အလင်း

၉ တန်းတုန်းကထင်သည်…. အင်္ဂလိပ်ဖတ်စာအုပ်ထဲက “The Light” ဆိုတဲ့ ကဗျာလေး သင်ရတော့ မတောက်တခေါက် ဘာသာပြန်ကြည့်ခဲ့ဖူးတယ်….( မူရင်း မမှတ်မိတော့လို့  သိရင်ပြောကြပါ )

အလင်း
“ ကြယ်စင်များစွာ….ညအပါးမှာ…

နေ့ မှာ နေမင်း…..တကိုယ်တည်း…“သာ”…

နေ၀င်ချိန်ရောက်….နေမင်းပျောက်လျှင်…

ကမ္ဘာကြီး အလင်းရောင် မဲ့လိမ့်မည်….။

ကျွန်တော့်ရဲ့ စိတ်မှာ…..အတွေးများစွာ…..

ကျွန်တော့်နှလုံးသားမှာ အချစ်တစ်ခုသာ…..

အချစ်ပျောက်ဆုံး…..ဝေးခဲ့လျှင်…..

ဘ၀သည် … အဓိပ္ပါယ်မဲ့လိမ့်မည်…။ ”

၁၅နှစ်သမီး “လေးမ” ရေးခဲ့တဲ့ ကဗျာကို ၂၈ နှစ်ပြည့်တော့မယ့် “လေးမ” က modify လိုက်တဲ့အခါ……

အလင်း

“ည” နတ်သမီးရဲ့ အပါးမှာ…

ကယ်စင်တွေ ခစားလို့ …

(ငါ) ရေကြည့်တော့…

အများကြီး……အများကြီး ပါလား….၊

ကြယ်ရောင်အောက်မှာ…လမ်းလျှောက်တဲ့သူတော့…

ရှိချင်လဲရှိမှာပေါ့……၊

အသေအချာ တွေးကြည့်တော့

ကြယ်တပွင့် ကြွေသွားလို့ ….

လမ်းပျောက်တဲ့သူတော့….

မရှိလောက်ပါဘူး……၊

တပွင့်မှ မရှိရင်လဲ…..ညဟာညပါပဲ…..။

“နေ့ ” မင်းသမီးနံဘေးမှာတော့….

နေမင်းကြီး တစ်ယောက်ထဲ…..

အလင်းရောင်တွေ ကျဲလို့ ပါလား….၊

တစ်ယောက်ထဲလင်းတဲ့ ရှင်နေမင်း….

အလင်းရောင်တွေ ရုပ်သိမ်း….

ချုပ်ငြိမ်းလို့  ရုံးဆင်းတဲ့အခါ…..

ကမ္ဘာလောက…..မှောင်မဲ….

“နေ့ ” ဟာ “ည ” ဖြစ်သွားခဲ့တယ်…..။

“စိတ်” ဆိုတဲ့ ထိုအရာမှာ….

အတွေးတွေ…ပြန့် ကျဲ…..

ကွန်ရက်တွေခွဲလို့ …..

အများကြီး….. အများကြီးပါပဲ….၊

အတွေးတစ်ခု လွတ်ကျလို့ …..

စိတ်ကူးတစ်ခု ပျောက်ရှသွားခဲ့လဲ….

ဘ၀က …. သိပ်တော့ မပြောင်းလဲပါဘူး….။

“နှလုံးသား” ဆိုတဲ့…

ထိုနေရာမှာတော့….

မူယာမာယာ မများနဲ့ ….

“မေတ္တာ” တစ်ခုတည်း….ထားလိုက်ပါ….၊

တစ်ခုတည်း….

တန်ဖိုးမနဲတဲ့….ထိုအရာ…

မရှိခဲ့…..ကင်းမဲ့ခဲ့ကြရင်…..

အလင်းမဲ့တဲ့ ကမ္ဘာမှာ….

စစ်ပွဲတွေ မစဲဘဲ….

ချောက်ထဲမှာ

သွေးတွေ မဲနေလိမ့်မယ်……။ ။

 

 

‘The Night has a Thousand Eyes’

The night has a thousand eyes,

And the day but one;

Yet the light of the bright world dies

With the dying sun.

The mind has a thousand eyes,

And the heart but one:

Yet the light of a whole life dies

When love is done.–

Francis William Bourdillon

Thank you so much ko kreator for this original poem….