My Prediction

ဗေဒင်ဟောမယ်

လေးမ သိတဲ့ …. Blog ကို တွယ်တာနေသူ အချို့ ဟာ …အပြင်လောကမှာ စကားနည်းကြတဲ့ အေးတိအေးစက်သမားတွေ ဖြစ်နေကြပါတယ်…။ ဘယ်သူတွေလဲ သိလား…။

၁။ လေးမ ( ယုံမှာမဟုတ်ဘူးနော် … တကယ်ပြောတာပါ …)
၂။
သိုးမလေးနှင်းနှင်း ( ထင်တာ…ထင်တာ)
၃။ တေဇာဘလင့် ( သူ့  ပိုစ့် မှာ ဖြောင့်ချက်ပေးထားတယ် … မယုံရင်သွားကြည့် …)
၎။ ကိုမျက်လုံး ( တေဇာ့ဆီမှာ ၀န်ခံထားတယ် … ကွန့် မန့်  သက်သေရှိသည် …)
၅။
သန့် ဇော်မင်း ( ရုပ် ကြည့်ပြီး ခန့် မှန်းတာ… )

၆။ ကိုပီကေ (ကိုမျက်လုံးနှင့် မမယ်လိုဒီမောင် ကိုသက်သေထားပြီး အဆိုပြုလာသူ…)
ရ။ အနိုင် ( သတိ…သူ့ ထံသွားလျှင် မည်သည့်စားစရာမှ ယူမသွားရ… အန္တရာယ်ရှိသည်… စကားနည်းသော်လည်း အစားမနည်းပါတဲ့..)

၈။ ကိုရန်အောင် ( ကိုးန၀င်းစိပ်နေတဲ့ အချိန်ဆိုရင် လုံးဝ စကားမပြောဘူး …)
၉။ sparrow (စာကလေးကတော့ စကားကိုပြောချင်ပြောမယ်…မပြောချင်မပြောဘူးဆိုတဲ့ လူမျိုး…မွေးသမိခင်နဲ့ တောင် တနေ့  ငါးခွန်းပြည့်အောင် မပြောဘူး …တဲ့..)
၁၀။ ဂျယ်ရီ ( တစ်နေ့လုံးနေမှ …တစ်ခွန်း … အဲဒီတစ်ခွန်းမှာ စကားလုံးရေ ၅ သောင်းတဲ့ … သူကတော့ အေးစက်စက်ဟုတ်ဘူးတဲ့…နွေးနွးထွေးထွေးတဲ့ ( ကောင်မလေးတွေကိုနေမှာပေါ့)

 

၁၁။ မခွန်မြလှိုင် ( အိမ်ကလူနဲ့ တောင် စကားသိပ် မပြောဖြစ်ဘူး.. ဟိ.. ရန်တိုက် ပေးတာ.. ဟုတ်လား..သိဘူး…)
၁၂။ မညလေး ( ကိုကျော်ကလွဲရင် ဘယ်သူနဲ့ မှ သိပ်မပြောဘူး.. ကိုကျော် ကိုတောင် မတတ်သာလို့ ပြောနေရတာ… သွယ်ရေ.. ဂျီတော့ကိုလာပါ..လာပါ နဲ့ လာလာအော် လွန်းလို့ သနားလို့…)

သူတို့ အထီးကျန် … အဖော်မဲ့နေခြင်းမဟုတ်ပါ… အပေါင်းအသင်းများနှင့် လုံးထွေး လျှောက်လည်ခြင်းကို မခုံမင်သူများ…၊ ပါးစပ်က ထွက်စရာ စကားလုံးရှားပါးသူများ …၊ တကိုယ်တည်း တွေးနေရတာကို နှစ်သက်သူများ ဖြစ်နိုင်ပါသည် …။ သူတို့သည် အသံတိတ် ကမ္ဘာလေးထဲတွင် ဆူညံစွာ စကားပြောနေကြသည် …။ စကားပြောလိုသောကြောင့် ပြောနေကြခြင်း မဟုတ်ပါ…။ သူတို့နှင့် အပေါင်းအဖော်များ ရေးသားသော စာသားများ၏ စေ့ဆော်မှုကြောင့် နှုတ်ခွန်းဆက် …ဆုတောင်း… အကြံပေး … ဝေဖန် …လေကန်… ရန်တွေ့ …ကျီစယ်သော စကားလုံးများ… အလုအယက် တိုးထွက်လာကြသည် …။ ထိုအခါ စကားပြောဖို့တောင် အချိန်မလုံလောက်တော့ …။ ။
( ဟောကြည့် …. ပြောရင်းဆိုရင်းတောင် ပို့စ်တစ်ပုဒ်စာ ပြောမိသွားပြီ… )

မှတ်ချက် ။ ။ မမှန်လျှင် နာမည်ပြန်ဖျက်ပေးပါမည်…(သက်သေအထောက်အထား ခိုင်လုံရမည်) ။ထပ်မံ စာရင်းပေးလိုသူများ ကိုလည်း ထပ်ဖြည့်ပေးပါမည်(သက်သေ အထောက်အထား ခိုင်လုံရန်မလို) …။

Photo Sharing and Video Hosting at Photobucket