင်း ကဗျာရေးချင်တဲ့ အချိန်က ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို သော့ခတ်ထားတဲ့ စာအုပ်ထဲကနေ သော့ဖျက်ပြီးတော့ ကူးပေးလိုက်ပါတယ်…….။ ခေါင်းစဉ်ကတော့ အခုမှ ကောက်ခါငင်ခါ ပေးလိုက်တာပါ…….။
myspace layouts, myspace codes, glitter graphics

“လေးမ နှင့် ကောင်းကင်”
“ကောင်းကင်ကို မော့ကြည့်
ငါလျှောက်မိရင် ခလုတ်တိုက်မလား……
ဒါဆိုရင်…..
မြေကြီးကို ငုံ့ ကြည့်
ငါလျှောက်ကြည့် လိုက်မယ်…….။
တခါတရံတော့…..
ကောင်းကင်ကို သတိရ
ငါတမ်းတတဲ့အခါ
ကောင်းကင်က ရယ်မော
ငါကတော့ စိတ်မော…..လို့ …….။
မကြာခဏတော့…..
ကောင်းကင်က ငါ့ကို
လက်ကမ်းလို့  ကြိုတတ်ပါရဲ့…….
ဒါပေမယ့် ငါလေ……
ကမ်းကြိုတဲ့ လက်ကို
လှမ်းခိုဖို့  ခက်နေလို့ ………။

…….
…….
…….
…….
…….

ဒီလိုနဲ့  နောက်ဆုံးတော့လဲ…..
ကောင်းကင်က ပြုံးပြ
ငါကလဲ မုန်းမရတော့
ရုန်းမရတဲ့ အချစ်တွေနဲ့ 
ငါဟာ
မိုက်မဲ…..

လှိုက်လှဲစွာ ချစ်ခဲ့တယ်…….။ ”

Ready-made စွပ်ပြုတ်

ကြက်စွပ်ပြုတ် ချက်ဖို့  “လေးမ” မနက်က ဈေးသွားခဲ့ပါသည်……။ ကြက်သားဈေးလေး မေးကြည့်တော့ ၆၀၀၀ ဈေးပါ….. ။ လေးမ က စေတနာ အလွန်ကောင်းတော့ အရသာရှိအောင် နှစ်ကောင်လောက် ပြုတ်မှ အဆင်ပြေမှာ…….။ ချိန်ကြည့်လိုက်တော့ တစ်ကောင်ကို ၇၀ သား……။ ဒါနဲ့ ဘဲ…….အမွှေးနုတ်ခံထားရတဲ့ အသက်မရှိတဲ့ ကြက်ကို တချက်ငဲ့ကြည့်ပြီး ဈေးသည်ရဲ့ မျက်စောင်းကို ကျေနပ်စွာခံယူရင်း ပြန်လှည့်ထွက် ခဲ့ပါတယ်……။ ဘယ်လိုလုပ်ရမလဲ…….ဟို လူမမာကလဲ လာလာ တောင်းနေတယ်…….။ လေးမ ကလဲ စွပ်ပြုတ်တိုက်ချင်တယ်………ဆိုတော့…..။ အကြံကောင်းရင် တချက်ပါ……။ ဟိုနားက “ ထို Mart ” မှာ အထူးစပယ်ရှယ် discount ဆိုပြီး တစ်ထုတ်ဝယ်ရင် တစ်ထုတ် အလကားရတဲ့ date expire ဖြစ်ဖို့  တလကြီးများတောင် လိုသေးတဲ့ ready-made ကြက်စွပ်ပြုတ် ထုတ်လေး တွေ ပြေး
ဝယ်လိုက်တာပေါ့………။ အခုတော့ ဒီ ready-made လေးဘဲ သောက်ဦးနော်…..။ လခထုတ်ပြီးရင်တော့ ကြက်အစစ်နဲ့  ပြုတ်တိုက်ဖို့  စဉ်းစားပေးပါမယ်…….။

ကုလားထိုင်တစ်လုံးသာ ရွေးထိုင်ပါ
အီတာလျံလူမျိုး နာမည်ကြီးအဆိုကျော် လူစီယာနို ပါဗရော့တီ (Luciano Pavarotti ) ( 1935- ) ၏ ဖခင်သည် မုန့် ဖုတ် သမားတစ်ယောက်ဖြစ်သည် ။ သို့ သော် ဂီတဘက်တွင် အလွန်ထက်သန်သည် ။ သူ့ သားကို အောင်မြင်သော ဂီတပညာရှင်တစ်ဦး ဖြစ်စေလိုသော ဆန္ဒရှိသည် ။ ထို့ ကြောင့် ငယ်ရွယ်စဉ်မှာပင် တေးဂီတ အနုရသများနှင့် ကျွမ်းဝင်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့သည် ။ ဖခင်၏ ပဲ့ကိုင်လမ်းညွှန်မှု ၊ မိမိကိုယ်တိုင် ထက်သန်တက်ကြွစွာ အားထုတ်မှုတို့ ကြောင့် ပါဗရော့တီသည် ကမ္ဘာသိ အဆိုတော်တစ်ဦးဖြစ်ခဲ့သည် ။
အောင်မြင်ခဲ့သော သူ့ ဘ၀နှင့် ဆက်စပ်၍ ပါဗရော့တီက ဤသို့ သုံးသပ်ပြောဆိုခဲ့သည် ။
“ အဖေက ကျွန်တော့်ကို အသံကောင်းလာအောင် တအားလေ့ကျင့်ခိုင်းတာ ၊ အီတလီက ကျွန်တော်တို့ ဇာတိမြို့  မိုနာဒေသမှာ အာရီဂိုပိုလာဆိုတဲ့ အဆိုသင်ဆရာ တစ်ယောက်ရှိတယ် ၊ ကျွန်တော့်လို ညာသံဘဲ ၊ သူက ကျွန်တော့်ကို တပည့် အဖြစ် လက်ခံပြီး သင်ကြားပေးတယ် ၊ အဲဒီလို တေးဂီတ လိုက်စားရင်းနဲ့  ဆရာအတတ်သင် ကောလိပ်လဲ ကျွန်တော် တစ်ဖက်က တက်လိုက်သေးတယ်ဗျ ၊ ကျောင်းဆင်းတော့ အဖေ့ကို ကျွန်တော် မေးတယ် ၊ “ အဖေ ကျွန်တော် ကျောင်းဆရာလုပ်ရမလား အဆိုတော်လုပ်ရမလား ” ဆိုတော့ အဖေကပြောတယ် ။ “ လူစီယာနို” တဲ့ ၊ “ မင်းကုလားထိုင်နှစ်လုံးထိုင်ဖို့  ကြိုးစားရင် အဲဒီကုလားထိုင်နှစ်ခုကြားထဲ လိမ့်ကျမှာပဲ ၊ မင်းဘ၀အတွက် ကုလားထိုင်တစ်လုံးပဲ ရွေးရလိမ့်မယ် ” တဲ့ ။ “အဖေပြောတဲ့ အတိုင်း ကျွန်တော် တစ်လုံးပဲ ရွေးလိုက်ပါတယ် ၊ အဲဒီနောက်မှာ ပညာသည်အဆင့်နဲ့  စင်ပေါ်စတက်ခွင့်ရဖို့  ခုနစ်နှစ်တိတိ လေ့လာရ သင်ကြားရတယ် ၊ စိတ်ညစ်စရာ စိတ်ဓါတ်ကျစရာတွေလည်း အများကြီး ကြုံရတယ် ၊ အဲဒီကမှ တစ်ခါ မက်ထရိုပိုလီတန် အော်ပရာဇာတ်ရုံကြီးမှာ ဖျော်ဖြေခွင့်ရတဲ့ အဆင့်ရောက်ဖို့  နောက်ထပ် ခုနစ်နှစ် ကြိုးစားရတယ်၊ အခုတော့ ကျွန်တော် သဘောပေါက်တယ် ၊ အုတ်စီတဲ့အလုပ်ပဲဖြစ်ဖြစ် ၊ စာရေးတဲ့ အလုပ်ပဲဖြစ်ဖြစ် ၊ ကျွန်တော်တို့ ဘ၀အတွက် ဘယ်အလုပ်ကို ရွေးချယ်ခဲ့သည်ဖြစ်စေ ၊ အဲဒီအလုပ်ထဲကို ကျွန်တော်တို့ ဘ၀တစ်ခုလုံး ထည့်ပေးနိုင်ဖို့လိုတယ် ၊ ကိုယ်ရွေးတဲ့ အလုပ်ထဲမှာ ကိုယ့်ဘ၀ကို မြှုပ်နှံနိုင်မှ အဲဒီ အလုပ်မှာ အောင်မြင်တယ် ၊ ဒါ အောင်မြင်မှုအတွက် အဓိကသော့ချက်ပဲ ၊ အဲဒီတော့ ကြိုက်တဲ့ ကုလားထိုင်တစ်လုံးကို ခင်ဗျားရွေး ၊ ပြီးတော့ အဲဒီမှာ ပြတ်ပြတ်သားသား ထိုင်ဗျ ” ။
( ဆရာဖေမြင့်၏ နှလုံးသားအာဟာရ (၂) မှကူးသည်….မူရင်း-Choose One Chair)

သူငယ်ချင်းတို့ လဲ ထိုင်ခုံတစ်လုံးဘဲ ထိုင်ကြနော်…….ဟိုမှာလဲထိုင်ချင်…..ဒီမှာလဲ လက်မလွှတ်နိုင် ဟိုဟာလေးလဲ ကြိုက်…….ဒီနေရာလေးလဲ ပါချင် ဆိုရင်တော့ …… ပြုတ်ကျလိမ့်မယ်…….။ ပြုတ်ကျခဲ့တဲ့ သူတွေလဲ မနဲတော့ဘူးနော……… ပြုတ်မကျ သေးရင်တောင် “ ဟိုပင် ဒီပင် ကူးပါလို့ ……….” ဆိုတာ ကြားဖူးမှာပါ…..၊ လေးမ ပြောချင်တာ အဲဒါဘဲ…….။ ။

ဆေးလိပ်သောက်သူများ မဖတ်ရ….


* Source :ကိုပြူး နှင့် မပြုံး (ကာတွန်းဝိဇ္ဇာ အလင်္ကာကျော်စွာ ဦးဘဂျမ်း)

———————————————————————-

ဆေးလိပ်သောက်တယ်…….ကြိုက်လို့ သောက်တယ်…..ပျော်လို့ သောက်တယ်……

ညစ်လို့ သောက်တယ်……လေလို့ သောက်တယ်…….စိတ်လှုပ်ရှားလို့ သောက်တယ်……..သောက်ချင်လို့ သောက်တယ်…..။

ဘာကြောင့်ဘဲသောက်သောက် မကောင်းတာတော့ အမှန်ဘဲ ( အရသာတော့ ရှိချင်လဲရှိမှာပေါ့ လေ)…..။

ဆေးလိပ်သောက်ရင် ကျန်းမာရေးကို ထိခိုက်တယ် ဆိုတာတော့ လေးမ မပြောတော့ဘူး……။

ဆရာဝန်တွေဘဲ ပြောလိမ့်မယ်………။ လေးမ ပြောချင်တာက ဆေးလိပ်သောက်ရင် သောက်တဲ့သူကိုယ်တိုင် နဲ့  သူ့ ပတ်ဝန်းကျင်ကိုထိခိုက်တယ်……..သူနဲ့ ထိတွေ့ နေတဲ့ အသုံးအဆောင်တွေမှာ အနံ့ တွေ စွဲနေတတ်တယ်…….။ သူကိုယ်တိုင်မှာလဲ အနံ့  တွေစွဲနေတတ်တယ်…….ကိုယ့်ကိုယ်ကို သတိမထားမိပေမယ့် ကိုယ့်ဘေးကလူတွေက ဒီအနံ့ ကို အသက်ရှူ လမ်းကြောင်းထဲ ရှူသွင်းနေရတယ်……။ အားနာပေးလိုက်ပါ……..။ ကိုယ့်အတွက်ကိုယ် မစဉ်းစားရင်တောင် ( မရှိသေးတဲ့…ရှိပြီးတဲ့ ) ရင်သွေးငယ် အတွက် စဉ်းစားပေးလိုက်ပါ…….ကိုယ်ဝန်ဆောင်ရမယ့် အမျိုးသမီးတွေမှာဘဲ ဒီတာဝန်ရှိတာ မဟုတ်ပါဘူး………။ ဖခင်လုပ်မယ့် သူတွေမှာလဲ တာဝန်ရှိပါတယ်…….။ တခါက စီးကရက်သောက်လေ့ရှိတဲ့ ဖခင်ရဲ့ ချီပွေ့ ခြင်းခံရတဲ့…….နမ်းရှုံ့ ခြင်းခံရတဲ့ လသားကလေး ငယ်လေးတစ်ဦး အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါနဲ့  အသက်ဆုံးခဲ့ဖူးပါသည်………။ “လေးမ” ရဲ့ သူငယ်ချင်းတစ်ဦး ငယ်ငယ်က အဆုတ်တွင် ရောဂါရခဲ့ရာ သူမရဲ့အဖေက ယူကြုံးမရဖြစ်စွာဖြင့် ဆေးလိပ်သောက်ခြင်းကို အပြီးတိုင် စွန့် လွှတ် ခဲ့ရပါသည်……..။ အဲဒီတော့ လေးမရဲ့ blog ကို လာလည်ကြတဲ့ ဦးဦး၊ ဒေါ်ဒေါ် ၊ ကိုကို ၊ မမ ၊ မောင်လေး ၊ ညီမလေး များနှင့် သူငယ်ချင်းများကို ခင်မင်တတ်သော လေးမ မှ ခင်မင်မိ ပါသောကြောင့် “ဆေးလိပ်သောက်ခြင်းသည် မိမိ ကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်ရှိ သက်ရှိ သက်မဲ့ များကို ထိခိုက်စေပါသည် ” လို့ သတိပေးချင်ပါတယ်…..။ ။

( ကာတွန်းလေးတင်ရင်း ကြုံတုန်း ချရာ လုပ်ကြည့်တာပါ )

The Past

Everything in our surrounding is changing with the time…….But the unchangable one is our past…….
No one can change our past……….No one can repair it………No one can delete it…….
We can forget some but we can’t some events in the past……..
We can recall some memorial period in the past when we feel tired in the present……
As for me , I usually flashed back to the time when I attended University in Mandalay…….
As our future is uncertain , we can flow in our past in hands……….
Here are some links for Layma’s past…….
1.www. BEHS (2) Sanchaung .com
Location_ sanchaung township , yangon ,myanmar
Type of school _ girls’ school , complex type , most blocks are two-storey ed but some are single storey buildings , the names of the blocks are flowers’ names…….
School experience_ from elementary to high school level
2.www. Mandalay Technological University . com
Location_ at the foot of “Yaytagon mountain” , Patheingyi township , mandalay division
Type of university_ technological university for engineers and architects
Experience in MTU _ from first year to final year , I’ve got all kinds of emotions , hostel life , university life ………and………
3.www.Department of Architecture.com
Location_ within the MTU complex
Type of department _ separate department with a courtyard , including studio rooms , classrooms and a small library……
Experience as an architecture student _ unforgettable , so many memorial things to say…….

နောက်တမိုး (သို့ ) M.T.U မှာရွာတဲ့မိုး

ပုဂံသားက ရွာခိုင်းလို့  တမိုးတော့ ရွာပြီုးပြီ……..အခုတခါ EOT လုပ်ပေးထားတဲ့ ကျေးဇူးရှင်ကြီး ကိုရန်အောင်က “ စက်မှုတက္ကသိုလ် ကျောင်းသူဟောင်းတစ်ဦးရဲ့ မိုးရွာခဲ့သော ရက်စွဲများ ” ကိုသိချင်ပါတယ်ဆိုလို့  အတိတ်ကို အာရုံခံပြီး ကြိုးစားပမ်းစားထပ်ရွာလိုက်ရပါတယ်……။
M.T.U မှာ ရွာတဲ့မိုး…..


(အဆောင်ခေါင်မိုးပေါ်ကနေ တောင်တွေဘက်ကို လှမ်းရိုက်ထားတဲ့ ပုံပါ…….ဒီခေါင်မိုးပေါ် အဆောင်မှူးမသိအောင် ညဘက်ကြီး ခိုးတက်ပြီး “လေး” နဲ့  “မိ” ကြယ်တွေ ရေခဲ့ဖူးပါသည်……“မိ” က “လေး”
နဲ့  ရန်ဖြစ်တဲ့ အခါ ဒီခေါင်မိုးပေါ်တက်ပြီး စိတ်ကောက်တတ်ပါသည်……)

ဝရန်တာမှာ ထွက်ရပ်ပြီး…..တောင်တွေဆီကို လှမ်းကြည့်လိုက်တယ်……။ အော်…..မိုးရွာနေပါလား……“မိ….ရေ……..လာကြည့်စမ်းဟေ့…….တောင်ပေါ်မှာ မိုးရွာနေတာ သိပ်လှတာဘဲ……..”။ တောင်တွေဘက်မှာမိုးရွာနေပေမယ့် “လေးမ”တို့  အဆောင်မှာတော့ မိုးမရွာဘူး…..။ မိုးမရွာတော့ မိုးမပက်ဘူး…….မိုးမပက်တော့ ၀ရန်တာမှာ ထွက်ရပ်
လို့ ရတယ်…….၀ရန်တာမှာ ထွက်ရပ်လို့ ရတော့……. တောင်ပေါ်မှာရွာနေတဲ့မိုးကို ကြည့်ပြီး တယောက်ယောက်ကို လွမ်းလို့ ရတယ်……၊ သီချင်းဆိုလို့ ရတယ်……။
…………………..
“ မိ…..ရေ…..တိမ်ညို တိမ်မဲတွေ တောင်ပေါ်ကဖြတ်ပြီး…. ဒီဘက်ကို ရွေ့ လာ ပြီဟေ့…..ရွာတော့မယ်ထင်တယ်…….” ပြောလို့ မှမဆုံးသေး……… မိုးစက်တွေက ၀ရန်တာပေါ် လွင့်စင်ကျလာသည်………။ အခန်းတခါးကို တဒေါက်ဒေါက် ခေါက်သံကြားရပြန်တယ်………( လေထန်ကုန်းထဲကလို Let me in တော့မဟုတ်ဘူး….)..။ ပဲပဲတို့  အုပ်စု……“ငါတို့ …..မိုးရေချိုးကြမလို့ ……နင်တို့ ရော ချိုးမလား”တဲ့……။ နှစ်ခါမခေါ်ရဘူး……“ အေးလာခဲ့မယ်…….” ။ ဂျင်းဘောင်းဘီ နဲ့ ရှပ် လက်ရှည် …..အမြန်လဲပြီး…..အဆောင်ပေါ်တီကို ပေါ်က
ဝရန်တာ အကျယ်ကြီးဆီကို ချီတက်……..မိုးရေထဲမှာ……မတ်တပ်ရပ်ပြီး……..ခေါင်းမော့…….အဲဒါ…..မိုးရေချိုးတာဘဲ……။ အဆောင်မှူးကတော့……မသိရှာဘူး…..(သူလဲ မိုးအေးအေးနဲ့  ကွေးနေရှာမှာ )…..။
“ ဟယ်…ဟိုမှာ……စစ်ကိုင်းသား……စက်ဘီးကြီးနဲ့  တို့ အဆောင်ဘက်ကို လာနေတယ်…….ဘော်ဘော်တို့ ရေ…….ရန်သူလာတယ်……၀ပ်…..” ….။ လက်ရန်းကို အကာအကွယ်ပြုပြီး

ဝပ်လိုက်ရတယ်…….စပ်စုချင်စိတ်တွေက ချိုးနှိမ်လို့  မရတော့……အသာလေး ခေါင်းထောင်ပြီး ခိုးကြည့်ကြတယ်……..။ ကျေးဇူးရှင်က သစ်ပင်အောက်မှာ စက်ဘီးလေး ဒေါက်ထောက်ပြီး ကျောင်းသူတစ်ယောက်ရဲ့ အခန်း မျက်စောင်းထိုး နေရာလောက်ကရပ်ပြီး……..“ မမရေ…….မမ……မမကိုချစ်တယ်……” တဲ့……။ မိုးရွာထဲမှာလာပြီး ရောဂါသည်းပြနေတာ…….အအေးမိပြီး သေပါစေလို့  ဆုတောင်းပြီး…….“လေးမ” တို့ လဲ ကုတ်ကုတ်…..ကုတ်ကုတ် နဲ့  တပ်ဆုတ် ခဲ့ကြရတယ်……။ မဆုတ်လို့ ဘယ်ရမလဲ…….မိုးရေချိုးတာ မြင်သွား လို့ ကတော့…… ယောက်ျားလေးဆောင်က အရက်ဝိုင်းမှာ မြည်းစရာသတင်းစကား ဖြစ်သွားပြီး…… နောက်တနေ့ …..ကျောင်းသွားတဲ့အခါ ရစရာမရှိအောင် အဖဲ့ခံရမှာလေ…..။ စစ်ကိုင်းသားကတော့ မိုးရေထဲမှာ……ဝေဒနာတွေ ရုပ်သိမ်းပါဦး……” တဲ့……ကြွေလို့  ကောင်းတုန်း…….။
…………………..
အဲဒီညက…….မိုးတွေ သည်းခဲ့တယ်……။ မြေကြီးကျင်းတူးပြီး ခွေးသားလေးတွေ ပေါက်ထားတဲ့ အဆောင်ကစားကြွင်းစားကျန်တွေ စားနေကျ ခွေးမကြီးကို စိတ်ပူသွားမိတယ်…….။ မနက်နိုးလာတော့ ဘေးမှာ “မိ” မရှိဘူး……( ခါတိုင်းဆို သူက ၅ မိနစ်…၅မိနစ် ဆိုပြီး ပြန်အိပ်နေကျ)……။ မျက်နှာသစ်ပြီး
ဝရန်တာက ထွက်ကြည့်လိုက်တော့ မိုးဖွဲတွေကြားမှာ မိုးကာအကျီင်္လေးနဲ့  ကယ်ဆယ်ရေးသမား “မိ”ကိုတွေ့ ရတယ်…….။ မြေပြိုပြီး ပိတ်မိနေတဲ့ ခွေးသားပေါက်လေးတွေကို တကောင်ပြီးတကောင် ကယ်ထုတ်ပြီး အဆောင်လှေကားအောက်ကို ပို့ ပေးနေတယ်လေ…….။ “လေးမ….ရေ……. အ၀တ်ဟောင်းတွေယူခဲ့……ဒီကောင်တွေ…..သိပ်ချမ်းနေတယ်” တဲ့……။ “လေးမ” အ၀တ် ၃ ထည် ဒါနလုပ်လိုက်ရတယ်……..။ မိုးတွေစိုနေတဲ့ “မိ” က “လေးမ” အတွက်တော့ “နိုက်တင်ဂေး” လိုဘဲ……..။
…………………..
အဲဒီနေ့ က……..ရန်ကုန်က ဗိသုကာ တစ်ဦးလာပြီး ဟောပြောတယ်…….။ လူမစုံဘူး…….ကျောင်းသားတစ်ယောက်လိုနေတယ်……….မိုးကလဲ ဖွဲဖွဲရွာနေတယ်…… ဟောပြောပွဲပြီးတော့ “လေးမ” တို့ ပြန်လာကြတယ်……..ဟော…….တွေ့  ပါပြီ…..ထိုကျောင်းသား……ကောင်မလေးနဲ့  မိုးကာအကျီင်္ချင်းလဲ
ဝတ်ပြီး…….. စက်ဘီးလေးတွန်းလို့ ……မိုးရေထဲမှာ…….MTV ရိုက်နေသလား….မှတ်ရတယ်……။ သူတို့ ကို လှောင်မိပေမယ့် စိတ်ထဲမှာကျိတ်ပြီး အားကျသွားသလား…….မသေချာဘူး…… မမှတ်မိတော့ဘူး……ကြာခဲ့ပြီကိုး…..။
…………………..
နောက်ဆုံးနှစ်ရောက်ပြီ……..မကြာခင်…….သူငယ်ချင်းတွေ……ခွဲကြရတော့မယ်……။ အမှတ်တရဖြစ်အောင် မေမြို့ တက်လည်ကြတယ်………။ လည်စရာကုန်တော့ DSTA (DSIT) ကို ၀င်ကြည့်ချင်လာတယ်…….သူငယ်ချင်းတစ်ယောက်က သူ့ သူငယ်ချင်း တစ်ယောက်ရှိတယ်….. တဲ့……။ DSTA ၀င်းကြီးထဲရောက်တော့……သူတို့  အဆောင်တွေက မိုက်လိုက်တာ……

ငါတို့ အဆောင်တွေနဲ့  တခြားစီဘဲ……ဧည့်တွေ့ ဆောင်လဲ သီးသန့်  ရှိတယ်……မြင်မြင်သမျှ……ကိုယ့်ကျောင်းနဲ့ နှိုင်းယှဉ်ပြီး အားကျခဲ့ရတယ်……..။ ဧည့်မှတ်တမ်းမှာ စာရင်းပေး……သူ့ သူငယ်ချင်းကို စောင့်…….တိုက်ပုံနက်နဲ့  ပုဂ္ဂိုလ်တွေက ကွက်ကြည့် ကွက်ကြည့်…….။ သူ့ သူငယ်ချင်းကပြုံးဖြဲဖြဲနဲ့ ……ကောင်မလေးတွေ တအုပ်ကြီး သူ့ ကိုလာတွေ့ လို့  ဂုဏ်ယူ ၀ံ့ကြွား နေပုံရပါတယ်……..။ တစ်ယောက်နဲ့  တစ်ယောက် မိတ်ဆက်……… သူတို့ ချင်း စကားနဲနဲပါးပါး ပြောပြီးတော့…..ပြန်ခဲ့ကြတယ် ……..မိုးကရွာလာပြီလေ……။ ပြန်ရောက်ပြီး တစ်ပတ်လောက် နေတော့ သူငယ်ချင်းဆီကို ထိုပုဂ္ဂိုလ်ဆီက
ချစ်သ၀ဏ်လွှာရောက်လာတယ်……… မေမြို့ မှာ မိုးရွာခဲ့မိတာကိုး……..။
…………………..
“လေးမ” က “သူ” မိုးမိမှာ သိပ်ကြောက်တယ်…..သူက “လေးမ” ကို မကြင်နာပေမယ့် “လေးမ” က သူ့ ကိုသိပ်တန်ဖိုးထားတယ်………။ မိုးရွာရင် “လေးမ” မိုးစိုချင်စိုပါစေ…..သူ မစိုအောင်ကြိုးစားခဲ့တယ်……..။ “သူ” ဆိုတာ “လေးမ” ဆွဲထားတဲ့ Drawing paper တွေလေ…….။ မိုးရွာရင် Drawing Paper တွေကို ရင်မှာပိုက်……..ပြီးမှ အပေါ်ကမိုးကာအကီင်္ျထပ်ဝတ်ပြီး ကျောင်းသွားရတယ်……..။ ညပေါင်းများစွာ အိပ်ရေးပျက်ခံပြီး ဆွဲထားရတာ…..မိုးစိုလို့  ဘယ်ဖြစ်မလဲ……။
…………………..
အပြင်မှာ မိုးရွာနေတယ်……..။ ပြတင်းပေါက်ပိတ်ထားလို့  မိုးလဲမပက်ပါဘူး……။ ဒါပေမယ့် “လေးမ” မိုးတွေစိုနေတယ်……..အတိတ်က မိုးရေစက်တွေ စိုနေတယ်……။ ။

အမတ်ကြီးနှင့် တိုးတိုးတိတ်တိတ်…..

မင်းကွန်းခေါင်းလောင်းကြီးနားမှာ “လေးမ” ထိုင်နေသည်……..။ ပွဲထဲက ၀န်ကြီးအကျီင်္
ဝတ်ထားသော ဘဘကြီးတစ်ဦး အနားရောက်လာသည်………။ သူ့ နားက နားကပ်ကြီးကလည်း အကြီးကြီး….. ခုခေတ်ချာတိတ်တွေတပ်သလို စိန်နားကပ်သေးသေးလေးလဲ မဟုတ်ဘူး……။ ကျောက်နားကပ် အကြီးကြီးနဲ့ ……..မျက်နှာကပြုံးရွှင်ရွှင်……အကီင်္ျကြီးဖားလျားဖားလျားနဲ့  ဘဘကြီးကိုကြည့်ပြီး “လေးမ” ပြုံးစိစိဖြစ်သွား၏ …….။
အကင်းပါးလှသော ထိုဘကြီးက “ဟဲ့ သူငယ်မ…..ဘယ်အတွက်ကြောင့်….သင်ပြုံးသနည်း……”
လေး – “ ဘကြီးကလဲ ဇာတ်ကပြီး အကျီင်္မလဲဘဲ ထွက်လာတော့…..ရယ်ချင်တာပေါ့…..”
“ တယ်…..ငါ့ ကိုတောင်မသိဘူးလား ဟဲ့…….ထူးတော်မြူးသည့် ဦးပေါ်ဦး ဆိုတာငါဘဲ…….”
လေး- “ တကယ်ပြောတာလား……ဒါဆို မှန်မမှန် စစ်ဆေးမယ်…..ဒီခေတ်မှာ အတုအယောင်တွေကများလွန်းလို့ ……..လွယ်လွယ်နဲ့ တော့ လက်မခံနိုင်ဘူး…..”
ပေါ်- “ စစ်ချင်ရင်လဲ စစ်လရော့ဟယ်…..ဘယ်ဘက်ကစစ်စစ်…….ညာဘက်ကစစ်စစ်…..အဖြစ်မရှိတဲ့ ဦးပေါ်ဦး မဟုတ်ဘူး…..”
လေး- “ သိပ်တော့ မခက်ပါဘူး…….ဟိုနားက ခြင်္သေ့ကြီး နှစ်ကောင်ကို ဦးပေါ်ဦးက ဘာပြောခဲ့ သလဲ….ဆိုတာလေးဘဲ မှန်အောင်ဖြေ….”
ပေါ်- “ ဟဲ့….သူငယ်မရဲ့……စစ်ဆေးတယ်လဲ ဆိုသေးတယ်…..ဒီလောက် ပြီးစလွယ်မေးရသလား…….နင်တို့ ခေတ် လူငယ်တွေ…..တယ်ခက်သကိုးကွဲ့ …….မေးလည်းမေးချင်သေး……မေးလဲမမေးတတ်ဘူး……ခြင်္သေ့ကြီး နှစ်ကောင်ကို ဘာပြောသလဲဆိုတာ ဘိုးတော်ဦးဝိုင်း မရောက်လာခင်မှာလား……ရောက်လာပြီးမှလား…….ဘယ်အချိန်မှာ ပြောတဲ့ စကားကို သိချင်တာလဲ…..”
လေး-“ နှစ်ခုစလုံးဘဲ…..အဘရာ……” (လေးမ ကလဲ ထုံးစံအတိုင်း ကိုယ်တလွဲလုပ်တာ မသိသာအောင် စကားကို လုံးချလိုက်သည် )
ပေါ်- “အိမ်း……ဘုရင် မရှိတုန်းကတော့ ကဲ့ရဲ့မလို့ ဘဲ…….ဘုရင် အနားရောက်လာပြီး…..ဟဲ့ ပေါ်ဦး….နင်က…ငါ၏ ခြင်္သေ့ကြီးများကို
ဘယ်သို့ ကဲ့ရဲ့ အံ့နည်းဆိုတော့ လဲ………. အရှေ့ဘက်ကမ်းသို့  ခုန်တော့မည့် အသွင်ဆောင်နေကြောင်းပါ လို့ ပြောခဲ့သကွဲ့ ……”
လေး- “ ဒါဆိုရင်တော့ ဦးပေါ်ဦးအစစ် ဆိုတာ လက်ခံလိုက်ပြီ…….။ ဟား….ဟား……အမတ်ကြီးကလည်း….ဘိုးတော်ဦးဝိုင်းကို သိပ်ကြောက်တာဘဲနော်……”
ဘဘကြီးမျက်နှာမှာ ချိုရာမှတည်…..တည်ရာမှပြုံး…..ပြုံးတုံးတုံးနဲ့  တခုခုကို ဖွင့်ဟချင်တဲ့ အရိပ်အယောင်တွေ မြင်နေရသည်…….။ “လေးမ” ကလည်း အကင်းပါး ပါသည်……။
လေး-“ ဘယ်လိုတုန်း ဘဘရဲ့…..ကြောက်ရင်လဲ ကြောက်တယ်ပေါ့…..
ဝန်ခံလိုက်စမ်းပါ…….” (အဲသလို ဆွပေးလိုက်သည်…..)
ပေါ်-“ ခုမှတော့ ဦးဝိုင်းလဲ သေသွားပါပြီ….တိုးတိုးတိတ်တိတ် ပြောပြရသေးတာပေါ့ကွယ်…..ကျုပ်က…
ဦးဝိုင်းကို ကြောက်လို့ မဟုတ်ဘူး……သူငယ်မရဲ့……”
“လေးမ” မျက်လုံးပြူးသွားပြီး အယောင်ယောင်အမှားမှားနှင့် ဘေးဘီဝဲယာကို ကြည့်မိသွား၏…….။
ပေါ်- “ကျုပ်က……တကယ်တော့……..ခြင်္သေ့ကြီးတွေကို ကြောက်လို့ ……”
လေး- “ ဘဘကလဲ…..အရုပ်ကြီးတွေကို……ဘာကြောက်စရာရှိလဲ……..”
ပေါ်- “ ဟဲ့…….သူတို့ က အရုပ်ဆိုပေမယ့် ဘုရားနားကခြင်္သေ့လေ…….”
လေး- “ ဘာမှလဲ….မဆိုင်ဘူး…..”
ပေါ်- “ ပိန်းလှချည်လား……သူငယ်မရယ်…….ဘုရားနားနေတော့ တန်ခိုးရှိသပေါ့…..ကွဲ့ …….”
လေး- “ အော်……အဲသလို…….လား……”
“လေးမ” မျက်စိထဲတွင် ခြင်္သေ့ကြီးက တန်ခိုးဖြင့် “အားချလောင်း” ဟု မန်းမှုတ်လိုက်သောကြောင့် လက်က ခြေထောက်နေရာ ရောက်သွား၍ ခြေထောက်က လက်နေရာ ရောက်သွားသော အမတ်ကြီးဦးပေါ်ဦးကို မြင်ယောင်ကြည့်ပြီး ရယ်ချင်လှသောကြောင့် ပါးစပ်ကို အုပ်ထားရသည်……။
……….
ကျင့်သားရနေသော မျက်လုံးတစ်စုံက အလိုလို ပွင့်လာသောကြောင့် နာရီကိုကြည့်လိုက်တော့…..မနက် ၆နာရီ……။ နာရီဘေးမှာက ညက ဖတ်လက်စ “ ထူးတော်မြူးသည့် ဦးပေါ်ဦး လျှောက်ထုံးပုံပြင်များ” စာအုပ်ကလေး……..။ စာအုပ်အဖုံးပေါ်က ဦးပေါ်ဦး က “လေးမ” ကို ပြုံးတုံးတုံး ကြည့်နေသည်……။ “လေးမ” ကလည်း…….သိနေတယ်နော်…..ဆိုတဲ့ ပုံစံနဲ့  အမတ်ကြီးကို ပြုံးပြလိုက်ပါသည်…..။ ။