When I was young , …

ငယ်ငယ်တုန်းက…

မမ ချစ်လေပြေ က ငယ်ကျိုးငယ်နာတွေ ဖော်ခိုင်းနေတယ်…။
လေးမ ငယ်ငယ်တုန်းက အရမ်းလိမ္မာတာ …။ လေးမ ကို ရိုက်မယ့် တုတ်တွေက အိမ်ရဲ့ နေရာတိုင်းမှာ ရှိတယ် … ။ လေးမ အပြစ်လုပ်ရင် လုပ်တဲ့ နေရာမှာ ချက်ချင်း ရိုက်နိုင်အောင် အမေက စီစဉ်ထားတာ …။ လေးမ ကလည်း အမေလစ်တိုင်း တုတ်တွေကို ချိုးပြီး လွှင့်ပစ်နေကျ …။ ပထမတော့ ကြိမ်လုံး … နောက်တော့ ၀ါးခြမ်းပြား … ဘာမှ အလွယ်တကူမရှိရင် အမေ့ရဲ့ လက်ဝါးနဲ့  တွေ့ တာပဲ … ။ လေးမ အတွက် ဆိုရိုးစကားရှိတယ် …။ “ လေးမ အရိုက်မခံရသေးရင် နေမ၀င်ဘူးတဲ့ ” … ။ လေးမ အရိုက်မခံရတဲ့နေ့ ဆိုတာ တရက်မှ မရှိဘူး … ။
ပိုအသည်းယားစရာ ကောင်းတာက အမေက ရိုက်ရင်း “ ကြောက်ပြီလား … နောက်လုပ်ဦးမလား …” လို့မေးတိုင်း …“ တုတ်ကြောက်တယ်….တုတ်ကြောက်တယ်….” လို့  အော်ငိုတတ်တယ် …။ မခံချင်တဲ့ အမေက “ ငါ့ကိုကြောက်ပြီလား..လို့..” ထပ်မေးတဲ့ အခါတိုင်း ….“ တုတ်ကြောက်တယ်….” လို့ပဲ ပြောတတ်လို့ ခေါင်းမာတဲ့ ကလေးလို့ မှတ်ချက်ပေး ခံခဲ့ရတယ် ….။ (နာအောင်လုပ်တာ အမေ မဟုတ်ဘူး….တုတ်လို့ လှည့်တွေးတတ်တဲ့ ) ကိုးလိုးကန့်လန့် တွေးတတ်တဲ့ အတွေးတွေက အဲဒီကတည်းက အစပျိုးချင်နေပြီ ထင်ပါရဲ့ …။
လက်တွေ့ ကြုံမှ ယုံတတ်တဲ့ အကျင့်ဆိုးလေး ကလည်းရှိသေးတယ် …။ “မီးပူကိုမထိနဲ့  ပူတယ်နော်” ဆိုရင် လက်ညှိုးလေးနဲ့  အသာလေး တို့ကြည့်ဖြစ်အောင် တို့ကြည့် လိုက်သေးတယ် … ။ ဆော့တာကတော့ ကလေးသဘာဝ ဆော့ခဲ့တာ အစုံပဲ …။ ညီမ နှစ်ယောက်ဆိုတော့ ယောက်ျားလေးတွေ လိုတော့ စွန်လွှတ်…ဂေါ်လီလှိမ့် …မဆော့ခဲ့ရဘူး …။ ပိတောက်ပင်လေး တက်ရုံ … အပေါ်ထပ်ကနေ အောက်ထပ်ကို လက်ရန်းက လျှောဆင်းလာရုံလေး နဲ့ တောင် အဒေါ်တွေက လေးမ ကို မျောက်ရှုံးတယ်တဲ့ …။ မမလေပြေလို တူတူပုန်းတိုင်းတော့ သိပ်မကစားဖြစ်ဘူး …။ လေးမ ကစိတ်မရှည်ဘူး … အကြာကြီး ပုန်းနေရတာ … အကြာကြီး ရှာနေရတာကို စိတ်မရှည်ဘူး … ။ ပြေးတမ်း လိုက်တမ်း ကစားဖြစ်တာ များတယ်….။ ဘယ်တုန်းက စ ကစားလည်း ဆိုတော့ လေးဖက်တွားသွား ကတည်းက စကစားတာ … အစ်မ နောက်ကို လေးဖက်တွား လိုက်တာ … မေးစေ့မှာ ကြမ်းကြားညှပ်ပြီး ဟက်တက်ကွဲသွားတဲ့ သေရာပါ အမာရွတ်လေးနဲ့  … ။
လေးမ ငယ်ငယ်က ခဏခဏ စိတ်ကောက်တယ် … ( ခုလည်းကောက်တာပဲ… တချို့  ဘလော့ခ်ဂါ တွေကိုတောင် လေးမ ကောက်နေတာ…ဟီး…ဟီး ) လေးမရဲ့ ငယ်နာမည်တွေထဲမှာ “ကောက်ချိတ်” ဆိုတဲ့နာမည်လည်း ပါတယ်…။ တော်ပြီ… တော်ပြီ…ငယ်ငယ်တုန်းက အကြောင်းတွေ အကုန်ပြောလို့မဖြစ်ဘူး … ဘော်ဘော်တွေ အော့ကြောလန်ပြီး လေးမကို သူငယ်ချင်း မလုပ်ချင်တော့ရင် ဒုက္ခ ….။ ။

3 Responses

  1. မမလေးလုပ်တာနဲ့ ငယ်ငယ်တုန်းက အကြောင်းတွေပြန် သတိရသွားပြီ.. ။
    ဘာပဲ ပြောပြော ကျွန်တော်တို့တွေရဲ့ ငယ်ဘ၀က ပျော်စရာကောင်းပြီး လွတ်လပ်ခဲ့ပါတယ်။ အခုနောက်ပိုင်း ကလေးတွေဆိုရင် ကျွန်တော်တို့တုန်းကလို ဆော့ချိန်၊ ကစားချိန် ဆိုတာ တော်တော်ကြီးကို ရှားပါးသွားပြီလေ။ တနေကုန် ကျောင်းစာ၊ ကျူရှင်စာ၊ အပြင်သင်တန်းစာတွေနဲ့ စိတ်ပင်ပန်းလှပါဘီ။

  2. ဟင့်အင်း မျောက်မရှုံးပါဘူး .. ထိုင်ငိုရင်ပါ ..နော့ ဒေါ်ကောက်ချိတ် .. နောက်တာနော် … ဟတ် ဟတ် ဟတ်

  3. ဟုတ်တယ်…ကိုသန့် ရေ… သူတို့  က တို့ တွေတုန်းကလို အများကြီး ဆော့ခွင့်မရကြဘူး…။
    မျှားပြာ … ကောက်ချိတ်က ကောက်တတ်တယ်နော်…။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: