WordPress and me

အတွေ့ အကြုံ ရှင်းလင်းပွဲ

Internet ဆိုတာ e-mail ဖတ်ဖို့ … ပို့ဖို့ နဲ့  google search မှာ လိုတာလေးတွေ ရှာဖို့လောက်ပဲ နားလည်ထားတဲ့ လေးမဟာ သူငယ်ချင်းတစ်ယောက်ရဲ့ ဂျောက်ချမှုကြောင့် ဘလောဂ့်လောက ကြီးထဲကို မအူမလည်နဲ့ ရောက်ခဲ့တာပါ …။ အဲဒီတော့ free host တွေ ရှိတယ် ဆိုတာ မသိဘူး..နားမလည်ဘူး…။ ခုတော့ လေးမ သိပြီ…။ http://phpnet.us မှာလည်း account လုပ်တယ်…။ www.byethost.com မှာလည်း account ရှိတယ်…။

ဘာလို့ account နှစ်ခုဖြစ်သွားလဲ ဆိုတော့ phpnet.us နဲ့ လုပ်တာ ကြော်ငြာတွေ တက်တက် လာတယ်…။ မတက်အောင် မလုပ်တတ်ဘူး….။

အဲဒီတော့ မဟုတ်ကဟုတ်က ကြော်ငြာတွေ တက်လာမှာ စိုးလို့ ကြော်ငြာမတက်တဲ့ byethost.com မှာ နောက်တစ်ခု ထပ်လုပ် လိုက်တယ်….။

လုပ်ပုံလုပ်နည်း ကတော့ ကိုအတာ နဲ့  ကိုသင့် ရေးထားတာတွေအတိုင်း တဆင့်ချင်း လိုက်လုပ်သွားတာပဲ…။

wordpress ကို log in ပြီးတဲ့ အထိ အိုကေပဲ …။

ပြသနာက template က font နေရာမှာ ဇော်ဂျီသွင်းမှ စတော့တာ …။ font မြင်တိုင်း ဇော်ဂျီ လိုက်ထည့်တာပဲ…. မရဘူး …။

နောက်ဆုံး စိတ်ဆိုးဆိုးနဲ့  နေရာတိုင်းမှာ ( { တွေ့ တာနဲ့  font-family: Zawgyi-One,….,…,) ဆိုပြီး လိုက်ထည့်လိုက်တယ်….။ ရသွားတယ်… စာတွေအားလုံး ဇော်ဂျီဖြစ်သွားတယ် ….။

ဒါပေမယ့် Ie မှာပဲ အလုပ်လုပ်တယ်… Firefox မှာ အလုပ် မလုပ်ဘူးကိုသန့် က “ မမလေး iblogger.org က အတုကြီး..ဘာမှနှိပ်လို့မရဘူး ” လို့ ပြောမှသိတယ်…( ဟွန်း….မခံချင်လိုက်တာလေ)…. ကိုသင့်ကလည်း…“ လေးမ မင်းဘလောဂ့် ထုံနေတယ်တဲ့ ” ….ကောင်းရော ….။ အဲဒီညက အသေအလဲ ဟိုကလိ ဒီကလိနဲ့ …။ မရဘူး…။

မနက်ရောက်တော့ ကိုအတာက template ကို backup လုပ်ပြီး download ပြန်လုပ်ကြည့်…တဲ့…။ ဟုတ်သားပဲ…templateမှာ ပြသနာရှိနိုင်တာပဲ ဆိုပြီး template ပြောင်းကြည့်တော့ ရတယ်…။ လေးမ ဇော်ဂျီ ထည့်တုန်းက လက်လွန် သွားတာ ဖြစ်မှာပေါ့ …။

နောက်ပြသနာက font size ။ အကြီးကြီးတွေ ဖြစ်နေတယ်….။ px ရော % နဲ့ ရော အမျိုးမျိုးပြင်တာ မရပြန်ဘူး…။

နောက်တော့ တလောက စေတန်ဂေါဒ့် ပြောပြထားတဲ့ အတိုင်း ie browser > page > text size> small ကို ပြောင်းလိုက်တော့ အိုကေသွားတယ်… ။

လေးမက medium နဲ့ ပဲ ကြည့်တာကိုး….။ wordpress မှာ စာလုံးတွေက ပြူးပြူးပြဲပြဲကြီး ဖြစ်နေတယ်…။ Template font size မှာ ညှိပေမယ့် မပြောင်းတာကို ခုထိ မကျေနပ်သေးဘူး….။

ဟော …အိုကေသွားပြီ ထင်ပါသလား…။ .နိုး….။ နောက်ထပ်ပျားတစ်ကောင် ထပ်တုပ်သေးတယ်….။

နေရာဟောင်း laynge.wordpress က ပိုစ့်တွေ import လုပ်တော့ ဒုက္ခ နဲ့ လေးမ နဲ့  တွေ့ ပြန်ရော … ။

free hostကနေလုပ်တဲ့ blog မှာ maximum 1 M ပဲ import လုပ်ခွင့်ပေးတယ်…။

လေးမ မှာက ပို့စ် ၁၀၀ ကျော် … comment ၅၇၀ ကျော်ဆိုတော့ 1.5 ကျော်နေတယ်….။ ဘယ်လိုမှ မရဘူး…။

wordpress.com မှာတော့ 3 M အထိရတယ်….။ အဲတော့ wordpress.com မှာ နောက်ထပ် အခွဲ blog တွေ လုပ်လိုက်တယ်….။

ပြီးတော့ laynge ကနေ export လုပ်… file save….ပြီးတော့ အခွဲ ၂ ခုကို အဲဒီ file တွေ import လုပ်တယ် ….။

ပြီးတော့ အခွဲ ဘလော့ဂ်၁ ခုမှာ ဇွန်…ဇူလိုင်…သြဂုတ် ပို့ စ်တွေပဲထားပြီး ကျန်တာတွေ ဖျက်….။

နောက်တစ်ခုမှာ စက်တင်ဘာ…အောက်တိုဘာ….နိုဝင်ဘာ…ပို့စ်တွေထား…ကျန်တာဖျက်….။

file size တွေ လျော့သွားပြီလေ…။

ပြီးတော့ အဲဒီ ဘလောဂ့်တွေကနေ export လုပ်….ပြီးတော့ import to layma’s virtual world ….။ 1M အောက် ၂ နေရာကခွဲပို့တော့ ကျေးဇူးရှင်က လက်ခံလိုက်တယ်…။

ရောက်လာရော….အားလုံးရောက်လာရော…(ပိုင်တယ်နော်….)။

ဒီလိုနဲ့  wordpress ကြီးနဲ့  ၂ ရက် လောက် ချာချာလည် ပြီးသကာလ … Layma’s virtual world ဖြစ်လာပါတယ်…။

သုံးရတာ အဆင်ပြေပါတယ်…။ Template တွေကလည်း လှတယ်…။ Template လှလှလေးတွေ ရှာနိုင်ရင် ရှာနိုင်သလောက် အလကားရမယ်…။

တစ်ခုတော့ရှိတယ်နော်….။ Connection နဲ့ သူနဲ့  သိပ်မတည့်ဘူး …

ပထမ တစ်ရက်က တညလုံး iblogger.org ကို ခေါ်လို့မရဘူး…။ တခြား site တွေ အကုန်ရတယ်….။

နောက်နေ့ ကျတော့ ပို့စ်တွေ edit လုပ်ရတာ အရမ်းကြာတယ်….။ တခြားတွေ site တွေ ဖြတ်ခနဲ ..ဖြတ်ခနဲ တက်နေတာတောင် သူ မတက်လာဘူး….။ ဖတ်ရုံပဲဆိုရင်တော့ မြန်တယ်….။ Edit လုပ်ဖို့ ကြာတာ …။

သူများအိမ်ထဲ လှေကားထောင်ဝင်ပြီး … ကွန့် မန့်မှာ အာချောင်ပြီး ပြန်လာကြည့်တာတောင် တုပ်တုပ် မလှုပ်ဘူးနော်….။

တော်တော် ညစ်သွားတယ်…။ Blogspot ပြန်ပြေးရင်လည်း ခဲနဲ့ ပေါက်ခံ ရတော့မယ် … ။

သေချင်တဲ့ကျား တောပြောင်း လို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်…။ ကျော်ရတာ နှေးလို့ ပြောင်းကာမှ သူက ပိုကြာနေတော့ မခက်ဘူးလား…။

ဒီနေ့ကျတော့လည်း မြန်နေပြန်ရော ….။ သူမဟုတ်သလိုပဲ …. ။ သိပ်စိတ်မမှန်တာက လွဲရင် အားလုံး ဂွတ်ရှယ်ပါပဲ ရှင် ….။ ။

အနှစ်သက်ဆုံး စာရေးဆရာများ

အနှစ်သက်ဆုံးစာရေးဆရာတဲ့လား ညီမလေး မိုးချစ်သူ ရယ်…။

လေးမ က ပုဂ္ဂိုလ်စွဲနဲ့ သိပ်မဖတ်ပါဘူး…။ မျက်စိနဲ့ တွေ့ တဲ့ စာအုပ်ကိုဖတ် … ၊ စိတ်နဲ့ တွေ့ တဲ့ အရေးအသားကို ကြိုက် … ၊ ရင်ဘတ်နဲ့  ထိရင် စွဲလန်း …။

ဒါပေမယ့် ခဏခဏဖတ်မိတဲ့ စာအုပ်တွေရဲ့ ဖန်တီးသူတွေကတော့ …..

၁။ ဂျူး

-တခါတလေ လက်မခံနိုင်တဲ့ ကြားကကို ကြိုက်တယ်… အကြိုက်ဆုံးက …. ပင်လယ်နှင့်တူသောမိန်းမများ

၂။ ဂျာနယ်ကျော် မမလေး

– ဆရာမရဲ့ မိန်းမပီသလွန်းတဲ့ ဇာတ်ကောင်မင်းသမီးတွေကို မနာလိုဖြစ်စွာနဲ့ ဖတ်ဖြစ်တယ်……အကြိုက်ဆုံးက……အဖြူ

၃။ မိုးမိုး ( အင်းယား)

– ဘ၀တွေ အကြောင်းကို လက်တွေ့ ကျကျ သိချင်တဲ့အခါ ဖတ်တယ်…..အကြိုက်ဆုံးက ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး….. ။

၎။ မစန္ဒာ

– ဘ၀ … ဟာသ…. ကျောင်းသူဘ၀ ဗရုတ်သုတ်ခတွေ ရေးထားတတ်လို့ ကြိုက်တယ် … …. … ဆရာမက ဗိသုကာတစ်ယောက်ဖြစ်လို့လဲ ကြိုက်မိတယ် ထင်တယ်… ငယ်သူမို့မသိပါ ထဲက ဗရုတ်သုတ်ခ ဂျစ်တူး ကို ငါ့များ စောင်းရေးထားသလား လို့တောင် ထင်မိသေး … ။ အကြိုက်ဆုံးက….. ဂျီဟောသူ (အာခီမေဂျာကိုယူဖို့ ဒီဝတ္ထုက ဘေးတီးပေးခဲ့တာ ဖြစ်မယ် …. ။

၅။ တက္ကသိုလ်ဘုန်းနိုင်

– စိတ္တဇဆန်တဲ့ ဇာတ်ကောင်တွေကို ကြိုက်တယ် … ဆရာ မွေးတဲ့ ဇာတ်ကောင် တော်တော်များများရဲ့ စိတ်က ထူးဆန်းတယ် … ခိုင်တို့… မောင်ညိုမှိုင်းတို့  …နုငယ် တို့…။ အကြိုက်ဆုံးက …. ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီး ရေးထားတဲ့ … သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်… ။

၆။ ခင်နှင်းယု

– နိုင်ငံရေးအဖြစ်အပျက်တွေရောယှက်ပြီး နူးညံ့တဲ့ အချစ်အကြောင်း … မတည်ငြိမ်တတ်တဲ့ လူ့ မနောတွေကို ကွက်ကွက်ကွင်းကွင်း ရေးပြတတ်တယ်….။ အကြိုက်ဆုံးက မြကြာဖြူ …. ။

၇။ ကာတွန်းဦးဘဂျမ်း

မြန်မာကလေးတွေအတွက် မြန်မာကာတွန်းတွေ သေချာရေးပေးခဲ့လို့ မြန်မာကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ လေးမက ကြိုက်တယ်…။

၈။ မင်းလူ … တာရာမင်းဝေ တို့လည်း တခါတလေ ကြိုက်တယ်….။ ရယ်ရလို့…။

၉။ နီကိုရဲ ကို “သိကြားနဲ့ အသူရာ” တစ်အုပ်ကြိုက်တယ်….။

၁၀။ လျို့ ဝှက်သည်းဖို နဲ့  ဘာသာပြန်တွေရေးတဲ့ ရွှေဥဒေါင်း ကိုလည်း ကြိုက်တယ်….။ စာခြောက်ရုပ် ကို အကြိုက်ဆုံး…။

ဘာတဲ့…. လူယောင်ဆောင်ထားတဲ့ စာခြောက်ရုပ် မြို့တက်ဖို့ မ၀ံ့မရဲ ဖြစ်တော့ ဒွေးသာဂိက သင်ပေးတဲ့စကား…။ “ မကြောက်နဲ့ .…ဟုတ်ပါ့ဗျား…မှန်ပါ့ဗျား…အမိန့်တော် မြတ်အတိုင်းပါခင်ဗျား…ဆိုတဲ့ စကားသာ ရေလဲသုံး…. ဘေးမတွေ့ ဘူး…တဲ့… ကံကောင်းရင် လူပေါ် လူဇော်တောင် ဖြစ်ဦးမတဲ့…လေ…” ။အကြိုက်ဆုံး စာသားပဲ…။

တော်ပြီ …၁၀ ယောက်ပဲ ရွေးတော့မယ် … ။ အဆုံးသတ် ပြောရရင် online မှာရေးနေတဲ့ blogger တွေကိုကြိုက်လို့ စာအုပ်ဆိုင် ဘက်တောင် သိပ်မရောက် ဖြစ်တော့ဘူး…။ ရေးခိုင်းတဲ့ ညီမလေး ဆုမွန်ကို ကျေးဇူးတင်ပါတယ်….။ မမသမုဒယမညလေး နဲ့  ညိမ်းညို ရဲ့ အနှစ်သက်ဆုံး စာရေးဆရာ၊ ကဗျာဆရာ တွေကိုလည်း မျှဝေကြပါဦးနော်…။

မှတ်ချက် ။ ။ ကျော်ကြားသူတို့၏ အမည်ကို သူတို့ကျော်ကြားသည့် အမည်အတိုင်းသာ ဖော်ပြလိုသောကြောင့်…. ဦး၊ ဒေါ်၊ ဆရာ၊ ဆရာမ မတပ်ဘဲ ရေးသားထားခြင်းသည် ရင့်သီးခြင်း မဟုတ်ပါ…။ ရှိတ်စပီးယားကို မစ်တာ ရှိတ်စပီယား ဟု ရေးလေ့မရှိသလို ၀င်းဦးကို ဦးဝင်းဦး ဟုခေါ်ရမှာ တစ်မျိုးကြီးဖြစ်နေသလို … ထို့ကြောင့် ထို့ကြောင့်….blar…balar..blar… ။

layma-layma.iblogger.org

ပြောင်းပြီနော်…ပြောင်းပြန်ပြီ… 

အငြိမ်မနေတဲ့  လေးမ …

လေးမ  အောက်တိုဘာ ဒုတိယပတ်လောက်ကစပြီး  ဂနာမငြိမ် ဖြစ်နေပါတယ်…။ အားလုံး  သိကြတဲ့ အတိုင်းပဲလေ … @#^##@@!!   ။ စိတ်မြန်တဲ့  လေးမ  က  မြန်မြန်ဆန်ဆန်ပဲ  အိမ်တစ်လုံး ဆောက်ပြီး  ရွှေ့  လိုက်ပါတယ် …။ အိမ်ဟောင်းက  စာတွေ comment တွေ ပြောင်းလို့ရလို့  အိမ်နှစ်အိမ်ကို  ကူးချည် သန်းချည်တောင်  လုပ်နေလိုက်သေး…။ ဒါပေမယ့်  အဆင်မပြေဘူး…။ စာတွေကို  လေးမ က မြင်နေရပေမယ့်  သူများတွေက အတုံးတွေပဲ မြင်နေရတယ်…တဲ့ ( လေးမ က မျက်မှန်တပ်ထားလို့ထင်တယ် ) comment တွေလည်း  မြင်ရဘူးတဲ့ … ။ လေးမကိုယ်တိုင်လည်း  အတုံးတွေ … ပဲပင်ပေါက်တွေ  မြင်နေရရင်  သိပ်စိတ်ရှုပ်တတ်လို့  သူများတွေကို  ကိုယ်ချင်းစာပါတယ် … ။ ဒါနဲ့ ပဲ blogspot  နဲ့ wordpress မှာ post တွေ  တပြိုင်တည်း တင်ပါတယ် ….။ နိုင်ဝင်ဘာ ၁ရက် connection တွေ ဖြတ်ပြီး  ပြန်ရတဲ့ နောက်ပိုင်းမှာ post တွေ import လုပ်တာ အရမ်းနှေး သွားတယ်…။ ၄၅ ကနေ မတက်တော့ဘူး…။ ဘယ်လိုမှမရတော့ဘူး…။ ဒါကြောင့် blogspot မှာ  ပို့စ် မတင်တော့ဘူး….။ လေးမက  သူငယ်ချင်းတွေရဲ့  မှတ်ချက်တွေကို  သိပ်ချစ်တာ  … တစုတဝေးတည်း  သိမ်းထားချင်တာ … (အောက်တိုဘာ တုန်းကတောင်  ပြန်သုံးလို့မရတော့ဘူး မှတ်လို့  commentတွေ  အကုန် print out လုပ်ထားတာ A4 တော်တော် ကုန်သွားတယ်…) ။ တချို့ ကလည်း  အိမ်သစ်မှာ Cbox  Link ကို မတွေ့ ဘူး … တဲ့ ….(ဆီပုံးက  ပေါ်တင်ထားလို့မရဘူးလေ …) တွေ့ ပေမယ့်  အဆင်သင့် ရေးလို့မရဘဲ  click နေရသေးတော့  စိတ်ပျက်စရာ ဖြစ်ရပြန်ရော (ဒီမှာ  ကိုးနတ်ရှင်  ကြွလာတဲ့နှုန်းက  သိတဲ့  အတိုင်းလေ )…။ အဲဒီလို  အဆင်မပြေမှု တွေများလို့  သူငယ်ချင်းတွေကို  အားနာနေတဲ့ အချိန်မှာ  ဗြုန်းဆို  ကယ်တင်ရှင်ကြီး ပေါ်လာတယ်… ဖိုးသိကြားတော့ မဟုတ်ဘူး… ဖိုးသင်္ကြန်ပါ … ဒီလို  ရေးထားတော့  လေးမ  တော်တော် စိတ်ဝင်စား သွားတယ် ….။ နောက်တယောက်  mmthinker ကလည်း  ဒီလို  ထပ်ပွားထားတော့  လေးမလည်း  ရေငတ်တုန်း  ရေတွင်းထဲကျတဲ့  လူလို @####&! ….ဒီလိုနဲ့ ….နောက်တအိမ် ပြောင်းဖြစ်ပြန်ရော … ။ သူများတွေ အဆင်သင့် ရေးပေးထားတာကို  ကြည့်ပြီး  လုပ်တာတောင်  ပျားတုပ်ခံ  လိုက်ရသေးတယ် …။ ခုတော့…ရသွားပါပြီ…။

လိပ်စာများတဲ့  လေးမ

malay-layma.blogspot.com ( English)

layma-layma.blogspot.com ( Myanmar)

laynge.wordpress.com

ကစာတွေ  နဲ့  comment များ အားလုံးနီးပါး http://layma-layma.iblogger.org ကိုရွှေ့ ခဲ့ပါပြီ…။ ဆီပုံးလည်း ရှိတယ်….။ အတုံးတွေ…လည်း ဖြိုတားတယ် ….။ ပုံတွေလည်း တင်လို့ရပြီ…။ အိုကေပြီထင်တာပဲ ….။ လိုတယ် ထင်တာလေးတွေလဲ  ပြောခဲ့ကြပါဦး…။

အရမ်းအားနာပါတယ်

တောင်ရေးမြောက်ရေး  ကမြောက်ကခြောက် စာလေးတွေရေးဖို့  ခဏခဏ  ပြောင်းနေရတာ  အားနာလှပါပြီ…။ ဒီတခါ  စိတ်ထိန်းထားပါ့မယ်….။

လိုက်ခဲ့နော်

လေးမကို  ချစ်တဲ့ …ခင်တဲ့…သူငယ်ချင်းတွေ  လေးမ  ပြောင်းတဲ့နောက်  လိုက်ခဲ့ကြဦးနော်…( မုန့်ကျွေးမယ် ….။) 🙂