ဆောင်းအိပ်မက် …

ပျောက်နေတဲ့ … ပေါက်ပေါက်ဆုပ် ကလေးက … ဒီလို လေး Tag ထားကြောင်း ..လာအော်သွားတော့ ဆောင်းကို ခြေရာခံလိုက်မိတယ်…။ နှင်းပွင့်လေးတွေမရှိလို့  … နေခြည်တန်းလေးတွေနောက်ကို … နောက်ယောင် ခံလိုက် တော့ … သူတို့ လာဖို့  … နေရာဖယ်ပေးလိုက်ရတဲ့ “ဆောင်း” ကိုတွေ့ လိုက်ရတယ်…။ “ဆောင်း” က ပြောတယ်…သူသိပ်ချမ်းနေတယ်တဲ့ … ။


နှင်းတွေဝေတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ နှင်းပွင့်လေးတွေလို မဖွေးတဲ့ … “လေးမ”ဆိုတဲ့ မိန်းကလေး…လူ့ လောကကြီးထဲကို ရောက်ခဲ့တယ်…။ ဆောင်းအိပ်မက်တွေ ( ဂယောက် ဂယက် အိပ်မက်တွေ ) … မက်ဖို့  လောကကြီး ထဲကို သတ္တိရှိရှိနဲ့ တိုးဝင်လာခဲ့တယ်…။

ဒီဇင်ဘာအိပ်မက်…
ရန်ကုန်ဆောင်းကို အနွေးထည်ပါးပါးနဲ့  ရင်ဆိုင်ခဲ့လို့  မန္တလေးဆောင်းကို အနွေးထည်ထူမပါပဲ တိုက်ပွဲဝင်လိုက်ရတယ်… အမေ (သို့ မဟုတ်) “ငွေ” အမြန်လာပါ...လို့  သံချောင်းခေါက် လိုက်ရတယ်…။ မေမေ ၀ယ်ပေးတဲ့ ပြင်ဦးလွင်က ဆွယ်တာရောင်စုံ သိုးမွှေးဦးထုပ်နဲ့  ရှိုးပေးချင်ပေမယ့် အသားပတ်တော့ ခေါင်းငုံ့ ထားရတယ်…။ “ဆောင်း”တွင်းမှာ စောင်ထဲကမထွက်ချင်တဲ့ ရောဂါက အတော်ဆိုးတယ် …။ အတန်းလဲ မတက်ချင်ဘူး … စောင်ထဲမှာပဲနေချင်တယ်….။ အားတင်းပြီးအပြင်ထွက် လိုက်တော့လဲ .. နွေးသွား တာပဲ…။ နေက ပြင်း လှသည်လေ …။
မှတ်မှတ်ရရ ၁၉၉၉ ဒီဇင်ဘာ ၂၅ ရက်က… သိပ်အေးတဲ့ ဆောင်းပဲ … ပိတ်ရက်ဆိုတော့ … ရတနာပုံ မှာ တိုက်ကား သွားမောင်းဖို့  … သူငယ်ချင်း ၃ ယောက် … ဆိုင်ကယ်တစ်စီးနဲ့ ထွက်ခဲ့တယ်… ။ ထွက်ကတည်း က “မိ” နဲ့  ကတောက်ကဆ ဖြစ်ပြီး … စိတ်က သိပ်မကြည်ဘူး … ။ ပုသိမ်ကြီး အကျော်လောက် ရောက်တော့ ဆိုင်ကယ် ၂ စီးဘေးက လိုက်လာပြီ….။ ဆိုင်ကယ်တစ်စီးကို ကောင်မလေး ၃ ယောက်စီးတော့ အစ ခံရပြီပေါ့… ။ စရင်းစရင်း ခေါင်းစည်းအပြာလေး … စီးထားတဲ့ “လေးမ” ကို “အလယ်ကအဒေါ်ကြီးက ဘယ်တုန်းက ခေါင်းပေါက် တာတုန်း…” လို့ လဲ ဆိုရော … လက်ထဲက … စားလက်စ “ဆမူဆာ” နဲ့  လှမ်းပေါက် လိုက်တယ် … ။ အဲဒါအကြီးအကျယ်မှားတာပဲ … ဘော်ဒါတွေဖြစ်သွားကြရော … ဘယ်လို ဖြစ်သွားတာလဲ…သိချင်လား… ပြောပြဘူး ….။ ဒီလိုနဲ့  အစ်ကိုသူငယ်ချင်း ၄ ယောက်ရခဲ့တယ်…။ မန်းလေးမှာ ကျောင်းတက် ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း … ယောက်ျားလေးသူငယ်ချင်းဆိုလို့ …. ဒီ ၄ ယောက်ပဲ …. ဒါအကုန်ပဲ ….။ “တာရာပွကြီး” ဖတ်ပြီး “တခွိခွိ”ရယ်တတ်တဲ့အရွယ်မှာ . “နှလုံးသား အာဟာရ ” နဲ့ “ကုတ်အကျီင်္(ဘာသာပြန်)” ကို သူတို့က … လက်ဆောင်ပေးခဲ့တယ်… ။ သူတို့ ပြောပြတဲ့ အကြောင်းအရာတွေထဲမှာ … “နေတိုးအဖွဲ့ ” ဆိုတာလဲပါတယ် … ။ သူတို့က ပြောတယ်…. “ ညည်းတို့ က…. ဒို့ ညီလေးတွေ လိုပဲ ” တဲ့ ….။ နောက်တစ်နှစ် ဆောင်းရောက်တော့ … “ ညည်းတို့  အဆောင်ရှေ့ ဂစ်တာလာ တီးမယ်…” ဆိုပြီး … ညဘက်ကြီး … ဆိုင်ကယ် တတီတီ နဲ့ ရောက်လာတယ် … “ ၀ို့ …ဒီဇင်ဘာ….” ဆိုတဲ့ သီချင်းနဲ့  ဆောင်းညကိုကြိုဆိုခဲ့ကြတယ်….။ “လေးမ” တို့ ၃ ယောက်ကတော့ … ၀ရန်တာမှာ မီးပိတ်ပြီး … ဖျာလေးခင်း စောင်လေးခြုံလို့  … ငုတ်တုတ်လေးထိုင်ပြီး အားပေးခဲ့ကြတယ် … မိုးလုံးမှိုင်း. .. ရွှေတောင် ပံ. … ဟန်နီ…စတဲ့ သီချင်းကောင်းလေး တွေကို … ဂစ်တာသံ သန့် သန့် နဲ့  … သံပြိုင်အော်သွားကြတာ ..ဒီနေ့ အထိ မှတ်မိ နေတုန်းပဲ …။ ဒါက မက်ခဲ့ဖူးတဲ့ ဆောင်းတွင်း အိပ်မက်တစ်ခုပဲ ….။

တန်ဆောင်တိုင်အိပ်မက်
အဲဒီနေ့ က လပြည့်နေ့ မရောက်ခင်တစ်ရက်အလို …။ မီးရှူးမီးပန်းတွေ အမျိုးမျိုးကို တပွေ့ တပိုက်ကြီးပိုက်ပြီး “သူ” ရောက်လာတယ်…. မီပန်းတွေအတူတူလွှတ်ကြတယ် … မီးကျည်တွေက ရင်ထဲမှာလဲ … အပြင်က မီးပန်းတွေနဲ့  … အပြိုင်အဆိုင်ပဲ …။ မီးပုံးပျံလေးကို မီးတိုက်ကြတယ်… မှိုင်းဝအောင်စောင့်ရင်း မီးပုံးပျံကို … ကိုင်ထားတဲ့ လက်ဖျားတွေက … တဆတ်ဆတ်တုန် နေခဲ့တယ် …။ တအိအိတက်သွားတဲ့ … မီးပုံးပျံလေးနဲ့ အတူတူ… လူကလဲ မိုးပေါ်မှာ မြှောက်နေသလိုပဲ … ။ စိတ်နဲ့ လူနဲ့ မကပ်ပေမယ့် … ခဏခဏပြုံးပြမိတယ် … မကြာမကြာဆုံတဲ့ မျက်လုံးတစ်စုံကို ရှောင်လွဲရင်းနဲ့  ခိုးကြည့်မိတယ်….။ အဲဒီလို သိပ်ကို သိမ်မွေ့ ကဗျာဆန် နေတဲ့ အချိန်မှာ … ရင်ခုန်စရာ မကောင်းလိုက်ပုံက… အဖျက်သမား “မိ” က … ပြောင်စပ်စပ်မျက်နှာနဲ့  … ဘေးမှာ ရှိနေတယ်….။ အဲဒီလိုညမျိုးတွေသာ … ပြန်ရခဲ့မယ်ဆိုရင် …“မိ”ရေ… ငါ့အိပ်မက်ထဲမှာ နင်လဲပါလို့ရ ပါသေးတယ်…။

ဆောင်းတွင်းအိပ်မက်တွေကနေ … လန့် နိုးလာတော့ … ဆောင်းကုန်သွားပြီ …။ နောက်နှစ် ဆောင်းတွေ ရောက်တိုင်း … ဆောင်းအိပ်မက်တွေ ကတော့ မက်နေရဦးမှာပဲ … ။ ။

ဆောင်းကိုဆက်ချမ်းသင့်တဲ့ သူများကတော့ …
၁။ ကိုရန်အောင်
၂။ ကိုဘုရင့်နောင်
၃။ ကိုမျှားပြာ
အားတဲ့အချိန် … ရေးချင်စိတ်ရှိတဲ့အချိန် …ရေးပေးပါရှင် …။

15 Responses

  1. လေးမရေ.. အသဲပုံ မလိုချင်ပါ ။ သစ်လုံးအိမ်လေးပုံနော်း)

    အိပ်မက်တွေကို ဖတ်သွားတယ် ။ သိပ်ကဗျာဆန်တာပဲး)

  2. “ဆောင်း” က ပြောတယ်…သူသိပ်ချမ်းနေတယ်တဲ့ … ။
    ဒါဆို နေပူစာလှုံလိုက်လိုနော်။

    နှင်းတွေဝေတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ နှင်းပွင့်လေးတွေလို မဖွေးတဲ့ … “လေးမ”ဆိုတဲ့မိန်းကလေး…လူ့ လောကကြီးထဲကို ရောက်ခဲ့တယ်…။
    အဲ.. ဒါဆိုရင်တော့ မုန့်စားရတော့မယ်။ မွေးနေ့နီးနေပြီ။ တိတ်တိတ်လေး မလုပ်နဲ့နော်.. မမလေး။ 😀

    အမေ (သို့ မဟုတ်) “ငွေ” အမြန်လာပါ… အဲ….. ကောင်းပ။

    မက်ခဲ့ဖူးတဲ့ ဆောင်းတွင်းအိပ်မက်လေးက လွမ်းစရာလေးလာဟင်။… 😀

    တန်ဆောင်တိုင်အိပ်မက်လေးကတော့ လန်ထွက်နေတာပဲကွာ.. မမိရေ.. ရှောင်ပေးလိုက်နော်။ 😛

    အားကျတယ်ကွာ.. သူများတကာတွေများ အိမ်မက်လေးတွေ မိုက်မှမိုက်ပဲ..

  3. ဘာရမလဲ အိပ်မက်ထဲဝင်ပြီး ကွန်မန့်ရေးသွားတာပေါ့

  4. မလေးမ…ဆောင်းအိပ်မက်က လွမ်းစရာ

  5. အစိမ်းရောင်လေးကို ပြောပေးပါ
    လေတိုက်နေလား
    နေထွက်ပြီလား
    ထူထူ ပါးပါး
    အနွေးထည်လေးတော့ ၀တ်ထား လို့ ။

  6. လေးမရဲ့ တန်ဆောင်တိုင်အိပ်မက် ကို အားကြပြီး ပြန်သွားပါတယ်။

  7. မဂျစ်… ဆွဲပေးမှာပေါ့… ကဗျာဆန်သလား…မဂျစ်….။

    ကိုသန့်… ၀ါးတီးမက်တယ်လို့ ပြောတော့လဲ အပြောမခံချင်ဘူး…ဟင်း…၂၀၀၈ မှစားရမှာနော်…စောင့်ဦး…။ လန်ထွက်နေတဲ့ အလွမ်းလေးတွေကို အားကျရင် အိပ်မက်မက်လိုက်ပါ….။

    မပန်…တော်ပါသေးရဲ့…ကွန်မန့် ပဲရေးသွားလို့ ….။

    မပုံရိပ် … ဟုတ်တယ်…လွမ်းလို့ လွမ်းစရာတွေရေးတာ…ဟိ…။

    ကိုနိုင်… အစိမ်းကပြောတယ်…လေလဲတိုက် နေလဲထွက်လို့  … ထူပြီးပါးတဲ့ ၀တ်ရုံခြုံထားသတဲ့…။

    ကိုဘုရင့်နောင်….အားကျရင် ပြေးချည်းပဲပြေးမနေနဲ့ လေ….ကြိုးစားမှပေါ့…။

  8. အားရား … မလေးဆောင်းလေးက အရမ်းပျော်စရာကောင်းတာပဲ အားကျလိုက်တာာာာာ
    ပေါက်ပေါက်ဆုပ်ကိုလဲ စမူဆာနဲ့ပေါက်နော် တူငယ်ဂျင်းတွေဖြစ်တွားအောင်လို့ ( ချားပီးတာ စမူဆာနဲ့တော့ ပေါက်နဲ့နော် ) ခွိခွိ 😛

  9. လေးမရဲ့ ဆောင်းရာသီလေးတွေက
    ချစ်စရာလေးတွေ ..
    ဖတ်လို့ကောင်းတယ် ..
    နွေရာသီ ..မိုးရာသီလေးတွေရော ဟင်..
    အိတော့
    ဆောင်းအကုန်နွေအကူး ..
    နွေဦးရာသီ ..ကိုကြိုက်တယ် ..^.^

  10. ပေါက်ပေါက်ဆုပ်….ကိုတော့ ဆမူဆာနဲ့ ပေါက်ဘူး… ဘာဂါနဲ့ ပေါက်မယ်..ကြိုက်လား…။ 

    မအိ…. မိုးရာသီလေးလဲရေးဖူးတယ် မအိရဲ့…။ နွေကတော့ ရေးချင်နေတယ်…“လွမ်းရိပ်ဝေသော နွေဦးညများမှာ….” လို့ …။ 

  11. ခုပဲဖတ်ပြီးပီ လေးမရေ..
    ဖတ်လို့ကောင်းတယ် ^.^
    `မိုးတွေရွာရင်…. ` ဆိုတဲ့ post ဟုတ်တယ်ဟုတ်. .
    အားပေးလျက်ပါ.. ဆက်ရေးနော် ..
    “လွမ်းရိပ်ဝေသော နွေဦးညများမှာ….” ကိုစောင့်နေမယ် ..
    ပြောယင်းနဲ့ ဆယ်တန်းတုန်းက “နွေဦးကာလမြူထသောအခါ” ကဗျာကိုတောင်သတိရမိသား..
    အိုး .. ဆောင်းရာသီကို နှောက်ယှက်မိတဲ့အတွက် ဆောရီ :p

  12. မအိ… အဟောင်းလေးရှာဖတ်သွားတာကျေးဇူးပါရှင် …။ နောက်တမိုးရှိသေးတယ် မအိရဲ့ … ။ နွေဦးကာလဖုန်ထသောခါ ထန်းရည်သောက်ချင်တယ် နော် …။ ဆောင်းက ရပါတယ်တဲ့ …နှောက်ယှက်တယ်မထင်ပါဘူးတဲ့ …။

  13. လွမ်းစရာကောင်းတဲ့ဆောင်း ၊ ကဗျာဆန်တဲ့ဆောင်းပဲဗျ ။ ခုတော့ ရန်ကုန်သူတစ်ယောက် ရန်ကုန်က ဘုရားစူး ဆောင်းနဲ့ပဲ တိုးလို့ လေအေးစက်တပ်အခန်းထဲက ဆောင်းအတုလေးနဲ့ပဲ နေရင်း အတိတ်ဆောင်းမှာ ကွေးနေရတော့မှာပဲနော် ။ ဟား ဟား ဟား ။။။ တနားပါတယ်ကွယ် ။။။ 😦

  14. ဆောင်းအတုလေးနဲ့တဲ့…ဟုတ်ပ… တနားစရာလေးနော်…။
    ဆောင်းအစစ်လေးနဲ့ဆို အနွေးထည်ဖိုးကုန်မယ့်သူတွေကိုလဲ တနားပါတယ်ကွယ်…။

  15. […] ဘော်ဘော်တွေ စသွားတဲ့ ကောင်းကင် … ၊ “တန်ဆောင်တိုင်အိပ်မက်” ကိုအတူမက်ခဲ့တဲ့ ကောင်းကင် […]

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: