What’s in Layma’s Bag?

မမဂျစ်တူးပေါ့ … အိတ်ထဲမှာ ဘာတွေပါလဲ တဲ့ …။ လွယ်နေကျအိတ်ကို ကမန်းကတန်း မှောက်ချလိုက်ပြီး ထွက်လာတာတွေ ကြော်ငြာလိုက်ပြီနော် …။ ဒီအိတ်က လေးမ အများဆုံးလွယ်ဖြစ်တဲ့ အိတ် …။ မေမေက အရူးလွယ်အိတ် လို့ခေါ်တယ် … ။ ပြည်တွင်းဖြစ် … နှစ်ဖက်လှ … လျှော်လို့ရ … ခါးပိုက်နှိုက်ခံရဖို့လွယ်ကူသော အိတ် …။ အိတ်ထဲမှာ ဘာတွေရှိ တတ်သလဲဆိုတော့ …
my-bag.jpg
1. tissue ( မြန်မာပြည် ရုံးခန်းများအတွက်မရှိမဖြစ် …၊ စားပြီး ၀ါးပြီးရင် မရှိမဖြစ်… )
2. iPod ( ဒါကြီးက မတော်တဆရောက်နေတာ … သိပ်တော့နားမထောင်ဖြစ်ဘူး …)
3. mobile phone ( အားကုန်နေတာနဲ့  … ဆက်သွယ်မှု ပြင်ပ ရောက်နေတာ … များတယ် … )
4. dental floss ( စားပြီး…၀ါးပြီးရင်..လိုရမယ်ရ )
5. a comb ( ဆံပင်ပွမှာစိုးလို့ … )
6. glasses ( သူပါမှ သဲသဲကွဲကွဲ မြင်ရတာ … သူမပါရင် အမြင်မကြည်ဘူး…)
7. candy ( ဗိုက်ဆာရင် စားဖို့ )
8. keys (ဒါကတော့ သိုက်နန်းကိုခတ်တဲ့ သော့တွေ)
9. ball pen ( မှတ်ဖို့ … မဂျစ်နဲ့ များကွာပါ့ … မြန်မာပြည်မှာ အလုပ်လုပ်တော့လည်း…ဘောပင်နဲ့  … မှတ်စုစာအုပ်နဲ့ … )
10. umbrella for weather protection ( လူရိုက်လို့လဲရတယ် … ကျောင်းတုန်းကတော့ စာလိုက်ပေးရင် ထီးနဲ့ ရိုက်လွှတ်မယ်လို့ တေးထားတာပေါ့…)
11. shine control film ( မျက်နှာလေး…သန့်နေဖို့….အဆီစုပ်ယူဖို့…)
12. a book to read (အားရင်ဖတ်ဖို့ ဆောင်ထားတာ … စာအုပ်ခပ်သေးသေးတစ်အုပ် (မြန်မာလိုပဲဖတ်တာများပါတယ်… ဒီစာအုပ်က ဖတ်နေတာကြာလှပြီ… )
13. notes book ( မှတ်ချင်တာလေးတွေ မှတ်ထားတယ်…)
14. wallet to save money (ဒီထဲမှာ ပိုက်ပိုက်ရှိတယ်… ဒီအိတ်လေးက ချစ်သူက လက်ဆောင်ပေးထားတာ … ဟောင်းနေပေမယ့် သွားလေရာယူသွားတယ် ( ပိုက်ပိုက်ပါလို့… 😛 )

Chaos နဲ့  မိုးချစ်သူလေးတို့ရဲ့ အိတ်ထဲမှာရော ဘာတွေပါလဲ သိချင်လိုက်တာ ….။
ကိုနတ်ဆိုးနဲ့  ကိုသန့် အိတ်ထဲမှာရော ဘာတွေရှိပါလိမ့် …။ ။

When I was young , …

ငယ်ငယ်တုန်းက…

မမ ချစ်လေပြေ က ငယ်ကျိုးငယ်နာတွေ ဖော်ခိုင်းနေတယ်…။
လေးမ ငယ်ငယ်တုန်းက အရမ်းလိမ္မာတာ …။ လေးမ ကို ရိုက်မယ့် တုတ်တွေက အိမ်ရဲ့ နေရာတိုင်းမှာ ရှိတယ် … ။ လေးမ အပြစ်လုပ်ရင် လုပ်တဲ့ နေရာမှာ ချက်ချင်း ရိုက်နိုင်အောင် အမေက စီစဉ်ထားတာ …။ လေးမ ကလည်း အမေလစ်တိုင်း တုတ်တွေကို ချိုးပြီး လွှင့်ပစ်နေကျ …။ ပထမတော့ ကြိမ်လုံး … နောက်တော့ ၀ါးခြမ်းပြား … ဘာမှ အလွယ်တကူမရှိရင် အမေ့ရဲ့ လက်ဝါးနဲ့  တွေ့ တာပဲ … ။ လေးမ အတွက် ဆိုရိုးစကားရှိတယ် …။ “ လေးမ အရိုက်မခံရသေးရင် နေမ၀င်ဘူးတဲ့ ” … ။ လေးမ အရိုက်မခံရတဲ့နေ့ ဆိုတာ တရက်မှ မရှိဘူး … ။
ပိုအသည်းယားစရာ ကောင်းတာက အမေက ရိုက်ရင်း “ ကြောက်ပြီလား … နောက်လုပ်ဦးမလား …” လို့မေးတိုင်း …“ တုတ်ကြောက်တယ်….တုတ်ကြောက်တယ်….” လို့  အော်ငိုတတ်တယ် …။ မခံချင်တဲ့ အမေက “ ငါ့ကိုကြောက်ပြီလား..လို့..” ထပ်မေးတဲ့ အခါတိုင်း ….“ တုတ်ကြောက်တယ်….” လို့ပဲ ပြောတတ်လို့ ခေါင်းမာတဲ့ ကလေးလို့ မှတ်ချက်ပေး ခံခဲ့ရတယ် ….။ (နာအောင်လုပ်တာ အမေ မဟုတ်ဘူး….တုတ်လို့ လှည့်တွေးတတ်တဲ့ ) ကိုးလိုးကန့်လန့် တွေးတတ်တဲ့ အတွေးတွေက အဲဒီကတည်းက အစပျိုးချင်နေပြီ ထင်ပါရဲ့ …။
လက်တွေ့ ကြုံမှ ယုံတတ်တဲ့ အကျင့်ဆိုးလေး ကလည်းရှိသေးတယ် …။ “မီးပူကိုမထိနဲ့  ပူတယ်နော်” ဆိုရင် လက်ညှိုးလေးနဲ့  အသာလေး တို့ကြည့်ဖြစ်အောင် တို့ကြည့် လိုက်သေးတယ် … ။ ဆော့တာကတော့ ကလေးသဘာဝ ဆော့ခဲ့တာ အစုံပဲ …။ ညီမ နှစ်ယောက်ဆိုတော့ ယောက်ျားလေးတွေ လိုတော့ စွန်လွှတ်…ဂေါ်လီလှိမ့် …မဆော့ခဲ့ရဘူး …။ ပိတောက်ပင်လေး တက်ရုံ … အပေါ်ထပ်ကနေ အောက်ထပ်ကို လက်ရန်းက လျှောဆင်းလာရုံလေး နဲ့ တောင် အဒေါ်တွေက လေးမ ကို မျောက်ရှုံးတယ်တဲ့ …။ မမလေပြေလို တူတူပုန်းတိုင်းတော့ သိပ်မကစားဖြစ်ဘူး …။ လေးမ ကစိတ်မရှည်ဘူး … အကြာကြီး ပုန်းနေရတာ … အကြာကြီး ရှာနေရတာကို စိတ်မရှည်ဘူး … ။ ပြေးတမ်း လိုက်တမ်း ကစားဖြစ်တာ များတယ်….။ ဘယ်တုန်းက စ ကစားလည်း ဆိုတော့ လေးဖက်တွားသွား ကတည်းက စကစားတာ … အစ်မ နောက်ကို လေးဖက်တွား လိုက်တာ … မေးစေ့မှာ ကြမ်းကြားညှပ်ပြီး ဟက်တက်ကွဲသွားတဲ့ သေရာပါ အမာရွတ်လေးနဲ့  … ။
လေးမ ငယ်ငယ်က ခဏခဏ စိတ်ကောက်တယ် … ( ခုလည်းကောက်တာပဲ… တချို့  ဘလော့ခ်ဂါ တွေကိုတောင် လေးမ ကောက်နေတာ…ဟီး…ဟီး ) လေးမရဲ့ ငယ်နာမည်တွေထဲမှာ “ကောက်ချိတ်” ဆိုတဲ့နာမည်လည်း ပါတယ်…။ တော်ပြီ… တော်ပြီ…ငယ်ငယ်တုန်းက အကြောင်းတွေ အကုန်ပြောလို့မဖြစ်ဘူး … ဘော်ဘော်တွေ အော့ကြောလန်ပြီး လေးမကို သူငယ်ချင်း မလုပ်ချင်တော့ရင် ဒုက္ခ ….။ ။