ပဋ္ဋိက္ခရား၏ကျိန်စာ

ပုဂံမှဇာတ်လမ်းများ(သို့ ) မှတ်တမ်းများ (၁) ။ ။

ကျွန်တော့် ချစ်သူလေးက တပင်တိုင် မြနန်းက ပင်တိုင်စံ ရွှေမင်းသမီးလေးပါ….. ။ ပေါက္ကံပြည့်ရှင် ကျန်စစ်မင်း နဲ့  အပယ်ရတနာတို့ ရဲ့…..ရှုမငြီးတဲ့ ချစ်သမီးလေးပါ……။ ပုဂံပြည်ရဲ့ အသည်းနှလုံး… ပုဂံပြည်ရဲ့ ပန်းနှင်းဆီကိုမှ ကျွန်တော့် နှလုံးသားက လက်ညှိုးထိုးခဲ့တာ ကျွန်တော်ကံဆိုးတာလား…..။ မင်းသမီးမို့  ချစ်ခဲ့တာမဟုတ်ပါဘူး….. ပုဂံပြည်ကို သိမ်းပိုက်ဖို့ လဲ မရည်ရွယ်ခဲ့ပါဘူး….။ ပုဂံသားတွေ ကို အမျိုးဖျက်ဖို့  ပုဂံသွေး နဲ့  ကုလားသွေး သွေးရောဖို့ ဆိုတဲ့ အကြံအစည်မျိုးလဲ မထားခဲ့ရပါဘူး…..။ လောကနန္ဒာဆိပ်ကမ်းမှာ သူလေးကို စတွေ့ ကတည်းက အသဲမှာစွဲအောင် ချစ်ခဲ့ရတာပါ…..။ လုပ်ရက်လိုက်တာ အရှင်မင်းကြီးရယ်….. ကျွန်တော်တို့  ချစ်ခြင်းကို “နိုင်ငံအတွက်” ဆိုတဲ့ အကြောင်းပြချက်နဲ့  ခွဲရက်ခဲ့တယ်…..။ ကျွန်တော့် အသဲတွေ ဟက်တက်ကွဲ…. ရင်ကွဲနာကျလို့  ကျွန်တော် သေပွဲဝင်ရပါပြီ……။ မသေခင် ကျွန်တော်…..ကျိန်စာတိုက်ခဲ့မယ်…..။
နောင်တချိန်မှာ ပုဂံပြည်ရဲ့ အသည်းနှလုံးဖြစ်မယ့်သူဟာ တပြည်သားနဲ့ ရပါစေ…… ပုဂံသူတွေဟာလဲ တပြည်တရွာမှာဖြစ်စေ…..ပုဂံပြည်မှာဖြစ်စေ….. တပြည်သားတွေနဲ့  လက်ဆက်လို့ ….. ပုဂံသွေး ၅၀….တပြည်သွေး ၅၀….ပါဝင်တဲ့ ရင်သွေးတွေ မွေးဖွားလို့  …..ကမ္ဘာမှာ “ဒါဟာ ပုဂံသားစစ်စစ်ဟေ့” လို့  လက်ညှိုးထိုးပြလို့ မရအောင် ပုဂံသားတွေ ဆိတ်သုဉ်းပါစေ….. ကျွန်ုပ်ပဋ္ဋိက္ခရား၏ ကျိန်စာသည် ဤရေထု…..၊ မြေထု….၊ လေထု ….၊ တိမ်ထု များတည်ရှိနေသရွေ့  တည်တံ့ပါစေသတည်း…….။ ။

မှတ်ချက် ။ ။ကြိုက်သလိုသာတွေး…. အတွေးတွေ flexible ဖြစ်အောင် တမင်ရေးထားတယ်…. လေးမကတော့ ပေးချင်တဲ့ message လေးတစ်ကြောင်းလောက် ရေးလိုက်ရရုံနဲ့  စိတ်ချမ်းသာနေတယ်…။ လေးမ စိတ်ချမ်းသာတော့ ကမ္ဘာကြီးအေးချမ်းတာပေါ့….. ဘော်ဘော်တို့ လဲ စိတ်ချမ်းသာသလိုသာ တွေးသွား….။ မတွေးဘဲ ဖတ်ရုံဖတ်ပြီးတော့ ပြန်မသွားနဲ့ နော်….. ပါးပါးလေးတွေးသွား……။

21 Responses

  1. အရေးအသား အလွန် ကောင်းပါသည် … ကျေးဇူးပြု၍ ဘင်္ဂလားဒေ့ရှ် မှ ကုလားဒိန် အား အမွှန်းမတင် စေလိုပါ … အပြစ်တင်ခြင်းမဟုတ်ပါ … သတိပြုမိစေရန်ဖြစ်ပါသည်။

  2. ဘင်္ဂလားဒေ့ရှ် မှ ကုလားဒိန် အား အမွှန်းတင် ထားတယ်လို့  ယူဆသွားရင်ဖြင့် လေးမ အရေးအသား အလွန်ညံ့ပါသည်…။ အထင်လွဲသွားတာ ၀မ်းနည်းပါတယ်…ဦးစိုးထက်ရှင့်….။

  3. အမ .. ဇာတ်လမ်း အပြည့်အစုံက ဘာလဲဟင်။ သိချင်လို့

  4. လေးမရေ.. အတွေးရော အရေးရော ကြိုက်သွားပြီ

  5. ကိုစိုးထက်သို့
    အာ …… မဟုတ်သေးဘူးဗျ ကိုကြီးစိုးထက် ရ ….
    ကျနော်ကတော့ ဒီစာမှာ “လူ”တွေကိုပဲ မြင်လိုက်ရတယ် …
    “လူမျိုးတွေ ဘာသာတွေ နယ်နိမိတ်တွေ နိုင်ငံတွေ” ဘာမှ မမြင်မိလိုက်ဘူးဗျ …..
    ပြီးတော့ ……
    ဒီဇာတ်လမ်းကလည်း “လူကို လူလို မမြင်လို့”ဖြစ်လာရတဲ့ ဇာတ်လမ်းပဲလို့ ကျနော် ယူဆတယ် ……
    ရိုမီယို ဂျူးလိယက်ကို မီချင်မှ မီလိမ့်မယ် …… ဒါပေမဲ့ ….. သူတို့ အကြောင်းလည်း အစ်ကို သိတာပဲ …..
    အထူးပြောစရာမလိုပါဘူး ……. သူဌေးသမီးနဲ့ ဘော်ဒယ်ကုလားညားတာလည်း မဟုတ်ပါဘူး ….. ညားစေဦးတော့ နှစ်ဦးကြည်ဖြူရင် ပြီးတာပါပဲ ……
    ကျနော် မြန်မာဗုဒ္ဓဘာသာစစ်စစ်ပါ ….. ကျနော့်မှာ ရွှေအိမ်စည်လို ရင်နင့်အောင် ချစ်မိတဲ့ တပြည်သူလည်း မရှိပါဘူး … အစ်ကိုပြောတဲ့ ကုလားဒိန်နေရာမှာ ကျနော် ၀င်ခံစားကြည့်မိပါတယ် ….
    ချစ်ခြင်းကို ခွဲခံရတာက တစ်ချက် ….. အဆင့်အတန်း လူမျိုး ဘာသာ ကို အခွဲခံရတာက တစ်ချက်နဲ့တင် သူ့မှာ နာကျည်းဖို့ လုံလောက်နေပါပြီ ……
    ““ကျွန်တော်တို့  ချစ်ခြင်းကို “နိုင်ငံအတွက်” ဆိုတဲ့ အကြောင်းပြချက်နဲ့  ခွဲရက်ခဲ့တယ်…..။ ”” ကျနော့်အထင် မမှားရင် ဒီစာရေးသူပေးချင်တဲ့ message က ဒါပါပဲ ……အစ်ကို ဆက်တွေးကြည့်ရင် သိပါလိမ့်မယ် ….. ကျနော်တို့ရဲ့ ……..????? မပြောတော့ပါဘူးဗျာ …..
    ကမ္ဘာက ရွာကြီးဆိုရင် ရွာသူရွားသားအချင်းချင်း ညားကြတာပဲဗျာ … တခြားဂြိုလ်သားတွေနဲ့ ညားတာမှ မဟုတ်ပဲနော့ ….
    ပြောမယ်ဆို ရှည်ဦးမယ်ဗျာ ….ဒါပါပဲ ။ အစ်ကို ရဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်လိုတဲ့ စိတ်ဓာတ်ကို ခံစားမိသလို လေးစားမိပါတယ် …… ကျနော်တို့လည်း အစ်ကို့လိုပါပဲ ……. အစ်ကိုဆီလည်း မကြာမကြာလာလည်ပြီး အစ်ကိုရေးတဲ့စာတွေလည်း ဖတ်နေပါတယ် …… အစ်ကိုတို့ မိသားစုပုံတွေကို ကြည့်ပြီး ကြည်နူးဝမ်းသာမိနေတဲ့သူပါ….. ငြိမ်းချမ်းပါစေဗျာ ။

  6. အားလုံး … တကယ် စိတ်မကောင်းပါဘူး .. ရုပ်နဲ့နာမ် သဘောလောက်ပဲကြည့်ရမှာ … ကျွန်တော်က အနုပညာအနေနဲ့ မခံစားမိတာ ဖြစ်မှာပါ … နောက်ဆင်ခြင်ရမှာပေါ့ … ဒေါသသံပါသွားတာအတွက် ကိုယ့်ကိုယ်ကိုလည်း ပြန်ဆုံးမနေပါတယ် … တတ်နိုင်သမျှ ကျွန်တော်မှတ်ချက် ရေးလေ့မရှိပါဘူး .. ၀ိရောဓိတွေ ရှင်းနေရမှာစိုးလို့ … တစ်ခါတည်းပါ … မရေးဖြစ်အောင် သတိပြုသွားပါမယ် … နောက်လဲ လာလည်နေမှာပါ … အားလုံးကို ကျေးဇူးတင်ပါတယ် …

  7. မျက်တောင် အဖွင့် အပိတ်ရယ် ၊ အစိမ်းရောင် ၊ အနီရောင် ။ အဲလိုဖြစ်မှာလည်း ကြောက်ပါတယ် ။
    ပြန်ပြီ ။

  8. I truly got ur msg sis! 😉

  9. လောကမှာ စိတ်၊ အနုပညာနဲ့ တွေးသလို၊ စားဝတ်နေရေး၊ လူမှု့ ရေးနဲ့ လည်း တွေးကြပါတယ်။ တခါတလေ မလွန်ဆန်နိုင်တဲ့ သဘောလည်းရှိပါတယ်။ ဥပမာပေါ့ သရဖူဆောင်းရမဲ့ အင်္ဂလိပ်ဘုရင်ကြီးဟာ အိမ်ထောင်ရှိ ပြင်သစ်အမျိုးသမီးကို ချစ်လို့ နန်းစွန့်  သွားတာဟာ ၊ ဆေးကုသပေးတဲ့ သူတောင်းစားကို ပင်တိုင်စံနဲ့ ပေးစားရတာတွေ ဟာ ဥပမာတွေ ပါဘဲ။ ကျန်စစ်သားမင်း ဘက်ကကြည့်ရင် သူသာ ဘုရင်မဟုတ်ဘဲ သာမန်လူသား သို့ မဟုတ် ပဋ္ဋိက္ခရားက ရှင်ဘုရင် ဆိုရင်ငြင်းချင်မှငြင်းမယ်၊ ငြင်းတာကလဲ မျိုးချစ်စိတ် ကြောင့်၎င်း အဆင့်တန်းကြောင့်၎င်း ဖြစ်နိုင်ပါတယ်။ ကုလားလေးဘက်က ကြည့်ရင်ရော တော်ဝင်ဖြစ်ချင်တာကြောင့်၎င်း၊ ချမ်းသာချင်လို့ ကြောင့်၎င်း၊ အချစ်ကြောင့်၎င်း၊ ရုပ်ရည် ချောမောလွန်းလို့ ၎င်း သူတို့ ဘာသာလူမျိုး ပြန့် ပွားချင်လို့ ၎င်း ဖြစ်နိုင်ပါတယ်။ ခက်တာက လူမျိုးမတူသလို တို့ များ ယဉ်ကျေးမှု့ ဓလေ့ထုံးစံလို အနစ်နာခံ ချစ်တာ မဟုတ်ဘူး။ ကျိန်စာ တိုက်တဲ့ အတွက် အနိုင်နဲ့  ပိုင်းချင်တာမျိုးနဲ့  အသာလိုချင်တဲ့သဘော ဆန်မယ်လို့ ထင်မြင် စရာဘဲ။ ခက်တာက လူအမျိုးမျိုး စိတ်အထွေထွေပါ..
    ကိုစိုးထိုက်ပြောတာ မမှားပါဘူး မျိုးချစ်စိတ်ကိုဦးစားပေးရင်မှန်ပါတယ်။ လူသားတဦးအနေနဲ့ တွေးရင် ၈ျယ်ရီပြောတာမှန်ပါတယ်။ ကိုယ်လို ရာဆွဲတွေးနိုင်ပါတယ်။ လက်ကိုတောင် လက်ဖမိုးဘက်ကကြည့်မလား လက်ဖ၀ါးဘက်ကကြည့်မလား။ ခုဆိုရင် လူမဲကပြားတွေ ကမာ ပေါ်ပြန့် နေပြီ။ အဖြူတွေတောင် အမဲသွေးပါနေကြတယ်။ ယိုးဒယားမှာ ထိုင်းလူမျိုး အစစ်ဆိုတာရှားသွားပြီ ၇၅%က တရုတ်သွေး ပါတဲ့ထိုင်းတွေဘဲ။ နောက်ဆိုရင် လူမျိုး အစစ်ရှာပါ ဆိုရင် လူမျိုးရေးခွဲခြားတတ်တဲ့ အမေရိကားဘက် မှာသာ တွေ့ နိုင် တော့ မယ်ထင်ပါရဲ့။
    ဘယ်လိုဘဲတွေးတွေး မွေးဖွားလာတဲ့ လူတိုင်းဟာ တနေ့ တော့ သေကြရမှာပေါ့နော်။

  10. Sorry. I do not know who is ပဋ္ဋိက္ခရား… If my comment is wrong, pls bare with me. Thks

  11. လေးမ မှ အားလုံး သို့ …….
    အလည်လာ…. စာဖတ်….. အမြင်တွေမျှဝေ….. သုံးသပ်ချက်တွေပေး…. မှတ်ချက်တွေရေးသွားတဲ့ လူသား….အား….လုံး…..ကို….လေး….စား….ပါတယ်….
    ( ဦးကျော်ဟိန်းအသံဖြင့်ပြောသည်…..) ။
    ဝေး….မှတ်ချက်တွေ အများကြီးပဲကွ….ဟိ…ဟိ….မပန်တို့  မဂျစ်တို့ ကိုကြွားလို့ ရပြီကွ…. .တခါမှ မလာဖူးတဲ့ သူတွေပါ ရောက်လာပါလား….. ကောင်းလေစွ…. ကောင်းလေစွ…..။

  12. လေးမရယ်.. ကြွားပါရှင်း)

    ဒီဇာတ်လမ်းလေး မဖတ်ဖူးဘူး ။ လေးမကြောင့် ဖတ်ဖူးသွားပြီး) ကျေးဇူးပဲ ။

    လေးမပြောချင်တာ နားလည်လိုက်ပါတယ်ရှင်း)

  13. Thinzar…..ဒေါက်တာမတင်ဝင်းရဲ့ မင်းကျန်စစ်ကို ချစ်တဲ့သူများကို ဖတ်လိုက်နော်… အခုမမ….မောနေလို့ …. နောက်တော့ မမရဲ့ …. သမိုင်းကို ကန့် လန့်တွေးထားတဲ့ အဖြူရောင် အတွေးတွေ ထပ်ဖတ်ပေါ့နော်….။
    မအိမ့်……အရမ်း…အရမ်း..ကျေးဇူး….။
    ဂျယ်ရီ….ရင့်ကျက်ပြီး လူသားဆန်တဲ့ အမြင်တွေအတွက် ဦးညွှတ်ပါတယ်…..။
    ကိုစိုးထက်…. ဦးဦးဖျားဖျား ရေးသွားတာကျေးဇူးပါ…၊ စိတ်မကောင်းမဖြစ်ပါနဲ့ …လေးမ ရေးတာညံ့လို့  အထင်မှားသွားတာပါ…. ခေါင်းစဉ်ဆိုတာ ဆိုလိုရင်းကို ထိမိအောင်ပေးရတယ်လို့  လေးမ နားလည်ထားပါတယ်… ကုလားကို အမွှန်းတင်ချင်ရင် ခေါင်းစဉ်ကို “ပဋ္ဋိက္ခရား မှာလဲ အသဲနဲ့ ပါ” လို့ ပေးမှာပေါ့နော…ခုက….။
    ကိုနိုင်…… သိပ်တော်နေပါလား….။
    ဘာညာ…. ကျေးဇူး ညီမ….။
    JJ ……( ပဋ္ဋိက္ခရားက ရှင်ဘုရင် ဆိုရင်ငြင်းချင်မှငြင်းမယ် ) ဒါ…လုံးဝ မဖြစ်နိုင်ပါဘူး…. ကျန်စစ်မင်း အကြောင်းကို လေ့လာဆည်းပူးခဲ့ဖူးရင် ဒီလိုရေးမိမှာ မဟုတ်ပါဘူး….။
    (ကုလားလေးဘက်က ကြည့်ရင်ရော တော်ဝင်ဖြစ်ချင်တာကြောင့်၎င်း၊ ချမ်းသာချင်လို့  ကြောင့်၎င်း၊)
    အဲဒီ ကုလားလေးဟာ ချမ်းသာကြွယ်ဝတဲ့ ပသီမင်းသားတစ်ပါး ဖြစ်ပါတယ်…ရှင်…..။
    (ကိုယ်လို ရာဆွဲတွေးနိုင်ပါတယ်။ )
    တမင်ကို လိုရာဆွဲတွေးလို့ ရအောင် ဘက်မလိုက်ဝါဒကို လက်ကိုင်ထားပြီး ရေးထားတာဖြစ်ပါတယ်ရှင်…..။
    (ကျိန်စာ တိုက်တဲ့ အတွက် အနိုင်နဲ့  ပိုင်းချင်တာမျိုးနဲ့  အသာလိုချင်တဲ့သဘော ဆန်မယ်လို့  ထင်မြင် စရာဘဲ။)
    ဟီး..ဟီး….ဒီကျိန်စာက လေးမ လံကြုတ်လုပ်ပြီး တွေးမိတာရေးထားတာ….။ လေးမ က ကြံ၂ဖန်၂တွေ တွေးတတ်တယ်….။ ပဋ္ဋိက္ခရား ကျိန်မကျိန် လေးမ ဘယ်သိပါ့မလဲရှင်….။ လေးမ သိတာတော့ JJ ကမြန်မာ့ သမိုင်းကို စိတ်မ၀င်စားဘူးဆိုတာဘဲ…. ဟဲ….ဟဲ ….မှားရင်လဲမှားမှာပေါ့နော……။ ကျေးဇူးအထူးတင်ပါတယ်ရှင်….။
    မဂျစ်….. မဂျစ် ဒါဘဲလေ….မဂျစ်တို့ က….ချက်ခနဲ….ဒက်ခနဲ….သိတာပဲ…..။ တော်တယ် မဂျစ်ရာ…..လာအကြွားတောင်မစောင့်ဘူး….. တခါတည်းလာအော်သွားတယ်…. ကျေးဇူး….ကျေးဇူး……။

  14. “ကောမန့်”

    အင်း…. “ကောမန့်” ၀င်ပေးသွားတယ်နော်… 😛

  15. အင်းပြောရရင်လည်း ပြောစရာဘဲ ငယ်ငယ်ကသင်ခဲ့တဲ့ သမိုင်းတွေ ကျက်လိုက်ရတာ ဆရာမကိုယ်တိုင် တော့ စာအုပ်ဖွင့်ပြီး ကြိမ်လုံးနဲ့  မှားရင်ရိုက်ခံရ မတ်တပ်ရပ် ဒဏ်ပေးခံရတာ. နာတာနဲ့ ကျက်ပြီးမေ့ရော.. ဒါကြောင့် ထင်ပါရဲ့ပထမ မှတ်ချက်ရေးပြီးမှ
    ပဋ္ဋိက္ခရား ကို ပြန်သတိရလာတယ်။ သင်ထားတဲ့ ရာစုနှစ်တွေ ငြောင်းတာ တကြောင်း ပို့ စ်လေးက မှတ်မိတဲ့ဟာနဲ့ မတူတာ တကြောင်း သမိုင်းတွေ ကို ဆရာမရဲ့ကြိမ်လုံး ကြောက်လို့ ကျက်ပြီး နောက် စာအုပ်ထဲပြန်ထဲ့တာကြောင့်တကြောင်း ကိုယ်နဲ့ သိပ်မထိတွေ့ တဲ့ အကြောင်းဖြစ်လို့ တကြောင်းပေါ့။ ပပ၀တီ၊ မင်းကြီးမင်းလေးဖြစ်ပုံ ဦးရှင်ကြီး စသဖြင့် ကိုယ်တိုင်သိမ်းခဲ့တဲ့ ကာတွန်းတွေ ကို တော့ခုထိမှတ်မိပါတယ်။ ကျန်စစ်သားမင်းလက်ထက် ပတ်ဝန်းကျင်မှာ အသတ်ခံရသူ တော်တော်များများ နတ်မင်းတွေ ဖြစ်နေတာ ထူးဆန်းစွာ လော့မိတယ်။ သတိရတာ တချက်က ကျန်စစ်သားမင်းက ကုလားပြည်က မင်းသမီးကို ယူသလားလို့  ဒါမှမဟုတ် ကုလားပြည်က ဘုရင်ကို သမီးတော် ပေးသလားဘဲ အသေချာတောင် မမှတ်မိဘူး တိုင်းပြည် ချစ်ကြည်ရေးအနေနဲ့ 
    တော်သေးပြီနော်

  16. ချစ်ဦးညိုရဲ့ မင်းဒသ ၀ထုဟာ မြန်မာ့သမိုင်းနဲ့ အတွေးခေါ်ကို ပထမဆုံး ပြောင်းလဲလိုက်တာလို့ ဆိုရမယ်။ ကျောင်းတက်တုံးက သူ့ စာအုပ်ထွက်လာတော့ တော်၂ဂယက်ရိုက်သွားသေးတယ် နောက်ပိုင်း သမိုင်းတွေ အမြင်ကို ရှု့ ဒေါင့်အမျိုးမျိုးက စပြီးရေးသား လာကြ တော့တာဘဲ။ ကျောင်းတုံးကထွက်ခဲ့တဲ့ ၈ျီဟောသူ၊ စိမ်းရွက်တွေတဝေေ၀တို့ ၊ကွက်လပ်ကလေး ဖြည့်ပေးပါ၊ ကာတွန်း (တကသိုလ်) သိုက်စိုးရဲ့ ဒဏရီဆန်ဆန် ကာတွန်းတွေ အင်းလွှမ်းစရာလေးတွေပေါ့လေ.

  17. မရေးပဲ နေဦးမလို့ပဲ … မျက်စိလည်ရောက်လာမိတာကိုက ကိုယ့်အမှား …. ကိုဂျေဂျေရေ ….
    (ကျန်စစ်သားမင်းလက်ထက် ပတ်ဝန်းကျင်မှာ အသတ်ခံရသူ တော်တော်များများ နတ်မင်းတွေ ဖြစ်နေတာ ထူးဆန်းစွာ လော့မိတယ်။ သတိရတာ တချက်က ကျန်စစ်သားမင်းက ကုလားပြည်က မင်းသမီးကို ယူသလားလို့  ဒါမှမဟုတ် ကုလားပြည်က ဘုရင်ကို သမီးတော် ပေးသလားဘဲ အသေချာတောင် မမှတ်မိဘူး တိုင်းပြည် ချစ်ကြည်ရေးအနေနဲ့ 
    တော်သေးပြီနော်)
    ဆရာကြီး ဦးသန်းထွန်း ကွယ်လွန်သွားတာ ဘာမှ သိပ်မကြာသေးပါဘူး။ အစ်ကိုရေးလိုက်တာ ဖတ်ပြီး ဆရာကြီးရဲ့ ခပ်ပြတ်ပြတ် အရေးအသားတွေကို သတိရမိတယ်။ သူရှိရင် ကောင်းကောင်းဆဲလိမ့်မယ်ဗျ …. ထားပါလေ ။ ကိုဂျေဂျေ … လူမင်းရိုက်တဲ့ ကားကို ကြည့်ပြီးပြီလားဗျ …ကြည်ဖြူသျှင်တို့ ကြည်စိုးထွန်းတို့ ရိုက်တဲ့ ကျန်စစ်သားကိုရော ကြည့်ပြီးပြီလား ….. အတုယူမှားမယ် … မကြည့်နဲ့ … နတ်ကတော်တွေသာ မေးကြည့် …. အဲ ….. မှားလို့ ….. စာအုပ်တွေလှန်ဖတ် … အဲဒါကောင်းမယ် …..

    (ချစ်ဦးညိုရဲ့ မင်းဒသ ၀ထုဟာ မြန်မာ့သမိုင်းနဲ့ အတွေးခေါ်ကို ပထမဆုံး ပြောင်းလဲလိုက်တာလို့ ဆိုရမယ်။ ကျောင်းတက်တုံးက သူ့ စာအုပ်ထွက်လာတော့ တော်၂ဂယက်ရိုက်သွားသေးတယ် နောက်ပိုင်း သမိုင်းတွေ အမြင်ကို ရှု့ ဒေါင့်အမျိုးမျိုးက စပြီးရေးသား လာကြ တော့တာဘဲ။ ကျောင်းတုံးကထွက်ခဲ့တဲ့ ၈ျီဟောသူ၊ စိမ်းရွက်တွေတဝေေ၀တို့ ၊ကွက်လပ်ကလေး ဖြည့်ပေးပါ၊ ကာတွန်း (တကသိုလ်) သိုက်စိုးရဲ့ ဒဏရီဆန်ဆန် ကာတွန်းတွေ အင်းလွှမ်းစရာလေးတွေပေါ့လေ.)
    အပေါ်က စာအတိုင်းဆို ကိုဂျေဂျေ အသက်မငယ်တော့ဘူးထင်တယ်ဗျ ….. အေးဗျာ …… အသက်က အဓိက မဟုတ်ပါဘူး ….. ထားပါလေ ။
    အစ်ကိုပြောတဲ့ ချစ်ဦးညို ရဲ့ မင်းဒသ ဆိုတာ မကြားဖူးဘူးဗျ ……. လင်္ကာဒီပ ချစ်သူ များလား ? မြန်မာ့သမိုင်း ၊ အတွေးအခေါ် ၊ ပထမဆုံး ပြောင်းလဲ ၊ ………… မပြောတော့ပါဘူးဗျာ …….
    သွားလိုက်ပါဦးမယ် …..

  18. (သမိုင်းဆိုတာ အုတ်ကျင်းနားက )သို့ 
    လင်္ကာဒီပ ချစ်သူ ကစပြီး ရှေးရိုးအတွေးခေါ်တွေ ပြောင်းသွားတယ်။ မှတ်မိ သလောက်က နလုံးသားမြို့ တော်ဘဲ။ နောက်ပိုင်းမှ ဒါရိုက်တာအသစ်လေးတွေ က စာရေးဆရာ ချစ်ဦးညို ရဲ့ အတွေးခေါ်ကိုလိုက်ပြီး မြန်မာ့သမိုင်းကို အမြင်သစ် တွေဘက်ကကြည့်တာတို့ ထပ်ဖေါ်ထုတ်တာတို့ ဖြစ်လာတာ၊ အရင့်အရင် တုန်းက စာအုပ်စာတမ်းတွေ အတော်ရှာဖွေမှ ရတာလေ အပြစ်တင်မစောပါနဲ့ ။ ရာစုနစ်ပေါင်း မြောက်များစွာ ဖြတ်ကျော်ခဲ့ရလို့  (၅တန်း)အလယ်တန်းစာတွေ ပြန်မေးခံရသလိုဘဲ။ ရုပ်ရှင်ကြည့် ဇတ်လမ်းကြည့် ဆွေးနွေးတာမျိုး အထိရှိခဲ့ရင် တမျိုးလေ. ကလေးဘ၀ က ကျက်လာတဲ့စာ ရာစုနစ် များများကြာအထိတွေ့ မရှိဘဲ မှပြန်မေးရင် အလွန်နှစ်သက်တဲ့ စာ၊အကြောင်းကလွဲပြီး မှတ်မိဖို့ ခဲယဉ်းတယ်။မှတ်မိတာ ပြန်ပြောရရင် ၂နှစ်၃နှစ်အရွယ်က အကြောင်းတောင် တချို့ တလေ မှတ်မိတယ်။ အားလုံးတော့ဘယ်မှတ်မိမလဲ မမှတ်မိရုံနဲ့ ဆဲတာ သဘာဝမကျပါဘူး။

  19. လေးမ ကလေးရေ.. ဒေါက်တာမတင်ဝင်းဆိုတာ မြန်ပြည်ကထွက်ခါနီးလောက်တုန်းက ပေါ်ခဲ့တဲ့ ကလောင်သစ် လို့ ထင်မိတယ်. မြန်မာသမိုင်းကို ပြန်ဖေါ်ထုတ်ပေး တဲ့စာရေးဆရာတွေ ဒါရိုက်တာတွေ ရှိတာ ကောင်းပါတယ်။ ခေတ်လူငယ်တွေ (လေးမတို့ သမိုင်းဆိုတာ အုတ်ကျင်းနားက စသဖြင့်) အတွက် ပိုကောင်းစေသလို ပိုမှတ်မိစေ ဂုဏ်ယူစေနိုင်ပါတယ်။ လေးမပြောသလို မြန်မာသမိုင်းစိတ်မ၀င်စားဘူး ဆိုလို့ မရပါဘူး။ အခြေအနေ အရ အထိတွေ့ နဲတာ၊ ကျင်လည်ရ ရုန်းကန်ရတဲ့ ပတ်ဝန်းကျင် နဲ့ ဆိုင်ပါတယ်။

  20. Tzm…..ကောမန့် လား….အွန်း…။
    သမိုင်းဆိုတာ အုတ်ကျင်းနားက…..နာမည်ခေါ်ရတာနဲ့ တင် မောသွားပြီ….ဟူး…..။
    JJ….Thanks for ur visit to my blog….( with regard, baby layma)

  21. လေးမရေ… ပဋ္ဋိက္ခရားရဲ့ ကျိန်စာကို ပယ်ဖျက်နိုင်ဖို့ သိကြားယတြာချေနိုင်ပါသည်။
    အသေးစိတ်သိချင်ရင် http://www.joyful4all.blogspot.com

Leave a reply to naing Cancel reply