အမှတ်တရ ….(၁)

လေးမ ရဲ့ပို့စ်တွေမှာ ရေးပေးသွားတဲ့ ကဗျာ ၂ ပုဒ်ကို ကြိုက်လွန်းလို့ တင်လိုက်ပါတယ်…။

“အရူးများမဖတ်ရ…” တွင် ရေးသွားသောကဗျာ…
“နာရီပျက်တစ်လုံးရယ် …
နို့ဆီခွက် တစ်ခွက်ရယ် …
ယပ်တောင်တစ်ချောင်းရယ် …
ဣစာသရဆာလာအိတ်တစ်လုံးရယ် …
သူငယ်ချင်း ခွေးဝဲစားတစ်ကောင်ရယ် …
လမ်းတကာ အိမ်ယာတည်ပြီး
ဆင်တရံ မြင်းတရံ စီးထားတဲ့ ဖိနပ်မှာ
မြေပုံမပါဘူး …
အရိုးတို အရွက်ဖားတဲ့ ထီးအိုလေးမှာလည်း
ရာသီဥတု မပါဘူး …
ပြီးရော …
rapper တစ်ယောက်လို ပွယောင်းနေတဲ့ အ၀တ်
ဖောင်းကားနေတဲ့ စိတ်နဲ့(ဖာရာထေးရာမပါဘူး)
တစ်လှိမ့်လှိမ့်သွားနေတုန်း …
အားလုံးထက် တစ်မူးသာတယ် …”

ရေးသူ= ဂျယ်ရီ

လေးမက အရူးကို စကားပြေနဲ့ ရေးပြတယ်..။ ဂျယ်ရီက ကဗျာပြန်ရေးသွားတယ်…။ ပညာရေးဝန်ကြီးသိရင် “ဖော်ပြပါ စကားပြေကို ကဗျာစပ်ဆိုပါ” ဆိုတဲ့ မေးခွန်းပုံစံ အသစ်ပေါ်လာနိုင်တယ်…။

“နှုတ်မဆက်နဲ့ ငိုချင်တယ်” တွင် ကိုမျှားပြာ ရေးစပ်သွားသောကဗျာ…

(ကဗျာ ခေါင်းစဉ်= ရင်ဘတ်ကြီးထဲက..)
“တွေ့ ဆုံကြုံကွဲ မမြဲသော်လည်း
သိနားလည်လျှက် မေ့ဖို့ခက်သည်
ဖြတ်မရသော သံယောစဉ်……။
မမြင်ချင်ယောင် မတွေ့ အောင်လည်း
ဆောင်၍မရ သဘာဝမယ်
ပုထုသဘော လူ့မနောကို
လိုက်၍မညီ ဥာဏ်မမှီသည်
ဖြတ်၍မရ ဤလောက ……. ။
ဤလောက၏ သံယောစဉ်တွင်
ရစ်နှောင်မိသား ငမိုက်သားမှာ
ချုပ်တည်းဖြတ်ခြောက် ထိုးဖောက်ထွက်လည်း
ရုန်းထွက်မရ ဖျက်မရသည်
မျောသာ လွင့်လိုက်ချင်တော့သည် …… ။ ”

ရေးသူ=မျှားပြာ ( bluearrow07.blogspot.com)

ပိုင်ရှင်များသည်… ထွက်ပြေးနေသူနှင့် အိမ်ခြေမဲ့တစ်ဦးဖြစ်နေသောကြောင့် ခွင့်မတောင်း…ခေါင်းစဉ်မမေးတော့ပါ…။ မျက်စိလည်ပြီးရောက်လာလျှင် အလိုက်တသိ ခေါင်းစဉ်ပေးသွားနိုင်သည်…။ ။

အမှတ်တရ ….(၁)

လေးမ ရဲ့ပို့စ်တွေမှာ ရေးပေးသွားတဲ့ ကဗျာ ၂ ပုဒ်ကို ကြိုက်လွန်းလို့ တင်လိုက်ပါတယ်…။

“အရူးများမဖတ်ရ…” တွင် ရေးသွားသောကဗျာ…
“နာရီပျက်တစ်လုံးရယ် …
နို့ဆီခွက် တစ်ခွက်ရယ် …
ယပ်တောင်တစ်ချောင်းရယ် …
ဣစာသရဆာလာအိတ်တစ်လုံးရယ် …
သူငယ်ချင်း ခွေးဝဲစားတစ်ကောင်ရယ် …
လမ်းတကာ အိမ်ယာတည်ပြီး
ဆင်တရံ မြင်းတရံ စီးထားတဲ့ ဖိနပ်မှာ
မြေပုံမပါဘူး …
အရိုးတို အရွက်ဖားတဲ့ ထီးအိုလေးမှာလည်း
ရာသီဥတု မပါဘူး …
ပြီးရော …
rapper တစ်ယောက်လို ပွယောင်းနေတဲ့ အ၀တ်
ဖောင်းကားနေတဲ့ စိတ်နဲ့(ဖာရာထေးရာမပါဘူး)
တစ်လှိမ့်လှိမ့်သွားနေတုန်း …
အားလုံးထက် တစ်မူးသာတယ် …”

ရေးသူ= ဂျယ်ရီ

လေးမက အရူးကို စကားပြေနဲ့ ရေးပြတယ်..။ ဂျယ်ရီက ကဗျာပြန်ရေးသွားတယ်…။ ပညာရေးဝန်ကြီးသိရင် “ဖော်ပြပါ စကားပြေကို ကဗျာစပ်ဆိုပါ” ဆိုတဲ့ မေးခွန်းပုံစံ အသစ်ပေါ်လာနိုင်တယ်…။

“နှုတ်မဆက်နဲ့ ငိုချင်တယ်” တွင် ကိုမျှားပြာ ရေးစပ်သွားသောကဗျာ…

(ကဗျာ ခေါင်းစဉ်= ရင်ဘတ်ကြီးထဲက..)
“တွေ့ ဆုံကြုံကွဲ မမြဲသော်လည်း
သိနားလည်လျှက် မေ့ဖို့ခက်သည်
ဖြတ်မရသော သံယောစဉ်……။
မမြင်ချင်ယောင် မတွေ့ အောင်လည်း
ဆောင်၍မရ သဘာဝမယ်
ပုထုသဘော လူ့မနောကို
လိုက်၍မညီ ဥာဏ်မမှီသည်
ဖြတ်၍မရ ဤလောက ……. ။
ဤလောက၏ သံယောစဉ်တွင်
ရစ်နှောင်မိသား ငမိုက်သားမှာ
ချုပ်တည်းဖြတ်ခြောက် ထိုးဖောက်ထွက်လည်း
ရုန်းထွက်မရ ဖျက်မရသည်
မျောသာ လွင့်လိုက်ချင်တော့သည် …… ။ ”

ရေးသူ=မျှားပြာ ( bluearrow07.blogspot.com)

ပိုင်ရှင်များသည်… ထွက်ပြေးနေသူနှင့် အိမ်ခြေမဲ့တစ်ဦးဖြစ်နေသောကြောင့် ခွင့်မတောင်း…ခေါင်းစဉ်မမေးတော့ပါ…။ မျက်စိလည်ပြီးရောက်လာလျှင် အလိုက်တသိ ခေါင်းစဉ်ပေးသွားနိုင်သည်…။ ။

စိတ်… စွပ်ပြုတ်

“ sparrow နဲ့  jerry
cbox မှာ ဂျီ …
မနေနိုင်တဲ့ မလေးမ
စွပ်ပြုတ်ချက်ဖို့ စောစောထ…
ကြက်သားဝယ်ဖို့ မလွယ်ကူ
ဆိတ်သားလေးကို ယူ …
အတူတူပါပဲ မောင်ငယ်လေး
စိတ်…စွပ် … သောက်ပါဝေး…။”

What a silly man !!! (ခေါင်းစဉ်မပါသဖြင့် ပေးချင်သလိုပေးလိုက်သည်)
Nasreddin သည် သူ့ ခြံထဲက သစ်ပင်တစ်ပင်၏ သစ်ကိုင်းကို ခုတ်နေသည် ။ သစ်ကိုင်းကို လွှနဲ့ ဖြတ်နေတုန်းမှာ လမ်းပေါ်မှာလူတစ်ယောက် ဖြတ်လျှောက်သွားပါတယ်။ အဲဒီလူက ရပ်လိုက်ပြီး Nasreddin ကို လှမ်းပြောလိုက်ပါတယ် “ဟေ့..ဒီမယ်… ခင်ဗျားအဲလိုသာ ဆက်ဖြတ်သွားရင် ကိုင်းနဲ့ အတူ ခင်ဗျားလည်း ပြုတ်ကျလိမ့်မယ်နော် …” ( ပြောလဲပြောစရာပဲ … Nasreddin က ကိုင်းပေါ်မှာ ထိုင်ပြီး ပင်စည်နဲ့  သူထိုင်နေတဲ့ သစ်ကိုင်းကြားက နေရာကို ဖြတ်နေတာကိုး)
Nasreddin က ဘာမှပြန်မပြောဘူး ။ စိတ်ထဲမှာတော့ တွေးလိုက်တယ် …“ ဒီလိုလူတွေက အလုပ်မရှိဘဲ လျှောက်သွားပြီး တခြားလူတွေကို ဟိုဟာလုပ် ၊ ဒီဟာမလုပ်နဲ့ …ဆိုပြီး သြဇာပေးချင်နေတဲ့  ကြောင်တောင်တောင် လူစားမျိုးတွေ..” ။
ဟိုလူကတော့ ပြောပြီး သူ့ လမ်းသူ ဆက်သွားတယ် ။
ခဏလောက်လဲကြာရော သစ်ကိုင်းရော Nasreddin ရောပြုတ်ကျပါလေရော ။
“ အိုး….ဘုရားသခင်…” “ ဒီလူက အနာဂတ်ကိုကြိုသိနိုင်ပါလား..” Nasreddin အလန့်တကြား အော်ပြီး ဟိုလူ့ နောက်ကို ပြေးလိုက်တယ်…သူဘယ်လောက်ထိ အသက်ရှင်နေနိုင်ဦးမလဲ ဆိုတာမေးချင်လို့တဲ့ ။
ဒါပေမယ့် ဟိုလူကတော့သွားလိုက်ပြီ ။

( ရေးသူမသိသော story တစ်ပုဒ်ကို လေးမ နားလည်သလို ဘာသာပြန်သည်)
ပြုံးလိုက်ပြီလား ။ ဒါဆို စိတ်ထဲမှာနည်းနည်းပျော်သွားပြီ ။ ဒါကြောင့် စိတ်..စွပ် လို့ပြောတာ ။ ဘာရလိုက်သလဲ ။ သူများပြောတိုင်းမလုပ်ဘူး … ဘယ်သူ့ မှဂရုမစိုက်ဘူးကွ…ငါလုပ်ချင်တာ လုပ်မယ်ဆိုရင် တခါတရံ နစ်နာသွားလိမ့်မယ် ။ သူပြောသလို လုပ်စရာမလိုဘူး…ဒါပေမယ့် သူပြောတာကို နားထောင်ရမယ် … ( လိုက်နာတာနဲ့  နားထောင်တာမတူပါ) နားပိတ်ထားလို့မရဘူး ။ သူဘာကြောင့် ဒီလိုပြောလဲ သုံးသပ်ကြည့်ရမယ် ။ ပြီးမှ ကိုယ်ကြိုက်သလို ဆက်လုပ် ။ လူတိုင်းဟာ ကိုယ့်အတွက်ချည်းပဲ လုပ်နေကြတာ မဟုတ်သလို ဆရာကြီးလုပ်ချင်သူတွေ ချည်းပဲလည်း မဟုတ်ဘူး ။ အရာရာကို အပြစ်ပြောတတ်တဲ့ လူတွေပဲရှိတာ မဟုတ်ဘူး ။ အသိပညာ၊ အတွေ့  အကြုံ နဲ့  ယှဉ်တဲ့ အကြံပေးမှုတွေကို နားထောင်ကြည့်ရမယ်… ပြီးမှ အကျိုးသင့်အကြောင်းသင့် သုံးသပ်ဆင်ခြင်ပြီး လုပ်သင့်တာကိုလုပ်မယ် ဆိုရင် မကောင်းဘူးလား…။ ။

နှုတ်မဆက်နဲ့ ငိုချင်တယ် …

Photo Sharing and Video Hosting at Photobucket
ပထမဆုံး မောင်လေး sparrow နှုတ်ဆက်သွားတယ်…။
ကာလတို မန်နေဂျာကြီး သန့်ဇော်မင်းက
“တခဏတာလား..
တဘ၀စာလား..
မသေချာပေမယ့်..
နှုတ်ဆက်ခဲ့ပါတယ်..
သူငယ်ချင်းတို့ရေ…

……………..တနေ့နေ့… တချိန်ချိန်မှာ.. ပြန်ဆုံနိုင်ဖို့.. မျှော်လင့်ရင်း…….
tzm…….
တဲ့……။
ချစ်စရာ သိုးမလေးက
သိုးလေး ဘလော့မလုပ်ဖြစ်တော့ရင်တောင် အင်တာနက်သုံးဖြစ်တိုင်း အမြဲဖတ်မှာပါ။…..တဲ့…
ကိုမျှားပြာက အားလုံးကို ခေတ္တ ခဏနှုတ်ဆက်ခဲ့ပါတယ်။ အချိန်တွေကို စီမံခန့်ခွဲနိုင်တဲ့ တစ်နေ့  ပြန်လာခဲ့ပါမယ် … တဲ့…
( အချို့သော သူများလဲ နှုတ်မဆက်ဘဲ ပုန်းကွယ်နေကြတယ်….)
လေးမလဲ “ Goodbye ” လုပ်တော့ မလို့ဘဲ…။ ဒါပေမယ့် Blog ကဗျာမှာရေးခဲ့သလိုပဲ… “၀င်လာတုန်းက ပေါ့ပေါ့လေး…ပြန်အထွက်မှာ သံယောဇဉ်တွေနဲ့ လေးနေခဲ့ပြီ….”
မကြားရ….မမြင်ရသော သံယောဇဉ်က တော်တော် အလေးချိန်စီးပါလားနော် …။
သေချာ ပြန်ဆန်းစစ်ကြည့်တော့ စာရေးချင်လို့ Blog မှာရေးနေတာ မဟုတ်တော့သလိုဘဲ …။ စာဖတ်ချင်ရင်လဲ ဖတ်စရာနေရာတွေများ ပုံလို့…။ ရေးချင်ရင်လဲ ရေးစရာနေရာတွေများ အားကြီးပဲ ….။ ဒါပေမယ့် ဒီနေရာက မခွာရက်နိုင်တာ … အဲဒီနေရာတွေမှာ ဖတ်စရာစာတွေ ရှိရှိမရှိရှိ သွားရှာတတ်တာ … ဒါဆိုရင် ဒီကမ္ဘာမှာ ( လေးမရဲ့ ကမ္ဘာအတုမှာ) လူသားဆန်တဲ့ မေတ္တာတစ်ခု … မောင်နှမ သံယောဇဉ် … မိတ်ဆွေသူငယ်ချင်းဆိုတဲ့ အ၀န်းအ၀ိုင်း တစ်ခု အမြစ်တွယ်နေခဲ့ပြီပေါ့ …။
သိုးလေးနဲ့ ကိုသန့်ရေ …မင်းတို့ Blog မှာ လေးမ လာရှာရင် ခြေရာလက်ရာလေးတွေ အမြဲ ရှိနေစေချင်လိုက်တာ …(sparrow ကတော့ တားမရတော့ဘူး )…။ ကိုမျှားပြာလဲ တရုတ်ကြီး(အချိန်) ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်တဲ့ တနေ့ မီးမီးကိုပိုက်ပြီး ကဗျာတွေနဲ့အတူ ပြန်လာနိုင်ပါစေရှင် …။ ။
အားလုံးပဲ အေးချမ်းပျော်ရွှင်ပါစေ….။

အမှောင်ထဲက… ကချေသည် …


ကျွန်မ ကမ္ဘာကို
ညအခါလို
အမှောင်ချချင်တယ် …။
ကျွန်မ ဆိုမယ့်တေး
ရှိုက်သံ ရောထွေးမှာစိုးလို့
ကျွန်မ ပါးစပ်ကို
ပ၀ါစည်းခိုင်းတယ် …။
ကျွန်မ မျက်နှာပေးမှာ
အတွေးတွေ ရေးမှာစိုးလို့
ဇာတ်စင်ကို အမှောင်ချထားတယ်…။
ကျွန်မ လက်အကွေးမှာ
သက်ပြင်းတွေ
ချကျွေးမှာစိုးလို့…
လက်တွေကို ရိုက်ချိုးထားတယ်…။

….
အမှောင်ထဲက
ကချေသည် …
အမှောင်ချထားလို့
အမှောင်ကျနေတယ် …။
အလင်းထဲက
ပရိသတ်…
ဇာတ်စင်ကိုကြည့်
ပီပီပြင်ပြင် မသိရှာဘူး… ။
အမှောင်ထဲက ကျွန်မကတော့
အလင်းထဲက ပရိသတ်နဲ့ …
ဇာတ်စင်နောက်က
ပိုးစိုးပက်စက်တွေကို…
နှစ်ဖက်မြင်
အရှက်ဝင် နေရတယ်….။ ။

အမှောင်ထဲက… ကချေသည် …


ကျွန်မ ကမ္ဘာကို
ညအခါလို
အမှောင်ချချင်တယ် …။
ကျွန်မ ဆိုမယ့်တေး
ရှိုက်သံ ရောထွေးမှာစိုးလို့
ကျွန်မ ပါးစပ်ကို
ပ၀ါစည်းခိုင်းတယ် …။
ကျွန်မ မျက်နှာပေးမှာ
အတွေးတွေ ရေးမှာစိုးလို့
ဇာတ်စင်ကို အမှောင်ချထားတယ်…။
ကျွန်မ လက်အကွေးမှာ
သက်ပြင်းတွေ
ချကျွေးမှာစိုးလို့…
လက်တွေကို ရိုက်ချိုးထားတယ်…။

….
အမှောင်ထဲက
ကချေသည် …
အမှောင်ချထားလို့
အမှောင်ကျနေတယ် …။
အလင်းထဲက
ပရိသတ်…
ဇာတ်စင်ကိုကြည့်
ပီပီပြင်ပြင် မသိရှာဘူး… ။
အမှောင်ထဲက ကျွန်မကတော့
အလင်းထဲက ပရိသတ်နဲ့ …
ဇာတ်စင်နောက်က
ပိုးစိုးပက်စက်တွေကို…
နှစ်ဖက်မြင်
အရှက်ဝင် နေရတယ်….။ ။

ကြွက် … ပုံပြင် …

rats-story.jpg   ကြွက်တွင်းကလေးကို ကျောက်တုံးကြီးနဲ့ … ပိတ်ဆို့ ခံလိုက်ရ ပါတယ် … ။ ကြွက်ကလေးတွေ ကြွက်စီကြွက်စီနဲ့ … ဟိုပြေးဒီပြေး ဖြစ်သွားပါတယ် … ။ အ တီး အ တ ကြွက်ကလေးတွေက ငိုယို မြည်တမ်းကြပေမယ့် … ဂျလည် ကြွက်ကလေးများ ကတော့ … အေးအေး ဆေးဆေး ပါပဲ … ။ ဂျလည်ကြွက်ကလေးတွေ ရှာဖွေထားတဲ့ … မြေအောက် လမ်းကြောင်းကနေ … ကြွက်ကလေးတွေ အပြင် ထွက်ခွင့် … လေရှူခွင့် ရခဲ့ပါတယ် … ။ ဂျလည် ကြွက်ကလေးတွေရဲ့ … လမ်းကြောင်းကို ကြောင်ပါးကြီး သိရှိ သွားတဲ့အခါမှာတော့ … ကြွက်ကလေးတွေကို ပိတ်ဆို့ဖို့ … အမဲရောင် ဥာဏ်ကို ထုတ်သုံး လိုက်ပါတော့တယ် … ။ တစ်ပေါက် ပိတ်ရင် တစ်ပေါက် ထပ်ဖောက်ထွက်မယ့် … ပညာရှင် ကြွက်ကလေး တွေကို … အထင်မသေးဝံ့ တော့တဲ့ … ကြောင်ပါးကြီးဟာ … နိုင်ဂံဂျားပြန် ပညာရှင် ကြောင်ဖားကလေး တွေကို … တာဝန်ပေး လိုက်ပါတယ် … ။ နိုင်ငံဂျားပြန် ကြောင် ဖားကလေး တွေဟာ … သင်ယူလာတဲ့ ပညာတွေကို … အစွမ်းကုန် အသုံးချပြီး … ပညာစွမ်း ပြလိုက် ပါတယ် … ။ အဲဒါကတော့ … မြေကြီး အားလုံးကို အင်္ဂတေ ကိုင် လိုက်တာပါ … ။ အ တီး အ တ ကြွက် … ဂျလည်ကြွက် … ကြွက်ငယ်ကြွက်ရွယ် … ကြွက်ကြီးကြွက်လေး … ကြွက်ဖြူကြွက်ညို … အားလုံးသော ကြွက်များ အကြပ်ရိုက် … သွားပါတယ် … ။ အသက်ကြီးသော ကြွက်များက တရား နဲ့ ဖြေနိုင်ပေမယ့် … ကြွက်အငယ်များက … အလွန်ထိခိုက် ကြေကွဲ … သွားကြပါတယ် … ။ ငယ်ရွယ် သူတို့ ဘာဝ အတိုင်း … အပြင်ထွက် ချင်တယ် … လမ်းလျှောက် ချင်တယ် … လေကောင်း လေသန့် တွေ ရှူချင် ကြတယ် … ။ မရဖူးတဲ့ အရာဆိုရင် … ဆုံးရှုံးတယ် ဆိုတာ ခံစားမိမှာ မဟုတ် ပါဘူး …။ ရထားတဲ့ အရာတွေ လက်လွတ် လိုက်ရရင်တော့ … အတော်ကို ကြေကွဲ ရပါတယ်…။ အချို့ သော ကြွက်ကလေးများက … ကြောင်ပါးကြီးနဲ့  ကြောင်ဖားကလေး များကို ဒါတွေ သိစေချင် ပါတယ် တဲ့ … ။ အပိတ်ခံ ထားရတဲ့ တွင်းထဲမှာ …
ကြွက်ဆိုးပေ … ကြွက်တဇောက်ကန်း … ကြွက်တာတေ … ကြွက်ဇွတ်တရွတ် … ကြွက်စွာတေး … ကြွက်စွာစိ … ကြွက်တက်ကြွ တွေပဲ နေကြတယ်လို့ မယူဆလိုက်ပါနဲ့  … ။
ကြွက်ရိုးသား … ကြွက်ငြိမ်းချမ်း … ကြွက်မြုံစိ … ကြွက်ငြိမ်ကုတ် … ကြွက်ငကြောက် … ကြွက်လူပျက် … ကြွက်ပျော်ရွှင် … ကြွက်ငကြွား …ကြွက်ဓါတ်ပုံဆရာ… ကြွက်အနုပညာ … ကြွက်ကဗျာ … ကြွက်ဂီတ … ကြွက်ပညာ … ကြွက်စာပေ ကလေးများလည်း … ရှိနေပါတယ် တဲ့ … ။ အဲဒီ ကြွက်ကလေးတွေ ကိုတော့ လေရှူခွင့် ပြုသင့် ပါတယ် လို့ …. ပြောပြချင်ပါတယ် တဲ့ … ။ အဲဒီ ကြွက်ကလေးတွေ ကိုတော့ မွန်းကြပ် ပိတ်လှောင် … ချောင်ပိတ် …. မထားသင့်ပါဘူး လို့ … အတွန့်တက် ချင်နေကြ ပါတယ် … ။ ဒါတွေကို ကြောင်ဖားကလေး တွေက … ကောင်းကောင်း … သိပါတယ် …။ ဒါပေမယ့် ဘယ်တုန်းကမှ … ကြောင်တွေကို မနိုင်ခဲ့တဲ့ ကြွက်က … ကာတွန်းကား ထဲမှာ ကြောင်ကို ဆော်ပလော်တီး နေတာကို … မြင်တွေ့  နေရတဲ့ ကြောင်တွေဟာ … ကြွက်တွင်းကို ဖွင့်ပေးဖို့ … သတ္တိ မရှိ ကြဘူး … ။
တွင်းထဲမှာတော့ … အချို့  ကြွက်ကလေး တွေဟာ … အင်္ဂတေကြီးကို ဖောက်ထွက်ဖို့  … နည်းလမ်းရှာ နေကြသလို … အချို့ ကြွက်ကလေးတွေ ကတော့ … ပိတ်ထားတဲ့ ကျောက် တုံးကြီး ကို တနေ့ဖယ်ပေးနိုး ဖယ်ပေးနိုးနဲ့ … အပေါက်ဟောင်းမှာ မျှော်လင့်တကြီး စောင့်စား နေကြ ပါတယ် … ။ တချို့ ကြွက် အလတ်ပိုင်းကတော့ … အသက်ကြီးတဲ့ ကြောင် ပါးကြီးက “အို” လို့ … အသည်းမာ နိုင်ပေမယ့် ငယ်ရွယ်တဲ့ ကြောင်ဖားကလေး တွေကတော့ ကိုယ်ချင်းစာ နိုင်ကောင်းပါရဲ့ … လို့ တီးတိုး သုံးသပ် … နေကြပါတယ် … ။ အသည်းနုတဲ့ ကြွက်ကလေး … တချို့ ကတော့ “ ဟို အရင်ချိန်တွေ တမ်းတမက်မော…” လို့ ဆွေးဆွေး မြည့်မြည့်လေး ညည်းနေကြပြီး … လေထွက် ရှူခဲ့ရတုန်းက အကြောင်း တွေကို ပြန်စဉ်းစားရင်း တမ်းတ နေကြ ပါတယ် …။ အချို့ ကြွက်ကလေးတွေ ကတော့ “ “…ဒါဝဋ်ကြွေးပဲ..အချစ်ရယ်…” လို့ ငိုကြွေးပူဆွေး နေကြ ပါတယ် … ။ စိတ်ကူးယဉ်တတ်တဲ့ … ကြွက်ကလေးတွေ ကတော့ ဒဏ္ဍာရီထဲက သူရဲကောင်း တစ်ယောက် တစ်လေများ … ပေါ်လာပြီးတော့ ကယ်တင် လေမလား လို့ … တောင့်တ နေကြပါတယ် … ။ အမှတ်မရှိတဲ့ … တချို့  ကြွက်ကလေးများ ကတော့ လေထွက် ရှူခွင့်ရတဲ့ တနေ့ … လျှောက်လည်မယ့် နေရာတွေ ကို … စာရင်းပြုစုပြီး … လေထွက်ရှူရင် ၀တ်ဖို့ … ၀တ်စုံတွေလဲ စီစဉ် နေကြ တုန်းပါပဲ … ။ ဒီလိုနဲ့  တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသလို … တွင်းထဲက ကြွက်တွေ အားလုံးဟာ … စကန့် တိုင်းမှာ … မျှော်လင့်ချက် အပြည့်နဲ့  … တွင်းဖွင့်မယ့် ရက်ကို စောင့်စား နေကြပါတယ် … ။ လေသန့် ရှူသွင်းခွင့် ဆိုတဲ့ … တောင့်တချက် ကလေးနဲ့ … ပင်ပန်းကြီးစွာ အသက်ရှူ နေရ ပါတယ် … ။ တွင်းနှတ်ခမ်းဝ ကို အသနားခံတဲ့ … မျက်ရည်ဝိုင်းတဲ့ မျက်လုံးတွေနဲ့ မျှော်ကြည့်ရ လွန်းလို့ အမြင်အာရုံတွေလဲ ချို့ ယွင်း … ကုန်ကြပါပြီ … ။ တချို့ ကြွက်ကလေး တွေကတော့ … “နောင်ဘ၀မှာ ကြွက်ဖြစ်ခဲ့ရင် … တွင်းပိတ် ခံရတဲ့ကြွက် မဖြစ်ပါရစေ နဲ့” … “ ဖြစ်နိုင်ရင် … ကြောင်မရှိတဲ့ နေရာမှာ … ကြွက်ဖြစ်ခွင့် ပေးပါ ဘုရားသခင် …”လို့ ဆုတောင်း နေကြ လေရဲ့ … ။ ။
ပုံပြင်လေးကတော့ ဒါပါပဲကွယ် … ။
၂.၁၀.၂၀၀၇