Got Married

ကြွားရဦးမယ်ကွဲ့ … ကြွားရဦးမယ်…

တကယ်တော့ ဒီပြသနာက ၀ါကျွတ်လို့ ရှုပ်ကုန်တာ … ရှုပ်တော့လည်း ရှင်းရတော့မှာပေါ့လေ…။ အရင်ကတော့ လေးမ ရှင်းလင်းပွဲ ဆိုပြီး ရှင်းလင်းပွဲတွေ  လုပ်နေကြပါ … ။ ဒါပေမယ့် ခုတလော ရှင်းလင်းပွဲက သိပ်ခေတ်မစားတော့ဘူး … ဒါကြောင့် ပြောချင်တာကိုပြောပြီး ဘလော့ခ်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်…။
ဒီသီတင်းကျွတ်မှာ လေးမ တော်တော် ပြသနာတက်သွားပါတယ်…။ ဘာလို့လဲဆိုတော့ … သူတို့ တွေကလေ… လေးမ ကို လာလာစ သွားကြတယ်…။ ဘလော့ခ်ဂါ အပျိုကြီး လို့ အော်သွားတဲ့သူလည်းရှိတယ်…။ အရန်လုပ်ဖို့ လျှောက်လွှာတင်တဲ့သူတွေလည်း ရှိတယ်…။ ဆီပုံးမှာ ပြန်ဖြေထားတာကိုလည်း မဖတ်ကြဘူး …။ ဟွန်း…ဟွန်း… လေးမ ကိုများ … showroom ထဲမှာ ဖုန်သုတ်နေရတဲ့ ပစ္စည်းများ မှတ်နေသလား မသိဘူး …( အပျိုကြီးမမတွေ စိတ်ချိုးကြနဲ့ နော်… လေးမ က  သူတို့ကို ရန်တွေ့ ချင်လို့ပါ…) ။ လေးမက ပိုင်ရှင်မဲ့ မဟုတ်ဘူးရှင့် … ။ လေးမမှာ ပိုင်ရှင်ရှိတယ် … လေးမမှာ ကောင်းကင်  ရှိတယ် …လေးမမှာ အိမ်ရှိတယ်… ။ ဒါပေမယ့် လေးမမှာ ကိုစိုးထက်တို့ … ကိုအန်ဒီတို့လို ကြွားစရာ ရတနာလေး မရှိဘူး…။ ဒါကြောင့် တိတ်တိတ်လေး … ကုတ်ကုတ်လေး နေခဲ့တာ …။ ခုတော့ … အတွေးမှား…အမြင်မှား… အရေးမှားလျှင်..သမိုင်းနွံနစ်မည်..အဲ…အဲ…ဟုတ်ပါဘူး…. ယောင်လို့ … ဘော်ဘော်တွေ ရှင်းရှင်းလင်းလင်း သိထားရအောင်… ရှိစုမဲ့စုလေးကို ထုတ်ကြွားလိုက်ပါပြီရှင် … ။ ။

မှတ်ချက် ။ ။ လေးမရဲ့ ဒုတိယအသက်က  … “အရောင်များ” ထဲက လေးမ အရောင်ဖတ်ခဲ့တဲ့…ကောင်းကင် …၊ “လေးမနှင့် ကောင်းကင် ” ကဗျာမှာ  ကင်းကောင်ကြီး လို့  ဘော်ဘော်တွေ စသွားတဲ့  ကောင်းကင် … ၊ “တန်ဆောင်တိုင်အိပ်မက်” ကိုအတူမက်ခဲ့တဲ့  ကောင်းကင် ကြီးပါရှင် …..။ လေးမ စောစောကတည်းက  မကြော်ငြာထားမိတာ  ခွင့်လွှတ်ကြပါလို့  အနူးအညွတ်  တောင်းပန်ပါတယ်ရှင် … ။ မလိုဘူးထင်လို့ပါရှင် ….။

15 Responses

  1. ဂလိုကိုးးးးးးးးး အဟိ အဟိ … ခွိ ခွိ ခွိ
    သစ်ပင်ကို ဒီနေ့မှပဲ မြင်ရတော့တယ်ဗျ … ကောင်းတယ်

  2. ဟဲ ဟဲ … သိမှသိပဲ … ဆောရီးနော် … 😛

  3. အဟတ်.. ဂလိုလား.. သတင်းစာရှင်းလင်းပွဲက မြန်လှချည်လား တို့ပြန်ကြားရေးဝန်ကြီးနဲ့ မှား.. နင်လားငါလားဟဲ့… ကြွားစရာရှိတဲ့ သူတွေကတော့ ကြွားနိုင်တာပေါ့ဗျား.. ခေါင်းမော့ရင်ကော့ပြီး အိမ်နဲ့ ကောင်းကင်နဲ့ ဘာနဲ့ ညာနဲ့တဲ့.. ဟင်း ဟင်း….

  4. ဟွန့် နာတို့ကိုတော့ showroom ထဲမှာ ဖုန်သုတ်နေရတဲ့ ပစ္စည်းတွေလို့ စောင်းပြောသလိုပဲ ဟုတ်ဘူးကွ မရောင်းရသေးတဲ့ ပန်းသီးလေးတွေကွ 😛
    ကြွားစရာ ရတနာလေးလဲ အမြန်ရပါစေ လေးမရေ 🙂

  5. အဟမ်း အဟမ်း…

    အဟမ်းးးးးးးးး

    အဲလိုပဲဗျာ

    တစ်ချို့က ဆက်ပြီး မအောင့်နိုင်တော့ဘူး. အမေးကိုစောင့်နေတာလေ. (ဟတ်ဟတ်) ငိုချင်ရက်လက်တို့တော့ မဟုတ်ပါဘူး. ပြောချင်ရက် သွန်ချ ဖြစ်ကုန်တာ. (ချိတ်ချိုးနဲ့ မခံချင် ပြန်စ… ) ဟဟဟ

    အရောင်တွေပျယ်ကုန်ပြီလား.
    ရီေ၀၀ါးနေတဲ့ ငါ့အာရုံတွေကြားထဲမှာ
    သိပ်ချစ်တဲ့ ကောင်းကင်ကို လှမ်းမြင်လိုက်ရတယ်.
    သူကပြောတယ်လေ.
    ရူးနေရင်တော့ ဘယ်ဖတ်တတ်ပါ့မလဲတဲ့.

    ရေခဲညှပ်…..

  6. အင်းကောင်းလေစွ ကောင်းလေစွ….
    ဒီလိုမျိုးကြေငြာသင့်တာကြာပေါ့….
    မောင်လေးလဲအမလုပ်သူကိုသတိပေးတော့မလို့ပဲ
    ဒါမျိုးတွေဖြစ်တော့မယ်ဆိုတာ….
    အမလဲပြောတာပဲနော်….
    သူတို့ကမသိတာ…..

  7. Myanmar3 , မြစေတီ နဲ့ ပုရပိုက် ဖောင့်တွေသုံးတဲ့သူတွေလဲ
    အမရဲ့ ပိုစ့်တွေကို ဖတ်လို့ရတယ် အမရေ
    ဒါပေမယ့် နောက်ဆုံးထွက်တဲ့ Version တွေတော့ဖြစ်ရမယ်လို့
    ပြောထားအုံးလေ….

  8. လေးမရေ.. သတိ..ပိုင်ရှင်ရှိသည် ပေါ့.. အခုတော့ သိသွားပြီ။ ဟား…ဟားး…

  9. လာသွားတာဖြင့်ကြာလှပေါ့..
    သြော်..ပိုင်ရှင်နဲ့..ကိုး

    cbox မရဘူးလား..
    အိမ်သစ်ကလှတယ်

  10. ဟိုင်း မလေးမရေ
    လာပြီး ဘာမှ မပြောဖြစ်လို့ပါ။ ဒီပို့စ်က ကြွားတာလား၊ ကောင်းကင်နဲ့ ကွိုင်မှာစိုးလို့ ကြိုရှင်းထားတာလားဟင်။ 🙂

  11. ကြွားပါရှင်။ ဟင့်….ကြွားစရာမရှိလို့ ငိုပြီးပြန်သွားပြီဗျ။
    မမ ရတနာလေးတွေ မြန်မြန်ရပါစေနော်။ ဆုမွန်မှ ဆုမွန်ကောင်းတောင်း
    လိုက်ပါတယ်။
    မမနာမည် ပို့စ်ထဲထဲ့ေ၇းတာ ခွင့်ပြုနော်။ ဟီး ရေးပြီးသွားပြီဗျ။

  12. ကိုမျှားပြာ…ဂလိုပါရှင်…။ သစ်ပင်က ဟုတ်တယ်… သိပ်နားမလည်လို့ ခုမှ ပြန်ပြင်ရတာ…။
    ကိုစိုးထက် … ခုတော့သိသွားပြီ…။
    ကိုတက်စ် … မခံချင်ရင် ပြန်ကြွားလေ…။
    မမောင်…ပန်းသီးလေး…ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ…။
    ဦးရေခဲညှပ် … ရေခဲခြစ်တောင် စားချင်လာပြီ…။မှန်တာပြောတော့ ချိတ်ချိုးတယ်…။ ကဗျာလေးအတွက်ကျေးဇူး..။
    စာကလေး… တော်သေးတာပေါ့..ဖတ်လို့ရသွားတယ်လား…။
    မနုစံ … သတိ …ရောင်းချပြီး လို့ မအော်သွားတာတော်သေးတယ်..။
    မမသမုဒယ… cbox link ပေးထားတယ်…ထည့်လို့ရဘူး…မမရဲ့..။
    ကိုမျက်လုံး … တချက်ခုတ် နှစ်ချက်ပြတ်ပေါ့…။ သဘောပေါက်တယ်နော်…။
    မိုးချစ်သူ … ကျေးဇူးဆုမွန် ..လေး..။ ငိုနဲ့ တိတ်တိတ်…။

  13. မလေး free wordpress hosting အတွက် pdf လုပ်နေတယ်ဗျ 2-3 ရက်လောက်စောင့်ပါ။ 🙂

  14. ဟွန့် ပြောအားရှိတော့ ပြောထားအုံးပေါ့ တို့တွေကိုများ ရှိုးရွမ်း ထဲမှာ ဖုန်သုတ်နေရတဲ့ ပစည်းတွေတဲ့၊ စိတ်ဆိုးတယ်၊ ခေါ်တော့ဝူး၊ စိတ်ဆိုးပြေအောင် တက်ထားတာ မြန်မြန် ရေးပေး၊

  15. hmm.. စာမေးပွဲ တစ်ပါတ်လောက် သွားဖြေလိုက်တာ ဘာတွေ ဖြစ်ကုန်တာလဲဟင် :0 … Anyway, congrats ma layma!!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: