New House Party

အိမ်သစ်တက်ပွဲ…

ကြွရောက်လာကြသော လူကြီးလူကောင်းများအားလုံးကို လှိုက်လှဲစွာကြိုဆိုပါသည်…။ လေးမရဲ့ အိမ်သစ်လေးကို အမြဲလာလည်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်…။ ခင်းကျင်းထားတဲ့ စားသောက်ဖွယ်ရာများကိုလည်း သားရေကျ…အဲ..ယောင်လို့… သုံးဆောင်သွားကြပါဦး…။ လုယက်စားသောက်ခြင်း…၊ ပါဆယ်ထုပ်သွားခြင်း ..သည်းခံပါရှင် … ။
burgar.jpgblack.jpgcoffee.jpgfried-rice.jpg
th_whew1.jpgth_ice-cream.jpgth_hotdog.jpglapat.jpg
Photo Sharing and Video Hosting at Photobucket

“ကောင်းကင်မှာ စိုက်တဲ့သစ်ပင်”

အဲဒီသစ်ပင်လေးမှာ
ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတွေရှိတယ် …
လွမ်းဆွတ်ခြင်း အတိတ်နဲ့ မွတ်သိပ်တဲ့ မနက်ဖြန်တွေ
သက်ဝင်လှုပ်ခတ် စကားလုံးစုတ်ချက်တွေရဲ့ ပန်းချီကားတစ်ချပ်လို
နေ့ဘက်ဆို နေသွားရာလမ်းတလျှောက် လန်းဆန်းတောက်ပတတ်တယ်
ညဘက်ဆို လ နဲ့ကြယ် ငိုရအောင် လင်းလက်ချိုမြ အရိပ်တွေတောင် လှပနေပြန်ရော
သစ်ရွက်တို့ရဲ့ ရနံ့ကို မွှေးရှိုက်လိုက်တော့ တချို့မှာ မျက်ရည်စို၊တချို့မှာ အပြုံးတွေ ခိုလို့
ဒါပေမဲ့လေ … သူသီချင်းဆိုတဲ့ အခါ ခိုနားတဲ့ ငှက်တွေတောင် ဆွံ့အ သွားတတ်သလိုပဲ
တချို့ကတော့ သူ သီတဲ့ တေးကို သူနဲ့ အတူဆိုလို့ စိမ်းစို လတ်ဆတ်လိုက်ကြတာ
တံတိုင်းတွေ ပြိုသွားသလို အချိန်တွေလည်း ပျိုသွားကြလေရဲ့ …
အဲဒီလိုနဲ့ပဲ ဖွင့်ထားတဲ့ ပြတင်းပေါက်တွေလိုမျိုး
ဖြန့်ထားတဲ့ အတောင်ပံတွေလိုမျိုး
ကောင်းကင်မှာ
စိုက်
တဲ့
သစ်
ပင်
လေး
လည်း
မုန်တိုင်းတွေ ကြားမှာ ငြိမ်းအေးစွာ ရှင်သန်ဆဲ ရှင်သန်မြဲ ရှင်သန်နေဦးမယ် ….

ရေးသူ=ဂျယ်ရီ

29 Responses

  1. ဖိတ်စာက တော့ ဖိတ်စာပေါ့ …. သီတင်းကျွတ်ရင် လာစေချင်တဲ့ ဖိတ်စာက ဒီဟာမျိုး မဟုတ်ဖူးလေ … 🙂 😛

  2. အိမ်သစ်ကလေးက လှတယ်ဗျ … တော်တော်လေး အမြင်ရှင်းသွားတယ် … 😀

  3. မမလေးရေ.. ဗိုက်ဆာနေတာနဲ့ ကြက်ကြော်၂ တုံးနဲ့ လိမ္မော်ရည် ၁ ခွက် သောက်သွားတယ်နော်… 😛

    လုမစားဘူးနော်… ကိုစိုးထက်ကြီး ၁ ယောက်ထဲရောက်သေးတာဆိုတော့၊ အဲ့ဒါလေးတွေ ကျန်ဦးမယ်ထင်လို့.. 😛

  4. ဖိတ်စာ လာပို့တယ် ဆိုလို့ မင်္ဂလာဆောင် ဖိတ်စာ အောက်မေ့လို့ လိုက်လာ ကြည့်တာ မလေးမက အိမ်သစ် တက်ပွဲ ဖိတ်စာ ဖြစ်နေတာကိုးဗျ။ အိမ်သစ် တက်ပွဲ ဆိုလဲ အိမ်သစ် တက်ပွဲလို့ ရေးပြီး ဖိတ်လေဗျာ။ အခုတော့ အထင် တကြီးနဲ့ ထလိုက်လာတာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူး ဖြစ်သွားတယ်။ စိတ်ကူးထဲက လေးမရဲ့ သတို့သား ကိုတောင် အားနာမိတယ်။

  5. ဖိတ်စာဆိုလို့ ခဲဖိုးတောင်းရပြီမှတ်တာ။ အိမ်သစ်တက်တာကိုး။ အ၀စားသွားတယ်။ တော်သေးတယ် စားစရာတွေက ဆီမပါလို့ မင်းမသိသေးပါဘူး ကွာထဲကလို ဆီတွေပါရင်တော့ မစားတော့ဘူးလို့ ညင်းမလို့။ =P အဟဲ (ကျွန်တော်လည်း နောက်နှစ်မှာ ဒိုမိန်းဝယ်ပြီး ဘိုလိုရေးမယ်…. Ads by tayzar44) ဟိ ဟိ

  6. ဖိတ်စာ မရပေမယ့် လာလည်ပါတယ်ဗျ။ အ၀စား သွားတဲ့ အပြင် ပါဆယ်ပါယူသွားပါတယ်။

  7. ရေခဲမုန့်နဲ့ ကြက်ကြော် စားတွားတယ်။ ချစ်မ ချက်တဲ့ စွန်တန် ပါ ပါရင် ပို ကောင်းမှာ။ အားးးးးး………ဗိုက်တင်းလိုက်တာ။

  8. MaMaLay,
    I visited your new house. Happy Happy Thadinkyut ! I want to drink all juice. you are talking with me in my dream. Are you remember me? So I cannot ask any questions in my examination. haha!!! How should I do?

  9. ဟုတ်ပ လေးမရယ် ဖိတ်စာ လာပို့တာ ဆိုလို့ ၀မ်းသာအားရ လိုက်လာတာ နောက်မှ အိမ်တက်မင်္ဂလာပွဲ ဖြစ်နေတာကို ဘာပဲ ဖြစ်ဖြစ် နောက်မကျသေးဘူး ထင်တယ်၊ ကြက်ကြော်ရယ် ၊ ရေခဲမုန့်ရယ် ၊ ဘာဂါရယ် ၊ အအေးရယ် သောက်သွားတယ်၊ အချိုပွဲ အနေနဲ့ လက်ဖက်သုတ် ကလေးမြီးပြီး ကွန်မန့်လေးချပြီး ဗိုက်လေးလေးနဲ့ပြန်သွားပါကြောင်း

  10. အိမ်သစ်တက်ပွဲကို သူများတွေဆီမှာ လင့်ခ်ရလို့ လာလိုက်တယ်။ နောက်မကျသေးဘူးလေ ဒါ့ကြောင့် ကျန်တာနဲ့ ရှိတာတွေ အကုန်ရှင်းလိုက်တယ် (ဗိုက်ထဲကိုနော်၊ အစားတော့ ဘာပုပ်သလဲမမေးနဲ့) နောက်ဆို အလှူအရာမြောက်ချင်ရင် ညလေးကို ဖိတ် သိလား။ 😀

  11. ဟာဗျာ မညလေး အကုန်စားသွားပြီဗျ … အီးးးးးး နောက်ကျသွားပြီ …
    နောက်တစ်ခါ လေးမ မင်္ဂဆောင်မှပဲ အ၀စားတော့မယ် ခုတော့ အကြွေးမှတ်သွားပြီ ……. ။ မင်္ဂဆောင်ပါတော့ဗျို့ ဟတ်ဟတ်ဟဟ် ..

  12. ဖိတ်စာမြင်လို့လိုက်လာတာပါ။ နောက်ကျသွားပြီးလားမသိ။
    ဖိတ်စာနဲ့ဖိတ်တာမို့ ၀ါးတီးဆိုတာတော့သေချာပါတယ်။ ဟဲဟဲ။
    အိမ်သစ်တက်ပွဲမှာ ကျွေးသမျှအကုန်တီးသွားတယ် မလေးမရေ။

  13. Hello Lay Nge,
    How r u doing?
    Just dropping by ur new residence to say…Hiii. 🙂
    Had some juice n stayed for awhile.

  14. အစ်မရေ ဖိတ်စာတွေ့လို့လိုက်လာတာပါ။
    ဖိတ်တော့ မအားလည်းလာရတာပေါ့နော်။ (စားချင်လို့ တစ်မျိုးမထင်နဲ့)
    အစားတွေစားသွားတယ်နော်။
    မင်္ဂလာရှိသောအိမ်လေးဖြစ်ပါစေ။ သတင်းကျွတ်မှာလည်းပျော်ရွှင်ပါစေ။

  15. ခုမှ လာမိတယ် ။ မုန့်ကျန်သေးရဲ့လား မသိ ။ သစ်ပင်ပုံ ကဗျာလေးက အတော်မိုက်တယ် ။ ရေးသူ = ဂျယ်ရီ တော်ပါပေတယ် ။

  16. မြို့ဟောင်းကြီးခွါကါ မြို့သစ်သို့ အသွား … အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စ ကြစို့..။ 🙂

  17. အိမ်သစ်တက်ပွဲကို သူများဆီက ဖိတ်စာရလို့ ၀င်လာရတယ်.. 😛 မုန့်ကုန်သွားပြီလား မသိဘူး.. အိမ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ… မုန့်လည်း စားသွားမယ်နော်.. 😀

  18. ကောင်းပါ့ဗျား။ အသစ် မှာ ရင်ခုန်သူပေါ့ ။
    ” အဟောင်းကြီးတော့ မလုပ်နဲ့
    အားလုံးက ပျင်းတယ် ”
    လေးဖြူ ။

  19. အိမ်သစ်တက်ပွဲကို လာရောက်ဆင်နွှဲပါတယ် လေးမရေ…
    ထည့်ပါဦး. မုန့်နည်းနည်းလောက်… 😀

  20. ဖိတ်စာဆိုလို့.. အိမ်သစ်ကိုးဗျ

  21. အိမ်သစ်လေးက လှတယ်ဗျ။ ကျွန်တော်လဲ ဒီရပ်ကွက်မှာ အိမ်ဝယ်ထားတယ်။ ပြင်ဆင်ပြီးမှ ဖိတ်စာပို့လိုက်မယ်။
    နောက်ပြီး… ကျန်တဲ့မုန့်တွေ အကုန်စားသွားတယ် … ဟီး

  22. ရှိတာတွေ အကုန်လာစား ဗိုက်ကားပြီး ပြန်သွားပါတယ်..။ အေ့.. 😛

  23. အော် မေ့လို့ ပါဆယ်ပါထပ်ယူသွားတယ်..။ ဟဲဟဲ နောက်လဲ လည်လည်လာမယ်နော် မလေး 😛

  24. မလေးမ ..အိမ်သစ်က စကားပြောခန်းလေး မပါဘူးလား။ ဘာပဲဖြစ်ဖြစ် ဗိသုကာ ကြီးစီစဉ်တဲ့ ဒီဇိုင်းဆိုတော့ လှပါတယ်ဗျာ။ အိမ်သစ်ကို တစ်အိမ်လုံး လျှောက်ကြည့်သွားတယ်။ စားစရာတွေလည်း တကယ်စားရရင် ကောင်းမယ်။
    ကျေးဇူး။

  25. အိမ်သစ်ကို လာလည်တာပါဗျာ။
    အိမ်သစ်တက်ပွဲ မမှီလိုက်တော့ ပုံကြည့်ပြီး မျက်စိအရသာပဲ ခံသွားပါတယ်ဗျာ။

  26. အိမ်ပြောင်းသွားပြီလား…
    ကောင်းပါတယ်ဗျာ….
    ကြိုဆိုပါတယ်…
    လည်လည်လာသွားတယ်…
    မုန့်တွေလည်း စားသွားတယ်.. ( မသိရင် နတ်တွေကျနေတာပဲ.. 😀 အနံ့နဲ့ စားတာမဟုတ်ဘူး.. အမြင်နဲ့ စားတာ… )

  27. la-phet-thoat sarr thwar tal 🙂

  28. ဘာဖိတ်စာပါလိမ့်လို့ ဂလိုလား ခုမှ သိတယ် နောက်ကျသွားတယ်ဗျာ
    ဒါနဲ့ ဒီပန်းချီကားကြီး ဘယ်နားထားသွားရပါ့ (အဟတ်ဟတ် အီးမေးလ်နဲ့ အတက်ခ်ျတွဲပို့လိုက်မယ်နော်)

  29. လေးမရဲ့ အိမ်သစ်လေးကို ခင်မင်စွာလာလည် အမြင်နဲ့  အားပါးတရစားသောက် ဖော်ရွေစွာ မှတ်ချက် လက်ဆောင်များပေးသွားတဲ့ သူငယ်ချင်းများ..မောင်နှမများအားလုံးကို အရမ်းကျေးဇူးတင်မိပါတယ်ရှင်…။
    အရမ်းလည်း ပျော်ရပါတယ်ရှင် …။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: