A Dancer’s Wish

“ ကချေသည်ရဲ့ ဆန္ဒ…”


လုပ်လိုက်ပေါ့

ဇာတ်ဆရာရယ်…

ကျွန်မက “ကချေသည်” ပဲ…

ရှင် ထားတဲ့နေရာမှာ

ရှင် ခိုင်းတဲ့ဇာတ်ရုပ်က

ရှင် ပေးတဲ့ ဒိုင်ယာလော့တွေနဲ့

ရှင် ရေးတဲ့ ရှင့်ဇာတ်လမ်းကို

ရယ်ဆိုရယ်

ပြုံးဆိုပြုံး

ငိုဆိုငို

အပိုအလို မရှိစေရပါဘူး … ။

ဒါပေမယ့်

ကျွန်မက ပညာသည်လေ …

ခဏလှအောင်

က နေရပေမယ့် …

ဘ၀ မကျအောင်တော့

(တတ်စွမ်းသမျှ)

ချပြ ချင်သေးတယ်…။ ။

မှတ်ချက်= ကံဇာတ်ဆရာ နှင့် ကချေသည် လူသား

4 Responses

  1. မမလေး… ကဗျာလေးကို ခံစားသွားတယ်။ မမလေးရဲ့ ကချေသည်က အသက်ဝင်တယ်။

  2. ဒီနေ့လစာထုတ်တာနော်.. အဲ့ဒီငြီးခြင်းလေး အော်ချင်နေတာ…. :’-(

  3. သိုးလေး…နဲ့ ကိုသန့် …ဇာတ်ဆရာနေရာမှာ ပုဂံနက် လို့ပြင်ဖတ်လိုက်နော် …။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: