“လေးမ” … ရှင်းလင်းပွဲ(ပ)

Virtual World မှ “လေးမ” မှ သူမ၏ Blog နှင့်ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်မည် ဖြစ်ကြောင်း “လေးမ”၏ ပြောရေးဆိုခွင့်ရှိသူ “လေးမ” မှ သတင်းပေးလာသောကြောင့် သတင်းထောက် “လေးမ” မှ သွားရောက် စပ်စုခဲ့သည်များအား အများသိစေရန် ဖော်ပြအပ်ပါသည် …။

နေရာ – www.layma-layma.blogspot.com …၊
အချိန် – ညအချိန် …၊
ရှင်းလင်းသူ – အမည်မဖော်လိုသူ “လေးမ” …၊
တက်ရောက်သူများ – ပြည်တွင်းပြည်ပမှ ဘလောက်ဂါကြီးများ ၊ ဘလောဂီကြီးများ နှင့် သတင်းထောက် “လေးမ” … ၊

အကျွေးအမွေး – အတွေးများဆူပွက်လာလျှင် ခပ်သောက်နိုင်ရန် လက်ဖက်ခြောက်ပုလင်း အဆင်သင့်ထားပေးမည် …. ၊
ရှင်းလင်းပွဲကျင်းပရသည့် ရည်ရွယ်ချက် – “လေးမ” အသစ်လဲလိုက်သော အခွံနှင့်ပတ်သက်၍ လူအများ ရှင်းရှင်းလင်းလင်း သိစေရန် ၊ post များအတွက် ပေးထားသော label များနှင့်ပတ်သက်၍ “လေးမ” ၏ သဘောထားအမှန်ကို လာလည်သူများ သဘောပေါက်နိုင်စေရန်… ၊

အထူးသတိပေးချက် – တက်ရောက်လာသူများအနေဖြင့် သိလိုသည်များကို comment တွင် လွတ်လပ်စွာမေးမြန်းနိုင်သည် …၊ သို့ သော် “လေးမ” အကြပ်ရိုက်စေမည့် မေးခွန်းမျိုး လုံးဝမေးမြန်းခွင့်မပြု … မေးမြန်းခဲ့လျှင် “ မဟုတ်ပါဘူး ” ဟူသော စကား လေးလုံးမှလွဲ၍ အပိုဖြေကြားခြင်းပြုမည်မဟုတ် … ၊

ရှင်းလင်းချက်များ
၁။ “လေးမ” အရင်တုန်းက အသင့်ရှိပြီးသား banner ကိုသုံးပါသည်… ။ ယခုအခါ သူငယ်ချင်းတစ်ဦး၏ မြှောက်ပေးမှုကြောင့် မညလေးထံမှ ဖတ်ရှုရသော banner တွင် ပုံထည့်သည့်နည်းအတိုင်း ပုံတစ်ပုံ ကောက်ထည့်လိုက်သောကြောင့် ကိုယ်ပိုင် banner လေးနှင့်ဖြစ်သွားပါသည်…။


၂။ ဆက်လက် ၍ ရွေးထည့်ထားသော ပုံနှင့်ပတ်သက်၍ အကျယ်တ၀င့် အကျဉ်းချုံးရှင်းလင်းသွားပါမည် …။ ရောင်စုံခဲတံများနှင့် ရေးခြစ်ပြီးသား အဖြူရောင် စာရွက်ကို
တွေ့ အောင်ရှာပါသည် … တွေ့ ပါသည် … ကူးထည့်လိုက်ပါသည် … ။ အဖြူရောင်စာရွက်မှာ “လေးမ”၏ ခံယူချက်ကို ကိုယ်စားပြုပါသည် … တနည်းအားဖြင့် “လေးမ” ၏ စာမျက်နှာသည် ဓါတ်ပြယ်နေသော အဖြူရောင် စာမျက်နှာဟု ဆိုလိုသည် ….။ ရောင်စုံခဲတံများသည် အတွေးရောင်စုံကို ရည်ညွှန်းပါသည် … အကြောင်းအရာ တစ်မျိုးတည်း … ရည်ရွယ်ချက် တစ်မျိုးထဲ မတွေးပါ ….မရေးပါ … အရောင်တွေ စုံချင်ပါသည် ….။ ရေးခြစ်ပြီးသားကို ရှာ ထားရခြင်းမှာ … ရေးပြီးသွားခဲ့ပြီ … အရောင်စုံ ခြယ်ပြီးသွားပြီဟု ဆိုလိုသည် …. ရေးဆွဲထားသည့် ရောင်စုံလိုင်းများမှာ ဒီဇိုင်းတစ်ခု အနေဖြင့် ပီပီပြင်ပြင်မရှိ …. တနည်းအားဖြင့် အဆုံးမရှိသော မျဉ်းကွေးများ ….၊ ဆက်ဆွဲနေဦးမည့် မျဉ်းကွေးများ…ဖြစ်သည် ….။ မျဉ်းဖြောင့်မဟုတ်သော မျဉ်းကွေးများသည် rigid မဟုတ်သည့် flexible အသွင်ကို ဆောင်သည် ….။
ဆက်လက်ဖော်ပြပါမည်

3 Responses

  1. ကိုယ်တိုင်ရေး ကိုယ်တိုင်ဗျူး ကိုယ်တိုင်ရှင်းလင်း ဂါတ်ဒ်တယ်ဟေ့…ဆက်ရေး အားပေးတယ်…

  2. ရှင်းလင်းပွဲသို့  တက်ရောက်မှတ်ချက်ပေးသွားသော မလေးရှားမှ နာမည်ကြီး blogger မမညလေး ကို အထူးကျေးဇူးတင်ကြောင်းမှတ်တမ်းတင်အပ်ပါသည် …။

  3. ဟုတ်. ကျွန်တော်ကတော့ အီးအိုတီ မဂ္ဂဇင်းက သတောက်ထင်း ရောင်အန်ပါ.
    ဩော်. ဟော်ဟော်… နာမည်က ဘယ်လိုကြီးလဲဟုတ်လား.
    ပိတောက်ပင်ကို ထင်းစိုက်လိုက်လို့ ဆယ်အိမ်မှူးက ရိုက်တာ ရောင်ပြီး အန်ထွက်လာလို့ ပိတောက်ထင်း ရောင်အန်ကနေ ကာလရွေ့လျောလာပြီး သတောက်ထင်း ရောင်အန်ဖြစ်သွားတာပါ.

    မေးတော့မယ်နော်.

    ဟိုလေ..

    လေးမ ဘလော့ဂ်ရေးတာ ဘာလို့ လေးမလို့ ပြောတာလဲဟင်. ပြီးတော့ပေါ့ လေးမရဲ့ ဘန်းနာ (အဲလေ. ဟုတ်ပါဝူး ဘိုဆန်သွားတယ်) ဘန်နား. (ကုလားသံပေါက်နေပြန်ပြီ.) ဘန်နာကြီးမှာ ကောင်မလေးက ဘာလို့ သုံးယောက်တောင်လဲ. ကျွန်တော်သိသလောက်တော့ စင်ဒရဲလားရယ်၊ ဟို. အာလာဒင်ကားထဲက ကောင်မလေးရယ်ပဲ. အလယ်ကတစ်ယောက်ကို သိဝူး.. အဲဒါလေးမလားဟင်…

    အလယ်ကတစ်ယောက်ဆိုရင်လည်း ဘာလို့ လက်နှစ်ဖက်ကို ဘေးကို ကားပြထားတာလဲဟင်… ဘာမှချိတော့ဝူးဆိုတဲ့ သဘောလား. အကြပ်ရိုက်သွားစေမယ်ဆိုလည်း ဆောရီးနော်. မဟုတ်ပါဘူးလို့ တော့ မဖြေပါနဲ့ဗျာ. ကျွန်တော်က လေးမရဲ့ အဖြေကို တစ်ဆိတ်ကို တစ်အိတ်လုပ်ရေးမှ ဒီအလုပ်လေးမြဲမှာမို့လို့ပါ… ပြောရင်းနဲ့ ငိုချင်လာပြီ. အိအိအိ…

    ပြီးတော့ လေးမပြောတဲ့ လေဘယ်လ်ပြဿနာဆိုတာ ဘာဖြစ်တာလဲဟင်. ပြီးတော့ လေးမနဲ့ co.cc ခဏခဏ ကွိုင်တယ်ပြောတယ်. အိမ်ပြောင်းဖြစ်မလားမသိဘူး. ဘာပဲပြောပြော. ကျွန်တော်တို့ရဲ့ အီးအိုတီ မဂ္ဂဇင်းလေးကို ခုလိုမျိုး တကူးတက ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ.

    သိုင်းကျူးကမ္ဘာဆိုင်ရော… မဆိုင်လည်း ဆိုင်စေသော်ဝ်…

    သတောက်ထင်း ရောင်အန်
    အီးအိုတီ အင်တာနေရှင်နယ် လီမိတက်…
    ဟတ်ဟတ်ဟတ် စတိတ်.
    ဂလုမ်းဂလွမ်းနိုင်ငံတော်.
    😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: