သနပ်ခါးပန်းပြောတဲ့ “ သနပ်ခါးပန်း”

ကျွန်မ နာမည် ….. သနပ်ခါးပန်း” လို့ ခေါ်ပါတယ်…..။ကျွန်မရဲ့ အသားက ….. ၀ါဝါ၀င်းဝင်းလေးပါ…..။

ကျွန်မ…..အစိမ်းရောင် အသိုက်အမြုံမှာနေပါတယ်….. ။

အစိမ်းရောင် နန်းတော်ရဲ့ လေသာပြတင်းကနေ အ၀ါရောင် မင်းသမီးလေး ကျွန်မ…. မျက်နှာပြလိုက်တဲ့ အခါ….. တလောကလုံးကလူတွေ ငေးမောကြည့်ကြပါတယ်….။ ကျွန်မကို မြင်ရတဲ့ အခါ သူတို့  ကြည်နူးသွားတတ်ပါတယ်……။ ဒါပေမယ့် ကျွန်မက မလှပါဘူး….. တပွင့်တည်းဆိုရင် ကျွန်မက အကျည်းတန်ပါတယ်…… မနှင်းဆီတို့ …..မသစ်ခွ တို့ လို မတင့်တယ်ပါဘူး……။ ကျွန်မရဲ့ ညီမတွေနဲ့  ၀န်း ရံထားလို့ သာ ကျွန်မမှာ အလှရှိတာပါ…..။

မင်းသမီးလေးလို့  ကိုယ့်ကိုယ်ကို တင်စားထားပေမယ့် ကျွန်မက တော်ဝင်ပန်း မဟုတ်ပါဘူး…..(ပန်းတိုင်းဟာ ကိုယ့်ကိုယ်ကို မင်းသမီး လို့ စိတ်ကူးယဉ် မိတာ ပြစ်မှု မမြောက်လောက်ဘူး ထင်ပါရဲ့……) ကြီးကျယ်ခမ်းနားတဲ့ ပွဲလမ်းသဘင်တွေမှာ ကျွန်မ နေရာ မရပါဘူး…..။ ဒါပေမယ့် ကျွန်မလဲ ပန်းပါဘဲ…..။ ပန်းဆိုတော့ ခြွေသူ…. ပန်သူ… ရှိတာပေါ့လေ….။

ကျွန်မ အနားကဖြတ်သွားတဲ့ လူတိုင်းက မျက်လုံးမှိတ်ပြီး ခပ်လှမ်းလှမ်းကနေ တအားမွှေးကြူသွားကြတယ်….။ ကျွန်မရဲ့ ရနံ့ က မွှေးလှသည်လေ….။ ချစ်စဖွယ်ရနံ့ သင်းသင်းလေးကို ပိုင်ဆိုင်ခွင့်ရတာကိုက ကျွန်မအတွက် ဘုရားပေးတဲ့ “ဆု” ပါ….။ အထူးသဖြင့် မြန်မာလူမျိုးတွေ စွဲမက်တဲ့ အနံ့ ….. နှစ်သက်တဲ့ အနံ့ ဖြစ်နေတာ ကျွန်မအတွက် ကံကောင်းခြင်းပါ……။

ကျွန်မ တော်ဝင်ပန်းမဖြစ်တာ ၀မ်းမနည်းပါဘူး…. အကျည်းတန်တာကိုလဲ မသိမ်ငယ်ပါဘူး….. အဖော်တွေရှိမှ တင့်တယ်ရတာကိုလဲ အားမငယ်ပါဘူး…..။ ကျွန်မ ကြေကွဲ ရတဲ့ အကြောင်းရင်းက တစ်ခုတည်း……တစ်ခုတည်းပါပဲ…..။ အဲဒီတခုက ကျွန်မကိုတော်တော်ဝမ်းနည်းစေတယ်…..။ အဲဒီတစ်ခုကြောင့် ကျွန်မ အသည်းတွေ နာလှတယ်……။ အဲဒါက………………………………………………………………

ရှင်တို့ ကြားဖူးမှာပါ…. သနပ်ခါးပန်းက ပန်သူမမွှေးဘူး….. လက်တကမ်းကလူ မွှေးတယ် ” ဆိုတာလေ…..။ ကျွန်မကို ချစ်လှချည်ရဲ့…. မြတ်နိုးလှချည်ရဲ့ ဆိုပြီး ပန်ဆင်ထားတဲ့သူက ကျွန်မရဲ့မွှေးရနံ့ ကိုမရဘူး…. ကျွန်မရဲ့ တန်ဖိုးကို မသိရှာဘူး…..။ သိပေမယ့် ဒါဟာတန်ဖိုးလို့  မယူဆတာလဲ ဖြစ်နိုင်ပါတယ်…..။ အဝေးကလူ…. နံဘေးကလူ…. လက်တကမ်းကလူတွေကတော့ ကျွန်မက ရနံ့ မွှေးတဲ့ ပန်းကလေးတဲ့…….။ ဘာပဲဖြစ်ဖြစ်ပါလေ…. ကျွန်မက ပန်းပဲ…. အမြတ်တနိုးနဲ့  ပန်ဆင်ခံရတာကိုက ကျေနပ်စရာပါ…..။ တန်ဖိုး ဘယ်လောက်သတ်မှတ်လဲ….. ဘယ်လိုသတ်မှတ်လဲ ဆိုတာ အရေးမကြီးပါဘူး….. ကျွန်မက ရောင်းကုန်ပစ္စည်းတစ်ခုမှမဟုတ်ဘဲ…….။ ကျွန်မက “သနပ်ခါးပန်း” လေ…..။ ။

နောက်ဆက်တွဲ ။ ။ မိန်းမတွေဟာ သနပ်ခါးပန်းနဲ့ တူပါတယ်….။ ဂုဏ်သိက္ခာ….၊ ကိုယ်ကျင့်တရား…. ဆိုတဲ့ အဖော်တွေ ၀န်းရံထားမှတင့်တယ်ပါတယ်……။ ပိုင်ဆိုင်သူက တန်ဖိုးမသိဘဲ…. ဘေးလူ နှစ်သက်တဲ့ တန်ဖိုးတွေလဲ ရှိနေတတ်ပါတယ်….။

ဝန်ခံချက် ။ ။ လပြည့်နေ့ က “လေးမ” စိုက်ထားတဲ့ သနပ်ခါးပင်က ပန်းတွေပွင့်တော့ ဓါတ်ပုံရိုက်ထားမိပြီး သူ့ အကြောင်းရေးမယ်လို့  စိတ်ကူးထားခဲ့တယ်…..။ အပျင်းထူနေတာနဲ့  မရေးဖြစ်ခဲ့ဘူး….။ ဒီနေ့  မအိမ့်ချမ်းမြေ့ရဲ့ “တန်ဖိုး” ဆိုတဲ့ post လေးကိုဖတ်ပြီး comment မှာ အာချောင်ခဲ့မိလို့  လေးမရဲ့ လက်ချောင်းတွေ keyboard ပေါ်မှာ အသက်ဝင်လာပြီး ဒီ postကိုရေးဖြစ်ပါတယ်…..။

Advertisements

17 Responses

  1. “ကျွန်မရဲ့ ညီမတွေနဲ့  ၀န်းရံထားလို့ သာ ကျွန်မမှာ အလှရှိတာပါ”
    အဲဒီအပိုဒ်ဖတ်ပြီး တော်တော်ကြာကြာလေး တွေးနေမိတယ်..
    “အဝေးကလူ…. နံဘေးကလူ…. လက်တကမ်းကလူတွေကတော့ ကျွန်မက ရနံ့ မွှေးတဲ့ ပန်းကလေးတဲ့…..”
    အဲဒါကို မစဉ်းစားခဲ့မိဘူး။
    “ကျွန်မက ရောင်းကုန်ပစ္စည်းတစ်ခုမှမဟုတ်ဘဲ.”
    အဲဒါတော့ သိပ်မှန်သွားပြီ။

    တစ်ကြောင်းဖတ်လိုက် စဉ်းစားခန်းဝင်လိုက်နဲ့ သေချာဖတ်ပြီး ပြန်သွားတယ်နော်။
    ကျေးဇူးလေးမရေ…

    ခင်မင်လျှက်
    ~မလေး~

  2. “မိန်းမတွေဟာ သနပ်ခါးပန်းနဲ့ တူပါတယ်….။ ဂုဏ်သိက္ခာ….၊ ကိုယ်ကျင့်တရား…. ဆိုတဲ့ အဖော်တွေ ၀န်းရံထားမှတင့်တယ်ပါတယ်……။ ပိုင်ဆိုင်သူက တန်ဖိုးမသိဘဲ…. ဘေးလူ နှစ်သက်တဲ့ တန်ဖိုးတွေလဲ ရှိနေတတ်ပါတယ်….။”

    လောလောဆယ်တော့ ဟိုင်းလိုက်ပဲ လုပ်ပါရစေ။ အတွေးတွေ တိုက်ဆိုင်လွန်းတယ်။ စာတစ်ပုဒ်ရေးနေခဲ့တာ ကြာပြီ ..။ အင်း.. ဘာတွေဖြစ်မလဲ မသိ။

  3. ဆင်ခြင်ဖွယ် စဉ်းစားဖွယ် စာနာဖွယ် မှတ်ယူဖွယ် ဖြစ်ပေတော့သည် ….. အို ….. ပုရိသအပေါင်း ယောက်ျားကောင်းတို့ ……….

  4. မမလေးမ ပြောပြမှ သနပ်ခါးပန်းရဲ့ ဂုဏ်အင်နဲ့ မိန်းမတွေကို နှိုင်းယှဉ်မိတော့တယ်။ မမရေးတာ အရမ်းကောင်းတယ်။

  5. မလေး…….(တစ်ကြောင်းဖတ်လိုက် စဉ်းစားခန်းဝင်လိုက်နဲ့ သေချာဖတ်ပြီး ပြန်သွားတယ်နော်။)
    ကျေးဂျူး မလေး…. မလေးရော လေးမ ပြောတာထောက်ခံလားဟင်….။
    မပန်……..မပန် နဲ့ လေးမ တိုက်ဆိုင်တာ တော်၂များပြီ…. သိလား မပန်… ပျော်စရာကြီးနော်….။(အင်း.. ဘာတွေဖြစ်မလဲ မသိ။) သိချင်လာပြီ…မပန်…မြန်၂လေး…Pls ။
    ဂျယ်ရီ….. မိန်းကလေးတွေပဲ အားပေးတဲ့ post ကိုဝင်ပြီး ဆင်ခြင်သွားတာ သိပ်ကျေးဇူးတင်တာဘဲ….(မှတ်နော်….မှတ်နော်)….။
    hninhnin…….ညီမလေးရော ဘယ်လိုထင်လဲ…။ အားပေးစကားရေးသွားတာ ကျေးဇူးပါ…။

  6. မလေးမ … ရေးနေကြ ခရေ တွေကို သနားတယ် ။ ဒီမှာ သနပ်ခါးပန်းပင် တွေ့နေလို့ ။

  7. naing……ဟုတ်ပါရဲ့…ခရေလေး သနားစရာ….

  8. လေးမ.. ဒီပို့စ်လေးလည်း ကြိုက်ပြန်ရော . မမြင်ရတာ ကြာတဲ့ သနပ်ခါးပန်းပုံတွက် ကျေးဇူးး)

  9. မဂျစ်…ကျေးဇူးပါ….သနပ်ခါးပန်း ပန်မလား….ပန်မယ်ဆို ပို့ လိုက်မယ်နော်….

  10. ဖတ်ပြီးတိုင်း မျက်၇ည်လည်ရတယ် …ဒါပေမယ့်

    ရုံးလာတဲ့နေ့ တိုင်း အွန်လိုင်းကောင်းပြီဆိုရင် ဒီဆောင်းပါးလေးကို ပြန်ပြန်ဖတ်မိနေတယ် .. မအပြာရောင် သိပ်တော်တာပဲ အားကျတယ် .. နောက်ထပ်အသစ်တွေတင်အုံးမလားဆိုပြီး နေ့ တိုင်းစောင့်ဖတ်နေပါတယ် …
    Commented by : isabel | Date : 06/11/2007
    ————————————————————-
    အရမ်းပြောင်မြောက်ပါတယ်
    အပြာရောင်ရေ

    မိန်းမတွေဟာ သနပ်ခါးပန်းနဲ့ တူတယ်တဲ့လား

    အရမ်းကောင်းတဲ့စာသားလေးတွေနဲ့ ဖွဲ့စည်းထားတာပဲ

    တို့လည်း မိန်းမသားတစ်ယောက်မို့ ဒီဆောင်းပါးလေးကိုအရမ်းကြိုက်တယ်

    နောက်ဒီလိုဆောင်းပါးလေးတွေ များများထပ်ရေးပေးပါအုံးနော်

    အားပေးနေမယ်
    Commented by : cherry2006 | Date : 05/11/2007
    ————————————————————
    ကြိုက်တယ်
    အစ်မရဲ့ စိတ်ကူးတွေက အရမ်းကောင်းတယ်နော်..

    ဒီအကြောင်းအရာ က တကယ်ကိုဖြစ်နေတာတွေပဲ

    နောက်ထပ်အများကြီးရေးပေးပါ အစ်မရယ်. စောင့်ဖတ်နေမယ်..
    Commented by : audreywin | Date : 25/10/2007
    —————————————————————
    သိပ်ကောင်းတာပဲ…

    ……………ကျွန်မ ကြေကွဲ ရတဲ့ အကြောင်းရင်းက တစ်ခုတည်း……တစ်ခုတည်းပါပဲ…..။ အဲဒီတစ်ခုက ကျွန်မကိုတော်တော်ဝမ်းနည်းစေတယ်…..။ အဲဒီတစ်ခုကြောင့် ကျွန်မ အသည်းတွေ နာလှတယ်…… ………ကျွန်မကို ချစ်လှချည်ရဲ့…. မြတ်နိုးလှချည်ရဲ့ ဆိုပြီး ပန်ဆင်ထားတဲ့သူက ကျွန်မရဲ့မွှေးရနံ့ ကိုမရဘူး…. ကျွန်မရဲ့ တန်ဖိုးကို မသိရှာဘူး…..။ သိပေမယ့် ဒါဟာတန်ဖိုးလို့  မယူဆတာလဲ ဖြစ်နိုင်ပါတယ်…..။ အဝေးကလူ…. နံဘေးကလူ…. လက်တကမ်းကလူတွေကတော့ ကျွန်မက ရနံ့ မွှေးတဲ့ ပန်းကလေးတဲ့…….။ ဘာပဲဖြစ်ဖြစ်ပါလေ…. ကျွန်မက ပန်းပဲ…. အမြတ်တနိုးနဲ့  ပန်ဆင်ခံရတာကိုက ကျေနပ်စရာပါ…..။ တန်ဖိုး ဘယ်လောက်သတ်မှတ်လဲ….. ဘယ်လိုသတ်မှတ်လဲ ဆိုတာ အရေးမကြီးပါဘူး….. ကျွန်မက ရောင်းကုန်ပစ္စည်းမှမဟုတ်ဘဲ…….

    ဒီအပုဒ်လေးကတော်တော်ခံစားရပါတယ် ……
    နောက်ဆက်တွဲစကားကလဲသိပ်ကိုမှန်ပါတယ် …
    Commented by : isabel | Date : 25/10/2007

  11. သနပ်ခါးပန်း သိပ်ကြိုက်တဲ့ ဖွားဖွားကို သတိရလိုက်တာ .. ပန်းခူးသွားပါတယ် ..

  12. ယောက်ျားလေးတွေကျ ဘာပန်းနဲ့  တင်စားမလဲ 😛

  13. > မီ.. ဒဏ်ငွေ ၅၀၀ ပါ ..။
    >သားကြွက် … ဘာပန်းနဲ့  တင်စားခံချင်တုန်း … ။

    ကောင်းကင်ကြီးနဲ့  လေးမကတော့ေ၇ွှတိဂုံဘုရား အဂါင်္ထောင့်က ကလေးချီထားတဲ့ နတ်ရုပ် ကြီးမှာ ရွှေပန်းတွေ သွားသွားလှူနေတာပဲ … ။ သားလိုချင်လို့ …။

  14. မလေးမရေ.. မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ သနပ်ခါးပန်းလေးရနံ့ကို နှိုင်းယှဉ်ထားတာ ယဉ်လှတယ်ဗျာ.. အတော်လေးထိမိသေသပ်တဲ့စာကြောင်းလေးပါ… ဒီပိုစ်လေးကို ဖတ်ပြီးတဲ့နောက်ကွယ်မှာတော့ အိမ်က သနပ်ခါးခြံတောင် ပြေးသတိရတယ်.. လေပြေလာတိုင်း တစ်ခြံလုံးသင်းနေတာ… အခုမှ ပြန်သတိရမိတယ် ကျေးဇူးပါမလေးမ.. ရေးသားတဲ့ပိုစ်အတော်များများကတော့. သေသပ်ကောင်းမွန်လှပါတယ်…

  15. အစ်မရေ အပြာရောင်ဆိုတာ မလေးမပဲပေါ့နော်။ ကျွန်မ ဒီပို့စ် ကို ပလဲနက်မှာ ဖတ်ထားပြီးကတည်းက စိတ်ထဲမှာ စွဲနေတယ်။ ဒီဘလော့ဂ်ကို ဒီနေ့မှ ရောက်ဖူးတာပါ။ အခုခေါင်းစဉ်မှာ သနပ်ခါးပန်းပါကတည်းက ကျွန်မသိထားတဲ့ သနပ်ခါးပန်းများ ဖြစ်နေမလားဆိုပြီး ၀င်ကြည့်လိုက်တာ တကယ်ပဲဟုတ်နေတယ်လေ။ ဘယ်လိုပြောရမှန်းမသိဘူး။ ပျောက်သွားတာကြာပြီဖြစ်တဲ့ ကိုယ့်ပစ္စည်းလေးတစ်ခုကို ပြန်တွေ့ရသလိုပဲ… 🙂

  16. >ကိုပြခန်း.. ကိုမျိုးရဲ့ အားရှိစရာ မှတ်ချက်လေးအတွက် ကျေးဇူးတင်ပါတယ်ရှင်..။ သနပ်ခါးခြံတောင် ရှိသလား.. ကောင်းလိုက်တာ..။ လေးမတော့ တစ်ပင်ပဲရှိတယ်…။

    > audreywin … အပြာရောင်ကို ဒီလို မမေ့တာ သိရတော့ ၀မ်းသာတာ ဘယ်လိုပြောရမှန်းတောင်မသိဘူး..။ ကျေးဇူးလည်းတင်တယ်..။

  17. ပုံတွေကဘယ်မှာကြည့်ရမလဲလင့်ပေးပါဦးရှင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: